သတင်း

ကိုယ်လက်တောင့်တင်း ဇက်ကြောတက်ခြင်း အမှန်ပင်ပျောက်စေဖို့

ကိုယ်လက်တောင့်တင်း ဇက်ကြောတက်ခြင်း အမှန်ပင်ပျောက်စေဖို့

ရုံးကပြန်လာတိုင်း အမြဲတမ်းကိုယ်လက်တွေကိုက်ခဲတောင့်တင်းပြီး ဇက်ကြောတွေတက်လှသည်ဟု ဆိုကာ နင်းပါဦး..နှိပ်ပါဦး မိသားစုဝင်များအား
အကူအညီတောင်းခံတက်သော ဖခင်အားကြည့်ပြီး ဂရုဏာသက်မိသည်။

ထိုမျှမက ဇက်ကြောကို ထင်းချောင်းဖြင့်ထုခိုင်း၊ သနပ်ခါးတုံးဖြင့်ထုခိုင်း စေခိုင်းတတ်ပြန်သည်။ ထိုကာလသည်က(၆)နှစ် မကပင်ကြာမည်ထင်ပါသည်။

ယခုမဖြစ်တော့ပါ..။ နည်းလမ်းကောင်းလေးရလိုက်၍လည်းဖြစ်၏။

နည်းလမ်း>>>

နေ့စဉ်အုန်းမှုတ်ခွက်နင်းခြင်းဖြစ်သည်။ ရုံးကပြန်လာသည်နှင့် ရေမိုးချိုးသည်။

ပြီးနောက် အိမ်နီးနားရှိ သက်ရင်းကြီးပင်မှ သက်ရင်းကြီးရွက်(၂)ရွက်ကိုခူးကာ အုန်းမှုတ်ခွက်ပေါ်တင်လိုက်ပြီး ခြေဖ၀ါးပြင်နှစ်ဖက် နေရာအနှံ့ မုန်ညှင်းဆီကိုလူးတော့သည်။

ထို့နောက် မုန်ညှင်းဆီလိမ်းထားသောခြေဖ၀ါးနှစ်ဖက်ဖြင့် သက်ရင်းကြီးရွက် အသင့်တင်ထားသော အုန်းမှုတ်ခွက်ပေါ်သို့ (၁၅)မိနစ်ခန့်
စိတ်တိုင်းကျ နင်းခြင်းဖြစ်လေသည်။

အဖေနှစ်ပေါင်းများစွာ ခံစားရခက်သော
ကိုယ်လက်တောင့် တင်းဇက်ကြောတက်ခြင်း အမှန်ပင် ယနေ့ချိန်ထိ ပျောက်ကင်းသွားလေသည်။

လိုသူတို့သုံး စေတနာအပြုံးဖြင့် ရွှင်လန်းနိုင်ပါစေ…

Credit~ ရဲမျိုးသူ(ဗောဓိမြိုင်)

Leave a Reply

Your email address will not be published. Required fields are marked *