ဗဟုတုသ

ပ႐ုပ္လံုးနံ႔ေလး ေမႊးေနတ့ဲ အဝတ္အထည္ ေတြရဲ႕ ေၾကာက္စရာ အႏၲရာယ္

(Zawgyi)

ပ႐ုပ္လံုးနံ႔ေလး ေမႊးေနတ့ဲ အဝတ္အထည္ေတြရဲ႕ ေၾကာက္စရာ အႏၲရာယ္

အဝတ္အထည္ ေလးေတြ ပ႐ုပ္လုးံနံ႕ေလး သင္းေနေအာင္၊ သန္႔႐ွင္းတ့ဲ ရန႔ံေလး၊ ပိုးမႊားေတြတက္မွာလဲ မပူရေအာင္ဆိုၿပီး ပ႐ုပ္လုံးေတြကို ႐ွိသမ်ွ အဝတ္ဗီ႐ို၊ ေမြ႔ယာ၊ ေစာင္ေတြသိမ္းတ့ဲေနရာ၊ သားသား မီးမီးတို႔ရ႕ဲ အဝတ္ျခင္းေတာင္း ေတြထဲမွာ ထည့္ၾကတာ ဆန္းတာလုပ္လို႔ ေျပာစရာ႐ွိတယ္။ ဘာမ်ား မွားျပန္ၿပီလဲေပါ့။

အဂၤလိပ္ လို Moth Balls လို႔ေခၚၿပီး ျမန္မာျပည္မွာ ပ႐ုပ္လုးံလို႔ သိၾကပါတယ္။ ဆိုလိုတာက ပိုးမႊား ေျပးေအာင္ သုးံတာေပါ့ေလ။ ပါဝင္တ့ဲ ဓာတုေပဒ ဓာတ္က Naphthalene နဲ႔ Paradichlorobenzene. (နပ္ဖ္သလင္း နဲ႕ ပါရာဒိုင္ကလို႐ိုဘန္ဇင္း)ျဖစ္ပါတယ္။

ပ႐ုပ္လုံးရဲ႕အာနိသင္ကိုက တေျဖးေျဖးလုးံပါးပါးၿပီး အေငြ႔ ပ်ံတာေလ။ ပ်ံတ့ဲ အေငြ႔ေတြက အေပၚက ေျပာတ့ဲ ဓာတုဓာတ္ေတြေပါ့။ စူးစူး႐ွ႐ွန႔ဲ သင္းပ်ံတဲ ရန႔ံလို႔ သတ္မွတ္ထားၾကတ့ဲ အေငြ႔ေတြက သားသား မီးမီး တို႔အျပင္ လူႀကီးေတြေရာ၊ ကေလးငယ္၊ ဖိုးဖိုးဖြားဖြား အားလုးံရဲ႕ က်န္းမာေရးကို ထိခိုက္ေစတ့ဲ အဆိပ္ေငြ႔ သေဘာပါပဲ။ ေျဖးေျဖးခ်င္း သူလဲလုးံပါးပါးရင္း ကိုယ္ကိုလဲထိခိုက္ေနတာေပါ့။

အနဲအမ်ားပဲကြာတယ္။ သိေတာင္မသိလိုက္ၾကဘူး။ အဲဒီ အေငြ႔ေတြက မ်က္စိ၊ အသက္ရွဴ လမ္းေၾကာင္း စတာေတြကို အေႏွာင့္အယွက္ျဖစ္ေစတယ္။ ေခါင္းကိုက္တာ၊ မူးတာ၊ အန္ခ်င္တာျဖစ္တတ္တယ္။ တခ်ိဳ႕ ေလ့လာမုွေတြအရ ကင္ဆာအခ်ိဳ႕န႔ဲေတာင္ စပ္ဆက္မုွ႐ွိတယ္ဆိုပဲ။

နပ္ဖ္သလင္းဓာတ္က ပိုဆိုးတ့ဲ အဆိပ္ဓာတ္ပါ။ ေသြးနီဥေလးေတြကို အခ်ိန္မတိုင္ခင္ပ်က္စီးေစတ့ဲ အာနိသင္႐ွိတယ္။ ေသြးအားနည္းေရာဂါ၊ေသြးနီဥေတြပ်က္စီးရင္ျဖစ္တ့ဲ အက်ိဳးဆက္ေတြျဖစ္တတ္တယ္။ G6PD ဆိုတ့ဲ အင္ဇိုင္း ခ်ိဳ႕တ့ဲမုွ႐ွိသူေတြဆို ပိုၿပီးေတာင္ထိခိုက္တယ္။ လူႀကီးန႔ဲ ကေလး ခံရတာခ်င္း ဘာကြာမလဲ ေမးစရာ႐ွိတယ္။ကေလးေတြရ႕ဲ ဒီအဆိပ္ဓာတ္ေတြကို ကိုယ္ကေနထုတ္ျပစ္ႏိုင္တ့ဲ အားအင္က လူႀကီးထက္စာရင္နဲေသးတယ္ေလ။ ဒါေၾကာင့္ ပို အႏၲရာယ္႐ွိတာေပါ့၊လူႀကီးေတြအတြက္လဲ မေကာင္းပါဘူး။

ခုေခတ္မွာ ပ႐ုပ္လုးံ ျဖဴျဖဴေလးေတြတင္မကေတာ့ဘူး၊ အေရာင္စုံ ဒီဇိုင္းစုံ န႔ဲဆိုေတာ့ ခ်စ္စရာေကာင္းတ့ဲပုံ မ်ိဳးစုံေစ်းကြက္ထဲမွာေပၚေနပါတယ္။ ဗီ႐ိုေထာင့္၊ျခင္းေထာင္းေထာင့္မွာေတြ႕ရင္၊ ၾကမ္းေပၚလိမ့္က်ေနတာ ေတြ႔ရင္ သားပိစိ၊ သမီးပိစိေလးေတြက ထုးံစံအတိုင္း ပါးစပ္ထဲ ေကာက္ထည့္လိုက္မွာပဲ၊ ဒါဆို ပိုဆိုး။ ဒါေၾကာင့္ေသခ်ာ သိမ္းရတယ္။

ဟုတ္ၿပီ အေငြ႔က ႐ွဴမိလို႔ ေရ႐ွည္မေကာင္းဘူးဆိုရင္ ပ႐ုပ္လုးံန႔ဲ အၾကာႀကီးထိေတြ႔ထားတ့ဲ အဝတ္ကို ဝတ္ရင္ေရာလို႔ေမးစရာ႐ွိတယ္ေနာ္။ အေရျပားကေန ထိေတြ႔တာလဲ မေကာင္းပါဘူး။ ဓာတ္ေတြက အဝတ္ေတြထဲမွာစိမ့္ဝင္ၿပီး ႐ွိေနပါတယ္။ ျပန္ေလ်ွာ္ၿပီး ေနလွန္းေျခာက္သြားမွ ဝတ္ေပးတာ ေကာင္းပါတယ္။

ပ႐ုပ္လုးံမ သုံးရင္ အန႔ံေတြ ေပ်ာက္ေအာင္ဘယ္လိုလုပ္ရမလဲ? ပိုးေကာင္ေတြေျပးေအာင္ ဘယ္လိုလုပ္ရမလဲ? ပ႐ုပ္လုးံဝယ္ရင္ အထက္က ေျပာတ့ဲ ဓာတုနာမည္ပါတာဆိုရင္ ေဝးေဝးကေ႐ွာင္ပါ။ တခ်ိဳ႕ပ႐ုပ္လုးံေတြက ထင္း႐ွဴးသားန႔ဲလုပ္တာ ႐ွိတတ္တယ္ သုံးလို႔ရတယ္။ ျမန္မာျပည္မွာ ႐ွိမယ္မထင္ဘူး။ ထင္း႐ွဴးသားေလး ထည့္ထားတာမ်ိဳး လုပ္လို႔ရတယ္။ အေကာင္းဆုးံကေတာ့ ေသခ်ာေလ်ွာ္ ေနပူပူမွာလွန္းလွန္ေပး။ အိတ္ေလးေတြန႔ဲသိမ္းေပးရင္ ပိုးေကာင္ မႊားေကာင္ေတြဝင္ဖို႕ ခက္သြားပါၿပီ။ တခ်ိဳ႕ၾကေတာ့ ေလးညႇင္းပြင့္ေလးေတြ၊ ထင္း႐ွဴးသားသန္႔သန္႔ေလးေတြကို အဝတ္အိတ္ေလးထဲခ်ဳပ္ထည့္ၿပီး ဗီ႐ိုေထာင့္ေလးေတြမွာထားၾကတယ္။

ဘာပဲဝယ္ဝယ္၊ ဘာပါဝင္လဲဆိုတာ ဖတ္ပါ။ ထုပ္ပိုးထားတာေလးလွတိုင္း အေကာင္းစား မဟုတ္ပါ။ ခုေပၚေနတ့ဲ အေမႊးရည္စတာေတြရ႕ဲ တခုခ်င္းဆီမွာ ဘာပါသလဲဆိုတာ ဖတ္ၾကည့္ပါ။ အထက္က ေျပာတ့ဲ ဓာတ္ေတြပါလားလို႔ပါ။ ဒါေပမ့ဲ အတုေတြေပါတ့ဲ ေခတ္၊ အတုမ်ိဳးစုံ ကိုယ္ႏိုင္ငံဝင္လာေနတ့ဲ အခ်ိန္မွာ ေတာ္ေတာ္ သတိထားရပါမယ္။ ဒီမွတ္စုေလး ဖတ္ၿပီးခ်ိန္မွာ မိဘ ေတြစိုးရိမ္ၾကမယ္၊ သုံးေနတာ ဘာလုပ္ရမယ္ စိတ္ပူမွာပဲ။ ဆက္မသုံးေတာ့ရင္ အေကာင္းဆုးံပါ။ ေရာဂါလကၡဏာ တခုထဲၾကည့္ၿပီး ပ႐ုပ္လုးံသုံးခ့ဲတာေၾကာင့္ တထစ္ခ် ေျပာမရပါ။ ေဆး႐ုံ ေဆးခန္းမွာျပသ စစ္ေဆးခံယူပါ။

Credit – Child Health Myanmar

(Unicode)

ပရုပ်လုံးနံ့လေး မွှေးနေတဲ့ အဝတ်အထည်တွေရဲ့ ကြောက်စရာ အန္တရာယ်

အဝတ်အထည် လေးတွေ ပရုပ်လုးံနံ့လေး သင်းနေအောင်၊ သန့်ရှင်းတဲ့ ရနံ့လေး၊ ပိုးမွှားတွေတက်မှာလဲ မပူရအောင်ဆိုပြီး ပရုပ်လုံးတွေကို ရှိသမျှ အဝတ်ဗီရို၊ မွေ့ယာ၊ စောင်တွေသိမ်းတဲ့နေရာ၊ သားသား မီးမီးတို့ရဲ့ အဝတ်ခြင်းတောင်း တွေထဲမှာ ထည့်ကြတာ ဆန်းတာလုပ်လို့ ပြောစရာရှိတယ်။ ဘာများ မှားပြန်ပြီလဲပေါ့။

အင်္ဂလိပ် လို Moth Balls လို့ခေါ်ပြီး မြန်မာပြည်မှာ ပရုပ်လုးံလို့ သိကြပါတယ်။ ဆိုလိုတာက ပိုးမွှား ပြေးအောင် သုးံတာပေါ့လေ။ ပါဝင်တဲ့ ဓာတုပေဒ ဓာတ်က Naphthalene နဲ့ Paradichlorobenzene. (နပ်ဖ်သလင်း နဲ့ ပါရာဒိုင်ကလိုရိုဘန်ဇင်း)ဖြစ်ပါတယ်။

ပရုပ်လုံးရဲ့အာနိသင်ကိုက တဖြေးဖြေးလုးံပါးပါးပြီး အငွေ့ ပျံတာလေ။ ပျံတဲ့ အငွေ့တွေက အပေါ်က ပြောတဲ့ ဓာတုဓာတ်တွေပေါ့။ စူးစူးရှရှနဲ့ သင်းပျံတဲ ရနံ့လို့ သတ်မှတ်ထားကြတဲ့ အငွေ့တွေက သားသား မီးမီး တို့အပြင် လူကြီးတွေရော၊ ကလေးငယ်၊ ဖိုးဖိုးဖွားဖွား အားလုးံရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ အဆိပ်ငွေ့ သဘောပါပဲ။ ဖြေးဖြေးချင်း သူလဲလုးံပါးပါးရင်း ကိုယ်ကိုလဲထိခိုက်နေတာပေါ့။

အနဲအများပဲကွာတယ်။ သိတောင်မသိလိုက်ကြဘူး။ အဲဒီ အငွေ့တွေက မျက်စိ၊ အသက်ရှူ လမ်းကြောင်း စတာတွေကို အနှောင့်အယှက်ဖြစ်စေတယ်။ ခေါင်းကိုက်တာ၊ မူးတာ၊ အန်ချင်တာဖြစ်တတ်တယ်။ တချို့ လေ့လာမုှတွေအရ ကင်ဆာအချို့နဲ့တောင် စပ်ဆက်မုှရှိတယ်ဆိုပဲ။

နပ်ဖ်သလင်းဓာတ်က ပိုဆိုးတဲ့ အဆိပ်ဓာတ်ပါ။ သွေးနီဥလေးတွေကို အချိန်မတိုင်ခင်ပျက်စီးစေတဲ့ အာနိသင်ရှိတယ်။ သွေးအားနည်းရောဂါ၊သွေးနီဥတွေပျက်စီးရင်ဖြစ်တဲ့ အကျိုးဆက်တွေဖြစ်တတ်တယ်။ G6PD ဆိုတဲ့ အင်ဇိုင်း ချို့တဲ့မုှရှိသူတွေဆို ပိုပြီးတောင်ထိခိုက်တယ်။ လူကြီးနဲ့ ကလေး ခံရတာချင်း ဘာကွာမလဲ မေးစရာရှိတယ်။ကလေးတွေရဲ့ ဒီအဆိပ်ဓာတ်တွေကို ကိုယ်ကနေထုတ်ပြစ်နိုင်တဲ့ အားအင်က လူကြီးထက်စာရင်နဲသေးတယ်လေ။ ဒါကြောင့် ပို အန္တရာယ်ရှိတာပေါ့၊လူကြီးတွေအတွက်လဲ မကောင်းပါဘူး။

ခုခေတ်မှာ ပရုပ်လုးံ ဖြူဖြူလေးတွေတင်မကတော့ဘူး၊ အရောင်စုံ ဒီဇိုင်းစုံ နဲ့ဆိုတော့ ချစ်စရာကောင်းတဲ့ပုံ မျိုးစုံဈေးကွက်ထဲမှာပေါ်နေပါတယ်။ ဗီရိုထောင့်၊ခြင်းထောင်းထောင့်မှာတွေ့ရင်၊ ကြမ်းပေါ်လိမ့်ကျနေတာ တွေ့ရင် သားပိစိ၊ သမီးပိစိလေးတွေက ထုးံစံအတိုင်း ပါးစပ်ထဲ ကောက်ထည့်လိုက်မှာပဲ၊ ဒါဆို ပိုဆိုး။ ဒါကြောင့်သေချာ သိမ်းရတယ်။

ဟုတ်ပြီ အငွေ့က ရှူမိလို့ ရေရှည်မကောင်းဘူးဆိုရင် ပရုပ်လုးံနဲ့ အကြာကြီးထိတွေ့ထားတဲ့ အဝတ်ကို ဝတ်ရင်ရောလို့မေးစရာရှိတယ်နော်။ အရေပြားကနေ ထိတွေ့တာလဲ မကောင်းပါဘူး။ ဓာတ်တွေက အဝတ်တွေထဲမှာစိမ့်ဝင်ပြီး ရှိနေပါတယ်။ ပြန်လျှော်ပြီး နေလှန်းခြောက်သွားမှ ဝတ်ပေးတာ ကောင်းပါတယ်။

ပရုပ်လုးံမ သုံးရင် အနံ့တွေ ပျောက်အောင်ဘယ်လိုလုပ်ရမလဲ? ပိုးကောင်တွေပြေးအောင် ဘယ်လိုလုပ်ရမလဲ? ပရုပ်လုးံဝယ်ရင် အထက်က ပြောတဲ့ ဓာတုနာမည်ပါတာဆိုရင် ဝေးဝေးကရှောင်ပါ။ တချို့ပရုပ်လုးံတွေက ထင်းရှူးသားနဲ့လုပ်တာ ရှိတတ်တယ် သုံးလို့ရတယ်။ မြန်မာပြည်မှာ ရှိမယ်မထင်ဘူး။ ထင်းရှူးသားလေး ထည့်ထားတာမျိုး လုပ်လို့ရတယ်။ အကောင်းဆုးံကတော့ သေချာလျှော် နေပူပူမှာလှန်းလှန်ပေး။ အိတ်လေးတွေနဲ့သိမ်းပေးရင် ပိုးကောင် မွှားကောင်တွေဝင်ဖို့ ခက်သွားပါပြီ။ တချို့ကြတော့ လေးညှင်းပွင့်လေးတွေ၊ ထင်းရှူးသားသန့်သန့်လေးတွေကို အဝတ်အိတ်လေးထဲချုပ်ထည့်ပြီး ဗီရိုထောင့်လေးတွေမှာထားကြတယ်။

ဘာပဲဝယ်ဝယ်၊ ဘာပါဝင်လဲဆိုတာ ဖတ်ပါ။ ထုပ်ပိုးထားတာလေးလှတိုင်း အကောင်းစား မဟုတ်ပါ။ ခုပေါ်နေတဲ့ အမွှေးရည်စတာတွေရဲ့ တခုချင်းဆီမှာ ဘာပါသလဲဆိုတာ ဖတ်ကြည့်ပါ။ အထက်က ပြောတဲ့ ဓာတ်တွေပါလားလို့ပါ။ ဒါပေမဲ့ အတုတွေပေါတဲ့ ခေတ်၊ အတုမျိုးစုံ ကိုယ်နိုင်ငံဝင်လာနေတဲ့ အချိန်မှာ တော်တော် သတိထားရပါမယ်။ ဒီမှတ်စုလေး ဖတ်ပြီးချိန်မှာ မိဘ တွေစိုးရိမ်ကြမယ်၊ သုံးနေတာ ဘာလုပ်ရမယ် စိတ်ပူမှာပဲ။ ဆက်မသုံးတော့ရင် အကောင်းဆုးံပါ။ ရောဂါလက္ခဏာ တခုထဲကြည့်ပြီး ပရုပ်လုးံသုံးခဲ့တာကြောင့် တထစ်ချ ပြောမရပါ။ ဆေးရုံ ဆေးခန်းမှာပြသ စစ်ဆေးခံယူပါ။

Credit – Child Health Myanmar

Leave a Reply

Your email address will not be published. Required fields are marked *