သတင္း

ေဖာေရာင္၊ အသဲအားနည္း၊ အေရျပားေရာဂါ၊ ေက်ာက္ျဖဴေပါက္ တို႔အတြက္ အစြမ္းထက္ ကနေဖာ့

(Zawgyi)
ေဖာေရာင္၊ အသဲအားနည္း၊ အေရျပားေရာဂါ၊ ေက်ာက္ျဖဴေပါက္ တို႔အတြက္ အစြမ္းထက္ ကနေဖာ့

အနည္းငယ္ခါး၏။ ေအးေသာသတၱိရွိ၏။ ဝမ္းကိုအနည္းငယ္သက္ေစ၏။ ေဖာေရာင္ျခင္း ႏူနာအေရျပားေရာဂါ ေခ်ာင္းဆိုးေရာဂါ တို႔ကိုေပ်ာက္၏။ ကနေဖာ့ကို ေရေႏြးေဖ်ာ၍၎ အစိမ္းလိုက္ ေရစင္စင္ေဆး၍၎ ရိပ္ရိပ္ပါေအာင္စဥ္းၿပီးလွ်င္ ၾကက္သြန္ျဖဴနီ ဆီခ်က္ ႏွမ္းေလွာ္ပုဇြန္ေျခာက္မႈန႔္ မန္က်ည္းသီးမွည့္ ငံျပာရည္တို႔ႏွင့္ သုပ္၍စားျခင္း ခ်ဥ္ရည္ဟင္း ခ်က္၍စားျခင္း လူေကာင္းတို႔ကိုပင္ က်န္းမာေသာ ေဆးဟင္း႐ြက္အျဖစ္ စားသုံးသင့္သည္။ ကနေဖာ့သည္ခါး၏။ ခံတြင္း၌ျပန႔္ႏွံ႔လြယ္၏။ သလိပ္သည္းေျခတို႔ကိုႏိုင္၏။ ႏူနာႏွင့္ ကိုယ္ေဖာေရာင္နာကိုႏိုင္၏။

ေဖာေရာင္-

ျပဳတ္၍ တို႔ျမႇဳပ္စားပါ။ ျပဳတ္ရည္ျဖင့္ေခြၽးေအာင္းပါ။ေဖာေရာင္သူမ်ားေပ်ာက္၏။

ေက်ာက္ျဖဴေပါက္-

၎ပၪၥငါးပါးကို ႀကိတ္ေခ်၍ရေသာအရည္ ၆မူးတပဲသားမွ်တိုက္ေသာ္ေပ်ာက္၏။

အေရျပားေရာဂါ-

၎ျပဳတ္ရည္ျဖင့္ ေခြၽးေအာင္းျခင္း အထက္ပါအတိုင္းတိုက္ျခင္းျဖင့္ေပ်ာက္၏။

ခ်ဥ္ဆီတိုးေသာေရာဂါ-

အထက္ပါပၪၥငါးပါးအရည္ ၆မူးတပဲသားမွ်တိုက္ပါ။

အသဲအားနည္းေသာ္-

အသည္းအားရွိေစရန္ ယင္းအ႐ြက္ကို ဆန္ပုန္းရည္ျဖင့္ ျပဳတ္၍ မုန္ညႇင္းဆီထည့္ၿပီး စားေသာ္ အသည္းသည္ ေကာင္းစြာအလုပ္လုပ္ႏိုင္သည္။

မီးတြင္းေဖာသြပ္

မီးတြင္းကထြက္ ေသြးမက်က္၍ ေဖာသြပ္ပိန္ၿမဲ ကိုယ္ေရာင္စြဲေသာ္ ကနေဖာ့ ဆူးပေဒါင္း႐ြက္ ယင္းႏွစ္ပါးကို ႀကိဳ၍ ေရေႏြးႏွင့္ ေရခ်ိဳးေပးပါ။

အေရျပားေရာဂါအတြက္ ကမာၻ႔သုံးေဆးတြင္ ကနေဖာ့အ႐ြက္ကို ထိုေရာဂါမ်ားအတြက္အသုံးျပဳၾကသည္။

မီးဖိုေခ်ာင္မွ ေဆးစြမ္းေကာင္းမ်ားစာအုပ္မွ ကူးယူေဖာ္ျပပါသည္။

Credit – Thura Aung

(Unicode)
ဖောရောင်၊ အသဲအားနည်း၊ အရေပြားရောဂါ၊ ကျောက်ဖြူပေါက် တို့အတွက် အစွမ်းထက် ကနဖော့

အနည်းငယ်ခါး၏။ အေးသောသတ္တိရှိ၏။ ဝမ်းကိုအနည်းငယ်သက်စေ၏။ ဖောရောင်ခြင်း နူနာအရေပြားရောဂါ ချောင်းဆိုးရောဂါ တို့ကိုပျောက်၏။ ကနဖော့ကို ရေနွေးဖျော၍၎င်း အစိမ်းလိုက် ရေစင်စင်ဆေး၍၎င်း ရိပ်ရိပ်ပါအောင်စဉ်းပြီးလျှင် ကြက်သွန်ဖြူနီ ဆီချက် နှမ်းလှော်ပုဇွန်ခြောက်မှုန့် မန်ကျည်းသီးမှည့် ငံပြာရည်တို့နှင့် သုပ်၍စားခြင်း ချဉ်ရည်ဟင်း ချက်၍စားခြင်း လူကောင်းတို့ကိုပင် ကျန်းမာသော ဆေးဟင်းရွက်အဖြစ် စားသုံးသင့်သည်။ ကနဖော့သည်ခါး၏။ ခံတွင်း၌ပြန့်နှံ့လွယ်၏။ သလိပ်သည်းခြေတို့ကိုနိုင်၏။ နူနာနှင့် ကိုယ်ဖောရောင်နာကိုနိုင်၏။

ဖောရောင်-

ပြုတ်၍ တို့မြှုပ်စားပါ။ ပြုတ်ရည်ဖြင့်ချွေးအောင်းပါ။ဖောရောင်သူများပျောက်၏။

ကျောက်ဖြူပေါက်-

၎င်းပဉ္စငါးပါးကို ကြိတ်ချေ၍ရသောအရည် ၆မူးတပဲသားမျှတိုက်သော်ပျောက်၏။

အရေပြားရောဂါ-

၎င်းပြုတ်ရည်ဖြင့် ချွေးအောင်းခြင်း အထက်ပါအတိုင်းတိုက်ခြင်းဖြင့်ပျောက်၏။

ချဉ်ဆီတိုးသောရောဂါ-

အထက်ပါပဉ္စငါးပါးအရည် ၆မူးတပဲသားမျှတိုက်ပါ။

အသဲအားနည်းသော်-

အသည်းအားရှိစေရန် ယင်းအရွက်ကို ဆန်ပုန်းရည်ဖြင့် ပြုတ်၍ မုန်ညှင်းဆီထည့်ပြီး စားသော် အသည်းသည် ကောင်းစွာအလုပ်လုပ်နိုင်သည်။

မီးတွင်းဖောသွပ်

မီးတွင်းကထွက် သွေးမကျက်၍ ဖောသွပ်ပိန်မြဲ ကိုယ်ရောင်စွဲသော် ကနဖော့ ဆူးပဒေါင်းရွက် ယင်းနှစ်ပါးကို ကြို၍ ရေနွေးနှင့် ရေချိုးပေးပါ။

အရေပြားရောဂါအတွက် ကမ္ဘာ့သုံးဆေးတွင် ကနဖော့အရွက်ကို ထိုရောဂါများအတွက်အသုံးပြုကြသည်။

မီးဖိုချောင်မှ ဆေးစွမ်းကောင်းများစာအုပ်မှ ကူးယူဖော်ပြပါသည်။

Credit – Thura Aung

Leave a Reply

Your email address will not be published. Required fields are marked *