သတင္း

ေခ်ာင္းေျခာက္ဆိုးျခင္းအတြက္ လြယ္ကူအစြမ္းထက္အိမ္တြင္းေဆး၀ါးမ်ား

(Zawgyi)
ေခ်ာင္းေျခာက္ဆိုးတဲ့အခါ

ေခ်ာင္းေျခာက္ ဆိုးတဲ့အခါ ခြၽဲမထြက္ သလိပ္မထြက္တာမို႔ အလြန္အခံရခက္ပါတယ္။ လည္ေခ်ာင္းနဲ႔ ႏွာေခါင္းမွာ ဗိုင္းရပ္ပိုး ကူးစက္ ဝင္ေရာက္ျခင္းေၾကာင့္ ျဖစ္ရတာပါ။ ဖုံေတြ ဓါတ္မတည့္တဲ့ အမႈံအမႊားေတြနဲ႔ ေတြ႕ထိတာေၾကာင့္လဲ ျဖစ္တတ္ပါတယ္။ လည္ေခ်ာင္းထဲမွာ ကလိကလိ ယားၿပီး အလြန္ပင္ပမ္းတဲ့ ေခ်ာင္းေျခာက္ဆိုးျခင္းကို အိမ္တြင္းေဆးဝါးအသုံးျပဳၿပီး သက္သာေပ်ာက္ကင္းေစတဲ့ နည္းေလးေတြ တင္ျပပါ့မယ္။

Honey ပ်ားရည္-

ပ်ားရည္ဟာ အဏုဇီဝပိုးမႊားေတြကို ႏွိမ္ႏွင္းႏိုင္တဲ့ သတၱိ ရွိပါတယ္။ ဓါတ္တိုးျခင္းကိုလည္း ကာကြယ္ပါတယ္။ နာက်င္ေရာင္ရမ္းမႈကိုလည္း ေပ်ာက္ေစပါတယ္။ ခြၽဲသလိပ္ေပ်ာ္ေစၿပီး လည္ေခ်ာင္းယားယံျခင္းကို သက္သာေစပါတယ္။ပူပူေႏြးေႏြး ႏြားႏို႔ထဲကို ပ်ားရည္ထည့္ေမႊၿပီး ေသာက္သုံးေပး႐ုံပါဘဲ။ ေခ်ာင္းဆိုးရလြန္းလို႔ ရင္ဘတ္ေအာင့္တာေတြပါ သက္သာေစပါတယ္။

Turmeric နႏြင္းမႈန႔္-

နႏြင္းကို အဝါေရာင္ျဖစ္ေစတဲ့ ကာကူမင္ ( curcumin ) ဓါတ္ဟာ ဗိုင္းရပ္ဘက္တီးရီးယားမ်ားကို ႏိုင္နင္းပါတယ္။ေရာင္ရမ္း ျခင္းကိုလည္း သက္သာေစပါတယ္။ နႏြင္းမႈန႔္ လက္ဘက္ရည္ ၁ ဇြန္းကို စမုံစပါး ၁ ဇြန္းႏွင့္ ေရာ ၊ ေရေႏြးဆူဆူထည့္၊ ေရ တဝက္ဘဲက်န္ေအာင္ က်ိဳ ၊ ပ်ားရည္အနည္းငယ္ထည့္၊ တေန႔ ၃ ႀကိမ္ ေသာက္ရပါမယ္။ ေနာက္တမ်ိဳးက ႏြားႏို႔ေႏြးေႏြးတခြက္ထဲ နႏြင္း တဇြန္း ထဲ့ေမႊၿပီးလည္း ေသာက္ႏိုင္ပါတယ္။

Ginger ဂ်င္း-

ဂ်င္းဟာ နာက်င္ျခင္းေတြကို ေပ်ာက္ေစပါတယ္။ လည္ေခ်ာင္းယားျခင္းကို ေပ်ာက္ေစပါတယ္။ ေရာင္ရမ္းျခင္းကိုလည္း ေပ်ာက္ကင္းေစပါတယ္။ ဂ်င္းအနည္းငယ္ကို ေသးေသးေလး တုံး၍ျဖစ္ေစ ထုေခ်၍ျဖစ္ေစ ခြက္တခုမွာထဲ့ၿပီး ၊ ေရထဲ့၍ ျပဳတ္ပါ ။ ဆူလွ်င္ အေအးခံပါ။ ဂ်င္းျပဳတ္ေရကို တေန႔ ၃ ႀကိမ္ေသာက္ပါ။ ဂ်င္းကို ပါးပါးလွီးၿပီး ဝါးစား၍လည္း ရပါတယ္။

Garlic ၾကက္သြန္ျဖဴ-

ၾကက္သြန္ျဖဴဟာ ဗိုင္းရပ္ေတြ၊ ဘက္တီးရီးယားေတြကို ႏိုင္တဲ့သတၱိ ရွိတဲ့ အလီစင္ ( allicin ) ဓါတ္ ပါဝင္ပါတယ္။ၾကက္သြန္ျဖဴဟာ ကိုယ္ခံအားစံနစ္ကိုလည္း ေကာင္းမြန္ေစပါတယ္။ ေရေႏြးဆူဆူမွာ ေထာင္းေခ်ထားေသာ ၾကက္သြန္ျဖဴ ႏွင့္ ေလးညႇင္ အနည္းငယ္ထည့္ပါ။ အေအးခံၿပီး ပ်ားရည္အနည္းငယ္ထည့္၍ တေန႔ ၂ ႀကိမ္ ေသာက္ေပးရပါမယ္။

Gargle Salt Water ဆားေရႏွင့္ ပါးလုပ္က်င္းျခင္း-

ဆားေရဟာ လည္ေခ်ာင္းေျခာက္ျခင္းကို စိုစြတ္ေစပါတယ္။ ခြၽဲ ေပ်ာ္ေစပါတယ္။ ဆား လက္ဘက္ေရ ၁ ဇြန္းကို ေရေႏြး တဖန္ခြက္မွာ ေဖ်ာ္ပါ။ နဲနဲျခင္း ငုံ၍ ပါးလုပ္က်င္းပါ။ အခ်ိန္အနည္းငယ္ၾကာၾကာ က်င္းလွ်င္ ခံတြင္းထဲ ရွင္းသြားပါလိမ့္မယ္။

Steam ေရေႏြးေငြ႕-

ေရေႏြးဆူေအာင္ တည္ၿပီး ယူကလစ္ဆီ ၂စက္ ၃စက္ ထဲ့ပါ။ ေစာင္ သို႔မဟုတ္ သဘက္ ၿခဳံၿပီး ခြက္မွထြက္ေသာ ေရေႏြးေငြ႕ကို ရႈိက္ရႈပါ။ တႀကိမ္လွ်င္ ၅မိနစ္ ၁၀မိနစ္ ခန႔္၊ တေန႔ ၃ႀကိမ္ ရႈပါ။ ခြၽဲသလိပ္ေတြ ေပ်ာ္ေစပါတယ္။

Warm Milk and Honey ႏို႔ႏွင့္ ပ်ားရည္-

ႏြားႏို႔ ပူပူ တဖန္ခြက္မွာ ပ်ားရည္ လက္ဘက္ရည္ဇြန္း ၁ ဇြန္းထဲ့ေမႊပါ။ ည အိပ္ယာဝင္ေသာက္လွ်င္ အိပ္ေပ်ာ္ေစသလို၊ ပုံမွန္ေသာက္သုံးပါက လည္ေခ်ာင္းရွင္းၿပီး လည္ေခ်ာင္းယားယံျခင္း ေပ်ာက္ေစပါတယ္။ လူတိုင္းလည္း သိေနမယ့္ နည္းေတြ ျဖစ္ပါတယ္။ မသိေသးရင္လည္း သိရေအာင္၊ သိၿပီးရင္လည္း ဒီနည္းေတြကိုသူမ်ား ႏိုင္ငံေတြမွာလည္း သုံးၾကတဲ့အေၾကာင္းေလး သိရေတာ့ ပိုၿပီး ယုံၾကည္မိၾကမယ္ ထင္လို႔ပါ။

က်န္းမာခ်မ္းသာၾကပါေစ ခင္ဗ်ား

Credit – ေဒါက္တာျမင့္သိန္း

(Unicode)
ချောင်းခြောက်ဆိုးတဲ့အခါ

ချောင်းခြောက် ဆိုးတဲ့အခါ ချွဲမထွက် သလိပ်မထွက်တာမို့ အလွန်အခံရခက်ပါတယ်။ လည်ချောင်းနဲ့ နှာခေါင်းမှာ ဗိုင်းရပ်ပိုး ကူးစက် ဝင်ရောက်ခြင်းကြောင့် ဖြစ်ရတာပါ။ ဖုံတွေ ဓါတ်မတည့်တဲ့ အမှုံအမွှားတွေနဲ့ တွေ့ထိတာကြောင့်လဲ ဖြစ်တတ်ပါတယ်။ လည်ချောင်းထဲမှာ ကလိကလိ ယားပြီး အလွန်ပင်ပမ်းတဲ့ ချောင်းခြောက်ဆိုးခြင်းကို အိမ်တွင်းဆေးဝါးအသုံးပြုပြီး သက်သာပျောက်ကင်းစေတဲ့ နည်းလေးတွေ တင်ပြပါ့မယ်။

Honey ပျားရည်-

ပျားရည်ဟာ အဏုဇီဝပိုးမွှားတွေကို နှိမ်နှင်းနိုင်တဲ့ သတ္တိ ရှိပါတယ်။ ဓါတ်တိုးခြင်းကိုလည်း ကာကွယ်ပါတယ်။ နာကျင်ရောင်ရမ်းမှုကိုလည်း ပျောက်စေပါတယ်။ ချွဲသလိပ်ပျော်စေပြီး လည်ချောင်းယားယံခြင်းကို သက်သာစေပါတယ်။ပူပူနွေးနွေး နွားနို့ထဲကို ပျားရည်ထည့်မွှေပြီး သောက်သုံးပေးရုံပါဘဲ။ ချောင်းဆိုးရလွန်းလို့ ရင်ဘတ်အောင့်တာတွေပါ သက်သာစေပါတယ်။

Turmeric နနွင်းမှုန့်-

နနွင်းကို အဝါရောင်ဖြစ်စေတဲ့ ကာကူမင် ( curcumin ) ဓါတ်ဟာ ဗိုင်းရပ်ဘက်တီးရီးယားများကို နိုင်နင်းပါတယ်။ရောင်ရမ်း ခြင်းကိုလည်း သက်သာစေပါတယ်။ နနွင်းမှုန့် လက်ဘက်ရည် ၁ ဇွန်းကို စမုံစပါး ၁ ဇွန်းနှင့် ရော ၊ ရေနွေးဆူဆူထည့်၊ ရေ တဝက်ဘဲကျန်အောင် ကျို ၊ ပျားရည်အနည်းငယ်ထည့်၊ တနေ့ ၃ ကြိမ် သောက်ရပါမယ်။ နောက်တမျိုးက နွားနို့နွေးနွေးတခွက်ထဲ နနွင်း တဇွန်း ထဲ့မွှေပြီးလည်း သောက်နိုင်ပါတယ်။

Ginger ဂျင်း-

ဂျင်းဟာ နာကျင်ခြင်းတွေကို ပျောက်စေပါတယ်။ လည်ချောင်းယားခြင်းကို ပျောက်စေပါတယ်။ ရောင်ရမ်းခြင်းကိုလည်း ပျောက်ကင်းစေပါတယ်။ ဂျင်းအနည်းငယ်ကို သေးသေးလေး တုံး၍ဖြစ်စေ ထုချေ၍ဖြစ်စေ ခွက်တခုမှာထဲ့ပြီး ၊ ရေထဲ့၍ ပြုတ်ပါ ။ ဆူလျှင် အအေးခံပါ။ ဂျင်းပြုတ်ရေကို တနေ့ ၃ ကြိမ်သောက်ပါ။ ဂျင်းကို ပါးပါးလှီးပြီး ဝါးစား၍လည်း ရပါတယ်။

Garlic ကြက်သွန်ဖြူ-

ကြက်သွန်ဖြူဟာ ဗိုင်းရပ်တွေ၊ ဘက်တီးရီးယားတွေကို နိုင်တဲ့သတ္တိ ရှိတဲ့ အလီစင် ( allicin ) ဓါတ် ပါဝင်ပါတယ်။ကြက်သွန်ဖြူဟာ ကိုယ်ခံအားစံနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ ရေနွေးဆူဆူမှာ ထောင်းချေထားသော ကြက်သွန်ဖြူ နှင့် လေးညှင် အနည်းငယ်ထည့်ပါ။ အအေးခံပြီး ပျားရည်အနည်းငယ်ထည့်၍ တနေ့ ၂ ကြိမ် သောက်ပေးရပါမယ်။

Gargle Salt Water ဆားရေနှင့် ပါးလုပ်ကျင်းခြင်း-

ဆားရေဟာ လည်ချောင်းခြောက်ခြင်းကို စိုစွတ်စေပါတယ်။ ချွဲ ပျော်စေပါတယ်။ ဆား လက်ဘက်ရေ ၁ ဇွန်းကို ရေနွေး တဖန်ခွက်မှာ ဖျော်ပါ။ နဲနဲခြင်း ငုံ၍ ပါးလုပ်ကျင်းပါ။ အချိန်အနည်းငယ်ကြာကြာ ကျင်းလျှင် ခံတွင်းထဲ ရှင်းသွားပါလိမ့်မယ်။

Steam ရေနွေးငွေ့-

ရေနွေးဆူအောင် တည်ပြီး ယူကလစ်ဆီ ၂စက် ၃စက် ထဲ့ပါ။ စောင် သို့မဟုတ် သဘက် ခြုံပြီး ခွက်မှထွက်သော ရေနွေးငွေ့ကို ရှိုက်ရှုပါ။ တကြိမ်လျှင် ၅မိနစ် ၁၀မိနစ် ခန့်၊ တနေ့ ၃ကြိမ် ရှုပါ။ ချွဲသလိပ်တွေ ပျော်စေပါတယ်။

Warm Milk and Honey နို့ နှင့် ပျားရည်-

နွားနို့ ပူပူ တဖန်ခွက်မှာ ပျားရည် လက်ဘက်ရည်ဇွန်း ၁ ဇွန်းထဲ့မွှေပါ။ ည အိပ်ယာဝင်သောက်လျှင် အိပ်ပျော်စေသလို၊ ပုံမှန်သောက်သုံးပါက လည်ချောင်းရှင်းပြီး လည်ချောင်းယားယံခြင်း ပျောက်စေပါတယ်။ လူတိုင်းလည်း သိနေမယ့် နည်းတွေ ဖြစ်ပါတယ်။ မသိသေးရင်လည်း သိရအောင်၊ သိပြီးရင်လည်း ဒီနည်းတွေကိုသူများ နိုင်ငံတွေမှာလည်း သုံးကြတဲ့အကြောင်းလေး သိရတော့ ပိုပြီး ယုံကြည်မိကြမယ် ထင်လို့ပါ။

ကျန်းမာချမ်းသာကြပါစေ ခင်ဗျား

Credit – ဒေါက်တာမြင့်သိန်း

Leave a Reply

Your email address will not be published. Required fields are marked *