သတင္း

သိထားသင့္တဲ့ ေရခ်ိဳးျခင္းဆိုင္ရာ အခ်က္တခ်ိဳ႕

(Zawgyi)
သိထားသင့္တဲ့ ေရခ်ိဳးျခင္းဆိုင္ရာ အခ်က္တခ်ိဳ႕

မနက္ခင္းႏိုးလာလွ်င္ ေရေႏြးေလးနဲ႔ ခပ္ၾကာၾကာေလး စိမ္ခ်ိဳးလိုက္ရတာေလာက္ ဇိမ္ရွိတာမရွိ။ သို႔ေသာ္ ထိုနည္းသည္ မွားယြင္းေသာ ခ်ိဳးနည္းဟု ကြၽမ္းက်င္သူတို႔က ေထာက္ျပသည္။ အျခားေသာ မွားယြင္းသည့္ ေရခ်ိဳးနည္းေလးမ်ားလည္း ကြၽမ္းက်င္သူမ်ားက ေထာက္ျပထားသည္။ ဥပမာ ေန႔တိုင္း ေရခ်ိဳးျခင္းသည္လည္း ပညာရွင္ရႈေထာင့္မွ ၾကည့္ပါက မလိုအပ္ေသာ အျပဳအမူဟု ဆိုထားသည္။ ေရခ်ိဳးရာတြင္ ဆပ္ျပာဆီ ထည့္ကာ ကိုယ္ကိုပြတ္ေသာ အဝတ္လုံးမ်ားသည္လည္း ၾကာၾကာသုံးလွ်င္ လူကိုပိုးမႊား ကူးစက္ေအာင္ပါ လုပ္ႏိုင္ေၾကာင္းလည္း ကြၽမ္းက်င္သူမ်ားက သတိေပးသည္။

၁။ ဆပ္ျပာအလြန္အမင္ းတိုက္ျခင္း

လူအမ်ားစုႀကီးသည္ ေရမခ်ိဳးဘဲ တစ္ရက္ေလာက္ ေနရမွာကိုပင္ စိတ္မသန႔္ႏိုင္ ျဖစ္ၾကသည္။ ကယ္လီဖိုးနီးယား တကၠသိုလ္ သုေတသန တစ္ရပ္ကမူ မၾကာခဏ ေရခ်ိဳးျခင္း၊ ေရခ်ိဳးရင္း ဆပ္ျပာႏွင့္ အလြန္အမင္း ပြတ္တိုက္ျခင္းသည္ လူကိုအက်ိဳးထက္ အဆိုးပင္ ပိုျဖစ္ေစေသးသည္ဟု ဆိုထားသည္။ ေရအလြန္ခ်ိဳး ဆပ္ျပာအလြန္ တိုက္ျခင္းေၾကာင့္ ခႏၶာကိုယ္ကို အက်ိဳးျပဳသည့္ ဘက္တီးရီးယားမ်ားပါ ေသဆုံးကာ လူကိုကူးစက္ေရာဂါဝင္ဖို႔ ပိုလြယ္ကူလာသည္ဟု သုေတသီတို႔က ဆိုသည္။

မၾကာခဏ ေရခ်ိဳးျခင္းေၾကာင့္ အေရျပားေပၚက အဆီဓာတ္မ်ားပါ ပ်က္ျပယ္ရသည္။ ထိုအဆီဓာတ္သည္ အေရျပားမွာ အစိုဓာတ္ မျပတ္ေအာင္ ေရဓာတ္ထိန္းေပးထားသည့္ အကူအညီပစၥည္းျဖစ္သည္။ ေရခ်ိဳးလွ်င္ ဆပ္ျပာအလြန္တိုက္ျခင္း တို႔ေၾကာင့္ အဆီဓာတ္ဆုံးရႈံးကာ အေရျပား ေျခာက္ေသြ႕သည့္ ျပႆနာ ျဖစ္ပြားႏိုင္သည္ဟု သုေတသီတို႔က သတိေပးသည္။

၂။ အၾကာႀကီး ေရခ်ိဳးျခင္း။

ေရခ်ိဳးလွ်င္ တတ္ႏိုင္သမွ် ခပ္ျမန္ျမန္ခ်ိဳးသင့္သည္ဟု ၿဗိတိန္အေရျပား ေဖာင္ေဒးရွင္းမွ ေဒါက္တာအန္ဂ်ာလီမာတိုက ေျပာသည္။

““အလြန္ဆုံး (၁၅) မိနစ္၊ မိနစ္ (၂၀) ေလာက္ပဲ ခ်ိဳးသင့္တယ္။ အဲဒီထက္ၾကာရင္ အေရျပားေျခာက္ေသြ႕ၿပီး ပိုးဝင္တာမ်ိဳး ပိုျဖစ္တတ္တယ္”” ဟု ေဒါက္တာ မာတိုက ဆိုသည္။အေရျပားေအာက္က ဂလင္းမ်ားသည္ အေရျပားကို အစိုဓာတ္ရွိေနေအာင္ ထိန္းေပးသည္။ ေရၾကာၾကာ ခ်ိဳးသည့္အခါ အဆီဓာတ္မ်ား ေလွ်ာက်သြားသျဖင့္ အေရျပား ေျခာက္ေသြ႕အက္ကြဲျခင္းမ်ိဳး ပိုျဖစ္ပြားႏိုင္သည္။

၃။ ဆပ္ျပာအလြန္တိုက္ျခင္း။

ေရခ်ိဳးသည့္အခါ ဆပ္ျပာသိပ္တိုက္လြန္းျခင္း၊ လက္ကို ဆပ္ျပာနဲ႔ ခဏခဏ ေဆးျခင္းသည္လည္း တကယ္တမ္းမွာ အက်ိဳးထက္ အဆိုးကို ပိုျဖစ္ေစသည္ဟု ေမရီလန္းျပည္နယ္ အမ်ိဳးသမီး အစာေခ်လုပ္ငန္းမ်ား စင္တာမွ ေဒါက္တာေရာ္ဘင္ခ်ဴကန္က ေျပာသည္။

ဆပ္ျပာအလြန္ တိုက္ပါက ခႏၶာကိုယ္ေပၚက အက်ိဳးျပဳ ဘက္တီးရီးယားမ်ားပါ ေရနဲ႔ေလွ်ာက်ပါသြားသျဖင့္ အေရျပားသည္ အဖ်က္ဘက္တီးရီးယားမ်ား အႏၲရာယ္ ပိုရင္ဆိုင္ရေၾကာင္း ေဒါက္တာခ်ဴကန္က ေျပာသည္။ လူ႔အေရျပားေပၚတြင္ အက်ိဳးျပဳ၊ အဆိုးျပဳ ဘက္တီးရီးယားေတြ သန္းခ်ီၿပီးရွိေနသည္။ ပုံမွန္က်န္းမာေသာ လူတစ္ေယာက္၏ အေရျပားေပၚတြင္ ထိုအင္အားစု ႏွစ္စုသည္ မွ်ေျခအေနအထားမွာ ရွိသည္။

ဆပ္ျပာဟူသည္ အေရျပားေပၚက အညစ္အေၾကးမ်ားကို ဖယ္ထုတ္ေပးႏိုင္သည့္ အစြမ္းရွိ႐ုံျဖင့္ လုံေလာက္ေၾကာင္းလည္း ေဒါက္တာခ်ဴတန္ကေျပာသည္။ ယခုေနာက္ပိုင္း ေပၚလာေသာ ဘက္တီးရီးယား ကာကြယ္ေရး ဆပ္ျပာမ်ားဟူသည္ ျပင္းထန္ေသာ ဓာတုပစၥည္းမ်ား ပါဝင္သျဖင့္ အဆိုးျပဳ ဘက္တီးရီးယားမ်ားကို သာမက အက်ိဳးျပဳ ဘက္တီးရီးယားမ်ားကိုပါ သတ္ပစ္လ်က္ရွိေၾကာင္း ေဒါက္တာခ်ဴတန္က ေျပာသည္။

ေရခ်ိဳးရာတြင္ အနံ႔ထြက္၊ ေခြၽးထြက္သည့္ ခ်ိဳင္းၾကား၊ ေပါင္ၾကား၊ တင္ပါးႏွင့္ မိမိမွာ အနံ႔ထြက္ေသာ ေနရာမ်ားကို ဆပ္ျပာတိုက္႐ုံႏွင့္ လုံေလာက္ေၾကာင္း၊ က်န္ေနရာမ်ားကို ဆပ္ျပာမတိုက္လွ်င္ပင္ အဆင္ေျပေၾကာင္း၊ တိုက္လိုပါကလည္း အေပၚယံေလာက္ တိုက္႐ုံနဲ႔ လုံေလာက္ေၾကာင္း ေဒါက္တာ ခ်ဴတန္က ေျပာသည္။ အမွန္ဆိုလွ်င္ ေရနဲ႔ေဆး႐ုံနဲ႔ပင္ လုံေလာက္ေၾကာင္း ၎ကေျပာသည္။

၄။ မ်က္ႏွာသန႔္ေဆးေတြ အလြန္သုံးျခင္း။

ေရပန္းနဲ႔ ေရခ်ိဳးသူမ်ား အယူမွားေနသည့္ တစ္ခ်က္မွာ မ်က္ႏွာကို မ်က္ႏွာသစ္ ဆပ္ျပာနဲ႔ တိုက္ၿပီးလွ်င္ ေရပန္းဖြင့္ခ်၊ ေရပန္းေအာက္ မ်က္ႏွာထိုးခံကာ မ်က္ႏွာသစ္လွ်င္ မ်က္ႏွာအေရျပားေတြ သန႔္စင္ဝင္းပသြားသည္ဟူ၍ ျဖစ္သည္။ တကယ္တမ္းမွာကား အရွိန္ႏွင့္ က်လာေသာ ေရပန္းေအာက္မွာ မ်က္ႏွာထိုး ခံထားျခင္းေၾကာင့္ မ်က္ႏွာအေရျပားမ်ားပင္ ပ်က္စီးရေသးေၾကာင္း ၿဗိတိန္ႏိုင္ငံမွ အေရျပား က်န္းမာေရး ပညာရွင္ ေကးစေကာ့က ေျပာသည္။ ေရပူႏွင့္ခ်ိဳးလွ်င္ အပူဓာတ္ေၾကာင့္ပါ မ်က္ႏွာအေရျပားမ်ား ပိုထိခိုက္ရေသးသည္ဟုလည္း ၎ကဆိုသည္။

မ်က္ႏွာသန႔္ ေဆးမ်ားသုံးကာ မၾကာမၾကာ မ်က္ႏွာသစ္ျခင္းေၾကာင့္ မ်က္ႏွာေလး ဝင္းပေနသည္ဟု ထင္ရေသာ္လည္း တကယ္တမ္းမွာ မ်က္ႏွာအဆီဓာတ္ ခန္းေျခာက္ရသလို၊ မ်က္ႏွာ အေရျပားေပၚက အက်ိဳးျပဳ ဘက္တီးရီးယားမ်ားကိုပါ သတ္ပစ္ရာ ေရာက္ေနသျဖင့္ ၾကာလာသည္ႏွင့္အမွ် မ်က္ႏွာအေရျပား ေျခာက္ေသြ႕ကာ အဆိုးျပဳ ဘက္တီးရီးယားမ်ား ဒုကၡေပးႏိုင္ေျခ ပိုမ်ားလာရေၾကာင္း ၿဗိတိန္ႏိုင္ငံမွ အေရျပားက်န္းမာေရး ပညာရွင္ ေကးစေကာ့က ေျပာသည္။

၅။ ကိုယ္တိုက္ အဝတ္လုံးသုံးျခင္း။

ေရခ်ိဳးလွ်င္ ဆပ္ျပာဆီထည့္ကာ ကိုယ္ကို လိုက္ပြတ္ႏိုင္ေသာ အဝတ္ပြတ္လုံး လွလွေလးမ်ားသည္ တကယ္တမ္းတြင္ ဘက္တီးရီးယားအိမ္ႀကီး ျဖစ္ေနတတ္သည္။ ထိုအဝတ္ပြတ္လုံး လွလွေလးမ်ားသည္ ေတာ္ေတာ္နဲ႔ ေရမေျခာက္ျခင္း၊ ေရခ်ိဳးခန္းထဲမွာသာ ထားျခင္းေၾကာင့္ အစိုဓာတ္ အၿမဲရွိေနျခင္းတို႔ေၾကာင့္ ဘက္တီးရီးယားေတြ ေပါက္ဖြားေနထိုင္ရန္ အသင့္ေတာ္ဆုံး ျဖစ္ေနသည္။ ထိုအဝတ္ပြတ္လုံးႏွင့္ တစ္ကိုယ္လုံး လိုက္ပြတ္သည့္အခါ ဘက္တီးရီးယားေတြ ခႏၶာကိုယ္ေပၚလိုက္ျဖန႔္ရာေရာက္သည္။ အဝတ္ပြတ္လုံး သုံးမည္ဆိုလွ်င္ပင္ ႏွစ္လတစ္ႀကိမ္ အသစ္လဲသင့္သည္။

Credit – ဟန္လင္းေအာင္ (Messenger News Journal)

(Unicode)
သိထားသင့်တဲ့ ရေချိုးခြင်းဆိုင်ရာ အချက်တချို့

မနက်ခင်းနိုးလာလျှင် ရေနွေးလေးနဲ့ ခပ်ကြာကြာလေး စိမ်ချိုးလိုက်ရတာလောက် ဇိမ်ရှိတာမရှိ။ သို့သော် ထိုနည်းသည် မှားယွင်းသော ချိုးနည်းဟု ကျွမ်းကျင်သူတို့က ထောက်ပြသည်။ အခြားသော မှားယွင်းသည့် ရေချိုးနည်းလေးများလည်း ကျွမ်းကျင်သူများက ထောက်ပြထားသည်။ ဥပမာ နေ့တိုင်း ရေချိုးခြင်းသည်လည်း ပညာရှင်ရှုထောင့်မှ ကြည့်ပါက မလိုအပ်သော အပြုအမူဟု ဆိုထားသည်။ ရေချိုးရာတွင် ဆပ်ပြာဆီ ထည့်ကာ ကိုယ်ကိုပွတ်သော အဝတ်လုံးများသည်လည်း ကြာကြာသုံးလျှင် လူကိုပိုးမွှား ကူးစက်အောင်ပါ လုပ်နိုင်ကြောင်းလည်း ကျွမ်းကျင်သူများက သတိပေးသည်။

၁။ ဆပ်ပြာအလွန်အမင် းတိုက်ခြင်း

လူအများစုကြီးသည် ရေမချိုးဘဲ တစ်ရက်လောက် နေရမှာကိုပင် စိတ်မသန့်နိုင် ဖြစ်ကြသည်။ ကယ်လီဖိုးနီးယား တက္ကသိုလ် သုတေသန တစ်ရပ်ကမူ မကြာခဏ ရေချိုးခြင်း၊ ရေချိုးရင်း ဆပ်ပြာနှင့် အလွန်အမင်း ပွတ်တိုက်ခြင်းသည် လူကိုအကျိုးထက် အဆိုးပင် ပိုဖြစ်စေသေးသည်ဟု ဆိုထားသည်။ ရေအလွန်ချိုး ဆပ်ပြာအလွန် တိုက်ခြင်းကြောင့် ခန္ဓာကိုယ်ကို အကျိုးပြုသည့် ဘက်တီးရီးယားများပါ သေဆုံးကာ လူကိုကူးစက်ရောဂါဝင်ဖို့ ပိုလွယ်ကူလာသည်ဟု သုတေသီတို့က ဆိုသည်။

မကြာခဏ ရေချိုးခြင်းကြောင့် အရေပြားပေါ်က အဆီဓာတ်များပါ ပျက်ပြယ်ရသည်။ ထိုအဆီဓာတ်သည် အရေပြားမှာ အစိုဓာတ် မပြတ်အောင် ရေဓာတ်ထိန်းပေးထားသည့် အကူအညီပစ္စည်းဖြစ်သည်။ ရေချိုးလျှင် ဆပ်ပြာအလွန်တိုက်ခြင်း တို့ကြောင့် အဆီဓာတ်ဆုံးရှုံးကာ အရေပြား ခြောက်သွေ့သည့် ပြဿနာ ဖြစ်ပွားနိုင်သည်ဟု သုတေသီတို့က သတိပေးသည်။

၂။ အကြာကြီး ရေချိုးခြင်း။

ရေချိုးလျှင် တတ်နိုင်သမျှ ခပ်မြန်မြန်ချိုးသင့်သည်ဟု ဗြိတိန်အရေပြား ဖောင်ဒေးရှင်းမှ ဒေါက်တာအန်ဂျာလီမာတိုက ပြောသည်။

““အလွန်ဆုံး (၁၅) မိနစ်၊ မိနစ် (၂၀) လောက်ပဲ ချိုးသင့်တယ်။ အဲဒီထက်ကြာရင် အရေပြားခြောက်သွေ့ပြီး ပိုးဝင်တာမျိုး ပိုဖြစ်တတ်တယ်”” ဟု ဒေါက်တာ မာတိုက ဆိုသည်။အရေပြားအောက်က ဂလင်းများသည် အရေပြားကို အစိုဓာတ်ရှိနေအောင် ထိန်းပေးသည်။ ရေကြာကြာ ချိုးသည့်အခါ အဆီဓာတ်များ လျှောကျသွားသဖြင့် အရေပြား ခြောက်သွေ့အက်ကွဲခြင်းမျိုး ပိုဖြစ်ပွားနိုင်သည်။

၃။ ဆပ်ပြာအလွန်တိုက်ခြင်း။

ရေချိုးသည့်အခါ ဆပ်ပြာသိပ်တိုက်လွန်းခြင်း၊ လက်ကို ဆပ်ပြာနဲ့ ခဏခဏ ဆေးခြင်းသည်လည်း တကယ်တမ်းမှာ အကျိုးထက် အဆိုးကို ပိုဖြစ်စေသည်ဟု မေရီလန်းပြည်နယ် အမျိုးသမီး အစာချေလုပ်ငန်းများ စင်တာမှ ဒေါက်တာရော်ဘင်ချူကန်က ပြောသည်။

ဆပ်ပြာအလွန် တိုက်ပါက ခန္ဓာကိုယ်ပေါ်က အကျိုးပြု ဘက်တီးရီးယားများပါ ရေနဲ့လျှောကျပါသွားသဖြင့် အရေပြားသည် အဖျက်ဘက်တီးရီးယားများ အန္တရာယ် ပိုရင်ဆိုင်ရကြောင်း ဒေါက်တာချူကန်က ပြောသည်။ လူ့အရေပြားပေါ်တွင် အကျိုးပြု၊ အဆိုးပြု ဘက်တီးရီးယားတွေ သန်းချီပြီးရှိနေသည်။ ပုံမှန်ကျန်းမာသော လူတစ်ယောက်၏ အရေပြားပေါ်တွင် ထိုအင်အားစု နှစ်စုသည် မျှခြေအနေအထားမှာ ရှိသည်။

ဆပ်ပြာဟူသည် အရေပြားပေါ်က အညစ်အကြေးများကို ဖယ်ထုတ်ပေးနိုင်သည့် အစွမ်းရှိရုံဖြင့် လုံလောက်ကြောင်းလည်း ဒေါက်တာချူတန်ကပြောသည်။ ယခုနောက်ပိုင်း ပေါ်လာသော ဘက်တီးရီးယား ကာကွယ်ရေး ဆပ်ပြာများဟူသည် ပြင်းထန်သော ဓာတုပစ္စည်းများ ပါဝင်သဖြင့် အဆိုးပြု ဘက်တီးရီးယားများကို သာမက အကျိုးပြု ဘက်တီးရီးယားများကိုပါ သတ်ပစ်လျက်ရှိကြောင်း ဒေါက်တာချူတန်က ပြောသည်။

ရေချိုးရာတွင် အနံ့ထွက်၊ ချွေးထွက်သည့် ချိုင်းကြား၊ ပေါင်ကြား၊ တင်ပါးနှင့် မိမိမှာ အနံ့ထွက်သော နေရာများကို ဆပ်ပြာတိုက်ရုံနှင့် လုံလောက်ကြောင်း၊ ကျန်နေရာများကို ဆပ်ပြာမတိုက်လျှင်ပင် အဆင်ပြေကြောင်း၊ တိုက်လိုပါကလည်း အပေါ်ယံလောက် တိုက်ရုံနဲ့ လုံလောက်ကြောင်း ဒေါက်တာ ချူတန်က ပြောသည်။ အမှန်ဆိုလျှင် ရေနဲ့ဆေးရုံနဲ့ပင် လုံလောက်ကြောင်း ၎င်းကပြောသည်။

၄။ မျက်နှာသန့်ဆေးတွေ အလွန်သုံးခြင်း။

ရေပန်းနဲ့ ရေချိုးသူများ အယူမှားနေသည့် တစ်ချက်မှာ မျက်နှာကို မျက်နှာသစ် ဆပ်ပြာနဲ့ တိုက်ပြီးလျှင် ရေပန်းဖွင့်ချ၊ ရေပန်းအောက် မျက်နှာထိုးခံကာ မျက်နှာသစ်လျှင် မျက်နှာအရေပြားတွေ သန့်စင်ဝင်းပသွားသည်ဟူ၍ ဖြစ်သည်။ တကယ်တမ်းမှာကား အရှိန်နှင့် ကျလာသော ရေပန်းအောက်မှာ မျက်နှာထိုး ခံထားခြင်းကြောင့် မျက်နှာအရေပြားများပင် ပျက်စီးရသေးကြောင်း ဗြိတိန်နိုင်ငံမှ အရေပြား ကျန်းမာရေး ပညာရှင် ကေးစကော့က ပြောသည်။ ရေပူနှင့်ချိုးလျှင် အပူဓာတ်ကြောင့်ပါ မျက်နှာအရေပြားများ ပိုထိခိုက်ရသေးသည်ဟုလည်း ၎င်းကဆိုသည်။

မျက်နှာသန့် ဆေးများသုံးကာ မကြာမကြာ မျက်နှာသစ်ခြင်းကြောင့် မျက်နှာလေး ဝင်းပနေသည်ဟု ထင်ရသော်လည်း တကယ်တမ်းမှာ မျက်နှာအဆီဓာတ် ခန်းခြောက်ရသလို၊ မျက်နှာ အရေပြားပေါ်က အကျိုးပြု ဘက်တီးရီးယားများကိုပါ သတ်ပစ်ရာ ရောက်နေသဖြင့် ကြာလာသည်နှင့်အမျှ မျက်နှာအရေပြား ခြောက်သွေ့ကာ အဆိုးပြု ဘက်တီးရီးယားများ ဒုက္ခပေးနိုင်ခြေ ပိုများလာရကြောင်း ဗြိတိန်နိုင်ငံမှ အရေပြားကျန်းမာရေး ပညာရှင် ကေးစကော့က ပြောသည်။

၅။ ကိုယ်တိုက် အဝတ်လုံးသုံးခြင်း။

ရေချိုးလျှင် ဆပ်ပြာဆီထည့်ကာ ကိုယ်ကို လိုက်ပွတ်နိုင်သော အဝတ်ပွတ်လုံး လှလှလေးများသည် တကယ်တမ်းတွင် ဘက်တီးရီးယားအိမ်ကြီး ဖြစ်နေတတ်သည်။ ထိုအဝတ်ပွတ်လုံး လှလှလေးများသည် တော်တော်နဲ့ ရေမခြောက်ခြင်း၊ ရေချိုးခန်းထဲမှာသာ ထားခြင်းကြောင့် အစိုဓာတ် အမြဲရှိနေခြင်းတို့ကြောင့် ဘက်တီးရီးယားတွေ ပေါက်ဖွားနေထိုင်ရန် အသင့်တော်ဆုံး ဖြစ်နေသည်။ ထိုအဝတ်ပွတ်လုံးနှင့် တစ်ကိုယ်လုံး လိုက်ပွတ်သည့်အခါ ဘက်တီးရီးယားတွေ ခန္ဓာကိုယ်ပေါ်လိုက်ဖြန့်ရာရောက်သည်။ အဝတ်ပွတ်လုံး သုံးမည်ဆိုလျှင်ပင် နှစ်လတစ်ကြိမ် အသစ်လဲသင့်သည်။

Credit – ဟန်လင်းအောင် (Messenger News Journal)

Leave a Reply

Your email address will not be published. Required fields are marked *