သတင်း


(Zawgyi)








(Unicode)

ဆီးချုပ် ဝမ်းချုပ်သူများ အတွက် ကြက်သွန်နီတစ်လုံး။

မင်းတို့ကလွယ်တာကို ခက်အောင်လုပ်နေတာ ဝမ်းချုပ်တယ် ဆီးအောင့်တယ်နဲ့ ခဏခဏပြောတာလဲ နားမထောင်ဘူးတဲ့။

ဆီးချုပ် ဝမ်းချုပ်သည် ပြောမိတိုင်း အဖေအမြဲ အပြစ်တင်ကာ ဆူလေ့ရှိသည်။ အဖေငယ်ငယ်ထဲက သင်ပေးခဲ့ဘူးသည်။ ထိုသည်ကား ကြက်သွန်နီတစ်လုံး ပုံမှန်စားစေခြင်း ဖြစ်လေသည်။ ထိုအတွက်လည်း မိခင်က ကြက်သွန်နီကို မီးဖိုတွင် မပြတ်အောင် စီမံထားလေသည်။

ကြက်သွန်နီတွင် လူသားတို့ ကျန်းမာရေးအတွက် ထူးခြားသော စွမ်းအားထူးများ ရှိပါ၏။ ဆီးချုပ် ဝမ်းချုပ် နေလျင် ထမင်းစားသောအခါ ကြက်သွန်နီ (၁)လုံးကို (၄)စိတ် စိတ်၍လည်းကောင်း ထုထောင်း၍သော်လည်းကောင်း (သို့) လက်သုပ်သုပ်ပြီး နေ့စဉ်သာ သုံးဆောင်ပေးသွားပါက ဆီးချုပ် ဝမ်းချုပ်ရောဂါ ပျောက်ကင်းသွားပါလိမ့်မည်။

ကြက်သွန်နီ၏ ဆေးအစွမ်းထက်ပုံတို့က များလှပါ၏။

သိမီသမျှ ဆေးသုတသာ ဖြစ်ပါသည်။

Credit – ရဲမျိုးသူ(ဗောဓိမြိုင်)

Leave a Reply

Your email address will not be published. Required fields are marked *