သတင်း
ယခုလ အောင်ဘာလေ သိန်း ၁၀ဝ၀ဝ ဆုရှင် လူကြီးရောဂါဖြင့် ကွယ်လွန်
(Zawgyi)
(Unicode)
၂၁ ကြိမ်မြောက် အောင်ဘာလေ သိန်း ၁၀ဝဝဝ ဆုရှင် လူကြီးရောဂါ ဖြင့်ကွယ်လွန်
ဒီဇင်ဘာ ၁ ရက်က ဖွင့်လှစ်ခဲ့သည့် ၂၁ ကြိမ်မြောက် အောင်ဘာလေ သိန်းဆုတွင် သိန်းတစ်သောင်းဆုကို ပေါက်ခဲ့သည့် ဝေါမြို့နယ် ချမ်းမြသာစည် ၃ လမ်းရှိ ဦးကျင်ရိန် အသက် (၈၈) နှစ် သည် ဒီဇင်ဘာ ၆ ရက် နံနက် ၂ နာရီခန့်က ကွယ်လွန်ခဲ့ကြောင်း ပဲခူး တက်နေဝင်း ထီဆိုင်မှ ကိုအောင်နိုင်ဝင်းက ဒီဇင်ဘာ ၆ ရက် ၌ပြောဆိုသည်။
” ပထမ ကျွန်တော်တို့ကြားတာက ဆီချို သွေးချိုရှိတယ်လို့ကြားတာပေါ့နော်။ အဲ့လိုပဲ ထင်မိတယ်။ မနေ့က ၈ နာရီလောက်အထိ အကောင်းပကတိ ရှိနေတယ်။ လက်ပွေ့ရောင်းတဲ့ အစ်မ မရီချို ကိုလည်းခေါ်လို့ မနေ့ညက သွားတဲ့အချိန်ထိ ကောင်းသေးတယ်။ အခုလိုကွယ်လွန်တာကလည်း လူကြီးရောဂါပါပဲ ” ဟု ၎င်းကပြောဆိုသည်။
ယင်းသိန်း ၁၀ဝဝဝ ဆုကို ပဲခူးတိုင်းဒေသကြီးဝေါမြို့မှ ဆွတ်ခူးခဲ့ခြင်းဖြစ်ပြီး ဝေါမြို့ ချမ်းမြသာစည် ၃ လမ်းမှ အသက် (၈၈)နှစ်အရွယ်ရှိ အဘ ဦးကျင်ရိန်သည် လက်ပွေ့ရောင်းချသူ မရီချိုထံမှ ကံစမ်းခဲ့ရာ ဎ ၃၉၃၀၂၀ နံပါတ်ဖြင့် ထီဆုကြီး ဆွတ်ခူးခဲ့ခြင်း ဖြစ်ကြောင်းသည်။
ထိုသို့ ထီပေါက်ခဲ့သောလည်း ထီလက်မှတ်ပိုင်ရှင်ကို ဒီဇင်ဘာ ၂ ရက် ညနေပိုင်းမှသာ ထီလက်မှတ်ပိုင်ရှင်ကို တွေ့ရှိခဲ့သည်ဟု ခိုင်ရွှေဝါထီဆိုင်၏ လူမူကွန်ရက်က ဖော်ပြထားသည်။
Credit – The Myanmar Times
Source – https://myanmar.mmtimes.com/news/118307.html
Leave a Reply
Your email address will not be published. Required fields are marked *