သတင္း

ထိုင်းနိုင်ငံရဲ့ အသုဘ ဓလေ့ထုံးတမ်းအစဉ်အလာအကြောင်း

(Zawgyi)
ထိုင္းႏိုင္ငံရဲ႕ အသုဘဓေလ့ထုံးတမ္းအစဥ္အလာ

ထိုင္းႏိုင္ငံရဲ႕ ၉၀ ရာခိုင္ႏႈန္းဟာ ဗုဒၶဘာသာေတြျဖစ္တဲ့အတြက္ အသုဘခ်တာဟာလည္း ဗုဒၶဘာသာထုံးတမ္း အစဥ္အလာ လႊမ္းမိုးပါတယ္။ ဒီတခါမွာေတာ့ ထိုင္းႏိုင္ငံရဲ႕ အသုဘပို႔တဲ့ ထုံးတမ္းအစဥ္အလာေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

ေရခ်ိဳးေပးျခင္း-

ေရခ်ိဳးေပးျခင္းအခမ္းအနားဟာ လူတေယာက္ေသဆုံးတာနဲ႔ ပထမဆုံးလုပ္တဲ့ အခမ္းအနားျဖစ္ပါတယ္။ ေရခ်ိဳးေပးတာဟာ ေသဆုံးသူအေပၚေလးစားမႈကို ျပသတာျဖစ္ပါတယ္။ ဒီအခမ္းအနားကိုေတာ့ ေသဆုံးသူရဲ႕ အမ်ိဳးေတြနဲ႔ ရင္ႏွီးတဲ့ မိတ္ေဆြေတြသာ တက္ေရာက္ၾကရတာျဖစ္ပါတယ္။ ဒီပြဲမွာ ေသသူကို ပရိတ္ေရနဲ႔ လက္ကို ေလာင္းေပးရၿပီး ႏႈတ္ဆက္ၾကပါတယ္။ လာေရာက္ႏႈတ္ဆက္သူေတြဟာ အိမ္ရွင္ေတြကို ႏႈတ္ဆက္ၿပီးေနာက္ အသုဘကို သြားေရာက္ႏႈတ္ဆက္ဖို႔ အခ်ိန္မတန္ခင္အထိ သတ္မွတ္ေနရာမွာ ေစာင့္ေနတာ ျဖစ္ပါတယ္။

အသုဘ ဆုေတာင္း-

ေရခ်ိဳးေပးတဲ့ အခမ္းအနားၿပီးတာနဲ႔ အသုဘကို အေခါင္းထဲထည့္ၿပီးေနာက္ အေခါင္းကိုပန္းေတြနဲ႔ အလွဆင္ၾကၿပီး ေသဆုံးသူရဲ႕ ဓာတ္ပုံကို ခ်ိတ္ဆြဲထားရပါတယ္။ ဒါေတြၿပီးတဲ့အခ်ိန္မွာေတာ့ ရဟန္းေတြကို ပင့္ဖိတ္ၿပီး ဆုေတာင္းပြဲ ေတြျပဳလုပ္ၾကပါတယ္။ဒီဆုေတာင္းပြဲေတြကို အနည္းဆုံး ၇ ညၾကာ ျပဳလုပ္ၾကပါတယ္။ ဒီဆုေတာင္းပြဲကို တက္ေရာက္သူေတြဟာ ဝမ္းနည္းေၾကာင္းကို ေဖာ္ျပဖို႔ လႊမ္းသူ႔ပန္းေခြေတြ ယူေဆာင္လာၾကပါတယ္။ လြမ္းသူ႔ပန္းေခြကို ကိုယ္တိုင္ယူေဆာင္ၿပီး ေသဆုံးသူရဲ႕ အမ်ိဳးေတြကို တိုက္႐ိုက္ေပးၾကတာလည္းရွိသလို ကိုယ္တိုင္တက္ေရာက္ႏိုင္ျခင္းမရွိတဲ့ သူေတြကေတာ့ လြမ္းသူပန္းေခြေတြကို ပို႔ေပးၾကတယ္လို႔လည္း သိရပါတယ္။ ဒီဆုေတာင္းအခမ္းအနားကို တက္ေရာက္သူေတြဟာ ေသဆုံးသူကို မေတြ႕ခင္ ဘုရားဆင္းတုကို ကန္ေတာ့ရပါတယ္။ တညတာ ဆုေတာင္းပြဲေတြၿပီးသြားတိုင္း ေသဆုံးသူရဲ႕ အမ်ိဳးေတြနဲ႔ အခမ္းအနားကို တက္ေရာက္သူေတြဟာ ရဟန္းမ်ားကို ေဘာဇဥ္ ခဲဖြယ္ေတြ ဆက္ကပ္လႉဒါန္းၾကပါတယ္။

မီးသၿဂိဳလ္ျခင္း-

မီးသၿဂိဳလ္ျခင္းကေတာ့ ေသဆုံးသူကို ေနာက္ဆုံး ႏႈတ္ဆက္ရတဲ့ အခမ္းအနားပဲျဖစ္ပါတယ္။ မနက္ခင္းမွာ ေသဆုံးသူေတြရဲ႕ မိသားစုဝင္ေတြဟာ မီးသၿဂိဳလ္မႈ မျပဳလုပ္မီ အေခါင္းကို သုံးႀကိမ္ မ ေလ့ရွိပါတယ္။ မီးသၿဂိဳလ္ပြဲ မစခင္မွာ ေသသူကို ခ်ီးမြမ္းေထာပနာျပဳျခင္းကို ျပဳလုပ္ေလ့ရွိၿပီး မီးသၿဂိဳလ္ျခင္းအခမ္းအနားကို တက္ေရာက္သူေတြဟာ ဖေယာင္းတိုင္ ထြန္းျခင္း၊ အေမႊးနံ႔သာ ပက္ျဖန္းျခင္းနဲ႔ အေခါင္းေရွ႕မွာ ပန္းစည္းမ်ား ခ်ျခင္းတို႔ကို ျပဳလုပ္ၿပီး ေနာက္ဆုံးႏႈတ္ဆက္ေလ့ ရွိပါတယ္။

Ref; .bangkokexpatlife.com

Credit – ေရဗန္ (ဧရာဝတီ), The Irrawaddy-Burmese Edition

(Unicode)
ထိုင်းနိုင်ငံရဲ့ အသုဘဓလေ့ထုံးတမ်းအစဉ်အလာ

ထိုင်းနိုင်ငံရဲ့ ၉၀ ရာခိုင်နှုန်းဟာ ဗုဒ္ဓဘာသာတွေဖြစ်တဲ့အတွက် အသုဘချတာဟာလည်း ဗုဒ္ဓဘာသာထုံးတမ်း အစဉ်အလာ လွှမ်းမိုးပါတယ်။ ဒီတခါမှာတော့ ထိုင်းနိုင်ငံရဲ့ အသုဘပို့တဲ့ ထုံးတမ်းအစဉ်အလာတွေကို ဖော်ပြပေးချင်ပါတယ်။

ရေချိုးပေးခြင်း-

ရေချိုးပေးခြင်းအခမ်းအနားဟာ လူတယောက်သေဆုံးတာနဲ့ ပထမဆုံးလုပ်တဲ့ အခမ်းအနားဖြစ်ပါတယ်။ ရေချိုးပေးတာဟာ သေဆုံးသူအပေါ်လေးစားမှုကို ပြသတာဖြစ်ပါတယ်။ ဒီအခမ်းအနားကိုတော့ သေဆုံးသူရဲ့ အမျိုးတွေနဲ့ ရင်နှီးတဲ့ မိတ်ဆွေတွေသာ တက်ရောက်ကြရတာဖြစ်ပါတယ်။ ဒီပွဲမှာ သေသူကို ပရိတ်ရေနဲ့ လက်ကို လောင်းပေးရပြီး နှုတ်ဆက်ကြပါတယ်။ လာရောက်နှုတ်ဆက်သူတွေဟာ အိမ်ရှင်တွေကို နှုတ်ဆက်ပြီးနောက် အသုဘကို သွားရောက်နှုတ်ဆက်ဖို့ အချိန်မတန်ခင်အထိ သတ်မှတ်နေရာမှာ စောင့်နေတာ ဖြစ်ပါတယ်။

အသုဘ ဆုတောင်း-

ရေချိုးပေးတဲ့ အခမ်းအနားပြီးတာနဲ့ အသုဘကို အခေါင်းထဲထည့်ပြီးနောက် အခေါင်းကိုပန်းတွေနဲ့ အလှဆင်ကြပြီး သေဆုံးသူရဲ့ ဓာတ်ပုံကို ချိတ်ဆွဲထားရပါတယ်။ ဒါတွေပြီးတဲ့အချိန်မှာတော့ ရဟန်းတွေကို ပင့်ဖိတ်ပြီး ဆုတောင်းပွဲ တွေပြုလုပ်ကြပါတယ်။ဒီဆုတောင်းပွဲတွေကို အနည်းဆုံး ၇ ညကြာ ပြုလုပ်ကြပါတယ်။ ဒီဆုတောင်းပွဲကို တက်ရောက်သူတွေဟာ ဝမ်းနည်းကြောင်းကို ဖော်ပြဖို့ လွှမ်းသူ့ပန်းခွေတွေ ယူဆောင်လာကြပါတယ်။ လွမ်းသူ့ပန်းခွေကို ကိုယ်တိုင်ယူဆောင်ပြီး သေဆုံးသူရဲ့ အမျိုးတွေကို တိုက်ရိုက်ပေးကြတာလည်းရှိသလို ကိုယ်တိုင်တက်ရောက်နိုင်ခြင်းမရှိတဲ့ သူတွေကတော့ လွမ်းသူပန်းခွေတွေကို ပို့ပေးကြတယ်လို့လည်း သိရပါတယ်။ ဒီဆုတောင်းအခမ်းအနားကို တက်ရောက်သူတွေဟာ သေဆုံးသူကို မတွေ့ခင် ဘုရားဆင်းတုကို ကန်တော့ရပါတယ်။ တညတာ ဆုတောင်းပွဲတွေပြီးသွားတိုင်း သေဆုံးသူရဲ့ အမျိုးတွေနဲ့ အခမ်းအနားကို တက်ရောက်သူတွေဟာ ရဟန်းများကို ဘောဇဉ် ခဲဖွယ်တွေ ဆက်ကပ်လှူဒါန်းကြပါတယ်။

မီးသဂြိုလ်ခြင်း-

မီးသဂြိုလ်ခြင်းကတော့ သေဆုံးသူကို နောက်ဆုံး နှုတ်ဆက်ရတဲ့ အခမ်းအနားပဲဖြစ်ပါတယ်။ မနက်ခင်းမှာ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေဟာ မီးသဂြိုလ်မှု မပြုလုပ်မီ အခေါင်းကို သုံးကြိမ် မ လေ့ရှိပါတယ်။ မီးသဂြိုလ်ပွဲ မစခင်မှာ သေသူကို ချီးမွမ်းထောပနာပြုခြင်းကို ပြုလုပ်လေ့ရှိပြီး မီးသဂြိုလ်ခြင်းအခမ်းအနားကို တက်ရောက်သူတွေဟာ ဖယောင်းတိုင် ထွန်းခြင်း၊ အမွှေးနံ့သာ ပက်ဖြန်းခြင်းနဲ့ အခေါင်းရှေ့မှာ ပန်းစည်းများ ချခြင်းတို့ကို ပြုလုပ်ပြီး နောက်ဆုံးနှုတ်ဆက်လေ့ ရှိပါတယ်။

Ref; .bangkokexpatlife.com

Credit – ရေဗန် (ဧရာဝတီ), The Irrawaddy-Burmese Edition

Leave a Reply

Your email address will not be published. Required fields are marked *