သတင္း

လူတစ်ယောက် သေပြီးပြီးချင်း သင်ကိုယ်တိုင် လှူနိုင်သော အလှူတစ်ခု

(Zawgyi)
လူတစ္ေယာက္ ေသၿပီးၿပီးခ်င္း သင္ကိုယ္တိုင္ လွဴႏိုင္ေသာ အလွဴတစ္ခု

လူတစ္ေယာက္ ေသၿပီးၿပီးခ်င္း
(1) ႏွလုံးက 10မိနစ္အထိ ရွင္ပါတယ္။

(2) ဦးေႏွာက္က မိနစ္20အထိ ရွင္တယ္။

(3) မ်က္လုံးက 4နာရီအထိ ရွင္ပါတယ္။

(4) အေရျပားက ငါးရက္အထိ ရွင္ပါတယ္။

(5) အ႐ိုးက ရက္30အထိ ရွင္တယ္လို႔ သိရတယ္။

ေသလြန္ၿပီးတဲ့ အခ်ိန္မွာလူတစ္ေယာက္က သုံးရက္အၾကာမွာ လက္သည္းခြံေတြ ေႂကြတယ္။ ေလးရက္အၾကာမွာ ဆံပင္ေတြ ကြၽတ္တယ္။ ငါးရက္အၾကာမွာ ဦးေႏွာက္က အရည္ေပ်ာ္တယ္။ ေျခာက္ရက္အၾကာမွာ အစာအိမ္က အရည္ျဖစ္ၿပီး ပါးစပ္နဲ႔ဒြါရေပါက္ကေန ယိုစီးတယ္။ ရက္ေျခာက္ဆယ္အၾကာမွာ အ႐ိုးက ကမၼဌာန္း႐ုပ္ကလြဲလို႔ ဘာမွမက်န္ေအာင္ ေျခာက္ေသြ႕သြားတယ္။

လူတစ္ေယာက္က သူေသဆုံးၿပီးေနာက္ အလႈႏွစ္ခု ထပ္မံျပဳလုပ္ လႈဒါန္းႏိုင္ပါေသးတယ္။ အဲဒါကေတာ့ မိမိရဲ႕ခႏၶာကိုယ္ကို လႈဒါန္းျခင္းနဲ႔ မ်က္ၾကည္လႊာ လႈဒါန္းႏိုင္ျခင္းတို႔ပဲ ျဖစ္တယ္။ ေသဆုံးၿပီးေနာက္ တန္ဖိုးမရွိ သုံးမရေတာ့တဲ့ ခႏၶာကိုယ္ကို မီးေလာင္တိုက္သြင္းၿပီး ျပာက်ခံမယ့္တူတူ အက်ိဳးျပဳေပးႏိုင္မယ့္ေနရာေတြမွာ လႈဒါန္းေပးလိုက္ေတာ့ အျမင္အာ႐ုံခ်ိဳ႕တဲ့သူေတြအတြက္ အလင္းဓါတ္ အျမင္ဓါတ္ ရရွိပိုင္ဆိုင္ေစဖို႔ မ်က္ၾကည္လႊာ လႈဒါန္းျခင္းအလႈေတြ လႈဒါန္းသြားလို႔ရတယ္။ လူတစ္ေယာက္ ေသဆုံးၿပီးေနာက္ (4)နာရီအတြင္း မ်က္ၾကည္လႊာက ရွင္ေနေသးတဲ့အတြက္ လႈဒါန္းထားလို႔ရတယ္။

ဆႏၵရွိပါက ခႏၶာကိုယ္ပါ ထပ္လႈလို႔လဲရတယ္။ ေဆးပညာအက်ိဳး ျဖစ္ထြန္းေစတယ္။ ျပည္သူေတြရဲ႕ အသက္ေပါင္းမ်ားစြာကို ကယ္တင္ဖို႔ ပညာသင္ၾကားတဲ့ေနရာမွာ အေထာက္အကူျပဳတယ္။ အခ်ိဳ႕ကေတာ့ မသိလို႔ အဆက္စပ္မရွိလို႔ မလႈျဖစ္ၾကသူေတြရွိတယ္။ ကြၽန္မကေတာ့ ေသဆုံးၿပီး ကိုယ့္အတြက္ အက်ိဳးမရွိပဲ ပုပ္သိုးၿပီး သုံးမရအလဟႆအျဖစ္မခံႏိုင္လို႔ ခင္တြယ္မမက္ေမာပဲ ျပတ္သားတဲ့စိတ္နဲ႔ အက်ိဳးျပဳေပးမယ့္ ေနရာမွာလႈဒါန္းျဖစ္ခဲ့တာ ၾကာခဲ့ၿပီ။

လႈဒါန္းလိုသူမ်ားcity mallနားက ေဆး(၁)မွာလဲလႈလို႔ရသလို ေျမာက္ဥကၠလာေဆး(၂)မွာ လႈလို႔ရပါတယ္။ မ်က္ၾကည္လႊာကိုေတာ့ ကန္ပတ္လမ္း မ်က္စိေဆး႐ုံႀကီးအေပၚဆုံးထပ္မွာ လႈဒါန္းႏိုင္ပါတယ္။ မ်က္စိေဆး႐ုံေရာက္ရင္ေတာ့ မ်က္မျမင္ လူနာေပါင္းမ်ားစြာကိုေတြ႕ရင္ ငါ့ဆုံးျဖတ္ခ်က္မွန္ပါလားဆိုတဲ့ မုဒိတာစိတ္ေတြ တိုးလာပါလိမ့္မယ္။ လႈဒါန္းလိုသူမ်ား မွတ္ပုံတင္ရယ္ ဓါတ္ပုံေလးပုံရယ္ မိသားစုဝင္တစ္ဦးရယ္ေတာ့ ေခၚသြားရပါလိမ့္မယ္။

စာအေရးအသား ေျပာင္းလဲထားလို႔ မူရင္းPostပိုင္ရွင္အား Creditေပးပါတယ္ရွင့္။

via – Khine Kyu Kyu Hmwe

(Unicode)
လူတစ်ယောက် သေပြီးပြီးချင်း သင်ကိုယ်တိုင် လှူနိုင်သော အလှူတစ်ခု

လူတစ်ယောက် သေပြီးပြီးချင်း
(1) နှလုံးက 10မိနစ်အထိ ရှင်ပါတယ်။

(2) ဦးနှောက်က မိနစ်20အထိ ရှင်တယ်။

(3) မျက်လုံးက 4နာရီအထိ ရှင်ပါတယ်။

(4) အရေပြားက ငါးရက်အထိ ရှင်ပါတယ်။

(5) အရိုးက ရက်30အထိ ရှင်တယ်လို့ သိရတယ်။

သေလွန်ပြီးတဲ့ အချိန်မှာလူတစ်ယောက်က သုံးရက်အကြာမှာ လက်သည်းခွံတွေ ကြွေတယ်။ လေးရက်အကြာမှာ ဆံပင်တွေ ကျွတ်တယ်။ ငါးရက်အကြာမှာ ဦးနှောက်က အရည်ပျော်တယ်။ ခြောက်ရက်အကြာမှာ အစာအိမ်က အရည်ဖြစ်ပြီး ပါးစပ်နဲ့ဒွါရပေါက်ကနေ ယိုစီးတယ်။ ရက်ခြောက်ဆယ်အကြာမှာ အရိုးက ကမ္မဌာန်းရုပ်ကလွဲလို့ ဘာမှမကျန်အောင် ခြောက်သွေ့သွားတယ်။

လူတစ်ယောက်က သူသေဆုံးပြီးနောက် အလှုနှစ်ခု ထပ်မံပြုလုပ် လှုဒါန်းနိုင်ပါသေးတယ်။ အဲဒါကတော့ မိမိရဲ့ခန္ဓာကိုယ်ကို လှုဒါန်းခြင်းနဲ့ မျက်ကြည်လွှာ လှုဒါန်းနိုင်ခြင်းတို့ပဲ ဖြစ်တယ်။ သေဆုံးပြီးနောက် တန်ဖိုးမရှိ သုံးမရတော့တဲ့ ခန္ဓာကိုယ်ကို မီးလောင်တိုက်သွင်းပြီး ပြာကျခံမယ့်တူတူ အကျိုးပြုပေးနိုင်မယ့်နေရာတွေမှာ လှုဒါန်းပေးလိုက်တော့ အမြင်အာရုံချို့တဲ့သူတွေအတွက် အလင်းဓါတ် အမြင်ဓါတ် ရရှိပိုင်ဆိုင်စေဖို့ မျက်ကြည်လွှာ လှုဒါန်းခြင်းအလှုတွေ လှုဒါန်းသွားလို့ရတယ်။ လူတစ်ယောက် သေဆုံးပြီးနောက် (4)နာရီအတွင်း မျက်ကြည်လွှာက ရှင်နေသေးတဲ့အတွက် လှုဒါန်းထားလို့ရတယ်။

ဆန္ဒရှိပါက ခန္ဓာကိုယ်ပါ ထပ်လှုလို့လဲရတယ်။ ဆေးပညာအကျိုး ဖြစ်ထွန်းစေတယ်။ ပြည်သူတွေရဲ့ အသက်ပေါင်းများစွာကို ကယ်တင်ဖို့ ပညာသင်ကြားတဲ့နေရာမှာ အထောက်အကူပြုတယ်။ အချို့ကတော့ မသိလို့ အဆက်စပ်မရှိလို့ မလှုဖြစ်ကြသူတွေရှိတယ်။ ကျွန်မကတော့ သေဆုံးပြီး ကိုယ့်အတွက် အကျိုးမရှိပဲ ပုပ်သိုးပြီး သုံးမရအလဟဿအဖြစ်မခံနိုင်လို့ ခင်တွယ်မမက်မောပဲ ပြတ်သားတဲ့စိတ်နဲ့ အကျိုးပြုပေးမယ့် နေရာမှာလှုဒါန်းဖြစ်ခဲ့တာ ကြာခဲ့ပြီ။

လှုဒါန်းလိုသူများcity mallနားက ဆေး(၁)မှာလဲလှုလို့ရသလို မြောက်ဥက္ကလာဆေး(၂)မှာ လှုလို့ရပါတယ်။ မျက်ကြည်လွှာကိုတော့ ကန်ပတ်လမ်း မျက်စိဆေးရုံကြီးအပေါ်ဆုံးထပ်မှာ လှုဒါန်းနိုင်ပါတယ်။ မျက်စိဆေးရုံရောက်ရင်တော့ မျက်မမြင် လူနာပေါင်းများစွာကိုတွေ့ရင် ငါ့ဆုံးဖြတ်ချက်မှန်ပါလားဆိုတဲ့ မုဒိတာစိတ်တွေ တိုးလာပါလိမ့်မယ်။ လှုဒါန်းလိုသူများ မှတ်ပုံတင်ရယ် ဓါတ်ပုံလေးပုံရယ် မိသားစုဝင်တစ်ဦးရယ်တော့ ခေါ်သွားရပါလိမ့်မယ်။

စာအရေးအသား ပြောင်းလဲထားလို့ မူရင်းPostပိုင်ရှင်အား Creditပေးပါတယ်ရှင့်။

via – Khine Kyu Kyu Hmwe

Leave a Reply

Your email address will not be published. Required fields are marked *