သတင္း

ေျခဖေနာင့္ကြဲသူတိုင္းအတြက္ ေဆးနည္းစြမ္းမ်ား

(Zawgyi)
ကြၽန္ေတာ္တို႔ဟာ ေန႔စဥ္ေန႔တိုင္း မ်က္ႏွာအေရျပားကိုသာ အခ်ိန္ေပးၿပီး ဂ႐ုစိုက္ေနၾကၿပီး ေန႔စဥ္လႈပ္ရွား႐ုန္းကန္ေနရတဲ့ ေျခေထာက္ေတြကိုေတာ့ ဂ႐ုစိုက္ဖို႔ ေမ့ေနတတ္ၾကပါတယ္။ ရာသီဥတု ပူျပင္းျခင္း၊ ခႏၶာကိုယ္က လိုအပ္တဲ့ဗီတာမင္မ်ား ျပတ္လပ္ျခင္း၊ အေရျပားက်န္းမာေရးျပႆနာမ်ား ျဖစ္ေပၚျခင္း စတာေတြေၾကာင့္ ေျခဖေနာင့္ကြဲတာ ျဖစ္ေပၚလာနိင္ပါတယ္။

ေျခဖေနာင့္ကြဲၿပီဆိုရင္ သြားလာရ အခက္အခဲ ျဖစ္ေပၚေစ႐ုံသာမက စီးထားတဲ့ ဖိနပ္ကို မခြၽတ္ရဲရေလာက္ေအာင္ အလွပ်က္ေစနိင္ပါတယ္။ ေျခဖေနာင့္ကြဲျခင္း၊ အက္ျခင္းေတြအတြက္ အိမ္တြင္းသုံးပစၥည္းေတြကို အသုံးျပဳၿပီး သဘာဝအတိုင္း ဘယ္လိုကုသလို႔ ရႏိုင္မလဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။

သဘာဝပ်ားရည္က အေရျပားေပၚမွာရွိတဲ့ ဆဲလ္အသစ္ေတြကို ေမြးထုတ္ေပးဖို႔ အားေပးတဲ့ အာနိသင္ရွိပါတယ္။ေရေႏြး အနည္းငယ္ကို ပ်ားရည္အနည္းငယ္နဲ႔ ေရာစပ္သမေအာင္ေမႊၿပီး ကြဲေနတဲ့ ေျခဖေနာင့္ ပတ္ခ်ာလည္ကို သုတ္လိမ္းေပးပါ။ မိနစ္၂၀ ေလာက္ ညင္ညင္သာသာေလး ႏွိပ္နယ္ေပးၿပီးမွ ေရသန႔္နဲ႔ ျပန္လည္ေဆးေၾကာေပးပါ။ အိပ္ရာမဝင္ခင္ ညတိုင္း ပုံမွန္ျပဳလုပ္ေပးသြားမယ္ ဆိုရင္ေတာ့ သင့္ရဲ ေျခဖေနာင့္ကြဲတာေတြ အျမန္ဆုံး သက္သာသြားမွာပါ။

သဘာဝ ဟင္းသီးဟင္း႐ြက္ေတြကေန ထုတ္လုပ္ထားတဲ့ ဆီေတြမွာ အသားအေရကို အားျဖည့္ေပးနိင္စြမ္းရွိတဲ့ ပ႐ိုဗီတာမင္ေအ၊ ပ႐ိုဗီတာမင္ဒီနဲ႔ ပ႐ိုဗီတာမင္အီးတို႔ ပါဝင္ၾကၿပီး ဆဲလ္အသစ္ေတြကို ျဖစ္ေပၚေစပါတယ္။ သင့္ရဲေျခေထာက္ေတြကို သန႔္ရွင္းေအာင္ ေဆးေၾကာၿပီး အဝတ္သန႔္သန႔္ေလးတစ္ခုနဲ႔ ေရေျပာင္ေအာင္ သုတ္ေပးပါ။ ေျခာက္ေသြ႕ သြားၿပီဆိုရင္ေတာ့ အသီးအ႐ြက္ဆီနဲ႔ ေျခေထာက္တစ္ဝိုက္ကို ပြတ္လိမ္းေပးပါ။ ၿပီးရင္ေတာ့ ေျခအိတ္ပါးပါးေလးဝတ္ၿပီး အိပ္စက္အနားယူနိင္ပါတယ္။

မုန႔္ဖုတ္ေဆာ္ဒါအနည္းငယ္ကို ေရေႏြးနဲ႔ေရာၿပီး လုံးဝေပ်ာ္ဝင္သြားတဲ့အထိ ေမႊေပးပါ။ ၿပီးရင္ မုန႔္ဖုတ္ေဆာ္ဒါေပ်ာ္ရည္ထဲ သင့္ရဲ႕ေျခေထာက္ႏွစ္ဖက္စလုံးကို ၁၅ မိနစ္ေလာက္စိမ္ထားေပးပါ။ ၁၅ မိနစ္ျပည့္ၿပီဆိုရင္ေတာ့ ေၾကးတြန္းေက်ာက္အႏုစားေလးနဲ႔ သင့္ရဲ႕ေျခေထာက္ေတြကို ညင္ညင္သာသာပြတ္တိုက္ေပးၿပီး ေရသန႔္နဲ႔ ေဆးေၾကာေပးပါ။ တစ္ပတ္ကို ႏွစ္ႀကိမ္ေလာက္ ျပဳလုပ္ေပးမယ္ဆိုရင္ ေျခေထာက္ကြဲတာ သိသိသာသာေပ်ာက္ကင္းသြားပါလိမ့္မယ္။

ေျခဖေနာင့္ကြဲတာ ကုသဖို႔အတြက္ဆိုရင္ အေရျပားအစိုဓာတ္ကို ျပန္လည္ျဖည့္ဆည္းေပးနိင္စြမ္းရွိတဲ့ ဗီတာမင္ေအ၊ ဗီတာမင္စီ၊ ဗီတာမင္အီးတို႔ ပါဝင္တဲ့ ရွားေစာင္းလက္ပတ္ကိုလည္း ေမ့ထားလို႔မရပါဘူး။ ဆဲလ္အေသေတြကြာက်ေအာင္ ေၾကးတြန္းေက်ာက္ကို အသုံးျပဳၿပီး ညင္သာစြာပြတ္တိုက္ေပးပါ။ ၿပီးရင္ေတာ့ ရွားေစာင္းလက္ပတ္ဂ်ယ္နဲ႔ ပြတ္တိုက္ေပးမယ္ဆိုရင္ သင့္ရဲ႕ေျခေထာက္ေလးက အနာအဆာကင္းၿပီး စိုစိုေျပျပ ျဖစ္ေနမွာပါ။

အခုေျပာျပမယ့္ ေနာက္ဆုံးနည္းလမ္းတစ္ခုကေတာ့ ဆားေရစိမ္ျခင္းပါပဲ။ ညစဥ္ညတိုင္း အိပ္ရာဝင္ခါနီး ေရေႏြးနဲ႔ဆားရည္ ပုံမွန္စိမ္ေပးျခင္းအားျဖင့္ ခႏၶာကိုယ္အတြင္းက အဆိပ္အေတာက္ေတာက္ ကင္းေဝးေစၿပီး ေညာင္းညာကိုက္ခဲျခင္းေတြကိုလည္း သက္သာေပ်ာက္ကင္းေစပါတယ္။

Credit – Paradise (႐ိုးရာေလး)

(Unicode)
ကျွန်တော်တို့ဟာ နေ့စဉ်နေ့တိုင်း မျက်နှာအရေပြားကိုသာ အချိန်ပေးပြီး ဂရုစိုက်နေကြပြီး နေ့စဉ်လှုပ်ရှားရုန်းကန်နေရတဲ့ ခြေထောက်တွေကိုတော့ ဂရုစိုက်ဖို့ မေ့နေတတ်ကြပါတယ်။ ရာသီဥတု ပူပြင်းခြင်း၊ ခန္ဓာကိုယ်က လိုအပ်တဲ့ဗီတာမင်များ ပြတ်လပ်ခြင်း၊ အရေပြားကျန်းမာရေးပြဿနာများ ဖြစ်ပေါ်ခြင်း စတာတွေကြောင့် ခြေဖနောင့်ကွဲတာ ဖြစ်ပေါ်လာနိင်ပါတယ်။

ခြေဖနောင့်ကွဲပြီဆိုရင် သွားလာရ အခက်အခဲ ဖြစ်ပေါ်စေရုံသာမက စီးထားတဲ့ ဖိနပ်ကို မချွတ်ရဲရလောက်အောင် အလှပျက်စေနိင်ပါတယ်။ ခြေဖနောင့်ကွဲခြင်း၊ အက်ခြင်းတွေအတွက် အိမ်တွင်းသုံးပစ္စည်းတွေကို အသုံးပြုပြီး သဘာဝအတိုင်း ဘယ်လိုကုသလို့ ရနိုင်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

သဘာဝပျားရည်က အရေပြားပေါ်မှာရှိတဲ့ ဆဲလ်အသစ်တွေကို မွေးထုတ်ပေးဖို့ အားပေးတဲ့ အာနိသင်ရှိပါတယ်။ရေနွေး အနည်းငယ်ကို ပျားရည်အနည်းငယ်နဲ့ ရောစပ်သမအောင်မွှေပြီး ကွဲနေတဲ့ ခြေဖနောင့် ပတ်ချာလည်ကို သုတ်လိမ်းပေးပါ။ မိနစ်၂၀ လောက် ညင်ညင်သာသာလေး နှိပ်နယ်ပေးပြီးမှ ရေသန့်နဲ့ ပြန်လည်ဆေးကြောပေးပါ။ အိပ်ရာမဝင်ခင် ညတိုင်း ပုံမှန်ပြုလုပ်ပေးသွားမယ် ဆိုရင်တော့ သင့်ရဲ ခြေဖနောင့်ကွဲတာတွေ အမြန်ဆုံး သက်သာသွားမှာပါ။

သဘာဝ ဟင်းသီးဟင်းရွက်တွေကနေ ထုတ်လုပ်ထားတဲ့ ဆီတွေမှာ အသားအရေကို အားဖြည့်ပေးနိင်စွမ်းရှိတဲ့ ပရိုဗီတာမင်အေ၊ ပရိုဗီတာမင်ဒီနဲ့ ပရိုဗီတာမင်အီးတို့ ပါဝင်ကြပြီး ဆဲလ်အသစ်တွေကို ဖြစ်ပေါ်စေပါတယ်။ သင့်ရဲခြေထောက်တွေကို သန့်ရှင်းအောင် ဆေးကြောပြီး အဝတ်သန့်သန့်လေးတစ်ခုနဲ့ ရေပြောင်အောင် သုတ်ပေးပါ။ ခြောက်သွေ့ သွားပြီဆိုရင်တော့ အသီးအရွက်ဆီနဲ့ ခြေထောက်တစ်ဝိုက်ကို ပွတ်လိမ်းပေးပါ။ ပြီးရင်တော့ ခြေအိတ်ပါးပါးလေးဝတ်ပြီး အိပ်စက်အနားယူနိင်ပါတယ်။

မုန့်ဖုတ်ဆော်ဒါအနည်းငယ်ကို ရေနွေးနဲ့ရောပြီး လုံးဝပျော်ဝင်သွားတဲ့အထိ မွှေပေးပါ။ ပြီးရင် မုန့်ဖုတ်ဆော်ဒါပျော်ရည်ထဲ သင့်ရဲ့ခြေထောက်နှစ်ဖက်စလုံးကို ၁၅ မိနစ်လောက်စိမ်ထားပေးပါ။ ၁၅ မိနစ်ပြည့်ပြီဆိုရင်တော့ ကြေးတွန်းကျောက်အနုစားလေးနဲ့ သင့်ရဲ့ခြေထောက်တွေကို ညင်ညင်သာသာပွတ်တိုက်ပေးပြီး ရေသန့်နဲ့ ဆေးကြောပေးပါ။ တစ်ပတ်ကို နှစ်ကြိမ်လောက် ပြုလုပ်ပေးမယ်ဆိုရင် ခြေထောက်ကွဲတာ သိသိသာသာပျောက်ကင်းသွားပါလိမ့်မယ်။

ခြေဖနောင့်ကွဲတာ ကုသဖို့အတွက်ဆိုရင် အရေပြားအစိုဓာတ်ကို ပြန်လည်ဖြည့်ဆည်းပေးနိင်စွမ်းရှိတဲ့ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်အီးတို့ ပါဝင်တဲ့ ရှားစောင်းလက်ပတ်ကိုလည်း မေ့ထားလို့မရပါဘူး။ ဆဲလ်အသေတွေကွာကျအောင် ကြေးတွန်းကျောက်ကို အသုံးပြုပြီး ညင်သာစွာပွတ်တိုက်ပေးပါ။ ပြီးရင်တော့ ရှားစောင်းလက်ပတ်ဂျယ်နဲ့ ပွတ်တိုက်ပေးမယ်ဆိုရင် သင့်ရဲ့ခြေထောက်လေးက အနာအဆာကင်းပြီး စိုစိုပြေပြ ဖြစ်နေမှာပါ။

အခုပြောပြမယ့် နောက်ဆုံးနည်းလမ်းတစ်ခုကတော့ ဆားရေစိမ်ခြင်းပါပဲ။ ညစဉ်ညတိုင်း အိပ်ရာဝင်ခါနီး ရေနွေးနဲ့ဆားရည် ပုံမှန်စိမ်ပေးခြင်းအားဖြင့် ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တောက် ကင်းဝေးစေပြီး ညောင်းညာကိုက်ခဲခြင်းတွေကိုလည်း သက်သာပျောက်ကင်းစေပါတယ်။

Credit – Paradise (ရိုးရာလေး)

Leave a Reply

Your email address will not be published. Required fields are marked *