ဗဟုတုသ

ကားထဲမှာသိမ်းထားတဲ့ရေကိုမသောက်သင့်

#ကားထဲမှာသိမ်းထားတဲ့ရေကိုမသောက်သင့်
*******************************
ကားမောင်းတဲ့လူတိုင်းက ကားထဲမှာ
ရေဗူးတစ်ဗူးကို အမြဲဆောင်ထားလေ့ရှိပါတယ်။
အဲ့ဒီရေဗူးက ဖန်တို့ စတီးဗူးတို့ဆိုရင်
ကွဲနိုင်တဲ့ အန္တရာယ်ကလွဲပြီး သိပ်မရှိနိုင်ပါဘူး။
ပလတ်စတစ်ဗူးဆိုရင်တော့
ပြဿ နာ အများကြီးရှိနိုင်ပါတယ်လို့
သိပ္ပံပညာရှင်တွေက ပြောထားပါတယ်။

ရောဂါထိန်းချုပ်ရေးနှင့်
ကာကွယ်ရေးစင်တာရဲ့ အဆိုအရ
အပြင်မှာ အပူချိန် ၈၀ ဒီဂရီဖာရင်ဟိုက်ကနေ
၁၀၀ ဒီဂရီဖာရင်ဟိုက် ကြားရှိနေတဲ့အချိန်မှာ
ကားထဲက အပူချိန်က ၁၃၀ ကနေ ၁၇၂ အထိ
ရှိနိုင်ပါတယ်။ ဒီအပူချိန်ထက်အနည်းငယ်
ပိုမြင့်လာတာနဲ့ သာမန်မီးဖိုတစ်လုံးရဲ့
အနိမ့်ဆုံး အပူချိန်လောက်ရှိလာနိုင်တယ်လို့
ထောက်ပြထားပါတယ်။

အချိန်ကြာတာနဲ့အမျှ
ကားပြတင်းပေါက်တွေ
ပိတ်ထားသည်ဖြစ်စေ၊
တစ်ဝက် ဖွင့်ထားသည် ဖြစ်စေ
အပူချိန်က တိုးလာမှာ ဖြစ်ပါတယ်။
ကားအတွင်း အပူချိန်က အပြင်အပူချိန်
၇၂ ဒီဂရီ ဖာရင်ဟိုက်လောက်ပဲ
ရှိနေချိန်မှာတောင် တစ်နာရီကြာချိန်မှာ
၄၀ ဒီဂရီ ဖာရင်ဟိုက်တိုးနေမှာ ဖြစ်ပါတယ်။
ပုလင်းထဲက ရေထဲမှာ ပါလာတဲ့
ပိုးမွှားတွေ ဖြစ်ဖြစ်၊ ရေဗူးထုပ်ပိုးစဉ်က
ပါလာတဲ့ ပိုးမွှားတွေ ဖြစ်ဖြစ်
အဖုံးကတဆင့် ဝင်လာတဲ့
အနီးက ဖုန်မှုန့်နဲ့ ပိုးမွှားတွေဖြစ်ဖြစ်
ဒီအပူချိန်မျိုးရှိလာတဲ့အခါ လျင်မြန်စွာနဲ့
အများကြီး ပိုပြီးပေါက်ပွားလာမှာ
ဖြစ်ပါတယ်။ပိုးမွှားတွေ အဆမတန်
များပြားလာတဲ့ရေကို သောက်မိတဲ့အခါ
ကိုယ်ခံအားနည်းနေသူတွေအတွက်
______________________________________
#နာမကျန်းဖြစ်စေမှာ_ဖြစ်ပါတယ်။
______________________________________
ဒါ့အပြင် ပလတ်စတစ် ပြဿ နာကလည်း
ရှိပါသေးတယ်။

ပလတ်စတစ်မှာ ပါဝင်တဲ့
BPA ဒြပ်ပေါင်းက အစာချေရောဂါကနေ
ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တဲ့
ပြဿ နာတွေအထိ ဖြစ်စေတဲ့ ဒြပ်ပေါင်း
ဖြစ်ပါတယ်။FDA ရဲ့ သတိပေးချက်အရ
ပလတ်စတစ်ပစ္စည်းတွေက အပူနဲ့
ထိတွေတဲ့အခါမှာ ဓာတ်ပြုနိုင်တဲ့အတွက်
ပလတ်စတစ်ဗူး၊ခွက်တွေထဲကို ပူနွေးတဲ့
အရည်တွေမထည့်ဖို့ သတိပေးထားပါတယ်။

ကားထဲက အပူချိန်နဲ့
ကြာရှည်ထိတွေ့ထားတဲ့
ပလတ်စတစ်ဗူးတွေထဲမှာ
ရောဂါဖြစ်စေတဲ့ဓာတ်တွေ
အရမ်းများပါတယ်။ သောက်မိတဲ့အခါမှာ
အနည်းဆုံး အော့အန်တာ၊ဝမ်းသွားတာတွေ
ဖြစ်စေနိုင်တဲ့အတွက် ကားထဲမှာထားတဲ့
ပလတ်စတစ်ရေဗူးတွေထဲက ရေကို
လုံးဝမသောက်ဖို့ အကြံပေးချင်ပါတယ်။

#Trend_Myanmar

Leave a Reply

Your email address will not be published. Required fields are marked *