သတင္း

မင္းတုန္းမင္းႀကီး ဘာေၾကာင့္ အစြမ္းထက္ရပါသလည္း။ နန္းတြင္းသမားေတာ္ႀကီးမွ မင္းတုန္းမင္းအား ဆက္သေသာ က်ားအားေဆး။

” မင္းတုန္းမင္းႀကီး ဘာေၾကာင့္ အစြမ္းထက္ရပါသလည္း ”

(ပရႏၷဝါပင္)

အာယုေဗၺဒေဆးပညာတြင္ ရသာယနေဆးဘက္ပစၥည္းအျဖစ္ အဓိကအသုံးျပဳေသာ အပင္ျဖစ္သည္။ အိႏၵယႏိုင္ငံတြင္ ေလ့လာမႈအရ ေႏြရာသီေမလတြင္ တူးေဖာ္ေသာ ၃စင္တီမီတာ အခ်င္းရွိသည့္ ေဆးျမစ္သည္ အသဲကို ေကာင္းစြာကာကြယ္ေပးႏိုင္ေသာ အာနိသင္ရွိေၾကာင္း သိရွိရပါသည္။

အိႏၵယႏိုင္ငံတြင္ ႏွလုံးအားတိုးေဆး၊ အသဲေဆး၊ ဆီးေဆး၊ အသက္ရွည္ႏုပ်ိဳေဆးအျဖစ္ သုံးစြဲၾကပါသည္။ ဗီယက္နမ္ႏိုင္ငံတြင္ ေခ်ာင္းဆိုးေပ်ာက္ေဆး၊ အသဲေရာဂါ၊ အေဖာေရာဂါေပ်ာက္ေဆးအျဖစ္ အသုံးျပဳၾကပါသည္။ ျမန္မာႏိုင္ငံတြင္ ပရႏၷဝါ ပါးပါးလႊာ သကာပ်ားႏွင့္ခ်က္ ဒန႔္ဒလြန္ပြင့္အုန္းဆံရင့္ ထည့္သင့္ေလွ်ာ္ေအာင္ထည့္ မင္းတုန္းမင္းေခါင္ျမတ္သုံးေဆာင္ ဘုန္းေရာင္ေနသို႔တက္ ေသသာနက္ေမွာင္လွ်က္ အသံကရဝိတ္ငွက္ ဒႏၲာသံမႈိႏွက္ စသည့္စာခ်ိဳးသည္ နာမည္ေက်ာ္ၾကားေသာ စာခ်ိဳးျဖစ္သည္ႏွင့္အညီ အစြမ္းထက္ေသာ ပရႏၷဝါယိုျဖစ္သည္။

က်ား,မ မေ႐ြး အားေဆး

ပရႏၷဝါ, ပါးပါးလႊာ

သကာမ်ားႏွင့္ဖက္၊

ဒန႔္သလြန္ပြင့္, အုန္းဆံရင့္

ခ်ိန္သင့္ညီမွ်စြက္၊

မင္းတုန္းမင္းေခါင္, သူသုံးေဆာင္

ဘုန္းေခါင္ေနသို႔လက္။

အထက္ပါေဆးနည္းကဗ်ာကို ကုန္းေဘာင္ေခတ္တြင္ နန္းတြင္းသမားေတာ္ႀကီး ဆရာခဲမွ အားေဆးအျဖစ္ ေဖာ္စပ္ၿပီး မင္းတုန္းမင္းတရားႀကီးကို ဆက္သခဲ့ပါတယ္။ ဒါေၾကာင့္ မင္းတုန္းမင္းတရားႀကီးသည္ က်န္းမာျခင္း ကာယ-စိတၱသုခ ႏွစ္ဝတို႔ျဖင့္ ျပည့္စုံေၾကာင္း ကဗ်ာက ေဖာ္ၫႊန္းဖြင့္ဆိုထားပါတယ္။

” အထက္ပါေဆးနည္းကို ေဖာ္စပ္နည္း “

(၁) ပရႏၷဝါပင္ ပၪၥငါးပါးကို ပါးပါးလွီးထားရမယ္။

(၂) ဒန႔္သလြန္ပြင့္ကို အသင့္စုေဆာင္းထားရမယ္။

(၃) အုန္းသီးဆံရင့္ရင့္ကို အသင့္ျခစ္ထားရပါမယ္။

(၄) ေနာက္ ပ်ားရည္တဆ၊ သကာ (မရလွ်င္ သၾကား) တို႔ကို အေလးခ်ိန္အညီအမွ်ေရာထည့္ၿပီး ေရေလးခြက္ထည့္ကာ တခြက္သာက်န္ေအာင္ ႀကိဳရပါမယ္။

” စားသုံးနည္း “

အထက္ပါေဆးရည္ကို ပိတ္စိမ္းပါးနဲ႔ စစ္ယူၿပီး ပုလင္းသန႔္သန႔္မွာထည့္ထားေပးပါ။ အဲဒီေဆးရည္ကို ည-မနက္ ဟင္းစားဇြန္း တဇြန္းစီ ေသာက္ေပးသြားျခင္းျဖင့္ ေမာပန္းအားနည္းေသာေရာဂါ၊ေသြးေလမမွန္ေသာေရာဂါ၊ ပန္းေသ၊ ပန္းညႇိဳးေရာဂါ၊ ႏွလုံးအားနည္းျခင္း ေရာဂါႏွင့္ ဒူလာပိန္၊ မီးယပ္ေၾကာင့္ပိန္သူမ်ား အပ်ိဳစင္ကဲ့သို႔ နဂိုယဥ္ကာ လွပလာေစမည္ ျဖစ္ပါတယ္။ ေဆးကုန္လွ်င္ အထက္ပါနည္းအတိုင္း ေဖာ္စပ္ေသာက္သုံးႏိုင္ေၾကာင္း တင္ျပအပ္ပါတယ္။

မွတ္ခ်က္။ ။

အထက္ပါ အားေဆးရည္သည္ အစြမ္းသတၱိျဖင့္ ျပည့္စုံသည္။ ေဆးကို အၫႊန္းထက္ပိုၿပီး မေသာက္ရန္ သတိျပဳပါ။

ေမတၱာမ်ားစြာျဖင့္

Sai Min Thant

Credit – Sai Min Thant

(Unicode)
” မင်းတုန်းမင်းကြီး ဘာကြောင့် အစွမ်းထက်ရပါသလည်း ”

(ပရန္နဝါပင်)

အာယုဗ္ဗေဒဆေးပညာတွင် ရသာယနဆေးဘက်ပစ္စည်းအဖြစ် အဓိကအသုံးပြုသော အပင်ဖြစ်သည်။ အိန္ဒယနိုင်ငံတွင် လေ့လာမှုအရ နွေရာသီမေလတွင် တူးဖော်သော ၃စင်တီမီတာ အချင်းရှိသည့် ဆေးမြစ်သည် အသဲကို ကောင်းစွာကာကွယ်ပေးနိုင်သော အာနိသင်ရှိကြောင်း သိရှိရပါသည်။

အိန္ဒယနိုင်ငံတွင် နှလုံးအားတိုးဆေး၊ အသဲဆေး၊ ဆီးဆေး၊ အသက်ရှည်နုပျိုဆေးအဖြစ် သုံးစွဲကြပါသည်။ ဗီယက်နမ်နိုင်ငံတွင် ချောင်းဆိုးပျောက်ဆေး၊ အသဲရောဂါ၊ အဖောရောဂါပျောက်ဆေးအဖြစ် အသုံးပြုကြပါသည်။ မြန်မာနိုင်ငံတွင် ပရန္နဝါ ပါးပါးလွှာ သကာပျားနှင့်ချက် ဒန့်ဒလွန်ပွင့်အုန်းဆံရင့် ထည့်သင့်လျှော်အောင်ထည့် မင်းတုန်းမင်းခေါင်မြတ်သုံးဆောင် ဘုန်းရောင်နေသို့တက် သေသာနက်မှောင်လျှက် အသံကရဝိတ်ငှက် ဒန္တာသံမှိုနှက် စသည့်စာချိုးသည် နာမည်ကျော်ကြားသော စာချိုးဖြစ်သည်နှင့်အညီ အစွမ်းထက်သော ပရန္နဝါယိုဖြစ်သည်။

ကျား,မ မရွေး အားဆေး

ပရန္နဝါ, ပါးပါးလွှာ

သကာများနှင့်ဖက်၊

ဒန့်သလွန်ပွင့်, အုန်းဆံရင့်

ချိန်သင့်ညီမျှစွက်၊

မင်းတုန်းမင်းခေါင်, သူသုံးဆောင်

ဘုန်းခေါင်နေသို့လက်။

အထက်ပါဆေးနည်းကဗျာကို ကုန်းဘောင်ခေတ်တွင် နန်းတွင်းသမားတော်ကြီး ဆရာခဲမှ အားဆေးအဖြစ် ဖော်စပ်ပြီး မင်းတုန်းမင်းတရားကြီးကို ဆက်သခဲ့ပါတယ်။ ဒါကြောင့် မင်းတုန်းမင်းတရားကြီးသည် ကျန်းမာခြင်း ကာယ-စိတ္တသုခ နှစ်ဝတို့ဖြင့် ပြည့်စုံကြောင်း ကဗျာက ဖော်ညွှန်းဖွင့်ဆိုထားပါတယ်။

” အထက်ပါဆေးနည်းကို ဖော်စပ်နည်း “

(၁) ပရန္နဝါပင် ပဉ္စငါးပါးကို ပါးပါးလှီးထားရမယ်။

(၂) ဒန့်သလွန်ပွင့်ကို အသင့်စုဆောင်းထားရမယ်။

(၃) အုန်းသီးဆံရင့်ရင့်ကို အသင့်ခြစ်ထားရပါမယ်။

(၄) နောက် ပျားရည်တဆ၊ သကာ (မရလျှင် သကြား) တို့ကို အလေးချိန်အညီအမျှရောထည့်ပြီး ရေလေးခွက်ထည့်ကာ တခွက်သာကျန်အောင် ကြိုရပါမယ်။

” စားသုံးနည်း “

အထက်ပါဆေးရည်ကို ပိတ်စိမ်းပါးနဲ့ စစ်ယူပြီး ပုလင်းသန့်သန့်မှာထည့်ထားပေးပါ။ အဲဒီဆေးရည်ကို ည-မနက် ဟင်းစားဇွန်း တဇွန်းစီ သောက်ပေးသွားခြင်းဖြင့် မောပန်းအားနည်းသောရောဂါ၊သွေးလေမမှန်သောရောဂါ၊ ပန်းသေ၊ ပန်းညှိုးရောဂါ၊ နှလုံးအားနည်းခြင်း ရောဂါနှင့် ဒူလာပိန်၊ မီးယပ်ကြောင့်ပိန်သူများ အပျိုစင်ကဲ့သို့ နဂိုယဉ်ကာ လှပလာစေမည် ဖြစ်ပါတယ်။ ဆေးကုန်လျှင် အထက်ပါနည်းအတိုင်း ဖော်စပ်သောက်သုံးနိုင်ကြောင်း တင်ပြအပ်ပါတယ်။

မှတ်ချက်။ ။

အထက်ပါ အားဆေးရည်သည် အစွမ်းသတ္တိဖြင့် ပြည့်စုံသည်။ ဆေးကို အညွှန်းထက်ပိုပြီး မသောက်ရန် သတိပြုပါ။

မေတ္တာများစွာဖြင့်

Sai Min Thant

Credit – Sai Min Thant

Leave a Reply

Your email address will not be published. Required fields are marked *