သတင္း

အခ်ိဳမႈန႔္ကို ဘာနဲ႔လုပ္ထားသလဲ

(Zawgyi)

အခ်ိဳမႈန႔္ကို ဘာနဲ႔လုပ္ထားသလဲ

အခ်ိဳမႈန႔္ေရရွည္ မွန္မွန္စားသြားရင္ ဒီေလာက္ အႏၲရာယ္ မ်ားပါတယ္ဆိုတဲ့ အခ်ိဳမႈန႔္ဆိုတာ Monosodium glutamate (MSG) လို႔ေခၚတဲ့ ျဒပ္ေပါင္းတစ္ခု ျဖစ္ပါတယ္။ Glutamic Acid လို႔ေခၚတဲ့ Amino Acid တစ္မ်ိဳး ပါဝင္ၿပီး စားစရာထဲ ထည့္လိုက္ရင္ Free Glumate ေတြ အျဖစ္ကို ေျပာင္းလဲသြားကာ အစားအေသာက္ေတြရဲ႕ အရသာကို ဓာတုနည္းနဲ႔ လွ်ာေပၚမွာ ဆပြားတိုးေပးလိုက္တာ ျဖစ္ပါတယ္။ အခ်ိဳမႈန႔္ဟာ ဟင္းခတ္ပစၥည္းတစ္ခု ဟုတ္ပါသလား.? ပုံမွန္သုံးသင့္တဲ့ ဟင္းခတ္အေမႊးအႀကိဳင္တစ္ခု လုံးဝမဟုတ္ပါ။ နည္းနည္းစားစား မ်ားမ်ားစားစား ေရရွည္စားရင္ အႏၲရာယ္ကေတာ့ ရွိတာပါပဲလို႔ ပညာရွင္မ်ားက ေျပာၾကားပါတယ္။

Good Manufacturing Practice (GMP) လို႔ေခၚတဲ့ ကမာၻ႔အဆင့္ ထုတ္လုပ္မႈ စနစ္ေကာင္း (GMP စနစ္) ရဲ႕ အစားအေသာက္ေတြ ထုတ္လုပ္တဲ့ ေနရာမွာ အခ်ိဳမႈန႔္ လုံး၀ မပါပါဘူး။အခ်ိဳမႈန႔္ကို ေရရွည္ပုံမွန္ စားသုံးသြားရင္ ဘာဆိုးက်ိဳးေတြ ရွိလာႏိုင္မလဲ

(၁) ဆီးခ်ိဳ မျဖစ္ေအာင္ ထိန္းသိမ္းေပးတဲ့ အင္ဆူလင္ေဟာ္မုန္း (Insulin) ရဲ႕ လုပ္ငန္းေဆာင္တာမွာ အေႏွာင့္အယွက္တစ္ရပ္ ျဖစ္ေစလို႔ ဆီးခ်ိဳျဖစ္ေစဖို႔ ေကာင္းေကာင္း အေထာက္အကူျပဳပါတယ္။

(၂) အစာ အလြန္အကြၽံ စားခ်င္စိတ္ကို တိုးပြားျဖစ္ေပၚေစသလို အဝလြန္ျခင္းကို တားဆီးေပးတဲ့ေဟာ္မုန္းမ်ားကိုပါ ပိတ္ဆို႔လို႔ အဝလြန္ျခင္းကို ဖိတ္ေခၚပါတယ္။ အဝလြန္ျခင္း ေရာက္လာရင္ ေသြးတိုး၊ ဆီးခ်ိဳ၊ ႏွလုံးေသြးေၾကာပိတ္စတဲ့ အေဖာ္အေပါင္းေတြပါ ပါလာပါလိမ့္မယ္။

(၃) ဦးေႏွာက္ဆဲလ္ေတြကို ျမန္ျမန္ ပ်က္စီးယိုယြင္းေစပါတယ္။ မွတ္ဉာဏ္ကို အ႐ြယ္မတိုင္ခင္ေပ်ာက္ဆုံးေစၿပီး ေမ့တတ္တဲ့ ေရာဂါေတြ ျဖစ္ေစဖို႔ အလားအလာ အရမ္းမ်ားေစပါတယ္။ အခ်ိဳမႈန႔္ကို ေမြးကင္းစကတည္းကေန စၿပီးစားတဲ့ ကေလးေတြမွာ ဉာဏ္ရည္ပိုင္း ယုတ္ေလ်ာ့မႈ ရွိတာကို ေတြ႕ရွိရပါတယ္။

(၄) ဂ်ာမနီႏိုင္ငံမွာ အခ်ိဳမႈန႔္ သုံးစြဲမႈကို လုံးဝျဖတ္ေတာက္ေရွာင္ၾကဥ္ဖို႔ အမ်ိဳးသားအဆင့္ ေၾကျငာခ်က္ေတြ ဥပေဒေတြ အလန႔္တၾကား ထုတ္ခဲ့ရဖူးပါတယ္။ ဂ်ာမန္က်န္းမာေရး ပညာရွင္ေတြ ဘာေတြ႕ရလို႔လဲ ဆိုတာ စာဖတ္သူတို႔ သိပါသလား။ အခ်ိဳမႈန႔္ စားတဲ့ ကိုယ္ဝန္ေဆာင္ေတြ ေမြးလာတဲ့ ကေလးေတြဟာ အင္ဆူလင္ေဟာ္မုန္း စြမ္းရည္က်ဆင္း၍ မတိုးေတာ့ျခင္း (Insulin-resistant) ေမြးရာပါ ျဖစ္လာတာ ေတြ႕ရပါတယ္။ ဒါေၾကာင့္ ဒီကေလးေတြဟာ ႀကီးလာရင္ ဆီးခ်ိဳျဖစ္ဖို႔ ေသခ်ာသေလာက္ ျဖစ္ပါတယ္။ ဒီအခ်က္ဟာ ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြရဲ႕ ဆီးခ်ိဳျဖစ္ပြားႏႈန္း ျမင့္မားေနတဲ့ အခ်က္ေတြထဲက တစ္ခု အပါအဝင္ ျဖစ္ပါတယ္။

(၅) ေနာက္တစ္ခ်က္က ကိုယ္ဝန္ေဆာင္ မိခင္ေတြ အခ်ိဳမႈန႔္စားတဲ့ အက်င့္ေၾကာင့္ ေမြးလာတဲ့ ကေလးေတြရဲ႕ medulla oblongata, thalamus, or hypothalamus ဆိုတဲ့ ဦးေႏွာက္ အစိတ္အပိုင္းေတြမွာ ရွိတဲ့ အာ႐ုံေၾကာဆဲလ္ေတြကို ပ်က္စီးေစပါတယ္။

ဒီေနရာေတြဟာ အစားအေသာက္ စားခ်င္စိတ္ကို အဓိက ထိန္းခ်ဳပ္တဲ့ ဦးေႏွာက္ဧရိယာေတြ ျဖစ္လို႔ ဒီလို ကေလးေတြဟာ ႀကီးလာရင္ အစားအေသာက္ အလြန္အကြၽံစားတဲ့ အက်င့္ရွိကာ အဝလြန္ၿပီး ေရာဂါေတြ ထူေစတတ္တာ ကမာၻတစ္ဝန္း ေလ့လာေတြ႕ရွိ ထားပါတယ္။(ဒါဟာ အခ်ိဳ႕မႈန႔္ကေပးတဲ့အမ်ိဳးသား က်န္းမာေရး/ လူမႈေရး ဝန္ထုပ္ဝန္ပိုး (National Health/Social Burden) ျဖစ္ပါတယ္။ ဒါ့အျပင္ အခ်ိဳမႈန႔္ ဝယ္ယူတင္သြင္းရတဲ့အတြက္ ႏိုင္ငံနဲ႔လူမ်ိဳး အက်ိဳးရွိေစမယ့္ တျခားအရာေတြဝယ္ယူဖို႔ ႏိုင္ငံျခားေငြ ေလ်ာ့ေစလို႔ တိုင္းျပည္အတြက္လဲ နစ္နာပါတယ္)

(၆) မ်ိဳးပြားစြမ္းရည္ က်ဆင္းျခင္း၊ သားသမီးရႏိုင္စြမ္း က်ဆင္းျခင္းေတြ ျဖစ္ႏိုင္ပါတယ္။Chinese Restaurant Syndrome ေခၚ တ႐ုတ္စားေတာ္ဆက္ေရာဂါစု ျဖစ္ေစႏိုင္ပါတယ္။ ဒီေရာဂါစုဟာအခ်ိဳမႈန႔္ လြန္ကဲစြာ ပါတဲ့ အစားအေသာက္ စားၿပီးၿပီးခ်င္းမွာ မ်က္ႏွာ၊ လည္ပင္းနဲ႔ တစ္ကိုယ္လုံးမွာအနီစက္ေတြ ထြက္လာျခင္း၊ ေခါင္းအရမ္းထိုးကိုက္ျခင္း၊ ေခါင္းမူးျခင္း၊ မ်က္ႏွာမွာ တင္းၾကပ္ေနတယ္လို႔ ခံစားရတတ္ျခင္း၊ ေမးလႈပ္ ပါးစပ္ဖြင့္ရတာ ေလးျခင္း၊ ဗိုက္ေအာင့္ျခင္း၊ ခါးနာျခင္း စတာေတြ ခံစားရတတ္တဲ့ အခ်ိဳမႈန႔္နဲ႔ ဓာတ္မတည့္တဲ့ ေရာဂါ ျဖစ္ပါတယ္။

(၇) ပန္ကရိယေခၚ မုန႔္ခ်ိဳအိတ္ေရာင္ေရာဂါ အပါအဝင္ ကိုယ္တြင္းကလီစာ တစ္ခုခု ေယာင္ယမ္းတဲ့ ေရာဂါ ရွိေနသူေတြ၊ သက္ႀကီး႐ြယ္အိုေတြ၊ စာသင္ၾကားေနတဲ့ ေက်ာင္းသားေက်ာင္းသူေတြ အထူးေရွာင္ၾကဥ္ သင့္ပါတယ္။

(၈) လူအမ်ားစုက ဆားကအငန္ အခ်ိဳမႈန႔္က အေပါ့ဆိုၿပီး တလြဲမွတ္ယူထားၾကပါတယ္။ ဒီေတာ့ ဆားထည့္လြန္လို႔ ငန္သြားရင္ အခ်ိဳမႈန႔္မ်ားမ်ား ထပ္ထည့္ပါတယ္။ အမွန္က ဆားက Sodium chloride၊အခ်ိဳမႈန႔္က Monosodium glutamate ျဖစ္လို႔ ႏွစ္ခုလုံး ဆိုဒီယမ္ (Sodium) ဆားဓာတ္ျဖစ္ကာ ႏွစ္ခု ၿပိဳင္စားသုံးရင္ ေသြးတြင္းဆိုဒီယမ္ ျမင့္တက္မႈ အရမ္းမ်ားလာေစကာ ေသြးတိုးေရာဂါကို ျဖစ္ေစပါတယ္။

ဒါေၾကာင့္ ေသြးတိုးေရာဂါ ကာကြယ္လိုသူမ်ားနဲ႔ ရွိသူမ်ားဟာ အခ်ိဳမႈန႔္ကို အထူးေရွာင္ၾကဥ္သင့္ပါတယ္။

အခ်ိဳမႈန႔္ စြဲလမ္းေနျခင္းကို ဘယ္လို ေလွ်ာ့ခ် အျမစ္ျဖတ္ၾကမလဲ-

(၁) ေလွ်ာ့ခ်သုံးျခင္းျဖင့္ စတင္ပါ။ အခ်ိဳမႈန႔္ဟာ အသားေတြရဲ႕ အရသာကိုသာ ျမႇင့္တင္ေပးတာ ျဖစ္လို႔ အသီးအႏွံေတြမွာ လုံးဝမသုံးပါနဲ႔။

(၂) ေယဘုယ်လမ္းၫႊန္ (General Guideline) အရ ေျပာရရင္ အစားအေသာက္ တစ္ကီလို(၂.၂ေပါင္) ကို အခ်ိဳမႈန႔္ လက္ဖက္ရည္ဇြန္းနဲ႔ တစ္ဇြန္းထက္ ပိုမသုံးပါနဲ႔။ ဒါဆိုရင္ေတာ့ အႏၲရာယ္ နည္းတယ္လို႔ သိရပါတယ္။

(၃) ရယ္ဒီမိတ္ အစားအေသာက္ေတြ အားလုံးနီးပါးမွာ အခ်ိဳမႈန႔္ ပါၿပီးသားဆိုတာ သတိထားပါ။ဘယ္ေတာ့မွ အခ်ိဳမႈန႔္ ထပ္မထည့္ပါနဲ႔။

(၄) ရယ္ဒီမိတ္ စားစရာေတြ ဝယ္ရင္ ေလဘယ္လ္ေပၚမွာ ပါတဲ့ အခ်ိဳမႈန႔္ပါဝင္မႈ ပမာဏကို ရွာေဖြပါ။အဆင့္အတန္းရွိတဲ့ အစားအေသာက္တံဆိပ္ေတြ အားလုံးရဲ႕ ပါဝင္ဖက္ပစၥည္းစာရင္း (Ingredient List) ရဲ႕ ေအာက္ဆုံးမွာ အခ်ိဳမႈန႔္ တကယ္သုံးထားရင္ သုံးထားေၾကာင္း ပမာဏ အတိအက် ပါပါတယ္။

(၅) ႐ိုးရာ ဟင္းခတ္အေမႊးအႀကိဳင္ေတြ (ဥပမာ ပုစြန္ေျခာက္၊ ငါးပိ စတာေတြ) ကို ျပန္လည္အစားထိုး သုံးသင့္ပါၿပီ။ ကြၽန္ေတာ္တို႔ရဲ႕ ေရွးအစဥ္အဆက္ ဘိုးဘြားမ်ားဟာ ထြားက်ိဳင္းသန္မာ ေရာဂါကင္းခဲ့တာ အခ်ိဳမႈန႔္ မစားခဲ့ၾကတာလည္း ပါပါတယ္။

Credit-Original Poster

(Unicode)

အချိုမှုန့်ကို ဘာနဲ့လုပ်ထားသလဲ

အချိုမှုန့်ရေရှည် မှန်မှန်စားသွားရင် ဒီလောက် အန္တရာယ် များပါတယ်ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodium glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။ အချိုမှုန့်ဟာ ဟင်းခတ်ပစ္စည်းတစ်ခု ဟုတ်ပါသလား.? ပုံမှန်သုံးသင့်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခု လုံးဝမဟုတ်ပါ။ နည်းနည်းစားစား များများစားစား ရေရှည်စားရင် အန္တရာယ်ကတော့ ရှိတာပါပဲလို့ ပညာရှင်များက ပြောကြားပါတယ်။

Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမ္ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP စနစ်) ရဲ့ အစားအသောက်တွေ ထုတ်လုပ်တဲ့ နေရာမှာ အချိုမှုန့် လုံး၀ မပါပါဘူး။အချိုမှုန့်ကို ရေရှည်ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေ ရှိလာနိုင်မလဲ

(၁) ဆီးချို မဖြစ်အောင် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin) ရဲ့ လုပ်ငန်းဆောင်တာမှာ အနှောင့်အယှက်တစ်ရပ် ဖြစ်စေလို့ ဆီးချိုဖြစ်စေဖို့ ကောင်းကောင်း အထောက်အကူပြုပါတယ်။

(၂) အစာ အလွန်အကျွံ စားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလို အဝလွန်ခြင်းကို တားဆီးပေးတဲ့ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အဝလွန်ခြင်းကို ဖိတ်ခေါ်ပါတယ်။ အဝလွန်ခြင်း ရောက်လာရင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ်စတဲ့ အဖော်အပေါင်းတွေပါ ပါလာပါလိမ့်မယ်။

(၃) ဦးနှောက်ဆဲလ်တွေကို မြန်မြန် ပျက်စီးယိုယွင်းစေပါတယ်။ မှတ်ဉာဏ်ကို အရွယ်မတိုင်ခင်ပျောက်ဆုံးစေပြီး မေ့တတ်တဲ့ ရောဂါတွေ ဖြစ်စေဖို့ အလားအလာ အရမ်းများစေပါတယ်။ အချိုမှုန့်ကို မွေးကင်းစကတည်းကနေ စပြီးစားတဲ့ ကလေးတွေမှာ ဉာဏ်ရည်ပိုင်း ယုတ်လျော့မှု ရှိတာကို တွေ့ရှိရပါတယ်။

(၄) ဂျာမနီနိုင်ငံမှာ အချိုမှုန့် သုံးစွဲမှုကို လုံးဝဖြတ်တောက်ရှောင်ကြဉ်ဖို့ အမျိုးသားအဆင့် ကြေငြာချက်တွေ ဥပဒေတွေ အလန့်တကြား ထုတ်ခဲ့ရဖူးပါတယ်။ ဂျာမန်ကျန်းမာရေး ပညာရှင်တွေ ဘာတွေ့ရလို့လဲ ဆိုတာ စာဖတ်သူတို့ သိပါသလား။ အချိုမှုန့် စားတဲ့ ကိုယ်ဝန်ဆောင်တွေ မွေးလာတဲ့ ကလေးတွေဟာ အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း (Insulin-resistant) မွေးရာပါ ဖြစ်လာတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီကလေးတွေဟာ ကြီးလာရင် ဆီးချိုဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။ ဒီအချက်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေတဲ့ အချက်တွေထဲက တစ်ခု အပါအဝင် ဖြစ်ပါတယ်။

(၅) နောက်တစ်ချက်က ကိုယ်ဝန်ဆောင် မိခင်တွေ အချိုမှုန့်စားတဲ့ အကျင့်ကြောင့် မွေးလာတဲ့ ကလေးတွေရဲ့ medulla oblongata, thalamus, or hypothalamus ဆိုတဲ့ ဦးနှောက် အစိတ်အပိုင်းတွေမှာ ရှိတဲ့ အာရုံကြောဆဲလ်တွေကို ပျက်စီးစေပါတယ်။

ဒီနေရာတွေဟာ အစားအသောက် စားချင်စိတ်ကို အဓိက ထိန်းချုပ်တဲ့ ဦးနှောက်ဧရိယာတွေ ဖြစ်လို့ ဒီလို ကလေးတွေဟာ ကြီးလာရင် အစားအသောက် အလွန်အကျွံစားတဲ့ အကျင့်ရှိကာ အဝလွန်ပြီး ရောဂါတွေ ထူစေတတ်တာ ကမ္ဘာတစ်ဝန်း လေ့လာတွေ့ရှိ ထားပါတယ်။(ဒါဟာ အချို့မှုန့်ကပေးတဲ့အမျိုးသား ကျန်းမာရေး/ လူမှုရေး ဝန်ထုပ်ဝန်ပိုး (National Health/Social Burden) ဖြစ်ပါတယ်။ ဒါ့အပြင် အချိုမှုန့် ဝယ်ယူတင်သွင်းရတဲ့အတွက် နိုင်ငံနဲ့လူမျိုး အကျိုးရှိစေမယ့် တခြားအရာတွေဝယ်ယူဖို့ နိုင်ငံခြားငွေ လျော့စေလို့ တိုင်းပြည်အတွက်လဲ နစ်နာပါတယ်)

(၆) မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။Chinese Restaurant Syndrome ခေါ် တရုတ်စားတော်ဆက်ရောဂါစု ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါစုဟာအချိုမှုန့် လွန်ကဲစွာ ပါတဲ့ အစားအသောက် စားပြီးပြီးချင်းမှာ မျက်နှာ၊ လည်ပင်းနဲ့ တစ်ကိုယ်လုံးမှာအနီစက်တွေ ထွက်လာခြင်း၊ ခေါင်းအရမ်းထိုးကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်နှာမှာ တင်းကြပ်နေတယ်လို့ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့်ရတာ လေးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း စတာတွေ ခံစားရတတ်တဲ့ အချိုမှုန့်နဲ့ ဓာတ်မတည့်တဲ့ ရောဂါ ဖြစ်ပါတယ်။

(၇) ပန်ကရိယခေါ် မုန့်ချိုအိတ်ရောင်ရောဂါ အပါအဝင် ကိုယ်တွင်းကလီစာ တစ်ခုခု ယောင်ယမ်းတဲ့ ရောဂါ ရှိနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေ အထူးရှောင်ကြဉ် သင့်ပါတယ်။

(၈) လူအများစုက ဆားကအငန် အချိုမှုန့်က အပေါ့ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့်ပါတယ်။ အမှန်က ဆားက Sodium chloride၊အချိုမှုန့်က Monosodium glutamate ဖြစ်လို့ နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခု ပြိုင်စားသုံးရင် သွေးတွင်းဆိုဒီယမ် မြင့်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။

ဒါကြောင့် သွေးတိုးရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို အထူးရှောင်ကြဉ်သင့်ပါတယ်။

အချိုမှုန့် စွဲလမ်းနေခြင်းကို ဘယ်လို လျှော့ချ အမြစ်ဖြတ်ကြမလဲ-

(၁) လျှော့ချသုံးခြင်းဖြင့် စတင်ပါ။ အချိုမှုန့်ဟာ အသားတွေရဲ့ အရသာကိုသာ မြှင့်တင်ပေးတာ ဖြစ်လို့ အသီးအနှံတွေမှာ လုံးဝမသုံးပါနဲ့။

(၂) ယေဘုယျလမ်းညွှန် (General Guideline) အရ ပြောရရင် အစားအသောက် တစ်ကီလို(၂.၂ပေါင်) ကို အချိုမှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထက် ပိုမသုံးပါနဲ့။ ဒါဆိုရင်တော့ အန္တရာယ် နည်းတယ်လို့ သိရပါတယ်။

(၃) ရယ်ဒီမိတ် အစားအသောက်တွေ အားလုံးနီးပါးမှာ အချိုမှုန့် ပါပြီးသားဆိုတာ သတိထားပါ။ဘယ်တော့မှ အချိုမှုန့် ထပ်မထည့်ပါနဲ့။

(၄) ရယ်ဒီမိတ် စားစရာတွေ ဝယ်ရင် လေဘယ်လ်ပေါ်မှာ ပါတဲ့ အချိုမှုန့်ပါဝင်မှု ပမာဏကို ရှာဖွေပါ။အဆင့်အတန်းရှိတဲ့ အစားအသောက်တံဆိပ်တွေ အားလုံးရဲ့ ပါဝင်ဖက်ပစ္စည်းစာရင်း (Ingredient List) ရဲ့ အောက်ဆုံးမှာ အချိုမှုန့် တကယ်သုံးထားရင် သုံးထားကြောင်း ပမာဏ အတိအကျ ပါပါတယ်။

(၅) ရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေ (ဥပမာ ပုစွန်ခြောက်၊ ငါးပိ စတာတွေ) ကို ပြန်လည်အစားထိုး သုံးသင့်ပါပြီ။ ကျွန်တော်တို့ရဲ့ ရှေးအစဉ်အဆက် ဘိုးဘွားများဟာ ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့တာ အချိုမှုန့် မစားခဲ့ကြတာလည်း ပါပါတယ်။

Credit-Original Poster

Leave a Reply

Your email address will not be published. Required fields are marked *