သတင္း

ကမာၻေပၚက ေနမဝင္တဲ့ ႏိုင္ငံမ်ား

ကမာၻေပၚက ေနမဝင္တဲ့ ႏိုင္ငံမ်ား

ကမာၻေပၚက ႏိုင္ငံအႏွံ႔အျပားမွာ ေန႔နဲ႔ ညရဲ႕ စံေတာ္ခ်ိန္ေတြဟာ မတူညီေပမယ့္ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာေတာ့ ေနနဲ႔ ညကို ခြဲျခားသိျမင္ႏိုင္ပါတယ္။ ဒါေပမဲ့ အခုေဖာ္ျပေပးမယ့္ ႏိုင္ငံေတြကေတာ့ ေန႔အလင္းေရာင္ကို အျခားႏိုင္ငံေတြထက္ အခ်ိန္ေပါင္းမ်ားစြာ ရရွိတဲ့ ႏိုင္ငံေတြပဲ ျဖစ္ပါတယ္။

(၁) Norway

Norway ႏိုင္ငံဟာ အာတိတ္စက္ဝိုင္းအတြင္းမွာ တည္ရွိတဲ့ ႏိုင္ငံတႏိုင္ငံျဖစ္ၿပီး ေမလကေန ဇူလိုင္လ ေႏွာင္းပိုင္းအထိ ၇၆ ရက္ခန႔္ ေနမဝင္တဲ့ ႏိုင္ငံတႏိုင္ငံလည္းျဖစ္ပါတယ္။ ေန႔အလင္းေရာင္ဟာ တႏိုင္ငံလုံး အတိုင္းအတာနဲ႔ နာရီ ၂၀ တိတိ ၾကာျမင့္ၿပီး ဥေရာပရဲ႕ ေျမာက္ဘက္ အက်ဆုံးျဖစ္တဲ့ Norway ႏိုင္ငံ Svalbard ၿမိဳ႕ဟာဆိုရင္ေတာ့ ဧၿပီလ ၁၀ရက္ေန႔ကေန ၾသဂုတ္လ ၂၃ ရက္ေန႔အထိ ၂၄ နာရီကာလပတ္လုံး ေန႔အလင္းေရာင္ကို ရရွိတဲ့ ၿမိဳ႕တၿမိဳ႕လည္း ျဖစ္ပါတယ္။

(၂) Iceland

ၿဗိတိန္ႏိုင္ငံၿပီးတာနဲ႔ ဥေရာပရဲ႕ အႀကီးမားဆုံး ကြၽန္းစုႏိုင္ငံတႏိုင္ငံျဖစ္တဲ့ Iceland ဟာဆိုရင္ ေမလ ၁၀ ရက္ေန႔ကေန ဇူလိုင္လ အထိ ေန႔အလင္းေရာင္ကို အခ်ိန္ျပည့္ရရွိတဲ့ ႏိုင္ငံတႏိုင္ငံလည္း ျဖစ္ပါတယ္။ ေန႔အလင္းေရာင္ကို အခ်ိန္ျပည့္ရရွိတဲ့ Iceland ႏိုင္ငံမွာေတာ့ သြားေရာက္ လည္ပတ္သူေတြအေနနဲ႔ ေတာင္တက္ျခင္း၊ သဘာဝပတ္ဝန္းက်င္ စူးစမ္းေလ့လာျခင္း၊ စက္ဘီးစီးျခင္းနဲ႔ အမ်ိဳးသားပန္းဥယ်ာဥ္တို႔ကို သြားေရာက္ လည္ပတ္ျခင္း စတာေတြကို လုပ္ေဆာင္ႏိုင္ပါတယ္။

(၃) Canada

ကမာၻ႔အႀကီးဆုံးႏိုင္ငံေတြထဲမွာ ဒုတိယအႀကီးမားဆုံး ႏိုင္ငံတႏိုင္ငံျဖစ္ၿပီး တႏိုင္ငံလုံးဟာ ႏွင္းေတြနဲ႔ ျပည့္ႏွက္ေနပါတယ္။ ႏိုင္ငံရဲ႕ Inuvik လို ၿမိဳ႕မ်ိဳးမွာေတာ့ ေႏြရာသီတိုင္း ေန႔အလင္းေရာင္ကို ရက္ ၅၀ တိတိ ေတြ႕ျမင္ရမွာျဖစ္ၿပီး ေတာင္တက္ျခင္း၊ သမိုင္းဝင္အေဆာက္အဦေတြ ေလ့လာျခင္းနဲ႔ Aurora အလင္းတန္းမ်ား ၾကည့္ရႈျခင္းတို႔ကို လုပ္ေဆာင္ႏိုင္မွာျဖစ္ပါတယ္။


(၄) Alaska

ေမလေႏွာင္းပိုင္းကေနစၿပီး ဇူလိုင္လအထိ ေန႔အလင္းေရာင္ရရွိတဲ့ ႏိုင္ငံတႏိုင္ငံျဖစ္ပါတယ္။ ေဆာင္းရာသီရဲ႕ ျပင္းထန္လွတဲ့ အေအးဒဏ္ၾကားမွာေတာ့ Alaska ဟာ အေမွာင္ထဲမွာေတာင္ လွပတဲ့ ႏိုင္ငံတႏိုင္ငံ ျဖစ္တဲ့အျပင္ ေရခဲျမစ္ေတြနဲ႔ ႏွင္းျမဴေတြ ဖုံးအုပ္ေနတဲ့ ေတာင္တန္းေတြေၾကာင့္ လူသိမ်ားထင္ရွားတဲ့ ႏိုင္ငံတႏိုင္ငံလည္း ျဖစ္ပါတယ္။

Ref: m.idiva.com

Credit – ဟယ္လ္သင္(ဧရာဝတီ), The Irrawaddy – Burmese Edition

https://burma.irrawaddy.com/lifestyle/trend/2018/12/26/178628.html

(Unicode)

ကမ္ဘာပေါ်က နေမဝင်တဲ့ နိုင်ငံများ

ကမ္ဘာပေါ်က နိုင်ငံအနှံ့အပြားမှာ နေ့နဲ့ ညရဲ့ စံတော်ချိန်တွေဟာ မတူညီပေမယ့် နိုင်ငံတော်တော်များများမှာတော့ နေနဲ့ ညကို ခွဲခြားသိမြင်နိုင်ပါတယ်။ ဒါပေမဲ့ အခုဖော်ပြပေးမယ့် နိုင်ငံတွေကတော့ နေ့အလင်းရောင်ကို အခြားနိုင်ငံတွေထက် အချိန်ပေါင်းများစွာ ရရှိတဲ့ နိုင်ငံတွေပဲ ဖြစ်ပါတယ်။

(၁) Norway

Norway နိုင်ငံဟာ အာတိတ်စက်ဝိုင်းအတွင်းမှာ တည်ရှိတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး မေလကနေ ဇူလိုင်လ နှောင်းပိုင်းအထိ ၇၆ ရက်ခန့် နေမဝင်တဲ့ နိုင်ငံတနိုင်ငံလည်းဖြစ်ပါတယ်။ နေ့အလင်းရောင်ဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ နာရီ ၂၀ တိတိ ကြာမြင့်ပြီး ဥရောပရဲ့ မြောက်ဘက် အကျဆုံးဖြစ်တဲ့ Norway နိုင်ငံ Svalbard မြို့ဟာဆိုရင်တော့ ဧပြီလ ၁၀ရက်နေ့ကနေ သြဂုတ်လ ၂၃ ရက်နေ့အထိ ၂၄ နာရီကာလပတ်လုံး နေ့အလင်းရောင်ကို ရရှိတဲ့ မြို့တမြို့လည်း ဖြစ်ပါတယ်။

(၂) Iceland

ဗြိတိန်နိုင်ငံပြီးတာနဲ့ ဥရောပရဲ့ အကြီးမားဆုံး ကျွန်းစုနိုင်ငံတနိုင်ငံဖြစ်တဲ့ Iceland ဟာဆိုရင် မေလ ၁၀ ရက်နေ့ကနေ ဇူလိုင်လ အထိ နေ့အလင်းရောင်ကို အချိန်ပြည့်ရရှိတဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။ နေ့အလင်းရောင်ကို အချိန်ပြည့်ရရှိတဲ့ Iceland နိုင်ငံမှာတော့ သွားရောက် လည်ပတ်သူတွေအနေနဲ့ တောင်တက်ခြင်း၊ သဘာဝပတ်ဝန်းကျင် စူးစမ်းလေ့လာခြင်း၊ စက်ဘီးစီးခြင်းနဲ့ အမျိုးသားပန်းဥယျာဉ်တို့ကို သွားရောက် လည်ပတ်ခြင်း စတာတွေကို လုပ်ဆောင်နိုင်ပါတယ်။

(၃) Canada

ကမ္ဘာ့အကြီးဆုံးနိုင်ငံတွေထဲမှာ ဒုတိယအကြီးမားဆုံး နိုင်ငံတနိုင်ငံဖြစ်ပြီး တနိုင်ငံလုံးဟာ နှင်းတွေနဲ့ ပြည့်နှက်နေပါတယ်။ နိုင်ငံရဲ့ Inuvik လို မြို့မျိုးမှာတော့ နွေရာသီတိုင်း နေ့အလင်းရောင်ကို ရက် ၅၀ တိတိ တွေ့မြင်ရမှာဖြစ်ပြီး တောင်တက်ခြင်း၊ သမိုင်းဝင်အဆောက်အဦတွေ လေ့လာခြင်းနဲ့ Aurora အလင်းတန်းများ ကြည့်ရှုခြင်းတို့ကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

(၄) Alaska

မေလနှောင်းပိုင်းကနေစပြီး ဇူလိုင်လအထိ နေ့အလင်းရောင်ရရှိတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ ဆောင်းရာသီရဲ့ ပြင်းထန်လှတဲ့ အအေးဒဏ်ကြားမှာတော့ Alaska ဟာ အမှောင်ထဲမှာတောင် လှပတဲ့ နိုင်ငံတနိုင်ငံ ဖြစ်တဲ့အပြင် ရေခဲမြစ်တွေနဲ့ နှင်းမြူတွေ ဖုံးအုပ်နေတဲ့ တောင်တန်းတွေကြောင့် လူသိများထင်ရှားတဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။

Ref: m.idiva.com

Credit – ဟယ်လ်သင်(ဧရာဝတီ), The Irrawaddy – Burmese Edition

Leave a Reply

Your email address will not be published. Required fields are marked *