သတင္း

ေခါင္းမွာ ေဘာက္ေတြ ဂြၽတ္စြဲေလာက္ေအာင္ ထခ်င္သေလာက္ထ၊ စိတ္ညစ္စရာ မလိုေတာ့ပါ။

(Zawgyi)
ေခါင္းမွာ ေဘာက္ေတြ ဂြၽတ္စြဲေလာက္ေအာင္ ထ ခ်င္သေလာက္ထ၊ စိတ္ညစ္စရာ မလိုေတာ့ပါ။

က်ေနာ္ ေဘာက္ ျဖစ္ေနတာၾကာၿပီဗ်ာ။ ေဘာက္ေပ်ာက္ေခါင္းေလွ်ာ္ရည္ အစုံသုံးၾကည့္ပါတယ္။ ေရွာက္ႏူသီး/ သံပုရာသီးစသည္ နည္းလမ္းမ်ားျဖင့္ လုပ္ၾကည့္ေပမယ့္ တစ္ဖက္ႏိုင္ငံ ေရာက္ကတည္းက ေနပူမိုး႐ြာမေရွာင္ ပန္ရံအလုပ္ ႏွစ္ႏွစ္လုပ္ကာ ဂြၽတ္စြဲေနသည္။ ကြၽန္ေတာ္ ေခါင္းကေဘာက္ေတြက မေပ်ာက္ခဲ့ဘူး။

ကြၽန္ေတာ္အရမ္းစိတ္ညစ္ခဲ့တာေပါ့။ ဒါနဲ႔ကတုံးခနခနတုံး ေနရတာေပါ့။ ကတုံးတုံးၿပီး ေဆးနည္းအစုံ သုံးၾကည့္ေသာ္လည္း ဆံပင္ျပန္ေပါက္တာနဲ႔ ျပန္ထေနတာေလ။ တစ္ည ေဘာက္ေပ်ာက္နည္းဆိုၿပီး က်ေနာ္႐ိုက္ကာရွာေတာ့ မိတ္ေဆြတစ္ေယာက္ တင္ထားတဲ့ ရဲယိုသီးနည္းေလးသိခဲ့သည္မို႔ အထူးအဆန္းေလးမို႔ ကြၽန္ေတာ္ လုပ္ၾကည့္တယ္။

ပထမတစ္လုံးမွာ ေဘာက္ေတြထလာသည္မို႔ ယုံၾကည္မႈ နည္းလာေသာ ကြၽန္ေတာ္၊ ဒုတိယတစ္လုံးနဲ႔ေလွ်ာ္ၿပီး ေနာက္ေန႔အရာက္ က်ေနာ္ေခါင္းက ဂြၽတ္ေတြလို စြဲေနတဲ့ေဘာက္ဖက္ အထစ္အဖုေလးေတြ မရွိေတာ့ေပ။ ေနာက္တစ္ျဖည္းျဖည္းနဲ႔ ေႂကြက်ကာ ေဘာက္ကင္စင္သြားသည္ကို ေတြ႕ရေတာ့ျပန္မွ်ေဝခ်င္လာတယ္။ လုပ္နည္းေလးက ဒီလိုပါ။

(ဆားနဲ႔ေခါင္းအႏွံ႔ပြတ္ပါ။ ၿပီးရင္ မွည္ေနတဲ့ ရဲယိုသီးကို ဦးေရျပားအႏွံ႔ ပြတ္လိမ္းေပးပါ။ တစ္လုံးအကုန္ အနည္းငယ္ေတာ့ စပ္ေပမယ့္ ခံႏိုင္ပါတယ္။ ၿပီရင္း နာရီဝက္ခန႔္ ႏွပ္ထားၿပီး ေခါင္းေလွ်ာ္လိုက္ပါ) အနံ႔က တစ္အားနံလို႔ အကင္းေပ်ာက္ခ်င္ရင္ ေဘာက္ေပ်ာက္ေခါင္းေလွ်ာ္ရည္ကို ေခါင္းေလွ်ာ္ခ်ိန္ အသုံးျပဳႏိုင္ပါသည္)

အားလုံးအဆင္ေျပပါေစဗ်ာ။ က်ေနာ္အရမ္းေပ်ာ္လို႔ စာရွည္သြားရင္ ခြင့္လႊတ္ပါဗ်ာ။ စကားမစပ္ ရဲယိုသီးတစ္ပင္ေလာက္စိုက္အုံးမွ။ တစ္ပင္လုံးအသုံးဝင္တယ္တဲ့။

Credit – Ye Lin Kyaw

(Unicode)
ခေါင်းမှာ ဘောက်တွေ ဂျွတ်စွဲလောက်အောင် ထ ချင်သလောက်ထ၊ စိတ်ညစ်စရာ မလိုတော့ပါ။

ကျနော် ဘောက် ဖြစ်နေတာကြာပြီဗျာ။ ဘောက်ပျောက်ခေါင်းလျှော်ရည် အစုံသုံးကြည့်ပါတယ်။ ရှောက်နူသီး/ သံပုရာသီးစသည် နည်းလမ်းများဖြင့် လုပ်ကြည့်ပေမယ့် တစ်ဖက်နိုင်ငံ ရောက်ကတည်းက နေပူမိုးရွာမရှောင် ပန်ရံအလုပ် နှစ်နှစ်လုပ်ကာ ဂျွတ်စွဲနေသည်။ ကျွန်တော် ခေါင်းကဘောက်တွေက မပျောက်ခဲ့ဘူး။

ကျွန်တော် အရမ်းစိတ်ညစ်ခဲ့တာပေါ့။ ဒါနဲ့ကတုံးခနခနတုံး နေရတာပေါ့။ ကတုံးတုံးပြီး ဆေးနည်းအစုံ သုံးကြည့်သော်လည်း ဆံပင်ပြန်ပေါက်တာနဲ့ ပြန်ထနေတာလေ။ တစ်ည ဘောက်ပျောက်နည်းဆိုပြီး ကျနော်ရိုက်ကာရှာတော့ မိတ်ဆွေတစ်ယောက် တင်ထားတဲ့ ရဲယိုသီးနည်းလေး သိခဲ့သည်မို့ အထူးအဆန်းလေးမို့ ကျွန်တော် လုပ်ကြည့်တယ်။

ပထမတစ်လုံးမှာ ဘောက်တွေထလာသည်မို့ ယုံကြည်မှု နည်းလာသော ကျွန်တော်၊ ဒုတိယတစ်လုံးနဲ့လျှော်ပြီး နောက်နေ့အရာက် ကျနော်ခေါင်းက ဂျွတ်တွေလို စွဲနေတဲ့ဘောက်ဖက် အထစ်အဖုလေးတွေ မရှိတော့ပေ။ နောက်တစ်ဖြည်းဖြည်းနဲ့ ကြွေကျကာ ဘောက်ကင်စင်သွားသည်ကို တွေ့ရတော့ပြန်မျှဝေချင်လာတယ်။ လုပ်နည်းလေးကဒီလိုပါ။

(ဆားနဲ့ခေါင်းအနှံ့ပွတ်ပါ။ ပြီးရင် မှည်နေတဲ့ ရဲယိုသီးကို ဦးရေပြားအနှံ့ ပွတ်လိမ်းပေးပါ။ တစ်လုံးအကုန် အနည်းငယ်တော့ စပ်ပေမယ့် ခံနိုင်ပါတယ်။ ပြီရင်း နာရီဝက်ခန့် နှပ်ထားပြီး ခေါင်းလျှော်လိုက်ပါ) အနံ့က တစ်အားနံလို့ အကင်းပျောက်ချင်ရင် ဘောက်ပျောက်ခေါင်းလျှော်ရည်ကို ခေါင်းလျှော်ချိန် အသုံးပြုနိုင်ပါသည်)

အားလုံးအဆင်ပြေပါစေဗျာ။ ကျနော်အရမ်းပျော်လို့ စာရှည်သွားရင် ခွင့်လွှတ်ပါဗျာ။ စကားမစပ် ရဲယိုသီးတစ်ပင်လောက်စိုက်အုံးမှ။ တစ်ပင်လုံးအသုံးဝင်တယ်တဲ့။

Credit – Ye Lin Kyaw

Leave a Reply

Your email address will not be published. Required fields are marked *