သတင်း

ဆလတ်ရွက်ကပေးသော ကျန်းမာရေးအကျိုးကျေးဇူးများ

ဆလတ်ရွက်ကပေးသော ကျန်းမာရေးအကျိုးကျေးဇူးများ

ဆလတ်ရွက်ဆိုတာနဲ့ အရွက်ဖားဖားတွေနဲ့ စိမ်းစိုနေတဲ့အရွက်တစ်မျိုးကို ပြေးမြင်ကြပါလိမ့်မယ်။ ဆလတ်ရွက်ဟာ အရသာကောင်းမွန်တဲ့အပြင် ဗီတာမင်နဲ့အာဟာရဓာတ်များစွာလဲ ပါဝင်ပါတယ်။ဗီတာမင် ကေ နဲ့အေ ကြွယ်ဝစွာပါဝင်တဲ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာလဲ ပါဝင်နေပါတယ်။ ဆလတ်ရွက်ကိုစားခြင်းဖြင့် မည့်သည့် ကျန်းမာရေးကောင်းကျိုးတွေ ရနိုင်မလဲဆိုတာ သိနိုင်ဖို့ ဖတ်ရှုကြရအောင်နော်။

(၁)ကိုယ်အလေးချိန်ကျစေခြင်း

ဆလတ်ရွက် ၂ခွက်စာမှာ ကယ်လိုရီစုစုပေါင်း ၅ကယ်လိုရီသာပါဝင်တာမို့ ကိုယ်အလေးချိန်ကျလိုသူများ စားသင့်သောအရွက်ထဲတွင် ပါဝင်ပါတယ်။ ထို့ပြင် diet လုပ်နေသူများအတွက် လိုအပ်သော အာဟာရဓာတ်များကိုလဲ ဆလတ်ရွက်ကပေးစွမ်းနိုင်ပါသေးတယ်။ အဆီဓာတ်မပါရှိတဲ့အပြင် အမျှင်ဓာတ်ကြွယ်ဝတာမို့ သင့်ကို ကြာကြာအဆာခံစေပါလိမ့်မယ်။

(၂)ဦးနှောက်ကျန်းမာရေးကိုကောင်းမွန်စေခြင်း

ဦးနှောက်ဆဲလ်များ ပျက်စီးသေဆုံးရာကနေ သတိမေ့ရောဂါလို့ အလွယ်တကူခေါ်ကြသော အယ်လ်ဇိုင်းမားကဲ့သို့ ဦးနှောက်ရောဂါများ ဖြစ်ပေါ်လာစေပါတယ်။ထိုသို့မဖြစ်ရအောင် နေ့စဉ် ဆလတ်ရွက်ကို စားပေးသင့်ပါတယ်။ဆလတ်ရွက်မှာ နိုက်ထရိတ်ဓာတ်ပါဝင်တာကြောင့် အသက်ကြိးလို့ဖြစ်တဲ့ ဦးနှောက်ရောဂါများနဲ့ မှတ်ဥာဏ်ကျဆင်းခြင်းတို့ကို ကာကွယ်ပေးပါတယ်။

(၃)နှလုံးကျန်းမာရေးအတွက်အထောက်အကူပြုခြင်း

ဆလတ်ရွက်ဟာ ဖောလိတ်ဓာတ်ပြည့်ဝစွာပါဝင်သော အရွက်တစ်မျိုးဖြစ်တဲ့အတွက် နှလုံးသွေးကြောကို ဖျက်ဆီးသော ဓာတ်ပေါင်းများပေါ်ထွက်ခြင်းမှ ကာကွယ်ပေးပါတယ်။ဒါကြောင့် နှလုံးသွေးကြောအဆီဖုံးခြင်းနှင့်နှလုံးသွေးကြောကျဉ်းခြင်းကို တားဆီးပေးနိုင်ပါတယ်။ထို့ပြင် ဗီတာမင်အေနဲ့စီပါဝင်တာမို့ နှလုံးသွေးကြောများကို သန်မာစေပါတယ်။သွေးလှည့်ပတ်မှုကိုလဲကောင်းမွန်စေတာမို့ နှလုံးရောဂါများဖြစ်ပေါ်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။

(၄)ကင်ဆာရောဂါကာကွယ်ပေးခြင်း

ဆလတ်ရွက်ပုံမှန်စားပေးခြင်းဖြင့် အစာအိမ်ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ်။ထို့ပြင် ပါးစပ်ကင်ဆာ၊အစာရေမျိုကင်ဆာနဲ့လည်ချောင်းကင်ဆာကိုပါ ကာကွယ်နိုင်ကြောင်း ကင်ဆာသုတေသနအဖွဲ့တစ်ခုက တင်ပြထားပါတယ်။ ဂျပန်နိုင်ငံလေ့လာရေးအဖွဲ့တစ်ခုအရ ဆလတ်ရွက်စားခြင်းဖြင့် အဆုတ်ကင်ဆာကို ကာကွယ်နိုင်ကြောင်းတွေ့ရှိရပါတယ်။

(၅)ဆီးချိုရောဂါကိုကာကွယ်ပေးခြင်း

ဆလတ်ရွက်ကို ပုံမှန်စားပေးခြင်းဖြင့် type 2 ဆီးချိုကို ကာကွယ်နိုင်ကြောင်း လေ့လာတွေ့ရှိချက်များစွာ ရှိပါတယ်။ ထို့ပြင် ဆလတ်ရွက်၂ခွက်စာမှာ ၅ကယ်လိုရီနဲ့ ကစီဓာတ် ၂ဂရမ်သာပါဝင်တာမို့ ဆီးချိုသမားများ စိတ်ချစွာ စားသုံးနိုင်ပါတယ်။

(၆)အစာချေစနစ်ကောင်းမွန်စေခြင်း

ဆလတ်ရွက်မှာပါသော အမျှင်ဓာတ်များစွာက သင့်ကိုအစာကြေစေပြီး ၀မ်းမှန်စေဖို့ အထောက်အကူပြုပါလိမ့်မယ်။လေပွခြင်းနဲ့အစာအိမ်အနာများကိုပါ သက်သာစေမှာပါ။

(၇)မျက်စိအမြင်အာရုံကောင်းမွန်စေခြင်း

ဆလတ်ရွက်တွင်ပါသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ zeaxanthin ဟာ သင့်မျက်စိအာရုံကိုအားဖြည့်ပေးနိုင်တဲ့အကောင်းဆုံးဓာတ်တစ်ခုပဲ ဖြစ်ပါတယ်။အသက်အရွယ်ကြီးလို့ဖြစ်တဲ့ အမြင်အာရုံပျက်စီးခြင်းကိုလဲ ကာကွယ်ပေးနိုင်ပါသေးတယ်။

(၈)အရိုးများသန်မာစေခြင်း

ဗီတာမင် အေ၊ကေနဲ့စီ ပါဝင်တာမို့အရိုးတွင်းကော်လဂျင်ထုတ်လုပ်မှုကို တိုးတက်စေပါတယ်။ဒါကြောင့် အရိုးသိပ်သည်းဆမြင့်မားစေပြီး ကြံ့ခိုင်သန်မာစေပါတယ်။ ထို့ပြင် ဗီတာမင်ကေ က အရိုးနုနဲ့အရိုးတွယ်ဆက်တစ်ရှူးများ တည်ဆောက်ရာတွင် အားဖြည့်ပေးပါတယ်။ဗီတာမင် အေ ပါဝင်တာမို့ အ၇ိုးပါးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

(၉)ကိုယ်ခံအားကောင်းမွန်စေခြင်း

ဆလတ်ရွက်မှာပါသော ဗီတာမင် အေနဲ့စီက ကိုယ်ခံအားစနစ်ကို ကောင်းစေပါတယ်

(၁၀)ကိုယ်ဝန်ဆောင်ကျန်းမာရေးကောင်းမွန်စေခြင်း

ဖောလိတ်ဓာတ်ပါဝင်မှုများတာမို့ ကိုယ်ဝန်ဆောင်မိခင်နဲ့သနေသားကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။မွေးလာမယ့်ကလေးရဲ့ ချို့ယွင်းမှုများကို ကာကွယ်နိုင်သော ဓာတ်တစ်မျိုး ဖြစ်ပါတယ်။ထို့ပြင် ဗီတာမင် ကေ က ကလေးမွေးဖွားစဉ် သွေးအလွန်ထွက်ခြင်းကို ကာကွယ်ပေးနိုင်ပါသေးတယ်။အမျှင်ဓာတ်ကြွယ်ဝတဲ့အရွက်ဖြစ်တာကြောင့် ကိုယ်ဝန်ဆောင်စဉ် ၀မ်းချူပ်ခြင်းကို သက်သာစေမှာ ဖြစ်ပါတယ်။
Daily Hot News

Leave a Reply

Your email address will not be published. Required fields are marked *