သတင္း

ကင်းမြီးကောက်တို့၏ ထူးဆန်းသော ချစ်တင်နှီးနှောလိင်ဆက်ဆံပုံ

(Zawgyi)
ကင္းၿမီးေကာက္တို႔၏ ထူးဆန္းေသာ ခ်စ္တင္ႏွီးေႏွာလိင္ဆက္ဆံပုံ

ကင္းၿမီးေကာက္ႀကီးတစ္ေကာင္၏ အဆိပ္သည္ ႂကြက္စေသာ သတၱဝါအငယ္စားကေလးမ်ားကို ေသေစႏိုင္ ေလာက္ေအာင္ ျပင္းထန္၏။ လူသည္ ကင္းၿမီးေကာက္ထိုး၍ မေသႏိုင္သည့္တိုင္ေအာင္ ခံစားရေသာ ေဝဒနာမွာ မသက္သာလွေခ်။ ခ်ည့္နဲ႔ အားနဲေနသူျဖစ္က ေသပင္ေသႏိုင္သည္ဟု သိရသည္။ ကင္းၿမီးေကာက္တို႔သည္ ယင္းတို႔ကို ေႏွာင့္ယွက္ရန္စျခင္း မျပဳလွ်င္ ရန္မမူတတ္ေပ။ လူကိုလည္း သာမန္အားျဖင့္ ရန္ျပဳခဲေပသည္။

ကင္းၿမီးေကာက္တို႔ ခ်စ္တင္းႏွီးေႏွာပုံမွာ မ်ားစြာ စိတ္ဝင္စားဖြယ္ေကာင္း၏။ ကင္းၿမီးေကာက္ အမသည္ အဖိုထက္ကိုယ္လုံး ကိုယ္ထည္ ႀကီးမားသည္။ မိမိထံပါးသို႔ ကင္းၿမီးေကာက္ အဖို တစ္ေကာင္ လာ၍ ခ်စ္ေရး ဆိုလ်က္ရွိစဥ္၊ သေဘာေကာင္းခ်ိန္ ႀကဳံႀကိဳက္၍ စိတ္ႀကိဳက္ႏွင့္ ေတြ႕ပါက၊ ၾကည္သာစြာပင္ လက္ခံတတ္သည္။ အခန႔္မသင့္က ထိုအဖိုကို ကိုက္သတ္၍ စားပစ္တတ္၏။ ႏွစ္ဦးႏွစ္ဝ ခ်စ္ေရး ၾကည္ျဖဴခဲ့ေသာ္ အဖိုသည္ အမ၏လက္မ၂ ဖက္ကို မိမိ၏ လက္မမ်ားျဖင့္ ညႇပ္လ်က္ အခ်ိန္အေတာ္ၾကာေအာင္ ေရွ႕တိုးေနာက္ငင္ စုံတြဲလွ်က္ေနၿပီးေနာက္၊ မိမိ ခိုေအာင္းရာသို႔ ေခၚေဆာင္သြားေလသည္။ သို႔ေသာ္ ကာလအေတာ္ၾကာမွ် အတူတကြေနထိုင္ၿပီးေသာအခါ အမသည္ အဖိုကို စားပစ္လိုက္တတ္သည္သာမ်ားသည္။


သို႔ရာတြင္ ကင္းၿမီးေကာက္အမသည္ မိမိသားငယ္မ်ားအေပၚ၌မူ မ်ားစြာခင္မင္ၾကင္နာသည္ကို ေတြ႕ရ၏။ ကင္းၿမီးေကာက္တို႔သည္ အေကာင္လိုက္ေပါက္ဖြားၾက၍၊ မိခင္ ကင္းၿမီးေကာက္မႀကီးသည္ သားငယ္မ်ားကို ေက်ာေပၚ၌ သယ္ေဆာင္သြားလာေလ့ရွိသည္။

ကင္းၿမီးေကာက္ စုံတြဲ ခ်စ္တင္းေႏွာဆက္ဆံေနၾကပုံ ႐ုပ္သံဖိုင္

ကိုးကား : စြယ္စုံက်မ္း

သန္းထိုက္(သရပါ)

(Unicode)
ကင်းမြီးကောက်တို့၏ ထူးဆန်းသော ချစ်တင်နှီးနှောပုံ

ကင်းမြီးကောက်ကြီးတစ်ကောင်၏ အဆိပ်သည် ကြွက်စသော သတ္တဝါအငယ်စားကလေးများကို သေစေနိုင် လောက်အောင် ပြင်းထန်၏။ လူသည် ကင်းမြီးကောက်ထိုး၍ မသေနိုင်သည့်တိုင်အောင် ခံစားရသော ဝေဒနာမှာ မသက်သာလှချေ။ ချည့်နဲ့ အားနဲနေသူဖြစ်က သေပင်သေနိုင်သည်ဟု သိရသည်။ ကင်းမြီးကောက်တို့သည် ယင်းတို့ကို နှောင့်ယှက်ရန်စခြင်း မပြုလျှင် ရန်မမူတတ်ပေ။ လူကိုလည်း သာမန်အားဖြင့် ရန်ပြုခဲပေသည်။

ကင်းမြီးကောက်တို့ ချစ်တင်းနှီးနှောပုံမှာ များစွာ စိတ်ဝင်စားဖွယ်ကောင်း၏။ ကင်းမြီးကောက် အမသည် အဖိုထက်ကိုယ်လုံး ကိုယ်ထည် ကြီးမားသည်။ မိမိထံပါးသို့ ကင်းမြီးကောက် အဖို တစ်ကောင် လာ၍ ချစ်ရေးဆိုလျက်ရှိစဉ်၊ သဘောကောင်းချိန် ကြုံကြိုက်၍ စိတ်ကြိုက်နှင့် တွေ့ပါက၊ ကြည်သာစွာပင် လက်ခံတတ်သည်။ အခန့်မသင့်က ထိုအဖိုကို ကိုက်သတ်၍ စားပစ်တတ်၏။ နှစ်ဦးနှစ်ဝ ချစ်ရေး ကြည်ဖြူခဲ့သော် အဖိုသည် အမ၏လက်မ၂ ဖက်ကို မိမိ၏ လက်မများဖြင့် ညှပ်လျက် အချိန်အတော်ကြာအောင် ရှေ့တိုးနောက်ငင် စုံတွဲလျှက်နေပြီးနောက်၊ မိမိ ခိုအောင်းရာသို့ ခေါ်ဆောင်သွားလေသည်။ သို့သော် ကာလအတော်ကြာမျှ အတူတကွနေထိုင်ပြီးသောအခါ အမသည် အဖိုကို စားပစ်လိုက်တတ်သည်သာများသည်။

သို့ရာတွင် ကင်းမြီးကောက်အမသည် မိမိသားငယ်များအပေါ်၌မူ များစွာခင်မင်ကြင်နာသည်ကို တွေ့ရ၏။ကင်းမြီးကောက်တို့သည် အကောင်လိုက်ပေါက်ဖွားကြ၍၊ မိခင် ကင်းမြီးကောက်မကြီးသည် သားငယ်များကို ကျောပေါ်၌ သယ်ဆောင်သွားလာလေ့ရှိသည်။

ကိုးကား : စွယ်စုံကျမ်း
သန်းထိုက်(သရပါ)

Leave a Reply

Your email address will not be published. Required fields are marked *