ပင္လယ္စာႀကိဳက္သူမ်ား သတိျပဳရမယ့္ မာက်ဴရီအဆိပ္သင့္ျခင္း
မာက်ဴရီအဆိပ္ အမ်ားဆုံးပါဝင္တဲ့ အစားအစာက ပင္လယ္စာပါတဲ့။ ဒါ့အျပင္ စက္႐ုံေတြ၊ သာမိုမီတာေတြ၊ ေသြးေပါင္ခ်ိန္ ကိရိယာေတြ၊ သြားျပဳျပင္ ကိရိယာေတြ၊ ေဆးမႈတ္တာ၊ သုတ္ေဆးေတြမွာလည္း မာက်ဴရီပမာဏေတြ ျမင့္မားစြာ တည္ရွိပါဝင္ေနပါတယ္။ အဲဒီထဲမွာ အႏၲရာယ္ အႀကီးဆုံးကေတာ့ ပင္လယ္ငါးပုဇြန္ေတြမွာ ပါဝင္ေနေလ့ရွိတဲ့ မီသိုင္းမာက်ဴရီ အမ်ိဳးအစားျဖစ္ပါတယ္။ မာက်ဴရီဟာ ပင္လယ္ေရမွာ ျမင့္မားစြာ ေပ်ာ္ဝင္ေနၿပီး ရွင္သန္က်က္စား ေပါက္ပြားေနတဲ့ ပင္လယ္သတၱဝါ မ်ိဳးရင္းတိုင္းကို အဆိပ္အျပင္းဆုံး မာက်ဴရီဓာတ္ စိမ့္ဝင္ေနေစပါတယ္။
ပုဇြန္ဆိတ္လိုမ်ိဳး ေသးေကြးတဲ့ ပင္လယ္သတၱဝါေတြမွာ မာက်ဴရီ ပိုမ်ားမ်ားပါ ပါသတဲ့။ မာက်ဴရီဓာတ္ဟာ ပတ္ဝန္းက်င္က အရာဝတၳဳ အေတာ္မ်ားမ်ားမွာ ပါဝင္လ်က္ရွိပါတယ္။ သဘာဝအတိုင္း ပါဝင္ေနတဲ့ မာက်ဴရီဓာတ္ဟာ မိုးေရ၊ ေျမႀကီးနဲ႔ ေသာက္သုံးေရထဲမွာ စိမ့္ဝင္ေနၿပီး ထိကပ္နီးစပ္ေနတဲ့ အစားအစာနဲ႔ အပင္မ်ားကို အဆိပ္သင့္ေစပါတယ္။
မာက်ဴရီအဆိပ္သင့္တဲ့အခါ
● ဂဏွာမၿငိမ္ ျဖစ္မယ္
● စိတ္မတည္မၿငိမ္ ခံစားရမယ္
● ထုံတာ၊ က်င္တာ
● မွတ္ဉာဏ္ ေလ်ာ့ပါးလာတာ
● စိတ္ဓာတ္ က်ဆင္းတာ
● ေျခတုန္လက္တုန္ ျဖစ္တာေတြ ခံစားရေလ့ ရွိပါတယ္။
မာက်ဴရီပမာဏက အနည္းအက်ဥ္းဆို ဒုကၡမေပးေပမယ့္ ခႏၶာကိုယ္ထဲမွာ ေရရွည္စုပုံလာတဲ့အခါ –
● ႂကြက္သားေတြ အားေပ်ာ့လာတာ
● ပါးစပ္ေတြ ခါးတာ
● ပ်ိဳ႕တာ၊ အန္တာ
● လႈပ္ရွားရတာ ေႏွးေကြးတာ
● မ်က္လုံးေဝဝါးတာ အၾကားအာ႐ုံ ခ်ိဳ႕တဲ့တာ
● အသက္ရွဴၾကပ္တာ
● လမ္းမေလွ်ာက္ႏိုင္ေတာ့တာေတြ ျဖစ္ေစပါတယ္။
မာက်ဴရီပမာဏက ကေလးေတြကိုလည္း ဖြံ႕ၿဖိဳးႀကီးထြားမႈေတြမွာ မ်ားစြာထိခိုက္ေစပါတယ္။ စကားေျပာရ ခက္ခဲတာ၊ လက္ ေ႐ြ႕လ်ားမႈ မူမမွန္တာေတြ ျဖစ္ေစပါတယ္။ မာက်ဴရီနဲ႔ ေရရွည္ထိေတြလာသူေတြမွာ ၾကာရွည္လာတဲ့အခါ အာ႐ုံေၾကာ ထိခိုက္ပ်က္ျပားမႈေတြ ျဖစ္ေစပါတယ္။ စဥ္းစားေတြးေခၚတာေတြ ပ်က္ျပားလာတာ၊ အလႈပ္အရွား မူမမွန္တာေတြအျပင္ ႏွလုံးေသြးေၾကာ ေရာဂါနဲ႔ ႏွလုံးႂကြက္သား ပ်က္စီးႏိုင္ေျခကိုပါ ျမင့္မားေစပါတယ္။
မာက်ဴရီ အဆိပ္သင့္တာရဲ႕ အဆိုးဆုံးတစ္ခုကေတာ့ အမ်ိဳးသား သုတ္ေကာင္ပမာဏကို ေလ်ာ့နည္းေစၿပီး မ်ိဴးပြားႏိုင္စြမ္း၊ ကေလးရႏိုင္စြမ္းကို တျဖည္းျဖည္း နည္းပါးလာေစတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ မာက်ဴရီ အဆိပ္သင့္တာကို တစ္စိတ္တစ္ပိုင္း ကာကြယ္လို႔ရတာဆိုရင္ ပင္လယ္စာ စားသုံးမႈကို သိသိသာသာ ေလွ်ာ့ခ်ဖို႔ ျဖစ္ပါတယ္။ ကမ္းနားေဒသေတြမွာ ေနထိုင္ၿပီး ေန႔စဥ္ ပင္လယ္ငါးစားသုံးသူေတြ ေရရွည္မွာ အသက္ရလာတဲ့အခါ မာက်ဴရီအဆိပ္သင့္မႈ လကၡဏာေတြ အနည္းနဲ႔အမ်ား ေပၚလာတတ္တာကို ေတြ႕ရမွာျဖစ္ပါတယ္။
ေကာင္းတဲ့အဆီ ျပည့္ဝေနၿပီး အာဟာရျပည့္တဲ့ ပင္လယ္ငါးပုဇြန္ေတြကိုလည္း ႀကိဳက္ႏွစ္သက္တိုင္း မ်ားမ်ား မစားၾကၾကဖို႔၊ တစ္ပတ္လွ်င္ ႏွစ္ႀကိမ္ခန႔္သာ စားသုံးဖို႔၊ မိမိခႏၶာကိုယ္တြင္း ဝင္ေရာက္လာမယ့္ မာက်ဴရီပမာဏကို တတ္ႏိုင္သေလာက္ ကာကြယ္ၾကဖို႔ တိုက္တြန္းပါတယ္ေနာ္။
ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)
Credit – drmyanmar.com
(Unicode)
ပင်လယ်စာကြိုက်သူများ သတိပြုရမယ့် မာကျူရီအဆိပ်သင့်ခြင်း
မာကျူရီအဆိပ် အများဆုံးပါဝင်တဲ့ အစားအစာက ပင်လယ်စာပါတဲ့။ ဒါ့အပြင် စက်ရုံတွေ၊ သာမိုမီတာတွေ၊ သွေးပေါင်ချိန် ကိရိယာတွေ၊ သွားပြုပြင် ကိရိယာတွေ၊ ဆေးမှုတ်တာ၊ သုတ်ဆေးတွေမှာလည်း မာကျူရီပမာဏတွေ မြင့်မားစွာ တည်ရှိပါဝင်နေပါတယ်။ အဲဒီထဲမှာ အန္တရာယ် အကြီးဆုံးကတော့ ပင်လယ်ငါးပုဇွန်တွေမှာ ပါဝင်နေလေ့ရှိတဲ့ မီသိုင်းမာကျူရီ အမျိုးအစားဖြစ်ပါတယ်။ မာကျူရီဟာ ပင်လယ်ရေမှာ မြင့်မားစွာ ပျော်ဝင်နေပြီး ရှင်သန်ကျက်စား ပေါက်ပွားနေတဲ့ ပင်လယ်သတ္တဝါ မျိုးရင်းတိုင်းကို အဆိပ်အပြင်းဆုံး မာကျူရီဓာတ် စိမ့်ဝင်နေစေပါတယ်။
ပုဇွန်ဆိတ်လိုမျိုး သေးကွေးတဲ့ ပင်လယ်သတ္တဝါတွေမှာ မာကျူရီ ပိုများများပါ ပါသတဲ့။ မာကျူရီဓာတ်ဟာ ပတ်ဝန်းကျင်က အရာဝတ္ထု အတော်များများမှာ ပါဝင်လျက်ရှိပါတယ်။ သဘာဝအတိုင်း ပါဝင်နေတဲ့ မာကျူရီဓာတ်ဟာ မိုးရေ၊ မြေကြီးနဲ့ သောက်သုံးရေထဲမှာ စိမ့်ဝင်နေပြီး ထိကပ်နီးစပ်နေတဲ့ အစားအစာနဲ့ အပင်များကို အဆိပ်သင့်စေပါတယ်။
မာကျူရီအဆိပ်သင့်တဲ့အခါ
● ဂဏှာမငြိမ် ဖြစ်မယ်
● စိတ်မတည်မငြိမ် ခံစားရမယ်
● ထုံတာ၊ ကျင်တာ
● မှတ်ဉာဏ် လျော့ပါးလာတာ
● စိတ်ဓာတ် ကျဆင်းတာ
● ခြေတုန်လက်တုန် ဖြစ်တာတွေ ခံစားရလေ့ ရှိပါတယ်။
မာကျူရီပမာဏက အနည်းအကျဉ်းဆို ဒုက္ခမပေးပေမယ့် ခန္ဓာကိုယ်ထဲမှာ ရေရှည်စုပုံလာတဲ့အခါ –
● ကြွက်သားတွေ အားပျော့လာတာ
● ပါးစပ်တွေ ခါးတာ
● ပျို့တာ၊ အန်တာ
● လှုပ်ရှားရတာ နှေးကွေးတာ
● မျက်လုံးဝေဝါးတာ အကြားအာရုံ ချို့တဲ့တာ
● အသက်ရှူကြပ်တာ
● လမ်းမလျှောက်နိုင်တော့တာတွေ ဖြစ်စေပါတယ်။
မာကျူရီပမာဏက ကလေးတွေကိုလည်း ဖွံ့ဖြိုးကြီးထွားမှုတွေမှာ များစွာထိခိုက်စေပါတယ်။ စကားပြောရ ခက်ခဲတာ၊ လက် ရွေ့လျားမှု မူမမှန်တာတွေ ဖြစ်စေပါတယ်။ မာကျူရီနဲ့ ရေရှည်ထိတွေလာသူတွေမှာ ကြာရှည်လာတဲ့အခါ အာရုံကြော ထိခိုက်ပျက်ပြားမှုတွေ ဖြစ်စေပါတယ်။ စဉ်းစားတွေးခေါ်တာတွေ ပျက်ပြားလာတာ၊ အလှုပ်အရှား မူမမှန်တာတွေအပြင် နှလုံးသွေးကြော ရောဂါနဲ့ နှလုံးကြွက်သား ပျက်စီးနိုင်ခြေကိုပါ မြင့်မားစေပါတယ်။
မာကျူရီ အဆိပ်သင့်တာရဲ့ အဆိုးဆုံးတစ်ခုကတော့ အမျိုးသား သုတ်ကောင်ပမာဏကို လျော့နည်းစေပြီး မျိူးပွားနိုင်စွမ်း၊ ကလေးရနိုင်စွမ်းကို တဖြည်းဖြည်း နည်းပါးလာစေတာ ဖြစ်ပါတယ်။ ဒါကြောင့် မာကျူရီ အဆိပ်သင့်တာကို တစ်စိတ်တစ်ပိုင်း ကာကွယ်လို့ရတာဆိုရင် ပင်လယ်စာ စားသုံးမှုကို သိသိသာသာ လျှော့ချဖို့ ဖြစ်ပါတယ်။ ကမ်းနားဒေသတွေမှာ နေထိုင်ပြီး နေ့စဉ် ပင်လယ်ငါးစားသုံးသူတွေ ရေရှည်မှာ အသက်ရလာတဲ့အခါ မာကျူရီအဆိပ်သင့်မှု လက္ခဏာတွေ အနည်းနဲ့အများ ပေါ်လာတတ်တာကို တွေ့ရမှာဖြစ်ပါတယ်။
ကောင်းတဲ့အဆီ ပြည့်ဝနေပြီး အာဟာရပြည့်တဲ့ ပင်လယ်ငါးပုဇွန်တွေကိုလည်း ကြိုက်နှစ်သက်တိုင်း များများ မစားကြကြဖို့၊ တစ်ပတ်လျှင် နှစ်ကြိမ်ခန့်သာ စားသုံးဖို့၊ မိမိခန္ဓာကိုယ်တွင်း ဝင်ရောက်လာမယ့် မာကျူရီပမာဏကို တတ်နိုင်သလောက် ကာကွယ်ကြဖို့ တိုက်တွန်းပါတယ်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
Credit – drmyanmar.com