သတင္း

ေလျဖတ္ထားလို႔ စကားမပီ လုံးဝါးေနသူမ်ားအတြက္ ေဆးစြမ္းေကာင္း

(Zawgyi)
ေလျဖတ္ထားလို႔ စကားမပီပဲ လုံးဝါးေနသူမ်ားအတြက္ တကယ္စြမ္းတဲ့ ေဆးနည္းေလးမို႔ မွ်ေဝလိုက္ပါတယ္။

ေလျဖတ္ၿပီးေနာက္ စကားမသြက္သူမ်ား၊ စကားမပီသသူမ်ား ရွိေနၾကပါသည္။ မိဘေဆြမ်ိဳးမ်ားႏွင့္ ရင္းႏွီးေသာ မိတ္ေဆြမ်ားထဲတြင္လည္း မၾကာခဏ ျမင္ေတြ႕ရ၍ အေတာ္စိတ္မေကာင္း ျဖစ္ၾကေပလိမ့္မည္။ မိတ္ေဆြတစ္ဦး ေလျဖတ္သည္ၾကား၍ သြားေရာက္ၾကည့္ရႈ႕ရာ ထိုေဝဒနာရွင္မွာ စကားမ်ားစြာ ေျပာေနရွာေသာ္လည္း ဗလုံးဗေထြး ျဖစ္ေန၍ အေတာ္ကို စိတ္မေကာင္းျဖစ္ခဲ့ရပါသည္။

ေနာက္တစ္ဖန္ ထပ္မံသြားေရာက္ခဲ့ရာ ယခင္ႏွင့္မတူ စကားေျပာသံကို ပီပီသသသဲသဲ ကြဲကြဲၾကားရၿပီး စကားေျပာပါသြက္လာသည္မို႔ ဘယ္လိုကုလိုက္တာလဲ ေမးၾကည့္ရာ သပြတ္ခါးသီးကို ေတာကမ်ားမ်ားရွာဝယ္ၿပီး လူတစ္ေယာက္ ေကာင္းေကာင္းနင္းႏိုင္ေအာင္က်ယ္သည့္ စဥ့္အင္တုံတြင္ ဆား(၁၀)သား ေအာက္ခံထားကာ အေပၚတြင္ သပြတ္ခါးသီးစိမ္း (၁၀)လုံးကို တင္၍ ေန႔တိုင္း နံနက္တစ္ခါ၊ ညေနတစ္ခါ နင္းေပးျခင္းေၾကာင့္ ျဖစ္သည္ဟု ဆိုပါသည္။

အိပ္ရာမွ မထႏိုင္သူမ်ားအား သပြတ္ခါးသီးႏွင့္ ဆားေရာၿပီး အျမႇဳပ္ထေနေသာ သပြတ္ခါးျဖင့္ ေျခေထာက္ႏွင့္ လက္မ်ားကို ပြတ္ေပးရသည္ဆိုပါသည္။ သပြတ္ခါးကို အျမႇဳပ္ထြက္ေအာင္ျပဳၿပီးလည္း ပြတ္တိုက္ေပးႏိုင္ပါသည္။ ထိုသို႔ျပဳလုပ္ျခင္းျဖင့္ သပြတ္ခါး၏အခါးသည္ ပါးစပ္ဆီသို႔ အခါးဓာတ္ေရာက္ရွိေစၿပီး စကားေျပာပီသလာျခင္းျဖစ္ေၾကာင္း သိရေတာ့သည္။ မတ္တက္ရပ္၍ နင္းႏိုင္သူအတြက္ သပြတ္ခါး အျမႇဳပ္ထြက္ေအာင္ နင္းရပါသည္။

ေလျဖတ္၍ စကားမပီသူမ်ား သပြတ္ခါးနင္းျခင္းျဖင့္ စကားေျပာပီသလာပါေစ။

ေလးစားစြာျဖင့္ Credit – ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

(Unicode)
လေဖြတ်ထားလို့ စကားမပီပဲ လုံးဝါးနေသူများအတွက် တကယ်စွမ်းတဲ့ ဆေးနည်းလေးမို့ မျှဝေလိုက်ပါတယ်။

လေဖြတ်ပြီးနောက် စကားမသွက်သူများ၊ စကားမပီသသူများ ရှိနေကြပါသည်။ မိဘဆွေမျိုးများနှင့် ရင်းနှီးသော မိတ်ဆွေများထဲတွင်လည်း မကြာခဏ မြင်တွေ့ရ၍ အတော်စိတ်မကောင်း ဖြစ်ကြပေလိမ့်မည်။ မိတ်ဆွေတစ်ဦး လေဖြတ်သည်ကြား၍ သွားရောက်ကြည့်ရှု့ရာ ထိုဝေဒနာရှင်မှာ စကားများစွာ ပြောနေရှာသော်လည်း ဗလုံးဗထွေး ဖြစ်နေ၍ အတော်ကို စိတ်မကောင်းဖြစ်ခဲ့ရပါသည်။

နောက်တစ်ဖန် ထပ်မံသွားရောက်ခဲ့ရာ ယခင်နှင့်မတူ စကားပြောသံကို ပီပီသသသဲသဲ ကွဲကွဲကြားရပြီး စကားပြောပါသွက်လာသည်မို့ ဘယ်လိုကုလိုက်တာလဲ မေးကြည့်ရာ သပွတ်ခါးသီးကို တောကများများရှာဝယ်ပြီး လူတစ်ယောက် ကောင်းကောင်းနင်းနိုင်အောင်ကျယ်သည့် စဉ့်အင်တုံတွင် ဆား(၁၀)သား အောက်ခံထားကာ အပေါ်တွင် သပွတ်ခါးသီးစိမ်း (၁၀)လုံးကို တင်၍ နေ့တိုင်း နံနက်တစ်ခါ၊ ညနေတစ်ခါ နင်းပေးခြင်းကြောင့် ဖြစ်သည်ဟု ဆိုပါသည်။

အိပ်ရာမှ မထနိုင်သူများအား သပွတ်ခါးသီးနှင့် ဆားရောပြီး အမြှုပ်ထနေသော သပွတ်ခါးဖြင့် ခြေထောက်နှင့် လက်များကို ပွတ်ပေးရသည်ဆိုပါသည်။ သပွတ်ခါးကို အမြှုပ်ထွက်အောင်ပြုပြီးလည်း ပွတ်တိုက်ပေးနိုင်ပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သပွတ်ခါး၏အခါးသည် ပါးစပ်ဆီသို့ အခါးဓာတ်ရောက်ရှိစေပြီး စကားပြောပီသလာခြင်းဖြစ်ကြောင်း သိရတော့သည်။ မတ်တက်ရပ်၍ နင်းနိုင်သူအတွက် သပွတ်ခါး အမြှုပ်ထွက်အောင် နင်းရပါသည်။

လေဖြတ်၍ စကားမပီသူများ သပွတ်ခါးနင်းခြင်းဖြင့် စကားပြောပီသလာပါစေ။

လေးစားစွာဖြင့် Credit – ရဲမျိုးသူ(ဗောဓိမြိုင်)

Leave a Reply

Your email address will not be published. Required fields are marked *