သတင္း

ချစ်စရာ့ မြန်မာ့ရှေးရိုးရာ လူပျိုလှည့်ဓလေ့အကြောင်း ဗဟုသုတ

(Zawgyi)
ျမန္မာ့ေရွးရိုးရာ လူပ်ိဳလွည့္ဓေလ့

“ရြာလည္ျခင္း-”

ေက်းလက္ေန လူပ်ိဳကာလသားမ်ား ညေနခင္းအလုပ္ အကိုင္ျပီးဆံုးခ်ိန္တြင္ ရြာတြင္းသို႔ လွည့္လည္ႀက ေနာက္ပိုးႀကသည္ကို ရြာလည္သည္ (သို႔မဟုတ္)လူပ်ိဳလွည့္သည္ဟု ေခၚဆိုသည္။ ညစာထမင္း စားျပီးသည္နွွင့္ ရြာတြင္းရွိ လွပေမႊးႀကိဳင္ေသာ ပန္းတို႔ကို ခူးဆြတ္ကာ ခါးပိုက္ေထာင္ (သို႔မဟုတ္)ခါးပံုစ အျပည့္ထည့္ျပီး အပ်ိဳရွိရာအိမ္သို႔သြားေရာက္ေပးကာ “ညဳ” ေလေတာ့သည္။ ထိုစဥ္က ညဳ ဟူေသာစကားမွာ ယခုေခတ္ ႀကဴ သည္ဟူေသာ ဗန္းစကားနွင့္ အဓိပၸါယ္ခ်င္းဆင္တူဟန္ရွိသည္။ဆိုလိုသည္မွာ မိန္းကေလးကို စကားျဖင့္ ခရာတာတာေျပာသည္။ ခြ်ဲႏြဲ႕သည္။ တေယာညဳသည္။ နွဲညဳသည္ စသည္ျဖင့္ ခ်စ္သူျဖစ္ေစ မခ်စ္ေသးသူျဖစ္ေစ စကားညဳခ်ြဲေျပာတတ္ျခင္းကို ဆိုလို၏။ ေရွးေခတ္က လူပ်ိဳကာလသားတို႔ ရြာလည္သည့္အခ်ိန္မွာ ႀကက္ဦးတြန္ခ်ိန္(ည ၇ နာရီခန္႔အခ်ိန္)ျဖစ္သည္။ ကာလသားမ်ား ရြာလည္ႀကလ်ွင္ သူတို႔လက္ထဲ၌ ခရင္းခြပါေသာတုတ္တံမ်ားကို ကိုင္ေဆာင္တတ္ႀကသည္။ ဤသို႔ တုတ္ကိုင္ေဆာင္လာသည္မွာလည္း လမ္းေလ်ွာက္ေတာင္ေဝွးသဖြယ္ ျဖစ္ပံုရသျဖင့္ ထိုေခတ္က ဖက္ရွင္္တစ္ခုလိုပင္
ျဖစ္ဟန္တူသည္။ ရန္ျဖစ္ရန္ ရ္ိုက္ရန္ အႏၲရာယ္ေပးရန္ရည္ရြယ္ခ်က္လံုးဝမပါပဲ ညအခ်ိန္ေမွာင္ထဲ၌ လမ္းေပၚမွေခြးဆိုး ေျမြဆိုး ကင္းစသည့္အႏၲရာယ္ကိုု ကာကြယ္ရန္အတြက္သာ ယူေဆာင္လာျခင္းျဖစ္သည္။ မိန္းကေလးအိိမ္ေရွ႕အေရာက္တြင္ ယင္းတုတ္တံမ်ားကို အိမ္ေရွ႕မ်က္နွာစာေျမျပင္၌ စိုက္ထားခဲ႔ျပီးမွသာ အိမ္ထဲသို႔ဝင္ႀကေလသည္။ တစ္ခါတစ္ရံ၌ အလြန္ေခ်ာေမာသည့္မိန္းကေလးအိမ္ေရွ႕တြင္ လူပ်ိဳလွည့္လာသူေပါမ်ားသျဖင့္ ယင္းေတာင္ေဝွးတုတ္မ်ားျဖင့္ ဝန္းထရံကာထားသကဲ႔သို႕(ခက္ရင္းခြတုတ္မ်ားျဖင့္ ျခံခတ္ထားသလို)ရွိပံုကို ေရွးစာတစ္ခု၌” ခက္ရင္းသံပင္ ဝင္းထရံျဖစ္ေစလိမ့္ ဆင္းစံနစ္ အိမ္ေတာ္သာ ” ဟုဖြဲ႕ဆိုခဲ႔သည္ကို ေတြ႕ရသည္။

” ဝဲလင္းေဆာင္ ”

ဝဲလင္းေဆာင္ဆိုသည္မွာ အိမ္ေရွ႕ေျခဆင္းတြင္အဖီထုတ္ထားေသာ (သို႔မဟုတ္) အိမ္ေရွ႕ကျပင္နွင့္ တဆက္တည္းရွိေသာ သီးျခားအေဆာက္အအံုငယ္ျဖစ္သည္။အျခားေသာ အိမ္ေထာင္ရွင္အမ်ိဳးသမီးမ်ားနွင့္ အရြယ္မေရာက္ေသးေသာ မိန္းကေလးမ်ား ဝဲလင္းေဆာင္သို႔ မလာႀကေပ။ လုပ္ေဆာင္စရာရွိသမ်ွ အိမ္မႀကီးေပၚ၌သာ ေဆာင္ရြက္ႀကသည္။ ယင္းဝဲလင္းေဆာင္၌ ေရနံဆီမီးခြက္(သို႔)ကညင္ဆီတိုင္ (သို႔) ဆီမီးခြက္ကို ထြန္းထားေလ့ရွိသည္။ မည္သူ၏ သမီး ဝဲလင္းေဆာင္သို႔ဆင္းျပီ ဆင္းေတာ့မည္စသည့္သတင္းစကားမ်ားကိုလည္း ကာလသားမ်ားႀကားတိုးတိုးႀကိတ္ႀကိတ္ပ်ံ႕နွံ႕ေရာက္ရွိလာလ်ွင္ ထိုမိန္းကေလး
ကို စိတ္ဝင္စားေသာ ကာလသားတို႔က စံုစမ္းသိရွိျပီးေနာက္ ယင္းအိမ္သို႔ အလည္သြားေလေတာ့သည္။ ဝဲလင္းေဆာင္အတြင္း မိန္းမပ်ိဳကလည္း သနပ္ခါးေက်ာက္ျပင္ ေဆးေတာင္း ေရအိုးတို႔ကို အဆင္သင့္ထားရွိျပီးျဖစ္သည့္အျပင္ ငွက္ေပ်ာရြက္ျဖင့္ေခြဝန္းထားေသာပန္းထည့္သည့္ ေတာင္းတစ္ေတာင္းကိုလည္း အသင့္ထားရွိသည္။ ကာလသားမ်ား ရြာလည္သည့္အခ်ိန္တြင္ ရြာထဲရွိမိန္းမပ်ိဳတို႔သည္လည္း မိမိတို႔အိမ္ေရွ႕ဝဲလင္းေဆာင္သို႕ထြက္ခါ ဗိုင္းငင္ျခင္း၊ ခ်ည္စခ်ျခင္း၊ ရက္ေဖာက္ေယာက္ျခင္းမ်ားကို ျပဳလုပ္ႀကေလ့ရွိသည္။ေရွးအခါက ျမိဳ႕တိုင္းရြာတိုင္းတြင္ အမ်ိဳးသမီးမွန္သမ်ွ ရကၠန္းတတ္ႀကသည္။ သူတို႔ပင္တစ္အိမ္သားလံုး၏ အဝတ္အထည္ အသံုးအေဆာင္မွန္သမ်ွကို တာဝန္ယူ ရက္လုပ္ေပးႀကသည္။ အျပင္ကဝယ္ယူရပါက မိန္းမပ်င္း မိန္းမဖ်င္းဟု ကဲ႔ရဲ႕ႀကသည္။ “အိမ္တြင္းမႈ႕လုပ္ သိမ္းထုပ္ေသခ်ာ” ဆိုသကဲ႔သို႕မိန္းကေလးတို႔၏ အိမ္တြင္းမႈ႕လုပ္ငန္းတစ္ရပ္အျဖစ္ ရကၠန္းတတ္ႀကရ၏။ လူပ်ိဳလွည့္လာေသာ ကာလသားမ်ားက ဝဲလင္းေဆာင္ မိန္းမပ်ိဳ၏ အပါးတြင္ဝိုင္းထိုင္၍ ရႈတ္ေထြးေနေသာခ်ည္ခင္မ်ားကိုရွင္းေပးျခင္း၊ ဆီခမ္းလုနီးပါးရွိေသာ ဆီမီးခြက္ထဲသို႔ ဆီျဖည့္ျခင္း၊ေဆးရြက္နွင့္ ေဆးမႈန္႔မ်ား ထည့္ေသာေဆးေတာင္းမွ ဖက္ေဆးလိပ္ လိပ္ေပးျခင္း စသည္ျဖင့္ လုပ္ကိုင္ေပးရင္း မိန္းကေလးနွင့္စကားလက္ဆံုက် ေနႀကေလသည္။ သို႔ျဖင့္ သက္ႀကီးေခါင္းခ်ခ်ိန္(ညကိုးနာရီ ဆယ္နာရီခန္႕)ေရာက္လ်ွက္ အိမ္ထဲရွိ မိဘမ်ားက ဝဲလင္းေဆာင္နွင့္ကပ္လ်ွက္ အိပ္ခန္းသို႕ဝင္ကာ သမီး၏ အသံကိုနားစြင့္ရင္း အိပ္ေပ်ာ္သြားႀကေလ့ရွိသည္။ သူတို႔သည္ ရယ္စရာေမာစရာမ်ားေျပာဆိုရင္း ဝဲလင္းေဆာင္အတြင္း လႈပ္ရွားေဆာင္ရြက္သမ်ွကို မိန္းမပ်ိဳကလူကဲခတ္သည့္နည္းတူ ကာလသားမ်ားကလည္း မိန္းမပ်ိဳ၏ ဝဲလင္းေဆာင္တြင္း ထားသိုပံု မ်က္ျမင္ေျပာဆိုလႈပ္ရွားပံုတို႕ကို အကဲခတ္ေလ့ရွိသည္။ အခ်ိဳ႕ကာလသားမ်ားမွာ ထိုအိမ္၌သာ တစ္ေလ်ွာက္လံုးမေနပဲ အျခားခင္မင္ရာရာ အပ်ိဳမ်ားအိမ္သို႔ ကူးကာရြာလည္ႀကျပန္သည္။ မိန္းကေလး၏ ဝဲလင္းေဆာင္အတြင္း လူနည္းပါးခ်ိန္ စကားေျပာဆိုရင္း ညည္းေငြ႕လာခ်ိန္၌ သူတို႔သည္ မိန္းမပ်ိဳနွင့္ အျပန္အလွန္ စကားထာဝွက္ျခင္း ဥာဏ္စမ္းပုစၧာမ်ားေမးျခင္း စသည္ျဖင့္ အသိပညာအေျခခံကိုပါ ေလ့လာစူးစမ္းျခင္းအားျဖင့္ေသာ္ လည္းေကာင္း အေပ်ာ္အျဖစ္ေသာ္လည္းေကာင္း ေမးျမန္းေျဖဆိုႀကေလ့ရွိသည္။

” လုလင္ျပန္ခ်ိန္ ”

ထိုအခိုက္ အိမ္ေခါင္မိုးစြန္းက ႀကက္ဖႀကီးက သံုးႀကိမ္တြန္သံေပးေလေသာအခါ လုလင္ျပန္ႀကက္ (သို႔)လုလင္ျပန္ခ်ိန္ (ည ၁၁နာရီခန္႔)တန္ေလျပီျဖစ္၏။ သည့္ထက္ ညဥ့္နက္၍လည္းမျဖစ္ေတာ့ေခ်။ လာေရာက္လည္ပတ္ႀကေသာ ကာလသားမ်ားအနက္ မိန္းမပ်ိဳ၏ အရိပ္အကဲခတ္ကာ မည္သူ႔ကိုအေရးေပးခံရေႀကာင္းကိုလည္း အခ်ိဳ႕ရိပ္မိသိရွိနိုင္ေလာက္ျပီျဖစ္ရာ အလိုက္တသိျဖင့္ နႈတ္ဆက္ကာ ထြက္ခြာခ်ိန္က်ျပီမို႔ မျပန္လိုေသာ္လည္းျပန္ရေပေတာ့မည္။ သို႔ျဖင့္ မိန္းမပ်ိဳအားအသီးသီးႏႈတ္ဆက္ကာ ျပန္သြားႀကေလသည္။

” ဇြဲခတ္ျခင္း ”

ကာလသားမ်ားျပန္သြားႀကကုန္သည့္တိုင္ မိန္းမပ်ိဳ၏ အေရးေပးခံရသူက ေနာက္ဆံတင္းကာ မျပန္ခ်င္ေသးပဲ ေပကပ္ေနတတ္သည္ကို ဇြဲခတ္ျခင္း(သို႔)ဇြဲခတ္သည္ဟုေခၚဆို၏။ ခ်စ္သူနွစ္ဦးတည္း က်န္ေနေသာအခါ ေျပာစရာရွိသမ်ွ ခ်စ္ေႀကာင္းကုန္စင္ကို ေျပာရင္း မိန္းမပ်ိဳမွာလည္း ပန္းဝွက္ရာမွ ပန္းေပးျခင္းခံရ၍ ရလာေသာ ပန္းမ်ားကိုမနက္ေစာဘုရားပန္းတင္ရန္ သီကံုးေနေလသည္။ မႀကာမီ သန္းေခါင္ႀကက္(ည ၁၂နာရီခန္႕)တြန္သံႀကားရသျဖင့္မခြဲနိုင္မခြာရက္ ခ်စ္သူနွစ္ဦးလည္း သိမ္းဆည္းစရာရွိသမ်ွသိမ္းဆည္းကာ လုလင္ပ်ိဳလည္းနႈတ္ဆက္ကာ ျပန္ခဲ႔ရသလို မိန္းမပ်ိဳလည္း အိမ္ထဲသို႔ဝင္ကာ အိပ္စက္ေလေတာ့၏။

” ေမွာင္ဝင္ျခင္း ”

ဤသို႔ကာလႀကာရွည္ေသာအခါ မိန္းကေလးက ခ်စ္သူကို မိဘနားေပါက္ေအာင္ (မိဘကိုအသိေပးရန္)ျပဳေစလို၏။ နားမေပါက္ခင္ ခ်စ္သူကိုေယာက်ၤားပီသေႀကာင္းျပသနိုင္ေစရန္ ေမွာင္ဝင္ျခင္း(ေဆးမင္ေႀကာင္ထိုးျခင္း)ျပဳေစလိုသည္။ လူပ်ိဳကာလသားတို႔ အရြယ္ေရာက္လ်ွင္ ေဆးမင္ေႀကာင္ ထိုး(ေမွာင္ဝင္)ရ၏။ သို႔မွသာ အိမ္ေထာင္ျပဳနိုင္ႀကေလသည္။

” ကြယ္ေလးရယ္ မင္ေႀကာင္

ဘယ္ေပါင္မွာ ထိုး

ေဆးနဂါးလိမ္ ပုသိမ္ခင္းလို႔ရယ္

ေမွာင္တြင္းမွာ ထိုး။ ” ဟုေရးဖြဲ႕ခဲ႔ႀကေလသည္။

” ပုဆိုးတန္းတင္ ”

လံုမပ်ိဳက သူ၏ခ်စ္သူ ေမွာင္ဝင္လ်ွင္ဝတ္ဆင္ရန္ ပုဆိုးတစ္ထည္ ရက္လုပ္ေပးရ၏။ ေမွာင္အျပန္တြင္ ယင္းပုဆိုးကိုဝံ႔ႀကြားစြာ ဝတ္ဆင္ေလ့ရွိရာ မိမိခ်စ္သူကိုယ္တိုင္ ရက္လုပ္ေပးေသာ ပုဆိုးျဖစ္ေႀကာင္းကိုလည္း အမ်ားသိရွိေစလို၏။ ထိုပုဆိုးကို ေမွာင္ဝင္ရာမွအျပန္တြင္ မိန္းမပ်ိဳ၏ မိဘမ်ားသိနိုင္ေစရန္အတြက္ မိန္းကေလး၏ ဝဲလင္းေဆာင္ရွိ ႀကိဳးတန္းေပၚသို႔ ပုဆိုးကိုလႊားတင္ထားလိုက္ျပီး မိမိ၏အျခားပုဆိုးတစ္ထည္ကို ဝတ္ဆင္ကာ ျပန္သြားေလသည္။ နံနက္လင္း၍ မိဘမ်ားက တန္းေပၚတင္ထားေသာ ပုဆိုးသည္ မည္သူ၏ ပုဆိုးျဖစ္ေႀကာင္း သမီးပ်ိဳအားေမးျမန္းေလေတာ့သည္။သမီးျဖစ္သူကလည္း မိမိခ်စ္သူမွာ မည္သည့္ရြာမွ မည္သူ၏ သားျဖစ္ေႀကာင္းကို ေျပာျပလ်ွင္ မိဘမ်ားက သေဘာတူညီပါက ပုဆိုးကိုဖြတ္ေလ်ွာ္၍ ေခါက္သိမ္းထားသည္။ထို႔ေနာက္ မိမိခ်စ္သူအား ပုဆိုးကို လူႀကီးမိဘစံုလင္စြာျဖင့္ လာေရြးလွည့္ပါဟု အေႀကာင္းႀကားလိုက္ေလေတာ့သည္။ ထိုအခါ လုလင္ပ်ိဳက မိဘမ်ားအားအသိေပးကာ ေန႔ေကာင္းရက္သာေရြးျပီး လူႀကီးမိဘစံုလင္စြာျဖင့္သမီးရွင္မိဘမ်ားထံ ကန္ေတာ့ပြဲအစံုအလင္ျဖင့္ သြားေရာက္ေတာင္းရမ္း လက္ထပ္ေပးရေလသည္။ ဤသည္ကို အစြဲျပဳ၍ “ပုဆိုးတန္းတင္ အႀကင္လင္မယား”ဟု ေခၚေဝၚသံုးနႈန္းႀကသလို “ပုဆိုးတန္းတင္ ေပးစားျခင္း”ျဖစ္ေႀကာင္း ဆိုရိုးစကားျဖစ္ေပၚလာေလသည္။ မိဘ သေဘာမတူပါက ယင္းပုဆိုးကို နုတ္နုတ္စဥ္း၍ ေရတြင္ခ်သည္ဟု အဆိုရွိ၏။ ဤသို႔ျဖင့္ ေရွးေခတ္ျမန္မာ့ေက်းလက္ရိုးရာ လူပ်ိဳ အပ်ိဳတို႔သည္ အႀကင္လင္မယားအျဖစ္သို႔ လက္ထပ္ေပါင္းသင္းခဲ႔ႀကေလသည္။ ရိုးရွင္းေသာေရွးျမန္မာ့ထံုးတမ္းစဥ္လာ ခ်စ္စရာ့ လူေနမႈ႕ဓေလ့ တစ္ရပ္မွာ ေပ်ာက္ကြယ္သြားျပီျဖစ္ရာ ေအာက္ေမ႔ဖြယ္ မွတ္တမ္းအျဖစ္တင္ျပအပ္ပါသည္။

စာကိုး။ ေဒါက္တာသန္းထြန္း”ျမန္မာစာေပသမိုင္းအစ”ေဆာင္းပါး “ျမန္မာ့သမိုင္းနိဒါန္း”စာအုပ္

ေမာ္ပီဆရာသိန္းႀကီး”အရူးလြယ္အိတ္”စာတမ္း

ေဇယ် “ျမန္မာ့မ်က္ပြင့္ လူ႔ဓေလ့”

ေဒါက္တာနွင္းေအးခိုင္ေဆြ(သမိုင္း)”ျမန္မာ့ဓေလ့၊ျမန္မာ့ယဥ္ေက်းမႈ႕”စာအုပ္တို႔မွ ေကာက္နႈတ္ေဖာ္ျပအပ္ပါသည္။

Credit – ကိုဖိုး​ေက်ာ္

(Unicode)
မြန်မာ့ရှေးရိုးရာ လူပျိုလှည့်ဓလေ့

“ရွာလည်ခြင်း-”

ကျေးလက်နေ လူပျိုကာလသားများ ညနေခင်းအလုပ် အကိုင်ပြီးဆုံးချိန်တွင် ရွာတွင်းသို့ လှည့်လည်ကြ နောက်ပိုးကြသည်ကို ရွာလည်သည် (သို့မဟုတ်)လူပျိုလှည့်သည်ဟု ခေါ်ဆိုသည်။ ညစာထမင်း စားပြီးသည်နှင့် ရွာတွင်းရှိ လှပမွှေးကြိုင်သော ပန်းတို့ကို ခူးဆွတ်ကာ ခါးပိုက်ထောင် (သို့မဟုတ်)ခါးပုံစ အပြည့်ထည့်ပြီး အပျိုရှိရာအိမ်သို့သွားရောက်ပေးကာ “ညု” လေတော့သည်။ ထိုစဉ်က ညု ဟူသောစကားမှာ ယခုခေတ် ကြူ သည်ဟူသော ဗန်းစကားနှင့် အဓိပ္ပါယ်ချင်းဆင်တူဟန်ရှိသည်။ဆိုလိုသည်မှာ မိန်းကလေးကို စကားဖြင့် ခရာတာတာပြောသည်။ ချွဲနွဲ့သည်။ တယောညုသည်။ နှဲညုသည် စသည်ဖြင့် ချစ်သူဖြစ်စေ မချစ်သေးသူဖြစ်စေ စကားညုချွဲပြောတတ်ခြင်းကို ဆိုလို၏။ ရှေးခေတ်က လူပျိုကာလသားတို့ ရွာလည်သည့်အချိန်မှာ ကြက်ဦးတွန်ချိန်(ည ၇ နာရီခန့်အချိန်)ဖြစ်သည်။ ကာလသားများ ရွာလည်ကြလျှင် သူတို့လက်ထဲ၌ ခရင်းခွပါသောတုတ်တံများကို ကိုင်ဆောင်တတ်ကြသည်။ ဤသို့ တုတ်ကိုင်ဆောင်လာသည်မှာလည်း လမ်းလျှောက်တောင်ဝှေးသဖွယ် ဖြစ်ပုံရသဖြင့် ထိုခေတ်က ဖက်ရှင်တစ်ခု လိုပင်
ဖြစ်ဟန်တူသည်။ ရန်ဖြစ်ရန် ရိုက်ရန် အန္တရာယ်ပေးရန်ရည်ရွယ်ချက်လုံးဝမပါပဲ ညအချိန်မှောင်ထဲ၌ လမ်းပေါ်မှခွေးဆိုး မြွေဆိုး ကင်းစသည့်အန္တရာယ်ကို ကာကွယ်ရန်အတွက်သာ ယူဆောင်လာခြင်းဖြစ်သည်။ မိန်းကလေးအိမ်ရှေ့အရောက်တွင် ယင်းတုတ်တံများကို အိမ်ရှေ့မျက်နှာစာမြေပြင်၌ စိုက်ထားခဲ့ပြီးမှသာ အိမ်ထဲသို့ဝင်ကြလေသည်။ တစ်ခါတစ်ရံ၌ အလွန်ချောမောသည့်မိန်းကလေးအိမ်ရှေ့တွင် လူပျိုလှည့်လာသူပေါများသဖြင့် ယင်းတောင်ဝှေးတုတ်များဖြင့် ဝန်းထရံကာထားသကဲ့သို့(ခက်ရင်းခွတုတ်များဖြင့် ခြံခတ်ထားသလို)ရှိပုံကို ရှေးစာတစ်ခု၌” ခက်ရင်းသံပင် ဝင်းထရံဖြစ်စေလိမ့် ဆင်းစံနစ် အိမ်တော်သာ ” ဟုဖွဲ့ဆိုခဲ့သည်ကို တွေ့ရသည်။

” ဝဲလင်းဆောင် ”

ဝဲလင်းဆောင်ဆိုသည်မှာ အိမ်ရှေ့ခြေဆင်းတွင်အဖီထုတ်ထားသော (သို့မဟုတ်) အိမ်ရှေ့ကပြင်နှင့် တဆက်တည်းရှိသော သီးခြားအဆောက်အအုံငယ်ဖြစ်သည်။အခြားသော အိမ်ထောင်ရှင်အမျိုးသမီးများနှင့် အရွယ်မရောက်သေးသော မိန်းကလေးများ ဝဲလင်းဆောင်သို့ မလာကြပေ။ လုပ်ဆောင်စရာရှိသမျှ အိမ်မကြီးပေါ်၌သာ ဆောင်ရွက်ကြသည်။ ယင်းဝဲလင်းဆောင်၌ ရေနံဆီမီးခွက်(သို့)ကညင်ဆီတိုင် (သို့) ဆီမီးခွက်ကို ထွန်းထားလေ့ရှိသည်။ မည်သူ၏ သမီး ဝဲလင်းဆောင်သို့ဆင်းပြီ ဆင်းတော့မည်စသည့်သတင်းစကားများကိုလည်း ကာလသားများကြားတိုးတိုးကြိတ်ကြိတ်ပျံ့နှံ့ရောက်ရှိလာလျှင် ထိုမိန်းကလေး
ကို စိတ်ဝင်စားသော ကာလသားတို့က စုံစမ်းသိရှိပြီးနောက် ယင်းအိမ်သို့ အလည်သွားလေတော့သည်။ ဝဲလင်းဆောင်အတွင်း မိန်းမပျိုကလည်း သနပ်ခါးကျောက်ပြင် ဆေးတောင်း ရေအိုးတို့ကို အဆင်သင့်ထားရှိပြီးဖြစ်သည့်အပြင် ငှက်ပျောရွက်ဖြင့်ခွေဝန်းထားသောပန်းထည့်သည့် တောင်းတစ်တောင်းကိုလည်း အသင့်ထားရှိသည်။ ကာလသားများ ရွာလည်သည့်အချိန်တွင် ရွာထဲရှိမိန်းမပျိုတို့သည်လည်း မိမိတို့အိမ်ရှေ့ဝဲလင်းဆောင်သို့ထွက်ခါ ဗိုင်းငင်ခြင်း၊ ချည်စချခြင်း၊ ရက်ဖောက်ယောက်ခြင်းများကို ပြုလုပ်ကြလေ့ရှိသည်။ရှေးအခါက မြို့တိုင်းရွာတိုင်းတွင် အမျိုးသမီးမှန်သမျှ ရက္ကန်းတတ်ကြသည်။ သူတို့ပင်
တစ်အိမ်သားလုံး၏ အဝတ်အထည် အသုံးအဆောင်မှန်သမျှကို တာဝန်ယူ ရက်လုပ်ပေးကြသည်။ အပြင်ကဝယ်ယူရပါက မိန်းမပျင်း မိန်းမဖျင်းဟု ကဲ့ရဲ့ကြသည်။ “အိမ်တွင်းမှု့လုပ် သိမ်းထုပ်သေချာ” ဆိုသကဲ့သို့မိန်းကလေးတို့၏ အိမ်တွင်းမှု့လုပ်ငန်းတစ်ရပ်အဖြစ် ရက္ကန်းတတ်ကြရ၏။ လူပျိုလှည့်လာသော ကာလသားများက ဝဲလင်းဆောင် မိန်းမပျို၏ အပါးတွင်ဝိုင်းထိုင်၍ ရှုတ်ထွေးနေသောချည်ခင်များကိုရှင်းပေးခြင်း၊ ဆီခမ်းလုနီးပါးရှိသော ဆီမီးခွက်ထဲသို့ ဆီဖြည့်ခြင်း၊ဆေးရွက်နှင့် ဆေးမှုန့်များ ထည့်သောဆေးတောင်းမှ ဖက်ဆေးလိပ် လိပ်ပေးခြင်း စသည်ဖြင့် လုပ်ကိုင်ပေးရင်း မိန်းကလေးနှင့်စကားလက်ဆုံကျ နေကြလေသည်။ သို့ဖြင့် သက်ကြီးခေါင်းချချိန်(ညကိုးနာရီ ဆယ်နာရီခန့်)ရောက်လျှက် အိမ်ထဲရှိ မိဘများက ဝဲလင်းဆောင်နှင့်ကပ်လျှက် အိပ်ခန်းသို့ဝင်ကာ သမီး၏ အသံကိုနားစွင့်ရင်း အိပ်ပျော်သွားကြလေ့ရှိသည်။ သူတို့သည် ရယ်စရာမောစရာများပြောဆိုရင်း ဝဲလင်းဆောင်အတွင်း လှုပ်ရှားဆောင်ရွက်သမျှကို မိန်းမပျိုကလူကဲခတ်သည့်နည်းတူ ကာလသားများကလည်း မိန်းမပျို၏ ဝဲလင်းဆောင်တွင်း ထားသိုပုံ မျက်မြင်ပြောဆိုလှုပ်ရှားပုံတို့ကို အကဲခတ်လေ့ရှိသည်။ အချို့ကာလသားများမှာ ထိုအိမ်၌သာ တစ်လျှောက်လုံးမနေပဲ အခြားခင်မင်ရာရာ အပျိုများအိမ်သို့ ကူးကာရွာလည်ကြပြန်သည်။ မိန်းကလေး၏ ဝဲလင်းဆောင်အတွင်း လူနည်းပါးချိန် စကားပြောဆိုရင်း ညည်းငွေ့လာချိန်၌ သူတို့သည် မိန်းမပျိုနှင့် အပြန်အလှန် စကားထာဝှက်ခြင်း ဉာဏ်စမ်းပုစ္ဆာများမေးခြင်း စသည်ဖြင့် အသိပညာအခြေခံကိုပါ လေ့လာစူးစမ်းခြင်းအားဖြင့်သော် လည်းကောင်း အပျော်အဖြစ်သော်လည်းကောင်း မေးမြန်းဖြေဆိုကြလေ့ရှိသည်။

” လုလင်ပြန်ချိန် ”

ထိုအခိုက် အိမ်ခေါင်မိုးစွန်းက ကြက်ဖကြီးက သုံးကြိမ်တွန်သံပေးလေသောအခါ လုလင်ပြန်ကြက် (သို့)လုလင်ပြန်ချိန် (ည ၁၁နာရီခန့်)တန်လေပြီဖြစ်၏။ သည့်ထက် ညဉ့်နက်၍လည်းမဖြစ်တော့ချေ။ လာရောက်လည်ပတ်ကြသော ကာလသားများအနက် မိန်းမပျို၏ အရိပ်အကဲခတ်ကာ မည်သူ့ကိုအရေးပေးခံရကြောင်းကိုလည်း အချို့ရိပ်မိသိရှိနိုင်လောက်ပြီဖြစ်ရာ အလိုက်တသိဖြင့် နှုတ်ဆက်ကာ ထွက်ခွာချိန်ကျပြီမို့ မပြန်လိုသော်လည်းပြန်ရပေတော့မည်။ သို့ဖြင့် မိန်းမပျိုအားအသီးသီးနှုတ်ဆက်ကာ ပြန်သွားကြလေသည်။

” ဇွဲခတ်ခြင်း ”

ကာလသားများပြန်သွားကြကုန်သည့်တိုင် မိန်းမပျို၏ အရေးပေးခံရသူက နောက်ဆံတင်းကာ မပြန်ချင်သေးပဲ ပေကပ်နေတတ်သည်ကို ဇွဲခတ်ခြင်း(သို့)ဇွဲခတ်သည်ဟုခေါ်ဆို၏။ ချစ်သူနှစ်ဦးတည်း ကျန်နေသောအခါ ပြောစရာရှိသမျှ ချစ်ကြောင်းကုန်စင်ကို ပြောရင်း မိန်းမပျိုမှာလည်း ပန်းဝှက်ရာမှ ပန်းပေးခြင်းခံရ၍ ရလာသော ပန်းများကိုမနက်စောဘုရားပန်းတင်ရန် သီကုံးနေလေသည်။ မကြာမီ သန်းခေါင်ကြက်(ည ၁၂နာရီခန့်)တွန်သံကြားရသဖြင့်မခွဲနိုင်မခွာရက် ချစ်သူနှစ်ဦးလည်း သိမ်းဆည်းစရာရှိသမျှသိမ်းဆည်းကာ လုလင်ပျိုလည်းနှုတ်ဆက်ကာ ပြန်ခဲ့ရသလို မိန်းမပျိုလည်း အိမ်ထဲသို့ဝင်ကာ အိပ်စက်လေတော့၏။

” မှောင်ဝင်ခြင်း ”

ဤသို့ကာလကြာရှည်သောအခါ မိန်းကလေးက ချစ်သူကို မိဘနားပေါက်အောင် (မိဘကိုအသိပေးရန်)ပြုစေလို၏။ နားမပေါက်ခင် ချစ်သူကိုယောင်္ကျားပီသကြောင်းပြသနိုင်စေရန် မှောင်ဝင်ခြင်း(ဆေးမင်ကြောင်ထိုးခြင်း)ပြုစေလိုသည်။ လူပျိုကာလသားတို့ အရွယ်ရောက်လျှင် ဆေးမင်ကြောင် ထိုး(မှောင်ဝင်)ရ၏။ သို့မှသာ အိမ်ထောင်ပြုနိုင်ကြလေသည်။

” ကွယ်လေးရယ် မင်ကြောင်

ဘယ်ပေါင်မှာ ထိုး

ဆေးနဂါးလိမ် ပုသိမ်ခင်းလို့ရယ်

မှောင်တွင်းမှာ ထိုး။ ” ဟုရေးဖွဲ့ခဲ့ကြလေသည်။

” ပုဆိုးတန်းတင် ”

လုံမပျိုက သူ၏ချစ်သူ မှောင်ဝင်လျှင်ဝတ်ဆင်ရန် ပုဆိုးတစ်ထည် ရက်လုပ်ပေးရ၏။ မှောင်အပြန်တွင် ယင်းပုဆိုးကိုဝံ့ကြွားစွာ ဝတ်ဆင်လေ့ရှိရာ မိမိချစ်သူကိုယ်တိုင် ရက်လုပ်ပေးသော ပုဆိုးဖြစ်ကြောင်းကိုလည်း အများသိရှိစေလို၏။ ထိုပုဆိုးကို မှောင်ဝင်ရာမှအပြန်တွင် မိန်းမပျို၏ မိဘများသိနိုင်စေရန်အတွက် မိန်းကလေး၏ ဝဲလင်းဆောင်ရှိ ကြိုးတန်းပေါ်သို့ ပုဆိုးကိုလွှားတင်ထားလိုက်ပြီး မိမိ၏အခြားပုဆိုးတစ်ထည်ကို ဝတ်ဆင်ကာ ပြန်သွားလေသည်။ နံနက်လင်း၍ မိဘများက တန်းပေါ်တင်ထားသော ပုဆိုးသည် မည်သူ၏ ပုဆိုးဖြစ်ကြောင်း သမီးပျိုအားမေးမြန်းလေတော့သည်။သမီးဖြစ်သူကလည်း မိမိချစ်သူမှာ မည်သည့်ရွာမှ မည်သူ၏ သားဖြစ်ကြောင်းကို ပြောပြလျှင် မိဘများက သဘောတူညီပါက ပုဆိုးကိုဖွတ်လျှော်၍ ခေါက်သိမ်းထားသည်။ထို့နောက် မိမိချစ်သူအား ပုဆိုးကို လူကြီးမိဘစုံလင်စွာဖြင့် လာရွေးလှည့်ပါဟု အကြောင်းကြားလိုက်လေတော့သည်။ ထိုအခါ လုလင်ပျိုက မိဘများအားအသိပေးကာ နေ့ကောင်းရက်သာရွေးပြီး လူကြီးမိဘစုံလင်စွာဖြင့်သမီးရှင်မိဘများထံ ကန်တော့ပွဲအစုံအလင်ဖြင့် သွားရောက်တောင်းရမ်း လက်ထပ်ပေးရလေသည်။ ဤသည်ကို အစွဲပြု၍ “ပုဆိုးတန်းတင် အကြင်လင်မယား”ဟု ခေါ်ဝေါ်သုံးနှုန်းကြသလို “ပုဆိုးတန်းတင် ပေးစားခြင်း”ဖြစ်ကြောင်း ဆိုရိုးစကားဖြစ်ပေါ်လာလေသည်။ မိဘ သဘောမတူပါက ယင်းပုဆိုးကို နုတ်နုတ်စဉ်း၍ ရေတွင်ချသည်ဟု အဆိုရှိ၏။ ဤသို့ဖြင့် ရှေးခေတ်မြန်မာ့ကျေးလက်ရိုးရာ လူပျို အပျိုတို့သည် အကြင်လင်မယားအဖြစ်သို့ လက်ထပ်ပေါင်းသင်းခဲ့ကြလေသည်။ ရိုးရှင်းသောရှေးမြန်မာ့ထုံးတမ်းစဉ်လာ ချစ်စရာ့ လူနေမှု့ဓလေ့ တစ်ရပ်မှာ ပျောက်ကွယ်သွားပြီဖြစ်ရာ အောက်မေ့ဖွယ် မှတ်တမ်းအဖြစ်တင်ပြအပ်ပါသည်။

စာကိုး။ ဒေါက်တာသန်းထွန်း”မြန်မာစာပေသမိုင်းအစ”ဆောင်းပါး “မြန်မာ့သမိုင်းနိဒါန်း”စာအုပ်

မော်ပီဆရာသိန်းကြီး”အရူးလွယ်အိတ်”စာတမ်း

ဇေယျ “မြန်မာ့မျက်ပွင့် လူ့ဓလေ့”

ဒေါက်တာနှင်းအေးခိုင်ဆွေ(သမိုင်း)”မြန်မာ့ဓလေ့၊မြန်မာ့ယဉ်ကျေးမှု့”စာအုပ်တို့မှ ကောက်နှုတ်ဖော်ပြအပ်ပါသည်။

Credit – ကိုဖိုးကျော်

Leave a Reply

Your email address will not be published. Required fields are marked *