သတင္း

ကမာၻ႔အႀကီးဆုံး ေက်ာက္သား ဗုဒၶဆင္းတုေတာ္ႀကီး အေၾကာင္း ဗဟုသုတ

(Zawgyi)
ကမာၻ႔အႀကီးဆုံး ေက်ာက္သားဆင္းတုေတာ္ႀကီး (သို႔) Leshan Giant Buddha အေၾကာင္း

ကမာၻ႔အေမြအႏွစ္စာရင္းဝင္ ဒီဆင္းတုေတာ္ႀကီးကို တ႐ုတ္ႏိုင္ငံ တန္မင္းဆက္(ေအဒီ ၆၁၈- ၉၀၇ ) မွာ တည္ေဆာက္ခဲ့ပါတယ္။ မင္ဂ်င္း၊ ဒါဒူနဲ႔ ကြင္ဂ်ီျမစ္သုံးခုေပါင္းဆုံရာ ေတာင္နံရံမွာ ထြင္းထုထားတာပါ။တ႐ုတ္ႏိုင္ငံ ေတာင္ပိုင္း ဇီခြၽမ္ျပည္နယ္ၿမိဳ႕ေတာ္ Leshan ရဲ႕ အေရွ႕ဘက္ Emei ေတာင္ရဲ႕ ျမစ္ကမ္းပါးတစ္ခုေပၚမွာ ခက္ခက္ခဲခဲ အႏုပညာေျမာက္ထြင္းထုထားတာပါ။


႐ုပ္ပြားေတာ္ႀကီးကို တ႐ုတ္ဘုန္းေတာ္ႀကီး Haithong က ၇၁၃ခုႏွစ္မွာ ဦးစီးတည္ေဆာက္ခဲ့ပါတယ္။ တစ္ခ်ိန္က ဒီေနရာဟာ ေရစီးအလြန္ၾကမ္းလွၿပီး ေလွသေဘၤာမ်ား မၾကာခဏ ေမွာက္ေလ့ရွိတာေၾကာင့္ ဒီအႏၲရာယ္ကို ေပ်ာက္ကင္းေစျခင္း အလို႔ငွာ ဘုန္းေတာ္ႀကီးက တည္ေဆာက္ခဲ့တာပါ။

႐ုပ္ပြားေတာ္ႀကီး ထြင္းထုရာမွာ ထြက္လာတဲ့ ေက်ာက္တုံးေတြဟာ ျမစ္ထဲကို က်ေရာက္ၿပီး ျမစ္ေရစီးမႈကို ေႏွးေကြးသြားေစတဲ့အတြက္ ဒီဆင္းတုေတာ္ႀကီးကို တည္ေဆာက္ၿပီး ေနာက္ပိုင္းမွာ ေလွ၊ သေဘၤာနစ္ျမဳပ္မႈေတြအလြန္နည္းပါးသြားပါတယ္။ ဘုန္းေတာ္ႀကီးရဲ႕ ဆႏၵျပည့္ဝခဲ့ပါတယ္။

ဘုန္းေတ္ာႀကီးဟာ ႐ုပ္တုေတာ္ႀကီး မၿပီးဆုံးမီမွာ ကြယ္လြန္ခဲ့ၿပီးတဲ့ေနာက္ ရန္ပုံေငြနည္းပါးမႈေၾကာင့္ ႐ုပ္တုတည္ေဆာက္ထြင္းထုျခင္းကို ရပ္တန႔္ခဲ့ရပါတယ္။ ႏွစ္ ၇၀ ေက်ာ္မွ အလႉရွင္ေပၚလို႔ ျပန္ေဆာက္ႏိုင္ၿပီး ေအဒီ၈၀၃ခုႏွစ္မွာၿပီးေအာင္တည္ေဆာက္ႏိုင္ခဲ့ပါတယ္။

႐ုပ္ပြားေတာ္ႀကီးဟာ ၇၁မီတာ(၂၃၃ေပ) ျမင့္မားၿပီး ဒီလိုအမ်ိဳးအစား ႐ုပ္ပြားေတာ္ေတြထဲက အႀကီးဆုံးျဖစ္ပါတယ္။ ပုခုံးႏွစ္ဖက္ ၇၉ေပ က်ယ္ၿပီး လက္ေခ်ာင္းေတြကေတာ့ ၂၇ေပ ရွည္ပါတယ္။ ျမစ္ကမ္းေဘးမွာ တည္ေဆာက္ထားတဲ့အတြက္ ကုန္းလမ္း ၊ ေရလမ္း ႏွစ္မ်ိဳးလုံးနဲ႔ ဖူးေမွ်ာ္ႏိုင္ပါတယ္။

႐ုပ္ပြားေတာ္ႀကီးေဘးမွာ အေပၚကို တက္တဲ့လမ္းရွိၿပီး ဦးေခါင္းေတာ္နဲ႔ တစ္တန္းတည္း အျမင့္ကေန ဖူးႏိုင္ပါတယ္။ အတက္အဆင္းလမ္းေတြကို ၈ရာစုခန႔္တည္းက တည္ေဆာက္ထားခဲ့တယ္လို႔ သိရပါတယ္။ ႐ုပ္ပြားေတာ္ႀကီး တည္ရွိရာေတာင္ကို Emei ေတာင္လို႔ေခၚၿပီး ဒီေတာင္ေပၚမွာ ႏွစ္ေထာင္ခ်ီ သက္တမ္းရွိတဲ့ အပင္မ်ားလည္း ရွိေနပါတယ္။ အရင္တုန္းကေတာ့ ႐ုပ္ပြားေတာ္ႀကီးမွာ ဘုံအျမင့္၃၀ထပ္အမိုးရွိၿပီးမြန္ဂိုက်ဴးေက်ာ္သူေတြ ဖ်က္စီးပစ္လိုက္တဲ့အတြက္ ယခုအခါ မရွိေတာ့ပါ။


႐ုပ္ပြားေတာ္ႀကီးဟာ ေလဒါဏ္မိုးဒါဏ္ ရာသီဥတုဒါဏ္ကို ႏွစ္ေပါင္း ၁၃၀၀ေက်ာ္ ခံခဲ့ေပမယ့္ ပ်က္စီးျခင္းမရွိတဲ့ အေၾကာင္းကေတာ့ ထြင္းထုတည္ေဆာက္စဥ္တုန္းက ေရဆင္းေျမာင္းေတြ ၊ ေရဆင္းပိုက္ေတြ ထည့္သြင္းတည္ေဆာက္ခဲ့တဲ့ ပညာရွင္ေတြရဲ႕ အိုင္ဒီယာေၾကာင့္လို႔ သိရပါတယ္။ ႏွစ္စဥ္ ေထာင္ေသာင္းခ်ီတဲ့ ကမာၻလွည့္ခရီးသြားမ်ား လာေရာက္ေလ့ရွိတဲ့ ဒီ႐ုပ္ပြားေတာ္ႀကီးကို ၁၉၉၆ခုႏွစ္မွာ ယူနက္စကိုက ကမာၻ႔အေမြအႏွစ္အျဖစ္ ထည့္သြင္းသတ္မွတ္ၿပီး ထိမ္းသိမ္းခဲ့ပါတယ္။

ေလးစားစြာျဖင့္ Credit – သုတဇုန္

https://www.thutazone.net/2017/08/31/leshan-giant-buddha/

(Unicode)
ကမ္ဘာ့အကြီးဆုံးကျောက်သားဆင်းတုတော်ကြီး (သို့) Leshan Giant Buddha အကြောင်း

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒီဆင်းတုတော်ကြီးကို တရုတ်နိုင်ငံ တန်မင်းဆက်(အေဒီ ၆၁၈- ၉၀၇ ) မှာ တည်ဆောက်ခဲ့ပါတယ်။ မင်ဂျင်း၊ ဒါဒူနဲ့ ကွင်ဂျီမြစ်သုံးခုပေါင်းဆုံရာ တောင်နံရံမှာ ထွင်းထုထားတာပါ။ တရုတ်နိုင်ငံ တောင်ပိုင်း ဇီချွမ်ပြည်နယ်မြို့တော် Leshan ရဲ့ အရှေ့ဘက် Emei တောင်ရဲ့ မြစ်ကမ်းပါးတစ်ခုပေါ်မှာ ခက်ခက်ခဲခဲ အနုပညာမြောက်ထွင်းထုထားတာပါ။

ရုပ်ပွားတော်ကြီးကို တရုတ်ဘုန်းတော်ကြီး Haithong က ၇၁၃ခုနှစ်မှာ ဦးစီးတည်ဆောက်ခဲ့ပါတယ်။ တစ်ချိန်က ဒီနေရာဟာ ရေစီးအလွန်ကြမ်းလှပြီး လှေသင်္ဘောများ မကြာခဏ မှောက်လေ့ရှိတာကြောင့် ဒီအန္တရာယ်ကို ပျောက်ကင်းစေခြင်း အလို့ငှာ ဘုန်းတော်ကြီးက တည်ဆောက်ခဲ့တာပါ။

ရုပ်ပွားတော်ကြီး ထွင်းထုရာမှာ ထွက်လာတဲ့ ကျောက်တုံးတွေဟာ မြစ်ထဲကို ကျရောက်ပြီး မြစ်ရေစီးမှုကို နှေးကွေးသွားစေတဲ့အတွက် ဒီဆင်းတုတော်ကြီးကို တည်ဆောက်ပြီး နောက်ပိုင်းမှာ လှေ၊ သင်္ဘောနစ်မြုပ်မှုတွေအလွန်နည်းပါးသွားပါတယ်။ ဘုန်းတော်ကြီးရဲ့ ဆန္ဒပြည့်ဝခဲ့ပါတယ်။

ဘုန်းတေ်ာကြီးဟာ ရုပ်တုတော်ကြီး မပြီးဆုံးမီမှာ ကွယ်လွန်ခဲ့ပြီးတဲ့နောက် ရန်ပုံငွေနည်းပါးမှုကြောင့် ရုပ်တုတည်ဆောက်ထွင်းထုခြင်းကို ရပ်တန့်ခဲ့ရပါတယ်။ နှစ် ၇၀ ကျော်မှ အလှူရှင်ပေါ်လို့ ပြန်ဆောက်နိုင်ပြီး အေဒီ၈၀၃ခုနှစ်မှာပြီးအောင်တည်ဆောက်နိုင်ခဲ့ပါတယ်။

ရုပ်ပွားတော်ကြီးဟာ ၇၁မီတာ(၂၃၃ပေ) မြင့်မားပြီး ဒီလိုအမျိုးအစား ရုပ်ပွားတော်တွေထဲက အကြီးဆုံးဖြစ်ပါတယ်။ ပုခုံးနှစ်ဖက် ၇၉ပေ ကျယ်ပြီး လက်ချောင်းတွေကတော့ ၂၇ပေ ရှည်ပါတယ်။ မြစ်ကမ်းဘေးမှာ တည်ဆောက်ထားတဲ့အတွက် ကုန်းလမ်း ၊ ရေလမ်း နှစ်မျိုးလုံးနဲ့ ဖူးမျှော်နိုင်ပါတယ်။

ရုပ်ပွားတော်ကြီးဘေးမှာ အပေါ်ကို တက်တဲ့လမ်းရှိပြီး ဦးခေါင်းတော်နဲ့ တစ်တန်းတည်း အမြင့်ကနေ ဖူးနိုင်ပါတယ်။ အတက်အဆင်းလမ်းတွေကို ၈ရာစုခန့်တည်းက တည်ဆောက်ထားခဲ့တယ်လို့ သိရပါတယ်။

ရုပ်ပွားတော်ကြီး တည်ရှိရာတောင်ကို Emei တောင်လို့ခေါ်ပြီး ဒီတောင်ပေါ်မှာ နှစ်ထောင်ချီ သက်တမ်းရှိတဲ့ အပင်များလည်း ရှိနေပါတယ်။ အရင်တုန်းကတော့ ရုပ်ပွားတော်ကြီးမှာ ဘုံအမြင့်၃၀ထပ်အမိုးရှိပြီးမွန်ဂိုကျူးကျော်သူတွေဖျက်စီးပစ်လိုက်တဲ့အတွက် ယခုအခါ မရှိတော့ပါ။

ရုပ်ပွားတော်ကြီးဟာ လေဒါဏ်မိုးဒါဏ် ရာသီဥတုဒါဏ်ကို နှစ်ပေါင်း ၁၃၀၀ကျော် ခံခဲ့ပေမယ့် ပျက်စီးခြင်းမရှိတဲ့ အကြောင်းကတော့ ထွင်းထုတည်ဆောက်စဉ်တုန်းက ရေဆင်းမြောင်းတွေ၊ ရေဆင်းပိုက်တွေ ထည့်သွင်းတည်ဆောက်ခဲ့တဲ့ ပညာရှင်တွေရဲ့ အိုင်ဒီယာကြောင့်လို့ သိရပါတယ်။

နှစ်စဉ် ထောင်သောင်းချီတဲ့ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လေ့ရှိတဲ့ ဒီရုပ်ပွားတော်ကြီးကို ၁၉၉၆ခုနှစ်မှာ ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် ထည့်သွင်းသတ်မှတ်ပြီး ထိမ်းသိမ်းခဲ့ပါတယ်။

လေးစားစွာဖြင့် Credit – သုတဇုန်

https://www.thutazone.net/2017/08/31/leshan-giant-buddha/

Leave a Reply

Your email address will not be published. Required fields are marked *