သတင်း

နေ့စဉ် ရေတစ်ခွက်ပဲ သောက်ရင် ကိုယ်တွင်းမှာ ဘာတွေဖြစ်လာနိုင်သလဲ

နေ့စဉ် ရေတစ်ခွက်ပဲ သောက်ရင် ကိုယ်တွင်းမှာ ဘာတွေဖြစ်လာနိုင်သလဲ
______________________________________________

ကျွမ်းကျင်သူတွေကတော့ တစ်နေ့ ကို ရေနှစ်လီတာ(ရှစ်ဖန်ခွက်) သောက် ဖို့ အကြံပေးထားပေမယ့် တချို့လူတွေ ဟာ သောက်ရေအတွက် ရေအလွယ် တကူမရတာ၊ ခရီးလမ်းမှာ မကြာခဏ အိမ်သာသွားရမှာစိုးလို့ ရေလျှော့သောက် တာလိုမျိုး အကြောင်းကြောင်းတွေ ကြောင့် ရေသောက်နည်းတတ်ကြပါ တယ်။ သင့်ခန္ဓာကိုယ်အနေနဲ့ ရေဓာတ် ပြည့်ဝစွာရှိဖို့ လိုအပ်နေတဲ့အတွက် တစ် နေ့ကို ရေတစ်ခွက်ပဲ သောက်သုံးရင် ခန္ဓာကိုယ်အတွင်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကို သိထားသင့်တာကြောင့် ဖော်ပြပေးလိုက်ပါတယ်။

ရင်တုန်ခြင်း
သင့်ခန္ဓာကိုယ်ထဲက လှည့်ပတ်နေ တဲ့ သွေးပမာဏတွေ အကောင်းဆုံး အ နေအထားရောက်ဖို့ ရေများများသောက်ဖို့ လိုအပ်ပါတယ်။ တစ်နေ့ကို ရေတစ်ခွက် ပဲသောက်တာကြောင့် သွေးပမာဏ လျော့နည်းသွားတဲ့အတွက် နှလုံးက ပုံ မှန်ထက် ခက်ခက်ခဲခဲ အလုပ်လုပ်ရတာ ကြောင့် နှလုံးခုန်၊ ရင်တုန်လာပါတယ်။

သွေးဖိအားကျဆင်းသွားခြင်း
နှလုံးက ခက်ခက်ခဲခဲ အလုပ်လုပ်ရ တဲ့အတွက် သွေးဖိအားလည်း ကျဆင်း သွားနိုင်ပါတယ်။ သွေးဖိအားမြင့်တက် လွန်းတာက ကျန်းမာရေးအတွက် ဆိုးရွားနိုင်သလို သွေးဖိအား အလွန်အ မင်းကျဆင်းသွားတာကြောင့်လည်း ကိုယ်တွင်းအင်္ဂါတွေဆီကို အောက်ဆီဂျင် လိုအပ်သလောက် မရရှိနိုင်တော့တဲ့ အတွက် ကျန်းမာရေးပြဿနာ ဖြစ်လာနိုင် ပါတယ်။

ခေါင်းကိုက်ခြင်း
ခန္ဓာကိုယ်အတွင်း ရေလုံလုံ လောက်လောက် မရတာကြောင့် အလွန် အမင်း ခေါင်းကိုက်နိုင်ပါတယ်။ သင့်ဦး နှောက်မှာ ရေက ၅၇ ရာခိုင်နှုန်းပါဝင် တဲ့အတွက် ရေဓာတ်မပြည့်ဝခဲ့ရင် ဦး နှောက် ယာယီကျုံ့သွားတာကြောင့် ခေါင်းကိုက်ဝေဒနာခံစားရတာပါ။

အာရုံစူးစိုက်မှုလျော့နည်းခြင်း
ဦးနှောက်က ရေဓာတ်ပြည့်ပြည့် ၀၀ ရရှိဖို့ လိုအပ်တဲ့အတွက် ကိုယ်တွင်း ရေဓာတ်မပြည့်ဝချိန်မှာ ဦးနှောက်အနေ နဲ့ ခက်ခက်ခဲခဲ အလုပ်လုပ်ရပါတယ်။ ရေ သောက်နည်းတာကြောင့် ပင်ပန်းနွမ်း နယ်နိုင်တဲ့အပြင် စိတ်ခံစားချက်လည်း မကောင်းတဲ့အတွက် အလုပ်အပေါ်မှာ အာရုံစူးစိုက်မှု လျော့နည်းသွားနိုင်ပါ တယ်။

ကြွက်တက်နိုင်ခြင်း
ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေအနေ နဲ့လည်း အလုပ်ကောင်းမွန်စွာ လုပ်နိုင်ဖို့ ရေလိုအပ်ပါတယ်။ ရေသောက်နည်းတာ ကြောင့် ကြွက်သားအားနည်းတဲ့အပြင် ကြွက်တက်တဲ့ဝေဒနာခံစားရနိုင်ပါတယ်။

ဆီးအရောင်ရင့်ခြင်း
သင်ရဲ့ ဆီးအရောင်ကိုကြည့်ပြီး သင် ရေလုံလုံလောက်လောက် သောက် မသောက် သိရှိနိုင်တယ်လို့ ကျွမ်းကျင် သူတွေက ဆိုပါတယ်။ ရေတစ်ခွက်ပဲ သောက်တာကြောင့် ကိုယ်တွင်းရေဓာတ် ချို့တဲ့တဲ့ လက္ခဏာအနေနဲ့ သင်ရဲ့ ဆီးအရောင်ရင့်သွားပါတယ်။

ဝမ်းချုပ်ခြင်း
နေ့စဉ် ရေဓာတ်လုံလုံလောက် လောက် မသောက်နိုင်ရင် ၀မ်းချုပ်နိုင်ပါ တယ်။ အထူးသဖြင့် အမျှင်ဓာတ်ပါဝင်မှု နည်းပါးတဲ့အစာစားသူတွေနဲ့ထိုင်ပြီး အလုပ်လုပ်ရသူတွေပါ။ ၀မ်းချုပ်တာ ကြောင့် လေပွတာ၊ အသားအရေ ညစ် ထပ်ထပ်ဖြစ်တာ၊ ခံတွင်းအနံ့ဆိုးထွက် တာတွေလည်း ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် သင့်အနေနဲ့ ဘယ်လိုအ ခက်အခဲမျိုး၊ ဘယ်လိုအနေအထားမျိုး မှာမဆို ရေကို လုံလုံလောက်လောက် ရရှိအောင် မဖြစ်မနေသောက်သုံးပါ။

#ဒေါက်တာခင်မိုးမိုး

 

Leave a Reply

Your email address will not be published. Required fields are marked *