သတင်း

ဘာကြောင့် ဆန်လုံးညိုကို ရွေးချယ်သင့်သလဲ

ဘာကြောင့် ဆန်လုံးညိုကို ရွေးချယ်သင့်သလဲ

==================
==================

မြန်မာလူမျိုးတွေဟာ ထမင်းကိုဦးစားပေး စားသုံးကြပါတယ်။ နေ့လယ်စာနဲ့ ညစာကိုသာမကဘဲ မနက်စာကိုလည်း ထမင်းစားသူတွေလည်း ရှိပါတယ်။ ထမင်းမှာ ပါဝင်တဲ့ ကစီဓာတ်က လူကို အာဟာရလည်းဖြစ်စေသလို ဝလည်းဝစေပါတယ်။ ဝိတ်ကျချင်ရင်တော့ ထမင်းလျှော့စားရမှာပါ။ ထမင်းကို လျှော့မစားလိုသူတွေကတော့ ဆန်လုံးညိုကိုချက်ထားတဲ့ ထမင်းကိုရွေးချယ်သင့်ပါတယ်။ ဆန်လုံးညိုက ဝိတ်ကျဖို့အတွက်သာမက အခြားကောင်းကျိုးတွေလည်း ပေးပါသေးတယ်။

ဆန်လုံးညိုဟာ သာမာန်ဆန်ထက် အမျှင်ဓာတ်ပိုများပြီး အာဟာရတန်ဖိုး ပိုမိုမြင့်မားစွာ ပါဝင်ပါတယ်။ နောက်တစ်ချက်ကတော့ ဆန်လုံးညိုကို စားသုံးခြင်းဟာ ခန္ဓာကိုယ်တွင်းက အဆီဆဲလ်တွေကို FLCN လို့ခေါ်တဲ့ အသားဓာတ်က ဖိနှိပ်ထိန်းချုပ်ပေးနိုင်လို့ အဝလွန်နေသူတွေ စားသုံးရမယ့်ဆန်လည်းဖြစ်ပါတယ်။

ရိုးရိုးဆန်တွေနေရာမှာ ဆန်လုံးညိုကို ပြောင်းလဲစားသုံးသင့်တဲ့အကြောင်းရင်းတွေထဲမှာ အူတွေအတွက်ကောင်းကျိုးပေးခြင်း၊ ခန္ဓာကိုယ်တွင်းဇီဝဖြစ်ပျက်မှု (Metabolism) ကို မြှင့်တင်ပေးနိုင်ခြင်း၊ အစာခြေစနစ်ကို ကောင်းမွန်စေခြင်းအပြင် ခန္ဓာကိုယ်တွင်းက အဆီမျိုးရိုးဗီဇတွေကို ကောင်းတဲ့ဘက်ကိုပြောင်းလဲသွားစေခြင်းတို့လည်း ပါဝင်ပါတယ်။ အနံ့အရသာက ပေါ်ဆန်းမွှေး၊ ဘာစမာတီဆန်တို့လို ချောမွေ့မနေဘဲ စားရရင်လည်းကြမ်းတမ်းတဲ့ ဆန်လုံးညိုဟာ တကယ်တမ်းမှာတော့ ကျန်းမာရေးအတွက် အရမ်းကောင်းတဲ့ဆန်လည်း ဖြစ်ပါတယ်။

Source : Eat This

===========

Duwun

Leave a Reply

Your email address will not be published. Required fields are marked *