သတင္း

ေရႊစက္ေတာ္ဘုရား ငဖဲေစာင္းတန္းအနီး အေလာင္းတစ္ေလာင္း ေတြ႔ရိွ

ေရႊစက္ေတာ္ဘုရား ငဖဲေစာင္းတန္းအနီး အေလာင္းတစ္ေလာင္း ေတြ႔ရိွ
==========================
မန္းေရႊစက္ေတာ္ဘုရားပဲြေတာ္ ငဖဲေစာင္းတန္းအနီး လွ်ိဳေျမာင္အတြင္း၌ ေျခာက္ေသြ႔ေနသည့္ အေလာင္းတစ္ေလာင္းအား ေတြ႔ရသျဖင့္ ေသဆံုးျခင္း အေၾကာင္းအရာ ႏွင့္ ပတ္သက္၍ စစ္ေဆးေနေၾကာင္း သိရသည္။

“လြန္ခဲ့တဲ့ (၁၀) ရက္ေက်ာ္ေလာက္ကတည္းက ေသေနတာလို႔ တာဝန္ရိွသူေတြက သံုးသပ္ပါတယ္။ ဘယ္ရြာက ဘယ္သူဆိုတာကို အရိပ္အျမြက္ေလာက္ေတာ႔ သိရေပမဲ့ အတည္မျပဳႏိုင္ေသးပါဘူး။ ျပင္ပ ဒဏ္ရာ တစ္စံုတစ္ရာ မေတြ႔ရိွရဘူးလို႔ ရဲစစ္ေဆးခ်က္အရ သိရပါတယ္”ဟု ေရႊစက္ေတာ္ေဂါပက ဥကၠဌ ဦးသိန္းလိႈင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေရႊစက္ေတာ္ဘုရား ငဖဲေစာင္းတန္း၏ အေရွ႕ေတာင္ဘက္(၄)ဖာလံုခန္႔အကြာရိွ လွ်ိဳေျမာင္အတြင္းမွ အသက္(၄၀)ဝန္းက်င္ရိွ အမ်ိဳးသားအေလာင္းတစ္ေလာင္းအား မတ္လ(၁၇)ရက္ေန႔ ေန႔လယ္(၁၁)နာရီခဲြအခ်ိန္၀န္းက်င္က ေတြ႔ရိွေၾကာင္း ေခတၱ ေရႊစက္ေတာ္ ငဖဲေစာင္းတန္း မီးပ်ံက်ေန ေစ်းသည္ ဦးတင္ေငြ၏ သတင္းေပးပို႔ခ်က္အရ ေရႊစက္ေတာ္ရဲကင္းစခန္းမွဴး ဒုရဲမွဴးလွေမာင္ဦးစီးအဖဲြ႔နွင္႔ မီးသတ္ဦးစီးဌာနမွ သေႏၶ မီးသတ္ လက္ေထာက္ဦးစီးမွဴး ဦးထြန္းျမင္႔ဦးတို႔ ဦးစီးအဖဲြ႔က သက္ေသမ်ားႏွင္႔အတူ သြားေရာက္စစ္ေဆး ခဲ႔ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အေလာင္းအား မင္းဘူးၿမိဳ႕ ျဗဟၼစိုနာေရးကူညီမႈအသင္းေမာ္ေတာ္ယာဥ္ျဖင္႔ မင္းဘူးၿမိဳ႔ ျပည္သူ႔ေဆးရံုႀကီးသို႔ ပို႔ေဆာင္ကာ စစ္ေဆးေနၿပီး စကုနယ္ေျမရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္ ၄/၂၀၁၈ ျဖင္႔ အမႈေရးဖြင္႔စစ္ေဆးေဆာင္ရြက္လွ်က္ရိွေၾကာင္း သိရသည္။

သတင္း – #ဖီးနစ္
ဓါတ္ပံု – သီဟ
http://www.tachileik.net/2018/03/SSTp.html


********

~~~~~~~~⊰❂ unicode ❂⊱~~~~~~~~

မန်းရွှေစက်တော်ဘုရားပွဲတော် ငဖဲစောင်းတန်းအနီး လျှိုမြောင်အတွင်း၌ ခြောက်သွေ့နေသည့် အလောင်းတစ်လောင်းအား တွေ့ရသဖြင့် သေဆုံးခြင်း အကြောင်းအရာ နှင့် ပတ်သက်၍ စစ်ဆေးနေကြောင်း သိရသည်။

“လွန်ခဲ့တဲ့ (၁၀) ရက်ကျော်လောက်ကတည်းက သေနေတာလို့ တာဝန်ရှိသူတွေက သုံးသပ်ပါတယ်။ ဘယ်ရွာက ဘယ်သူဆိုတာကို အရိပ်အမြွက်လောက်တော့ သိရပေမဲ့ အတည်မပြုနိုင်သေးပါဘူး။ ပြင်ပ ဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိရဘူးလို့ ရဲစစ်ဆေးချက်အရ သိရပါတယ်”ဟု ရွှေစက်တော်ဂေါပက ဥက္ကဌ ဦးသိန်းလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရွှေစက်တော်ဘုရား ငဖဲစောင်းတန်း၏ အရှေ့တောင်ဘက်(၄)ဖာလုံခန့်အကွာရှိ လျှိုမြောင်အတွင်းမှ အသက်(၄၀)ဝန်းကျင်ရှိ အမျိုးသားအလောင်းတစ်လောင်းအား မတ်လ(၁၇)ရက်နေ့ နေ့လယ်(၁၁)နာရီခွဲအချိန်ဝန်းကျင်က တွေ့ရှိကြောင်း ခေတ္တ ရွှေစက်တော် ငဖဲစောင်းတန်း မီးပျံကျနေ ဈေးသည် ဦးတင်ငွေ၏ သတင်းပေးပို့ချက်အရ ရွှေစက်တော်ရဲကင်းစခန်းမှူး ဒုရဲမှူးလှမောင်ဦးစီးအဖွဲ့နှင့် မီးသတ်ဦးစီးဌာနမှ သန္ဓေ မီးသတ် လက်ထောက်ဦးစီးမှူး ဦးထွန်းမြင့်ဦးတို့ ဦးစီးအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အလောင်းအား မင်းဘူးမြို့ ဗြဟ္မစိုနာရေးကူညီမှုအသင်းမော်တော်ယာဉ်ဖြင့် မင်းဘူးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ စစ်ဆေးနပြေီး စကုနယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၄/၂၀၁၈ ဖြင့် အမှုရေးဖွင့်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း – #ဖီးနစ်
ဓာတ်ပုံ – သီဟ
⊰❂ #TachileikNewsAgency #TachileikOnlineNews #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net ❂⊱

Leave a Reply

Your email address will not be published. Required fields are marked *