သတင္း

ဂမၻီရႏွင့္ သိပၸံသေဘာ ေပါင္း၍ေႏွာေနေသာ ေဆးဖက္၀င္လက္ပံခါးပင္အေၾကာင္း

(Zawgyi)
လက္ပံခါးပင္ အထက္လွန္သြားသြင္ အပြင့္ျဖဴၿပီး အစြမ္းႀကီးသည္ဟုမွတ္ဖူးၿပီး သူရဇၨမဂၢဇင္းတြင္ ထူးဆန္းေသာလက္ပံခါးပင္အေၾကာင္းေရးဖူးပါသည္။ လက္ပံခါးပင္သည္ ဂမၻီရႏွင့္ သိပၸံသေဘာ ေပါင္း၍ေႏွာကာ သံျပတ္သည္ဟုဆို၍ လူအခ်ိဳ႕ သဲသဲမည္းမည္း ရွာေဖြျခင္း ရွိၾကသည္။ တကယ္အေရာင္းအဝယ္မ်ိဳး မျမင္ဖူးပါ။

ကြၽန္ေတာ္သိေသာ လက္ပံခါးပင္

ကြၽန္ေတာ္ေရာက္ရွိေတြ႕ဖူးေသာ လက္ပံခါးပင္ႀကီးမွာ ကေလးၿမိဳ႕နယ္၊ ကံသာယာ႐ြာအေက်ာ္၊ ၾကက္ဖိနပ္႐ြာသို႔ မေရာက္မီ ကေလး-တမူးကားလမ္း၏ညာဘက္ တြင္ရွိပါသည္။

ၾကားသိေသာလက္ပံခါး

အလြန္ထူးေသာသတၱိရွိေၾကာင္း၊ သံကို႐ိုက္သြင္းၿပီး၊ အုတ္နီခဲက်ိဳးကို ခ်ိတ္ဆြဲထားခဲ့ပါက သံေခ်ာင္းျပတ္က်သည္ဟုဆိုပါသည္။ လက္ပံခါးေဆးကိုၿမိဳပါက အလြန္ေမာပန္းေျပေၾကာင္း၊ ဆီးခ်ိဳေဝဒနာရွင္မ်ားအတြက္ နတ္ေဆးသဖြယ္ သက္သာေပ်ာက္ကင္းျခင္းသည့္ အမွန္ျဖစ္သည္ဟု ဆိုပါသည္။

ေပါက္ေရာက္ပုံႏွင့္အပင္

လက္ပံခါးကို ေတာင္မ႐ိုး(အဖို)ႏွင့္ မွားတတ္ၾကပါသည္။ လက္ပံခါးပင္ႀကီး ေပါက္ေရာက္ရာ နေဘးခ်ဳံငယ္ပင္မ်ားမွ အပမည္သည့္ အပင္လတ္မ်ား မေပါက္ဟုဆိုပါသည္။ အေၾကာင္းမွာ အပင္၏ အေစးသည္ျပင္းထန္ေသာ ဓာတ္သေဘာေၾကာင့္ျဖစ္ေလသည္။ အပင္ႀကီးမ်ိဳးျဖစ္ၿပီး ကြၽန္ေတာ္ေတြ႕ခဲ့ေသာအပင္မွာ ေပ(၁၀၀)အထက္တြင္ရွိပါသည္။ အဆူးေျပာင္းျပန္ရွိၿပီး အပြင့္ျဖဴေသးေလးမ်ား ပြင့္ပါသည္။

သံျပတ္ျခင္းဟုတ္မဟုတ္

တင္ျပရပါလွ်င္ သံမစစ္ေသာ အိမ္႐ိုက္သံတြင္(သြပ္) ေရာေႏွာထားပါက သံမျပတ္ပါ။ သံသားသီးသန႔္ ႐ိုက္သံ၊ တံစဥ္းသံဆိုလွ်င္ အပင္ေခါက္ႏွင့္ ပင္စည္ၾကား႐ိုက္ထားခဲ့ၿပီး အုတ္နီးက်ိဳးဆြဲခဲပါက အေခါက္ႏွင့္ ပင္စည္ၾကား အေစး ေနရာတြင္ သံေဆြး၍ ျပတ္က်ျခင္းအမွန္ရွိပါသည္။ အခ်ိန္ပမာဏ(၂)ရက္ (၃)ရက္ၾကာမွ ျပတ္က်တတ္ပါသည္။ ခ်က္ခ်င္း႐ိုက္ ခ်က္ခ်င္းျပတ္သည္မ်ိဳး မဟုတ္ပါ။ သံကို ေဆြးေစေသာသတ္ တိအမွန္ရွိပါသည္။

လက္ေတြ႕ေၾကးေရာင္ ဝင္း၍ေျပာင္

လက္ပံခါးေခါက္ကို ေရတြင္စိမ္ၿပီး ေၾကးပစၥည္းမ်ားျဖစ္ေသာ ေၾကးစည္၊ ေၾကးအိုးေၾကးခြက္၊ ဘုရားပန္းအိုးတို႔ကို တစ္ညစိမ္ထားလိုက္ပါ။ ေနာက္ေန႔နံနက္အခ်ိန္တြင္ အဝတ္ျဖင့္ အသာအယာေလးတိုက္ၾကည့္ပါ။ ေၾကးမ်ားဝင္ေျပာင္သည္က အမွန္ျဖစ္ပါသည္။

ဂမၻီရအျမင္လက္ပံခါး

သံဓာတ္ရွင္တို႔ သံကိုအၿပီးသတ္၍ သံေၾကာျဖတ္ကာ သံျပဒါးျဖစ္ေစရန္ အေစးႏွင့္အေခါက္ကို ရွာေဖြၾကသည္။ အခ်ိဳ႕လည္း ေၾကးနက္ကို ျဖစ္ေစႏိုင္ေသာ အစြမ္းရွိသည္ဟု ယူဆကာ ေၾကးနက္ျဖစ္ေရး ရွာေဖြၾကပါသည္။ လက္ပံခါးပင္ကိုသိသူတို႔ ေလာက္ေလးျဖင့္ ပစ္ျခင္း၊ ထုေထာင္းခုတ္ထစ္ျခင္း မရွိပါ။ တန္ျပန္သက္ေရာက္ျခင္းရွိသည္။ ပုဂၢိဳလ္အေစာင့္အေရွာက္ ႀကီးသည္လည္းဆိုၾကပါသည္။ အခ်ိဳ႕ေရာဂါအလိုက္ ေဝဒနာရွင္တို႔ အေခါက္အေစးယူရန္ အပင္မွဆိုင္ရာပုဂၢိဳလ္ထံ အေမႊးနံ႔သာျဖင့္ ေတာင္းခံၿပီးမွ ရယူသည္လည္းရွိပါသည္။

ကာလသားေရာဂါ

အေခါက္ကိုျပဳတ္ၿပီး ေသာက္ျခင္းျဖင့္ ေပ်ာက္သည္ ဟုဆိုပါသည္။

ပန္းနာအျမစ္ျပတ္

အေခါက္မႈန႔္ကို ပ်ားရည္ျဖင့္ ေတစားပါက အေသအခ်ာ ပန္းနာေပ်ာက္တာ တကယ္ပါ ပန္းနာေပ်ာက္သူကေျပာျပဖူး ပါသည္။ အျခားေသာေပ်ာက္ကင္းေစမည့္ ေရာဂါမ်ား ရွိေနေပလိမ့္မည္။

လက္ပံပင္မ်ား (၁)လက္ပံနီ (၂)လက္ပံခါး (၃)ဒီးဒူလက္ပံဟူ၍ သိထားပါသည္။

ေတာင္မ႐ိုးအဖိုႏွင့္ အမရွိရာ အ႐ြက္ေသးေသာ ေတာင္မ႐ိုးအဖိုမ်ိဳးကို လက္ပံခါးအျဖစ္ အသုံးျပဳသည္လည္းရွိပါသည္။အေခါက္အရသာမွာ အလြန္ခါးပါသည္။

အျမစ္ရယူပုံ

လက္ပံခါးအျမစ္ကို ဓားျဖင့္တူးျခင္း၊ တူး႐ြင္းျဖင့္ တူျခင္းမ်ိဳး မလုပ္ၾကပါ။ သစ္မာသားကို အခ်ိန္လုပ္ၿပီး တူးၾကၿပီး အျမစ္ေပၚမွ ဓားျဖင့္ ခုတ္ယူတတ္ၾကပါသည္။ ဓားပ်က္တတ္သည္။ အသြားမ်ား ေဆြးသြားတတ္သည္ဟု ဆိုပါသည္။

အရွင္နာဂသိန္ေဆးက်မ္းအဆို

အေခါက္၊ အျမစ္သည္ အလြန္ခါးသည္။ အျမစ္အေခါက္မႈန႔္ကို ပ်ားရည္ျဖင့္ ေတစားျခင္းႏွင့္ပင္ ေလျဖတ္၊ ေလငန္း ေရာဂါ၊ ထုံက်င္ေသာေရာဂါ၊ စျမင္းခံ ဓာတ္ခ်ဳပ္ေသာေရာဂါ၊ ေလျပင္၊ ေလခဲ၊ ေလထိုး၊ ေလေအာင့္ႏွင့္ပန္းနာေရာဂါတို႔ သက္သာ ေပ်ာက္ကင္းေစပါသည္။ သိမီသမွ်သာ ျဖစ္ပါသည္။ တင္ျပပါ လက္ပံခါးပင္တြင္ ထူးျခားေသာအာနိသင္မ်ား ကိန္းေအာင္ေန၍ ေဆးသိပၸံအသိရွင္တို႔ သုေတသနျပဳမည္ ဆိုပါက အက်ိဳးထူးမ်ား ရရွိႏိုင္မည္ဟုထင္မိပါေတာ့သည္။

Credit – ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

(Unicode)
လက်ပံခါးပင် အထက်လှန်သွားသွင် အပွင့်ဖြူပြီး အစွမ်းကြီးသည်ဟုမှတ်ဖူးပြီး သူရဇ္ဇမဂ္ဂဇင်းတွင် ထူးဆန်းသောလက်ပံခါးပင်အကြောင်းရေးဖူးပါသည်။ လက်ပံခါးပင်သည် ဂမ္ဘီရနှင့် သိပ္ပံသဘော ပေါင်း၍နှောကာ သံပြတ်သည်ဟုဆို၍ လူအချို့ သဲသဲမည်းမည်း ရှာဖွေခြင်း ရှိကြသည်။ တကယ်အရောင်းအဝယ်မျိုး မမြင်ဖူးပါ။

ကျွန်တော်သိသော လက်ပံခါးပင်

ကျွန်တော်ရောက်ရှိတွေ့ဖူးသော လက်ပံခါးပင်ကြီးမှာ ကလေးမြို့နယ်၊ ကံသာယာရွာအကျော်၊ ကြက်ဖိနပ်ရွာသို့ မရောက်မီ ကလေး-တမူးကားလမ်း၏ညာဘက် တွင်ရှိပါသည်။

ကြားသိသောလက်ပံခါး

အလွန်ထူးသောသတ္တိရှိကြောင်း၊ သံကိုရိုက်သွင်းပြီး၊ အုတ်နီခဲကျိုးကို ချိတ်ဆွဲထားခဲ့ပါက သံချောင်းပြတ်ကျသည်ဟုဆိုပါသည်။ လက်ပံခါးဆေးကိုမြိုပါက အလွန်မောပန်းပြေကြောင်း၊ ဆီးချိုဝေဒနာရှင်များအတွက် နတ်ဆေးသဖွယ် သက်သာပျောက်ကင်းခြင်းသည့် အမှန်ဖြစ်သည်ဟု ဆိုပါသည်။

ပေါက်ရောက်ပုံနှင့်အပင်

လက်ပံခါးကို တောင်မရိုး(အဖို)နှင့် မှားတတ်ကြပါသည်။ လက်ပံခါးပင်ကြီး ပေါက်ရောက်ရာ နဘေးချုံငယ်ပင်များမှ အပမည်သည့် အပင်လတ်များ မပေါက်ဟုဆိုပါသည်။ အကြောင်းမှာ အပင်၏ အစေးသည်ပြင်းထန်သော ဓာတ်သဘောကြောင့်ဖြစ်လေသည်။ အပင်ကြီးမျိုးဖြစ်ပြီး ကျွန်တော်တွေ့ခဲ့သောအပင်မှာ ပေ(၁၀၀)အထက်တွင်ရှိပါသည်။ အဆူးပြောင်းပြန်ရှိပြီး အပွင့်ဖြူသေးလေးများ ပွင့်ပါသည်။

သံပြတ်ခြင်းဟုတ်မဟုတ်

တင်ပြရပါလျှင် သံမစစ်သော အိမ်ရိုက်သံတွင်(သွပ်) ရောနှောထားပါက သံမပြတ်ပါ။ သံသားသီးသန့် ရိုက်သံ၊ တံစဉ်းသံဆိုလျှင် အပင်ခေါက်နှင့် ပင်စည်ကြားရိုက်ထားခဲ့ပြီး အုတ်နီးကျိုးဆွဲခဲပါက အခေါက်နှင့် ပင်စည်ကြား အစေး နေရာတွင် သံဆွေး၍ ပြတ်ကျခြင်းအမှန်ရှိပါသည်။ အချိန်ပမာဏ(၂)ရက် (၃)ရက်ကြာမှ ပြတ်ကျတတ်ပါသည်။ ချက်ချင်းရိုက် ချက်ချင်းပြတ်သည်မျိုး မဟုတ်ပါ။ သံကို ဆွေးစေသောသတ် တိအမှန်ရှိပါသည်။

လက်တွေ့ကြေးရောင် ဝင်း၍ပြောင်

လက်ပံခါးခေါက်ကို ရေတွင်စိမ်ပြီး ကြေးပစ္စည်းများဖြစ်သော ကြေးစည်၊ ကြေးအိုးကြေးခွက်၊ ဘုရားပန်းအိုးတို့ကို တစ်ညစိမ်ထားလိုက်ပါ။ နောက်နေ့နံနက်အချိန်တွင် အဝတ်ဖြင့် အသာအယာလေးတိုက်ကြည့်ပါ။ ကြေးများဝင်ပြောင်သည်က အမှန်ဖြစ်ပါသည်။

ဂမ္ဘီရအမြင်လက်ပံခါး

သံဓာတ်ရှင်တို့ သံကိုအပြီးသတ်၍ သံကြောဖြတ်ကာ သံပြဒါးဖြစ်စေရန် အစေးနှင့်အခေါက်ကို ရှာဖွေကြသည်။ အချို့လည်း ကြေးနက်ကို ဖြစ်စေနိုင်သော အစွမ်းရှိသည်ဟု ယူဆကာ ကြေးနက်ဖြစ်ရေး ရှာဖွေကြပါသည်။ လက်ပံခါးပင်ကိုသိသူတို့ လောက်လေးဖြင့် ပစ်ခြင်း၊ ထုထောင်းခုတ်ထစ်ခြင်း မရှိပါ။ တန်ပြန်သက်ရောက်ခြင်းရှိသည်။ ပုဂ္ဂိုလ်အစောင့်အရှောက် ကြီးသည်လည်းဆိုကြပါသည်။ အချို့ရောဂါအလိုက် ဝေဒနာရှင်တို့ အခေါက်အစေးယူရန် အပင်မှဆိုင်ရာပုဂ္ဂိုလ်ထံ အမွှေးနံ့သာဖြင့် တောင်းခံပြီးမှ ရယူသည်လည်းရှိပါသည်။

ကာလသားရောဂါ

အခေါက်ကိုပြုတ်ပြီး သောက်ခြင်းဖြင့် ပျောက်သည် ဟုဆိုပါသည်။

ပန်းနာအမြစ်ပြတ်

အခေါက်မှုန့်ကို ပျားရည်ဖြင့် တေစားပါက အသေအချာ ပန်းနာပျောက်တာ တကယ်ပါ ပန်းနာပျောက်သူကပြောပြဖူး ပါသည်။ အခြားသောပျောက်ကင်းစေမည့် ရောဂါများ ရှိနေပေလိမ့်မည်။

လက်ပံပင်များ (၁)လက်ပံနီ (၂)လက်ပံခါး (၃)ဒီးဒူလက်ပံဟူ၍ သိထားပါသည်။

တောင်မရိုးအဖိုနှင့် အမရှိရာ အရွက်သေးသော တောင်မရိုးအဖိုမျိုးကို လက်ပံခါးအဖြစ် အသုံးပြုသည်လည်းရှိပါသည်။အခေါက်အရသာမှာ အလွန်ခါးပါသည်။

အမြစ်ရယူပုံ

လက်ပံခါးအမြစ်ကို ဓားဖြင့်တူးခြင်း၊ တူးရွင်းဖြင့် တူခြင်းမျိုး မလုပ်ကြပါ။ သစ်မာသားကို အချိန်လုပ်ပြီး တူးကြပြီး အမြစ်ပေါ်မှ ဓားဖြင့် ခုတ်ယူတတ်ကြပါသည်။ ဓားပျက်တတ်သည်။ အသွားများ ဆွေးသွားတတ်သည်ဟု ဆိုပါသည်။

အရှင်နာဂသိန်ဆေးကျမ်းအဆို

အခေါက်၊ အမြစ်သည် အလွန်ခါးသည်။ အမြစ်အခေါက်မှုန့်ကို ပျားရည်ဖြင့် တေစားခြင်းနှင့်ပင် လေဖြတ်၊ လေငန်း ရောဂါ၊ ထုံကျင်သောရောဂါ၊ စမြင်းခံ ဓာတ်ချုပ်သောရောဂါ၊ လေပြင်၊ လေခဲ၊ လေထိုး၊ လေအောင့်နှင့်ပန်းနာရောဂါတို့ သက်သာ ပျောက်ကင်းစေပါသည်။ သိမီသမျှသာ ဖြစ်ပါသည်။ တင်ပြပါ လက်ပံခါးပင်တွင် ထူးခြားသောအာနိသင်များ ကိန်းအောင်နေ၍ ဆေးသိပ္ပံအသိရှင်တို့ သုတေသနပြုမည် ဆိုပါက အကျိုးထူးများ ရရှိနိုင်မည်ဟုထင်မိပါတော့သည်။

Credit – ရဲမျိုးသူ(ဗောဓိမြိုင်)

Leave a Reply

Your email address will not be published. Required fields are marked *