သတင္း

ေရခဲေသတၱာထဲ သိမ္းမထားရမည့္ အစားအစာ- ၇မ်ိဳး

(Zawgyi)
ေရခဲေသတၱာထဲ သိမ္းမထားသင့္တဲ့ အစားအစာ (၇)မ်ိဳး

ေရခဲေသတၱာဆိုတာ အစားအစာေတြကို လတ္ဆတ္ေစဖို႔၊ မပုပ္မသိုးေစဘဲ တာရွည္ခံဖို႔၊ က်မၼာေရးနဲ႔ ညီၫြတ္ေစဖို႔ဆိုၿပီး အပူခ်ိန္ေလ်ာ့ခ်၍အေအးခံ သိမ္းဆည္းထားတဲ့ ေနရာေလးျဖစ္တာမို႔ ဇိမ္ခံပစၥည္း မဟုတ္ဘဲ၊ အိမ္တစ္အိမ္ အတြက္ မရွိမျဖစ္ပစၥည္း တစ္ခုေလးဘဲ ျဖစ္ပါတယ္။ အိမ္ရွင္မမ်ားအတြက္ သက္မဲ့ အတြင္းေရးမႉး (လက္ေထာက္)ဆိုလဲ မမွားပါဘူး။ သို႔ေသာ္ သဘာ၀ နဲ႔ဆန႔္က်င္ၿပီး အပူခ်ိန္ေလ်ာ့ခ်ကာ အေအးခံေပး ထားတာျဖစ္လို႔၊ အစားအစာ (အားလုံး)ကိုေတာ့ ေရခဲေသတၱာထဲ ထည့္သိမ္းလို႔ မရႏိုင္ပါဘူး။ အခ်ိဳ႕အစားအစာေတြကို ေအးခဲထားလိုက္တဲ့အခါ မူလအနံ႔အရသာကို ပ်က္ျပယ္သြားေစတဲ့အျပင္၊ အခ်ိန္ မတိုင္ခင္ ပုပ္သိုးႏြမ္းအိ သြားေစတတ္ပါတယ္။

(၁) အာလူး။

အာလူးေတြက အလင္းသိပ္မႀကိဳက္ၾကပါဘူး။ ေျခာက္ေသြ႕တဲ့ေနရာနဲ႔သဘာဝ အခန္းအပူခ်ိန္ကိုသာ ႀကိဳက္ၾကပါတယ္။ အကယ္၍ အာလူးကို ေရခဲေသတၱာထဲ ထည့္လိုက္တဲ့အခါ၊ သူ႔ရဲ႕မူလအရသာမ်ား ပ်က္စီးသြားပါေတာ့တယ္။ ဒါ့ျပင္ခ်က္ျပဳတ္တဲ့အခါ ေတာ္ေတာ္နဲ႔မႏူးအိလာေတာ့ဘဲ၊ စားတဲ့အခါမွာမာဆတ္ဆတ္ျဖစ္သြားပါတယ္။ အာလူးအခြံေပၚမွာ အစိမ္းေရာင္သန္းေနရင္(လုံးဝ)မဝယ္ပါနဲ႔။ အဆိပ္ျဖစ္ေစတတ္လို႔ပါ။ (ထို႔နည္းတူစြာပင္ ပိန္းဥ၊ ကန္စြန္းဥေတြကိုလဲ ေရခဲေသတၱာထဲ သိမ္းမထားသင့္ပါဘူး)

(၂) ၾကက္သြန္နီ။

ၾကက္သြန္နီေတြကို ပုံမွန္အခန္းအပူခ်ိန္ထဲမွာ သာထားေပးရပါမယ္။ ၾကက္သြန္နီေတြ ၾကာၾကာခံေစဖို႔အတြက္ ဇာကြက္/ပိုက္ကြန္ အိတ္ေတြကအေကာင္းဆုံးပါဘဲ။ ေနာက္ထပ္အေရးႀကီးဆုံးအခ်က္က ၾကက္သြန္နီေတြနဲ႔အာလူးေတြကို တူတူေရာ မထားသင့္ပါဘူး။ ၾကက္သြန္ထဲမွာပါတဲ့သဘာဝဟင္းခတ္ အေမႊးအႀကိဳင္ရနံ႔ေတြကို အာလူးက စုပ္ယူပစ္လို႔ပါ။ ဒါ့ျပင္ၾကက္သြန္နဲ႔အာလူးမ်ားအားလုံး တခဏတြင္းမွာပင္ ပုပ္သြားေစပါတယ္။ (ၾကက္သြန္နီေတြကို တေန႔တာခ်က္ျပဳတ္ဖို႔အတြက္ လိုအပ္သေလာက္သာ အခြံႏႊာပါ။ အကယ္၍ အခြံႏႊာ ထက္ျခမ္းျခမ္းၿပီးေတာ့မွ ပိုလွ်ံ၍ ေနာက္ေန႔မွ သုံးတဲ့အခါ အစာအိမ္ကို အဆိပ္ျပဳေစၿပီး ေအာ့အန္ေစႏိုင္ပါတယ္။ အဲဒီလိုျပႆနာမျဖစ္ရေလေအာင္ အခြံႏႊာၿပီးသား ပိုလွ်ံေနတဲ့ ၾကက္သြန္နီေတြကိုအပူေပးဆီသတ္၍ အေအးခံၿပီးေနာက္ ဗူးထဲမွာ ေရလုံေအာင္ ဖုံးၿပီးမွသာ ေရခဲေသတၱာထဲ ထည့္သိမ္းေပးပါ။ ဗူးေလလုံဖို႔ အေရးႀကီပါတယ္။ ေလမလုံပါက ေရခဲေသတၱာ တခုလုံးအနံ႔ဆိုးထြက္ၿပီး၊ အထဲရွိ တျခားပစၥည္းမ်ားအားလုံးကို အနံ႔ကူးကာ လတ္ဆတ္မႈမရွိေစေတာ့ပါဘူး)

(၃) ၾကက္သြန္ျဖဴ။

ၾကက္သြန္အျဖဴေတြကိုလည္း ၾကက္သြန္နီေတြလိုဘဲ၊ ဇာကြက္/ပိုက္ကြန္အိတ္ေတြထဲ ထည့္ၿပီး အခန္းအပူခ်ိန္မွာသာ သိမ္းထားသင့္ပါတယ္။

(၄) ခရမ္းခ်ဥ္သီး။

အိမ္ရွင္မတိုင္းလိုလိုက ခရမ္းခ်ဥ္သီးေတြကို ေရခဲေသတၱာထဲ သိမ္းထားမွ ၾကာၾကာခံတယ္လို႔ထင္မွတ္မွားေနၾကပါတယ္။ အဲဒီလို သိမ္းထားျခင္းကခရမ္းခ်ဥ္သီးရဲ႕အနံ႔အရသာေတြ (အားလုံး)ပ်က္ယြင္းသြားေစလို႔ အင္မတန္မွားယြင္းတဲ့ အျပဳအမူျဖစ္ပါတယ္။ အေကာင္းဆုံးကေတာ့ ခရမ္းခ်ဥ္သီးေတြကို ပလပ္စတစ္အိတ္ထဲ ေလလုံေအာင္ထည့္၍ ပုံမွန္ အခန္းအပူခ်ိန္မွာသာ သိမ္းထားရပါမယ္။ (အကယ္၍ ခရမ္းခ်ဥ္သီးေတြကိုျမန္ျမန္မွည့္ေစခ်င္ရင္၊ စကၠဴအိတ္မွာ သိမ္းေပးပါ)

(၅) ဌက္ေပ်ာသီး။

ရခိုင္၊ ဖီၾကမ္း၊ သီးေမႊး၊ ေ႐ႊဌက္ေပ်ာစတဲ့ ဌက္ေပ်ာသီး ဘယ္အမ်ိဳးအစားေတြကိုမဆို ေရခဲေသတၱာထဲ (လုံးဝ) သိမ္းမထားသင့္ပါဘူး။ အဲဒီလို သိမ္းထားလိုက္တဲ့အခါ၊ မၾကာမီအတြင္းမွာပင္ ဌက္ေပ်ာသီးကို အေအး႐ိုက္၍ ဌက္ေပ်ာခြံေတြမည္းတက္လာၿပီး၊ အနံ႔အရသာ၊ က်မၼာေရးဂုဏ္သတၱိေတြ အားလုံးဓာတ္ျပယ္သြားေစပါတယ္။ ဌက္ေပ်ာသီးရဲ႕ သေဘာတရားက မၾကာခဏထိကိုင္မိတဲ့အခါ အပူေလာင္ၿပီး ေပ်ာ့လာတတ္တာမို႔၊ ဌက္ေပ်ာ္သီးအခိုင္တြဲကို အလယ္ကေန ႀကိဳးခြခ်ည္ၿပီး တိုင္မွာခ်ိတ္ထားေပးပါ။ ဌက္ေပ်ာသီးရဲ႕အညႇာကို ပလပ္စတစ္အစနဲ႔ တုပ္ခ်ည္ေပးျခင္းက ေနာက္ထပ္ ၄-ရက္(သို႔) ၅-ရက္ေလာက္ အထားခံပါတယ္။ (ဌက္ေပ်ာခြံေပၚမွာအမည္းအစက္အေျပာက္ပါတဲ့ အသီးေတြက အပင္ေပၚမွာ ၾကာၾကာရင့္မွည့္လာတာမို႔အရသာပို ေကာင္းၿပီး ေဆးစြမ္းပိုထက္ပါတယ္)

(၆) သခြားသီး။

သခြားသီးကို ေရခဲေသတၱာထဲမွာ သိမ္းထားလို႔ေတာ့ရပါတယ္ ဒါေပမယ့္ လွီးလက္စသခြားသီး အပိုင္းအစကို ေရခဲေသတၱာထဲ သိမ္းမိတဲ့အခါမွာထင္သေလာက္တာရွည္ မခံေတာ့ပါဘူး။ သခြားသီး တစ္လုံးကို တစ္ခါထည္းကုန္ေအာင္မသုံးျဖစ္ေသးပါက ထက္ျခမ္းမခြဲပါႏွင့္။ ခါးလယ္ကျဖစ္ေစ၊ သင့္ေတာ္ရာေနရာကျဖစ္ေစ လိုသေလာက္ဓားနဲ႔ျဖတ္ေတာက္ပါ။ က်န္တဲ့အပိုင္းကို လတ္လတ္ဆတ္ဆတ္ သုံးႏိုင္ဖို႔အတြက္ ေရအနည္းငယ္ထဲ့ထားေသာ ပန္းကန္လုံးထဲမွာဓားနဲ႔ျဖတ္ၿပီးတဲ့အပိုင္းကို ေအာက္ကထား၍ ေထာင္ထားေပးပါ။ အံ့ၾသဖြယ္ေကာင္းေလာက္ေအာင္ တာရွည္ခံပါတယ္။

(၇) သံပုရာသီး။

ရက္ၾကာရွည္စြာ သံပုရာသီးေတြ မပုပ္ေအာင္ ထားလို႔ရပါတယ္။ ပန္းကန္ျပား ပက္ပက္ထဲမွာ သံပုရာသီးမ်ားကိုထဲ့ၿပီး ဖန္ခြက္နဲ႔ အုပ္ထားပါ။ အသီးေတြကို အသုံးမလိုခင္ ဖန္ခြက္ကို(လုံးဝ)မဖြင့္ပါနဲ႔။ ဖြင့္မိတဲ့အခါ သံပုရာသီးမ်ားကို ေလသလပ္သြားတာေၾကာင့္ ပုပ္သြားတတ္ပါတယ္။

(ေဆာင္းပါးရွင္…ေပါက္ေပါက္…ေရးသားမွ်ေဝသည္)

Credit – ေပါက္ေပါက္

(Unicode)
ရေခဲသေတ္တာထဲ သိမ်းမထားသင့်တဲ့ အစားအစာ (၇)မျိုး

ရေခဲသေတ္တာဆိုတာ အစားအစာတွေကို လတ်ဆတ်စေဖို့၊ မပုပ်မသိုးစေဘဲ တာရှည်ခံဖို့၊ ကျမ္မာရေးနဲ့ ညီညွတ်စေဖို့ဆိုပြီး အပူချိန်လျော့ချ၍အအေးခံ သိမ်းဆည်းထားတဲ့ နေရာလေးဖြစ်တာမို့ ဇိမ်ခံပစ္စည်း မဟုတ်ဘဲ၊ အိမ်တစ်အိမ် အတွက် မရှိမဖြစ်ပစ္စည်း တစ်ခုလေးဘဲ ဖြစ်ပါတယ်။ အိမ်ရှင်မများအတွက် သက်မဲ့ အတွင်းရေးမှူး (လက်ထောက်)ဆိုလဲ မမှားပါဘူး။ သို့သော် သဘာ၀ နဲ့ဆန့်ကျင်ပြီး အပူချိန်လျော့ချကာ အအေးခံပေး ထားတာဖြစ်လို့၊ အစားအစာ (အားလုံး)ကိုတော့ ရေခဲသေတ္တာထဲ ထည့်သိမ်းလို့ မရနိုင်ပါဘူး။ အချို့အစားအစာတွေကို အေးခဲထားလိုက်တဲ့အခါ မူလအနံ့အရသာကို ပျက်ပြယ်သွားစေတဲ့အပြင်၊ အချိန် မတိုင်ခင် ပုပ်သိုးနွမ်းအိ သွားစေတတ်ပါတယ်။

(၁) အာလူး။

အာလူးတွေက အလင်းသိပ်မကြိုက်ကြပါဘူး။ ခြောက်သွေ့တဲ့နေရာနဲ့သဘာဝ အခန်းအပူချိန်ကိုသာ ကြိုက်ကြပါတယ်။ အကယ်၍ အာလူးကို ရေခဲသေတ္တာထဲ ထည့်လိုက်တဲ့အခါ၊ သူ့ရဲ့မူလအရသာများ ပျက်စီးသွားပါတော့တယ်။ ဒါ့ပြင်ချက်ပြုတ်တဲ့အခါ တော်တော်နဲ့မနူးအိလာတော့ဘဲ၊ စားတဲ့အခါမှာမာဆတ်ဆတ်ဖြစ်သွားပါတယ်။ အာလူးအခွံပေါ်မှာ အစိမ်းရောင်သန်းနေရင်(လုံးဝ)မဝယ်ပါနဲ့။ အဆိပ်ဖြစ်စေတတ်လို့ပါ။ (ထို့နည်းတူစွာပင် ပိန်းဥ၊ ကန်စွန်းဥတွေကိုလဲ ရေခဲသေတ္တာထဲ သိမ်းမထားသင့်ပါဘူး)

(၂) ကြက်သွန်နီ။

ကြက်သွန်နီတွေကို ပုံမှန်အခန်းအပူချိန်ထဲမှာ သာထားပေးရပါမယ်။ ကြက်သွန်နီတွေ ကြာကြာခံစေဖို့အတွက် ဇာကွက်/ပိုက်ကွန် အိတ်တွေကအကောင်းဆုံးပါဘဲ။ နောက်ထပ်အရေးကြီးဆုံးအချက်က ကြက်သွန်နီတွေနဲ့အာလူးတွေကို တူတူရော မထားသင့်ပါဘူး။ ကြက်သွန်ထဲမှာပါတဲ့သဘာဝဟင်းခတ် အမွှေးအကြိုင်ရနံ့တွေကို အာလူးက စုပ်ယူပစ်လို့ပါ။ ဒါ့ပြင်ကြက်သွန်နဲ့အာလူးများအားလုံး တခဏတွင်းမှာပင် ပုပ်သွားစေပါတယ်။ (ကြက်သွန်နီတွေကို တနေ့တာချက်ပြုတ်ဖို့အတွက် လိုအပ်သလောက်သာ အခွံနွှာပါ။ အကယ်၍ အခွံနွှာ ထက်ခြမ်းခြမ်းပြီးတော့မှ ပိုလျှံ၍ နောက်နေ့မှ သုံးတဲ့အခါ အစာအိမ်ကို အဆိပ်ပြုစေပြီး အော့အန်စေနိုင်ပါတယ်။ အဲဒီလိုပြဿနာမဖြစ်ရလေအောင် အခွံနွှာပြီးသား ပိုလျှံနေတဲ့ ကြက်သွန်နီတွေကိုအပူပေးဆီသတ်၍ အအေးခံပြီးနောက် ဗူးထဲမှာ ရေလုံအောင် ဖုံးပြီးမှသာ ရေခဲသေတ္တာထဲ ထည့်သိမ်းပေးပါ။ ဗူးလေလုံဖို့ အရေးကြီပါတယ်။ လေမလုံပါက ရေခဲသေတ္တာ တခုလုံးအနံ့ဆိုးထွက်ပြီး၊ အထဲရှိ တခြားပစ္စည်းများအားလုံးကို အနံ့ကူးကာ လတ်ဆတ်မှုမရှိစေတော့ပါဘူး)

(၃) ကြက်သွန်ဖြူ။

ကြက်သွန်အဖြူတွေကိုလည်း ကြက်သွန်နီတွေလိုဘဲ၊ ဇာကွက်/ပိုက်ကွန်အိတ်တွေထဲ ထည့်ပြီး အခန်းအပူချိန်မှာသာ သိမ်းထားသင့်ပါတယ်။

(၄) ခရမ်းချဉ်သီး။

အိမ်ရှင်မတိုင်းလိုလိုက ခရမ်းချဉ်သီးတွေကို ရေခဲသေတ္တာထဲ သိမ်းထားမှ ကြာကြာခံတယ်လို့ထင်မှတ်မှားနေကြပါတယ်။ အဲဒီလို သိမ်းထားခြင်းကခရမ်းချဉ်သီးရဲ့အနံ့အရသာတွေ (အားလုံး)ပျက်ယွင်းသွားစေလို့ အင်မတန်မှားယွင်းတဲ့ အပြုအမူဖြစ်ပါတယ်။ အကောင်းဆုံးကတော့ ခရမ်းချဉ်သီးတွေကို ပလပ်စတစ်အိတ်ထဲ လေလုံအောင်ထည့်၍ ပုံမှန် အခန်းအပူချိန်မှာသာ သိမ်းထားရပါမယ်။ (အကယ်၍ ခရမ်းချဉ်သီးတွေကိုမြန်မြန်မှည့်စေချင်ရင်၊ စက္ကူအိတ်မှာ သိမ်းပေးပါ)

(၅) ဌက်ပျောသီး။

ရခိုင်၊ ဖီကြမ်း၊ သီးမွှေး၊ ရွှေဌက်ပျောစတဲ့ ဌက်ပျောသီး ဘယ်အမျိုးအစားတွေကိုမဆို ရေခဲသေတ္တာထဲ (လုံးဝ) သိမ်းမထားသင့်ပါဘူး။ အဲဒီလို သိမ်းထားလိုက်တဲ့အခါ၊ မကြာမီအတွင်းမှာပင် ဌက်ပျောသီးကို အအေးရိုက်၍ ဌက်ပျောခွံတွေမည်းတက်လာပြီး၊ အနံ့အရသာ၊ ကျမ္မာရေးဂုဏ်သတ္တိတွေ အားလုံးဓာတ်ပြယ်သွားစေပါတယ်။ ဌက်ပျောသီးရဲ့ သဘောတရားက မကြာခဏထိကိုင်မိတဲ့အခါ အပူလောင်ပြီး ပျော့လာတတ်တာမို့၊ ဌက်ပျော်သီးအခိုင်တွဲကို အလယ်ကနေ ကြိုးခွချည်ပြီး တိုင်မှာချိတ်ထားပေးပါ။ ဌက်ပျောသီးရဲ့အညှာကို ပလပ်စတစ်အစနဲ့ တုပ်ချည်ပေးခြင်းက နောက်ထပ် ၄-ရက်(သို့) ၅-ရက်လောက် အထားခံပါတယ်။ (ဌက်ပျောခွံပေါ်မှာအမည်းအစက်အပြောက်ပါတဲ့ အသီးတွေက အပင်ပေါ်မှာ ကြာကြာရင့်မှည့်လာတာမို့အရသာပို ကောင်းပြီး ဆေးစွမ်းပိုထက်ပါတယ်)

(၆) သခွားသီး။

သခွားသီးကို ရေခဲသေတ္တာထဲမှာ သိမ်းထားလို့တော့ရပါတယ် ဒါပေမယ့် လှီးလက်စသခွားသီး အပိုင်းအစကို ရေခဲသေတ္တာထဲ သိမ်းမိတဲ့အခါမှာထင်သလောက်တာရှည် မခံတော့ပါဘူး။ သခွားသီး တစ်လုံးကို တစ်ခါထည်းကုန်အောင်မသုံးဖြစ်သေးပါက ထက်ခြမ်းမခွဲပါနှင့်။ ခါးလယ်ကဖြစ်စေ၊ သင့်တော်ရာနေရာကဖြစ်စေ လိုသလောက်ဓားနဲ့ဖြတ်တောက်ပါ။ ကျန်တဲ့အပိုင်းကို လတ်လတ်ဆတ်ဆတ် သုံးနိုင်ဖို့အတွက် ရေအနည်းငယ်ထဲ့ထားသော ပန်းကန်လုံးထဲမှာဓားနဲ့ဖြတ်ပြီးတဲ့အပိုင်းကို အောက်ကထား၍ ထောင်ထားပေးပါ။ အံ့သြဖွယ်ကောင်းလောက်အောင် တာရှည်ခံပါတယ်။

(၇) သံပုရာသီး။

ရက်ကြာရှည်စွာ သံပုရာသီးတွေ မပုပ်အောင် ထားလို့ရပါတယ်။ ပန်းကန်ပြား ပက်ပက်ထဲမှာ သံပုရာသီးများကိုထဲ့ပြီး ဖန်ခွက်နဲ့ အုပ်ထားပါ။ အသီးတွေကို အသုံးမလိုခင် ဖန်ခွက်ကို(လုံးဝ)မဖွင့်ပါနဲ့။ ဖွင့်မိတဲ့အခါ သံပုရာသီးများကို လေသလပ်သွားတာကြောင့် ပုပ်သွားတတ်ပါတယ်။

(ဆောင်းပါးရှင်…ပေါက်ပေါက်…ရေးသားမျှဝေသည်)

Credit – ပေါက်ပေါက်

Leave a Reply

Your email address will not be published. Required fields are marked *