သတင္း

ဆရာေတာ္ အရွင္ဆႏၵာဓိက၏ ထူးျခားတဲ့ ေသတမ္းစာ

(Zawgyi)
ဆရာေတာ္ အရွင္ဆႏၵာဓိက၏ ထူးျခားတဲ့ ေသတမ္းစာ

ဆရာေတာ္ အရွင္ဆႏၵာဓိက၏ ေသတမ္းစာ

ဦးဇင္းေသရင္ေတာ့…မ်က္ၾကည္လႊာတို႔ ႏွလုံး၊ အသည္း၊ ေက်ာက္ကပ္စတဲ့ အတြင္းကလီစာတို႔၊ တျခား အစားထိုးကုသလို႔ရတဲ့ ခႏၶာကိုယ္ အစိတ္အပိုင္းတို႔၊ သုံးလို႔ရတာေတြကို လိုအပ္တဲ့ လူနာေတြအတြက္ ခြဲေဝၿပီး အသုံးျပဳလိုက္ပါ။လက္ဆစ္တစ္ဆစ္လိုလည္း လက္ဆစ္တစ္ဆစ္၊ အေၾကာတစ္မွ်င္လိုလည္း အေၾကာတစ္မွ်င္၊ လိုရာျဖတ္ေတာက္ယူၿပီး သုံးၾကေပါ့။

လူနာေတြအတြက္ သုံးလို႔ရသမွ် အကုန္လုံး ျဖတ္ေတာက္ယူၿပီးၿပီ ဆိုရင္ေတာ့ က်န္ေနတဲ့ ႐ုပ္အေလာင္းကို ဂုန္နီအိတ္ထဲထည့္၊ ေက်ာက္တုံးေတြပါ ထည့္ၿပီး ပင္လယ္ထဲ သေဘၤာနဲ႔သယ္သြား၊ ခပ္ေဝးေဝး ေရာက္တာနဲ႔ ေရထဲပစ္ခ်ၿပီး ငါးစာေကြၽးလိုက္ပါလို႔ ဒကာရင္းေတြ၊ တပည့္ရင္းကေလးေတြကို ေသခ်ာမွာထားပါတယ္။ ဘဝတစ္သက္တာမွာ ကိုယ္စားခဲ့တဲ့ ငါးေတြ ေတာ္ေတာ္မ်ားခဲ့ၿပီ။ ကိုယ့္ကိုလည္း ငါးေတြတစ္လွည့္ ျပန္စားပါေစဦး။ မီးရႈိ႕၊ ျပာခ်ၿပီး အလကားေပ်ာက္သြားမယ့္ အတူတူ ပင္လယ္ထဲက ငါးေတြစားရေတာ့ ငါးေတြအတြက္ အက်ိဳးရွိတာေပါ့။ ကိုယ္ကုသိုလ္ရဖို႔ ရည္႐ြယ္လုပ္တာ မဟုတ္ေပမယ့္ ကိုယ္လည္း ကုသိုလ္ရသြားတာပဲ ဒါနကုသိုလ္။

ကိုယ္ေသသြားရင္ ကိုယ္မွာထားတဲ့အတိုင္း က်န္ရစ္သူေတြ လုပ္မလုပ္ မေသခ်ာေပမယ့္ ကိုယ့္ေစတနာ၊ ကိုယ့္ေမတၱာကေတာ့ ဒီအတိုင္းပဲ တစ္သက္မတ္တည္း ရွိတဲ့အတြက္ ဒီကိစၥကို သတိရလိုက္တိုင္း ကိုယ္ကေတာ့ မေသခင္ကတည္းက ပုဗၺေစတနာနဲ႔ (ေရွ႕ဦးေစတနာ၊ တင္ႀကိဳေစတနာနဲ႔) ကုသိုလ္ရေနေတာ့တာပါပဲ။

ဂုန္နီအိတ္က အေပါက္ပါတဲ့ ဂုန္နီအိတ္ေတာ့ ျဖစ္ရမယ္။ ၾကက္သြန္ထည့္တဲ့ ဂုန္နီအိတ္မ်ိဳးေပါ့။ ဒါမွငါးေတြစားလို႔ အဆင္ေျပမွာေလ။ ဆာလာအိတ္တို႔၊ ပလက္စတစ္အိတ္တို႔ဆို ငါးေတြစားမရဘဲ ျဖစ္ေနလိမ့္မယ္။ အနံ႔ရလို႔ ထိုးရင္လည္း ပါးစပ္ေတြ နာေနမယ္။ ဒါ ဦးဇင္းရဲ႕ ေသတမ္းစာထဲက အခ်က္အလက္တစ္ခုေပါ့ေနာ္။

အရွင္ဆႏၵာဓိက (အေသလွတဲ့သူ) တရားစာအုပ္မွ ကူးယူေဖာ္ျပပါသည္။

အားလုံးေသာ မိတ္ေဆြမ်ား က်န္းမာလို႔ခ်မ္းသာၾကပါေစ။

ေလးစားစြာျဖင့္ Credit – သက္လြင္ဦး

မူရင္းပထမပို႕စ္ပိုင္ရွင္ႏွင့္ ယခင္တင္ထားေသာ သူမ်ားအားလံုးကို ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

(Unicode)
ဆရာတော် အရှင်ဆန္ဒာဓိက၏ ထူးခြားတဲ့ သေတမ်းစာ

ဆရာတော် အရှင်ဆန္ဒာဓိက၏ သေတမ်းစာ

ဦးဇင်းသေရင်တော့…မျက်ကြည်လွှာတို့ နှလုံး၊ အသည်း၊ ကျောက်ကပ်စတဲ့ အတွင်းကလီစာတို့၊ တခြား အစားထိုးကုသလို့ရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတို့၊ သုံးလို့ရတာတွေကို လိုအပ်တဲ့ လူနာတွေအတွက် ခွဲဝေပြီး အသုံးပြုလိုက်ပါ။လက်ဆစ်တစ်ဆစ်လိုလည်း လက်ဆစ်တစ်ဆစ်၊ အကြောတစ်မျှင်လိုလည်း အကြောတစ်မျှင်၊ လိုရာဖြတ်တောက်ယူပြီး သုံးကြပေါ့။

လူနာတွေအတွက် သုံးလို့ရသမျှ အကုန်လုံး ဖြတ်တောက်ယူပြီးပြီဆိုရင်တော့ ကျန်နေတဲ့ ရုပ်အလောင်းကို ဂုန်နီအိတ်ထဲထည့်၊ ကျောက်တုံးတွေပါ ထည့်ပြီး ပင်လယ်ထဲ သင်္ဘောနဲ့သယ်သွား၊ ခပ်ဝေးဝေး ရောက်တာနဲ့ ရေထဲပစ်ချပြီး ငါးစာကျွေးလိုက်ပါလို့ ဒကာရင်းတွေ၊ တပည့်ရင်းကလေးတွေကို သေချာမှာထားပါတယ်။ ဘဝတစ်သက်တာမှာ ကိုယ်စားခဲ့တဲ့ ငါးတွေ တော်တော်များခဲ့ပြီ။ ကိုယ့်ကိုလည်း ငါးတွေတစ်လှည့် ပြန်စားပါစေဦး။ မီးရှို့၊ ပြာချပြီး အလကားပျောက်သွားမယ့် အတူတူ ပင်လယ်ထဲက ငါးတွေစားရတော့ ငါးတွေအတွက် အကျိုးရှိတာပေါ့။ ကိုယ်ကုသိုလ်ရဖို့ ရည်ရွယ်လုပ်တာ မဟုတ်ပေမယ့် ကိုယ်လည်း ကုသိုလ်ရသွားတာပဲ ဒါနကုသိုလ်။

ကိုယ်သေသွားရင် ကိုယ်မှာထားတဲ့အတိုင်း ကျန်ရစ်သူတွေ လုပ်မလုပ် မသေချာပေမယ့် ကိုယ့်စေတနာ၊ ကိုယ့်မေတ္တာကတော့ ဒီအတိုင်းပဲ တစ်သက်မတ်တည်း ရှိတဲ့အတွက် ဒီကိစ္စကို သတိရလိုက်တိုင်း ကိုယ်ကတော့ မသေခင်ကတည်းက ပုဗ္ဗစေတနာနဲ့ (ရှေ့ဦးစေတနာ၊ တင်ကြိုစေတနာနဲ့) ကုသိုလ်ရနေတော့တာပါပဲ။

ဂုန်နီအိတ်က အပေါက်ပါတဲ့ ဂုန်နီအိတ်တော့ ဖြစ်ရမယ်။

ကြက်သွန်ထည့်တဲ့ ဂုန်နီအိတ်မျိုးပေါ့။ ဒါမှငါးတွေစားလို့ အဆင်ပြေမှာလေ။ ဆာလာအိတ်တို့၊ ပလက်စတစ်အိတ်တို့ဆို ငါးတွေစားမရဘဲ ဖြစ်နေလိမ့်မယ်။ အနံ့ရလို့ ထိုးရင်လည်း ပါးစပ်တွေ နာနေမယ်။ ဒါ ဦးဇင်းရဲ့ သေတမ်းစာထဲက အချက်အလက်တစ်ခုပေါ့နော်။

အရှင်ဆန္ဒာဓိက (အသေလှတဲ့သူ) တရားစာအုပ်မှ ကူးယူဖော်ပြပါသည်။

အားလုံးသော မိတ်ဆွေများ ကျန်းမာလို့ချမ်းသာကြပါစေ။

လေးစားစွာဖြင့် Credit – သက်လွင်ဦး

မူရင်းပထမပို့စ်ပိုင်ရှင်နှင့် ယခင်တင်ထားသော သူများအားလုံးကို လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *