သတင္း

အူအတက္ေရာင္ ေရာဂါလကၡဏာမ်ားနွင့္ ၄င္းကို ကာကြယ္ေပးနိုင္ေသာ အစားအစာမ်ား

(Zawgyi)
အူအတက္ ဆိုတာ အူသိမ္နဲ႔ အူမဆံုတဲ့ ေနရာမွာရိွတဲ့ (၃ ဒသမ ၅) လက္မအရြယ္ အိတ္နဲ႔တူတဲ့ အဂၤါ အစိတ္အပိုင္း တစ္ခုျဖစ္ပါတယ္။ ၄င္းက ၀မ္းဗိုက္ရဲ႕ ညာဘက္ေအာက္ေျခမွာ ရိွပါတယ္။ အူအတက္က ဘာအတြက္ ရိွေနလဲ ဆိုတာ မသိၾကေသးပါဘူး။ ေသခ်ာတာ ကေတာ့ အူအတက္ ရိွျခင္း မရိွျခင္းက အသက္အႏၱရာယ္ကို မထိခိုက္နိုင္ဘူး ဆိုတာပါပဲ။

သို႔ေပမယ့္လည္း အူအတက္က တစ္ခိ်န္ခိ်န္မွာ ေရာင္ရမ္းနိုင္ျပီး ဒုကၡေပးနိုင္ပါတယ္။ ထိုအခါမွာ အူအတက္ကို ခဲြစိတ္ ဖယ္ရွား လိုက္ရပါတယ္။ ေဆးကုသမႈ အခိ်န္မမီလွ်င္ အသက္အႏၱရာယ္ ဆံုးရံႈးသည္ အထိ ျဖစ္နိုင္ပါတယ္။

အူအတက္ေရာင္တဲ့အခါ ခံစားရတတ္တဲ့ ကနဦး လကၡဏာကေတာ့ ၀မ္းဗိုက္ အေပၚပိုင္းနဲ႔ ခ်က္တ၀ိုက္မွာ ေအာင့္လာတာ ျဖစ္ပါတယ္။ တျခား လကၡဏာ မ်ားကေတာ့

-ဗိုက္ေအာင့္ျပီး ခ်က္ခ်င္း ေအာ့အန္ျခင္း။

-၀မ္းဗိုက္ ေရာင္ရမ္းျခင္း။

-‌ေလလည္၊ ေလတက္ရာတြင္ အခက္အခဲရိွျခင္း။

-ခံတြင္းပ်က္ျခင္း။

-အဖ်ား ၉၉ မွ ၁၀၂ ဒီဂရီ အတြင္းရိွျခင္း။

တစ္ခါတရံတြင္ တခိ်ဳ႕ေသာ အူအတက္ေရာင္ ေ၀ဒနာရွင္မ်ားသည္ ဆီးသြားရာတြင္ နာက်င္ျခင္း၊ ၀မ္းဗိုက္ၾကြက္သား နာက်င္ျခင္း၊ ၀မ္းေလွ်ာျခင္း၊ ၀မ္းခ်ဳပ္ျခင္း စသည့္ လကၡဏာမ်ားလည္း ၾကံဳေတြ႔ရနိုင္ပါတယ္။ အထက္ပါ လကၡဏာ ေတာ္ေတာ္ မ်ားမ်ားအား တျပိဳင္နက္တည္း ၾကံဳေတြ႔ေနရလွ်င္ ဆရာ၀န္ဆီ ခ်က္ခ်င္း သြားျပျပီး ကုသမႈ ခံယူသင့္ပါတယ္။

ေဆးဘက္ဆိုင္ရာ ကြ်မ္းက်င္သူမ်ားက ယင္းအူ အတက္ေရာင္ေရာဂါအား ၾကိဳတင္ ကာကြယ္ရန္ နည္းလမ္း မေတြ႔ေသးေၾကာင္း ဆိုထားပါတယ္။ သို႔ေသာ္လည္း က်န္းမာေစေသာအစားအေသာက္မ်ားကို သင့္ေလ်ာ္စြာ စားေသာက္ျခင္းက အူအတက္ေရာင္ ေရာဂါကို အနည္းနဲ႔ အမ်ား ကာကြယ္နိုင္မယ္လို႔ ယံုၾကည္ရပါတယ္။

၄င္းအစားအစာ မ်ားကေတာ့-

သစ္သီးမ်ား – ဖိုက္ဘာဓာတ္ ပါေသာ သစ္သီးမ်ားက အစာေခ် အဖဲြ႔အစည္း အတြက္ မိတ္ေဆြေကာင္းပါပဲ။ ဖိုက္ဘာဓာတ္က ၀မ္းတြင္း အညစ္အေၾကးမ်ားကို ရွင္းထုတ္ ေပးနိုင္တာေၾကာင့္ အူအတက ္အတြင္း ပိတ္ဆို႔မယ့္ အလားအလာကိုလည္း ကာကြယ္ ေပးနိုင္ေခ် ရိွပါတယ္။ ဖိုက္ဘာဓာတ္မ်ားစြာ ပါ၀င္ေသာ သစ္သီးမ်ားကေတာ့ ဘယ္ရီသီးမ်ား၊ သစ္ေတာ္သီး၊ ပန္း သီး၊ ငွက္ေပ်ာသီး၊ သေဘၤာသီး၊ သရက္သီးတို႔ ျဖစ္ၾကပါတယ္။

ဟင္းသီး ဟင္းရြက္မ်ား – သစ္သီးမ်ားကဲ့သို႔ပင္ အသီးအရြက္ မ်ားမွာလည္း ဖိုက္ဘာဓာတ္ ပါ၀င္ပါတယ္။ အစိမ္းေရာင္ အသီးအရြက္မ်ား၊ ပဲသီး၊ ပဲ၊အာလူး၊ မုန္လာဥ၊ ေဂၚဖီထုပ္၊ ကိုက္လန္၊ ပန္းေဂၚဖီ၊ မုန္ညင္းစိမ္း၊ မုန္လာဥျဖဴ စသည္တို႔ ျဖစ္ၾကပါတယ္။

ဂံ်ဳၾကမ္း၊ ေျပာင္း၊ ဆန္ အစားအစာမ်ား – ထိုအစားအစာမ်ားမွာ ဂံ်ဳၾကမ္းေပါင္မုန္႔ ၊ ဆန္လံုးညို၊ ေျပာင္း၊ အုတ္ဂံ်ဳ စသည္တို႔ ျဖစ္ၾကပါတယ္။ ၄င္းအစားအစာမ်ားကို စူပါမားကတ္ေတြမွာ အလြယ္တကူ ရရိွနိုင္ပါတယ္။

ေရာင္ရမ္းျခင္းကို ေလွ်ာ့ခ်နိုင္ေသာ အစားအစာမ်ား – ဆီမ်ားေသာ ငါး၊ သံလြင္ဆီ၊ နႏြင္း၊ ခ်င္း၊ ၾကက္သြန္ျဖဴ ၊ ၾကက္သြန္နီနွင့္ လက္ဘက္ရည္ၾကမ္း စသည့္ ေရာင္ရမ္းမႈကို ေလ်ာ့က်ေစနိုင္ေသာ အစားအစာမ်ားကို ေန႔စဥ္ စားေသာက္မႈ စာရင္းထဲမွာ ထည့္ထားသင့္ပါတယ္။

Credit – မိုရ္မိုရ္(YUFL)

The Messenger News Journal

(Unicode)
အူအတက် ဆိုတာ အူသိမ်နဲ့ အူမဆုံတဲ့ နေရာမှာရှိတဲ့ (၃ ဒသမ ၅) လက်မအရွယ် အိတ်နဲ့တူတဲ့ အင်္ဂါ အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ ၎င်းက ဝမ်းဗိုက်ရဲ့ ညာဘက်အောက်ခြေမှာ ရှိပါတယ်။ အူအတက်က ဘာအတွက် ရှိနေလဲ ဆိုတာ မသိကြသေးပါဘူး။ သေချာတာကတော့ အူအတက် ရှိခြင်း မရှိခြင်းက အသက်အန္တရာယ်ကို မထိခိုက်နိုင်ဘူး ဆိုတာပါပဲ။ သို့ပေမယ့်လည်း အူအတက်က တစ်ချိန်ချိန်မှာ ရောင်ရမ်းနိုင်ပြီး ဒုက္ခပေးနိုင်ပါတယ်။ ထိုအခါမှာ အူအတက်ကို ခွဲစိတ် ဖယ်ရှား လိုက်ရပါတယ်။ ဆေးကုသမှု အချိန်မမီလျှင် အသက်အန္တရာယ် ဆုံးရှုံးသည် အထိ ဖြစ်နိုင်ပါတယ်။ အူအတက်ရောင်တဲ့အခါ ခံစားရတတ်တဲ့ ကနဦး လက္ခဏာကတော့ ဝမ်းဗိုက် အပေါ်ပိုင်းနဲ့ ချက်တဝိုက်မှာ အောင့်လာတာ ဖြစ်ပါတယ်။ တခြား လက္ခဏာများကတော့

-ဗိုက်အောင့်ပြီး ချက်ချင်း အော့အန်ခြင်း။

-ဝမ်းဗိုက် ရောင်ရမ်းခြင်း။

-‌ေလလည်၊ လေတက်ရာတွင် အခက်အခဲရှိခြင်း။

-ခံတွင်းပျက်ခြင်း။

-အဖျား ၉၉ မှ ၁၀၂ ဒီဂရီ အတွင်းရှိခြင်း။

တစ်ခါတရံတွင် တချို့သော အူအတက်ရောင် ဝေဒနာရှင်များသည် ဆီးသွားရာတွင် နာကျင်ခြင်း၊ ဝမ်းဗိုက်ကြွက်သား နာကျင်ခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်း စသည့် လက္ခဏာများလည်း ကြုံတွေ့ရနိုင်ပါတယ်။အထက်ပါ လက္ခဏာ တော်တော်များများအား တပြိုင်နက်တည်း ကြုံတွေ့နေရလျှင် ဆရာဝန်ဆီ ချက်ချင်း သွားပြပြီး ကုသမှု ခံယူသင့်ပါတယ်။

ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက ယင်းအူ အတက်ရောင်ရောဂါအား ကြိုတင် ကာကွယ်ရန် နည်းလမ်း မတွေ့သေးကြောင်း ဆိုထားပါတယ်။သို့သော်လည်း ကျန်းမာစေသောအစားအသောက်များကို သင့်လျော်စွာ စားသောက်ခြင်းက အူအတက်ရောင် ရောဂါကို အနည်းနဲ့ အများ ကာကွယ်နိုင်မယ်လို့ ယုံကြည်ရပါတယ်။

၎င်းအစားအစာ များကတော့-

သစ်သီးများ – ဖိုက်ဘာဓာတ် ပါသော သစ်သီးများက အစာချေ အဖွဲ့အစည်း အတွက် မိတ်ဆွေကောင်းပါပဲ။ ဖိုက်ဘာဓာတ်က ဝမ်းတွင်း အညစ်အကြေးများကို ရှင်းထုတ် ပေးနိုင်တာကြောင့် အူအတက ်အတွင်း ပိတ်ဆို့မယ့် အလားအလာကိုလည်း ကာကွယ် ပေးနိုင်ချေ ရှိပါတယ်။ ဖိုက်ဘာဓာတ်များစွာ ပါဝင်သော သစ်သီးများကတော့ ဘယ်ရီသီးများ၊ သစ်တော်သီး၊ ပန်း သီး၊ ငှက်ပျောသီး၊ သင်္ဘောသီး၊ သရက်သီးတို့ ဖြစ်ကြပါတယ်။

ဟင်းသီး ဟင်းရွက်များ – သစ်သီးများကဲ့သို့ပင် အသီးအရွက် များမှာလည်း ဖိုက်ဘာဓာတ် ပါဝင်ပါတယ်။ အစိမ်းရောင် အသီးအရွက်များ၊ ပဲသီး၊ ပဲ၊အာလူး၊ မုန်လာဥ၊ ဂေါ်ဖီထုပ်၊ ကိုက်လန်၊ ပန်းဂေါ်ဖီ၊ မုန်ညင်းစိမ်း၊ မုန်လာဥဖြူ စသည်တို့ ဖြစ်ကြပါတယ်။

ဂံျုကြမ်း၊ ပြောင်း၊ ဆန် အစားအစာများ – ထိုအစားအစာများမှာ ဂံျုကြမ်းပေါင်မုန့် ၊ ဆန်လုံးညို၊ ပြောင်း၊ အုတ်ဂံျု စသည်တို့ ဖြစ်ကြပါတယ်။ ၎င်းအစားအစာများကို စူပါမားကတ်တွေမှာ အလွယ်တကူ ရရှိနိုင်ပါတယ်။

ရောင်ရမ်းခြင်းကို လျှော့ချနိုင်သော အစားအစာများ – ဆီများသော ငါး၊ သံလွင်ဆီ၊ နနွင်း၊ ချင်း၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီနှင့် လက်ဘက်ရည်ကြမ်း စသည့် ရောင်ရမ်းမှုကို လျော့ကျစေနိုင်သော အစားအစာများကို နေ့စဉ် စားသောက်မှု စာရင်းထဲမှာ ထည့်ထားသင့်ပါတယ်။

Credit – မိုရ်မိုရ်(YUFL)

The Messenger News Journal

Leave a Reply

Your email address will not be published. Required fields are marked *