သတင္း

ေခြးေတာက္ရြက္ရဲ႕ ေဆးဘက္၀င္အစြမ္းေတြ

(Zawgyi)
အစြမ္းထက္တဲ့ ေခြးေတာက္႐ြက္ (အထင္မေသးေစလို)

အနာစိမ္းေပါက္ ေမာင္မေၾကာက္ ေခြးေတာက္႐ြက္ကိုရွာ။ မင္းအနာႀကီးကလည္း ေၾကာက္စရာႀကီး၊ အေရာင္လည္း မေလ်ာ့ဘူး။ ဟုတ္တယ္…ေဆးထည့္တာပဲ၊ ဘာလုပ္ရမွန္းမသိဘူး မန္းဝင္ၿပီး ျပည္တည္တာ ကိုက္တာလြန္ေရာပဲ။ ျမန္မာ့ေဆးဝါးပင္ စာအုပ္ထူႀကီးကို ဖတ္ထား၍ မွတ္မွတ္သားသား ေခြးေတာက္႐ြက္အား သတိရမိေတာ့သည္။ ေခြးေတာက္႐ြက္ကို မီးကင္းၿပီး ကပ္လိုက္။ ငါေျပာတာမဟုတ္ က်မ္းကေျပာတာ။ အမွန္ပင္ သူငယ္ခ်င္း၏ အနာစိမ္းရင့္၍ ျပည္ေပါက္ကာ ေပ်ာက္ကင္းခဲသည္ကို မွတ္မိေနေတာ့သည္။ မိမိကိုယ္တိုင္ မယုံၾကည္ခဲ့ပါ။ သို႔ေသာ္ တကယ္ ေပ်ာက္ေလသည္။ အရက္ေသာက္တတ္သူတို႔က ၾကက္ေခြး ေတာက္ဟင္းခ်ိဳကို အထူးတလည္ မွာတတ္ၾကသည္။ အရက္ဝိုင္းတြင္ပင္ ေျပာေလ့ရွိျပန္သည္။ ၾကက္ေခြးေတာက္က ခ်ိဳး(ဂ်ိဳး) က်တယ္ကြ မ်ားမ်ားေသာက္တဲ့။

အရွင္နာဂသိန္မွေကာက္ႏုတ္ခ်က္

ဇီဝႏၲီမ်ိဳးတြင္ပါဝင္၍ အ႐ြက္ႏွင့္အ႐ိုးတြင္ ႏို႔ေစးမ်ားထြက္သည္။ ကာမကို အားေပးသည္။ ေရယုန္နာျဖစ္ပါက ေခြးေတာက္ သတၱဳရည္စိမ္းကို လိမ္းေပးပါက ေပ်ာက္ကင္းေစသည္။ မွတ္ခ်က္။ ျမန္မာတို႔ အရက္ခ်ိဳးခ်ေသာ ေဆးအျဖစ္သိထားၾကသည္။ ခ်ိဳးခ်ပုံ ေခြးေတာက္႐ြက္ကို ၾကက္သားႏွင့္ခ်က္စားၾကသည္။ အခ်ိဳ႕ပ်ားသလပ္ႏွင့္ ေၾကာ္စားသည္။

ျမန္မာ့ေဆးဝါးပင္မ်ားမွေကာက္ႏုတ္ခ်က္

႐ုကၡေဗဒအမည္( Dregea volubilis Benth)ျဖစ္သည္။ မ်ိဳးရင္းမွာ မ႐ိုးမ်ိဳးရင္းျဖစ္သည္။ ခါးသက္ေသာ အရသာရွိသည္။ ေခြၽးထြက္ေစ၍ ေရငတ္ေျပေစသည္။ ႏႈတ္ကို ၿမိန္ေစသည္။ ေသြးကိုပြားေစသည္။ ေလကိုသက္ေစ၍ သလိပ္ကိုေၾကေစသည္။ ကာမကို အားေပးသည္။

အ႐ြက္

အ႐ြက္ကို မီးကင္း၍ ကပ္ပါလွ်င္ အနာစိမ္း၊ ေသြးစုနာတို႔ ႏုလွ်င္ပိန္၍ ရင့္လွ်င္ျပည္ ေပါက္၍ ေပ်ာက္ကင္းသည္။ ထန္းရည္၊ အရက္ ၾကာရွည္ေသာက္သူမ်ား ေခြးေတာက္ႏွင့္ ၾကက္သား ေရာခ်က္စားပါက ကိုယ္ခႏၶာအတြင္း အဆိပ္အေတာက္မ်ား ေျပေပ်ာက္သည္။ အ႐ြက္ကို ဟင္းခါးခ်က္ေသာက္၊ ေၾကာ္စားပါက ေလထိုးေလေအာင့္ႏွင့္ ဆီးခ်ဳပ္ေရာဂါ ေပ်ာက္ကင္းသည္။ အ႐ြက္ႀကိတ္ရည္ကို ေရယုန္နာတြင္လိမ္းေပးပါက ေပ်ာက္ကင္းေစသည္။ အ႐ြက္ကို ႀကိတ္၍ အဖုအႀကိတ္တို႔တြင္ အုံစည္းေပးပါက ေပ်ာက္ကင္းသည္။ ေခြးေတာက္႐ြက္ကို သၾကားႏွင့္ေထာင္း၍ အုံေပးပါက အေၾကာအဆစ္လြဲျခင္း ေပ်ာက္သည္။ အ႐ြက္ကို ဘဲဥႏွင့္ေၾကာ္စားပါက ခြန္အားကို တိုးပြားေစသည္။

အျမစ္

ေခြးေတာက္ျမစ္ကို ေခြး႐ူးျပန္ေဆး၊ အန္ေဆးႏွင့္ သလိပ္႐ႊင္ေဆးတို႔တြင္ အသုံးျပဳသည္။

နကၡတၱေရာင္ျခည္အတြဲ(၃၅၈)( ထုံက်ဥ္ကင္း ေပ်ာက္အရက္ႏွင့္ေခြးတာက္ျမစ္)မွ

အမ်ားစု ေျခ၊ လက္မ်ားထုံက်ဥ္တတ္ၾကပါသည္။ ထို႔သို႔ျဖစ္ပါက ေခြးေတာက္ျမစ္ႏွင့္ အရက္ေဖ်ာ္ကာ ေျခလက္တို႔အား လိမ္းေပးပါက ထုံက်ဥ္ျခင္း သက္သာေပ်ာက္ကင္းသည္ ဆိုပါသည္။

စာကိုး

အဟာရစြယ္စုံအဘိဓာန္

ျမန္မာ့ေဆးဝါးပင္မ်ား

အရွင္နာဂသိန္ပုံျပေဆးက်မ္း

နကၡတၱေရာင္ျခည္မဂၢဇင္း(အတြဲ-၃၅၈)

ေမတၱာျဖင့္

ShweSinMay

Credit – ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

(Unicode)
အစွမ်းထက်တဲ့ ခွေးတောက်ရွက် (အထင်မသေးစေလို)

အနာစိမ်းပေါက် မောင်မကြောက် ခွေးတောက်ရွက်ကိုရှာ။ မင်းအနာကြီးကလည်း ကြောက်စရာကြီး၊ အရောင်လည်း မလျော့ဘူး။ ဟုတ်တယ်…ဆေးထည့်တာပဲ၊ ဘာလုပ်ရမှန်းမသိဘူး မန်းဝင်ပြီး ပြည်တည်တာ ကိုက်တာလွန်ရောပဲ။ မြန်မာ့ဆေးဝါးပင် စာအုပ်ထူကြီးကို ဖတ်ထား၍ မှတ်မှတ်သားသား ခွေးတောက်ရွက်အား သတိရမိတော့သည်။ ခွေးတောက်ရွက်ကို မီးကင်းပြီး ကပ်လိုက်။ ငါပြောတာမဟုတ် ကျမ်းကပြောတာ။ အမှန်ပင် သူငယ်ချင်း၏ အနာစိမ်းရင့်၍ ပြည်ပေါက်ကာ ပျောက်ကင်းခဲသည်ကို မှတ်မိနေတော့သည်။ မိမိကိုယ်တိုင် မယုံကြည်ခဲ့ပါ။ သို့သော် တကယ် ပျောက်လေသည်။ အရက်သောက်တတ်သူတို့က ကြက်ခွေး တောက်ဟင်းချိုကို အထူးတလည် မှာတတ်ကြသည်။ အရက်ဝိုင်းတွင်ပင် ပြောလေ့ရှိပြန်သည်။ ကြက်ခွေးတောက်က ချိုး(ဂျိုး) ကျတယ်ကွ များများသောက်တဲ့။

အရှင်နာဂသိန်မှကောက်နုတ်ချက်

ဇီဝန္တီမျိုးတွင်ပါဝင်၍ အရွက်နှင့်အရိုးတွင် နို့စေးများထွက်သည်။ ကာမကို အားပေးသည်။ ရေယုန်နာဖြစ်ပါက ခွေးတောက် သတ္တုရည်စိမ်းကို လိမ်းပေးပါက ပျောက်ကင်းစေသည်။ မှတ်ချက်။ မြန်မာတို့ အရက်ချိုးချသော ဆေးအဖြစ်သိထားကြသည်။ ချိုးချပုံ ခွေးတောက်ရွက်ကို ကြက်သားနှင့်ချက်စားကြသည်။ အချို့ပျားသလပ်နှင့် ကြော်စားသည်။

မြန်မာ့ဆေးဝါးပင်များမှကောက်နုတ်ချက်

ရုက္ခဗေဒအမည်( Dregea volubilis Benth)ဖြစ်သည်။ မျိုးရင်းမှာ မရိုးမျိုးရင်းဖြစ်သည်။ ခါးသက်သော အရသာရှိသည်။ ချွေးထွက်စေ၍ ရေငတ်ပြေစေသည်။ နှုတ်ကို မြိန်စေသည်။ သွေးကိုပွားစေသည်။ လေကိုသက်စေ၍ သလိပ်ကိုကြေစေသည်။ ကာမကို အားပေးသည်။

အရွက်

အရွက်ကို မီးကင်း၍ ကပ်ပါလျှင် အနာစိမ်း၊ သွေးစုနာတို့ နုလျှင်ပိန်၍ ရင့်လျှင်ပြည် ပေါက်၍ ပျောက်ကင်းသည်။ ထန်းရည်၊ အရက် ကြာရှည်သောက်သူများ ခွေးတောက်နှင့် ကြက်သား ရောချက်စားပါက ကိုယ်ခန္ဓာအတွင်း အဆိပ်အတောက်များ ပြေပျောက်သည်။ အရွက်ကို ဟင်းခါးချက်သောက်၊ ကြော်စားပါက လေထိုးလေအောင့်နှင့် ဆီးချုပ်ရောဂါ ပျောက်ကင်းသည်။ အရွက်ကြိတ်ရည်ကို ရေယုန်နာတွင်လိမ်းပေးပါက ပျောက်ကင်းစေသည်။ အရွက်ကို ကြိတ်၍ အဖုအကြိတ်တို့တွင် အုံစည်းပေးပါက ပျောက်ကင်းသည်။ ခွေးတောက်ရွက်ကို သကြားနှင့်ထောင်း၍ အုံပေးပါက အကြောအဆစ်လွဲခြင်း ပျောက်သည်။ အရွက်ကို ဘဲဥနှင့်ကြော်စားပါက ခွန်အားကို တိုးပွားစေသည်။

အမြစ်

ခွေးတောက်မြစ်ကို ခွေးရူးပြန်ဆေး၊ အန်ဆေးနှင့် သလိပ်ရွှင်ဆေးတို့တွင် အသုံးပြုသည်။

နက္ခတ္တရောင်ခြည်အတွဲ(၃၅၈)( ထုံကျဉ်ကင်း ပျောက်အရက်နှင့်ခွေးတာက်မြစ်)မှ

အများစု ခြေ၊ လက်များထုံကျဉ်တတ်ကြပါသည်။ ထို့သို့ဖြစ်ပါက ခွေးတောက်မြစ်နှင့် အရက်ဖျော်ကာ ခြေလက်တို့အား လိမ်းပေးပါက ထုံကျဉ်ခြင်း သက်သာပျောက်ကင်းသည် ဆိုပါသည်။

စာကိုး

အဟာရစွယ်စုံအဘိဓာန်

မြန်မာ့ဆေးဝါးပင်များ

အရှင်နာဂသိန်ပုံပြဆေးကျမ်း

နက္ခတ္တရောင်ခြည်မဂ္ဂဇင်း(အတွဲ-၃၅၈)

မေတ္တာဖြင့်

ShweSinMay

Credit – ရဲမျိုးသူ(ဗောဓိမြိုင်)

Leave a Reply

Your email address will not be published. Required fields are marked *