သတင္း

ျမန္မာတိုင္းနဲ႕ မစိမ္းတဲ့ ဆီးျဖဴသီး၏ ေဆးဘက္၀င္အစြမ္းအခ်ိဳ႕

(Zawgyi)
ဆီးျဖဴသီးရဲ႕ အက်ိဳးေက်းဇူးမ်ား

ဆီးျဖဴသီးဆိုတာ ျမန္မာေတြအတြက္ ဟင္းအရန္အျဖစ္ စားႏိုင္တဲ့ အသီးတစ္မ်ိဳးျဖစ္ပါတယ္။ ဆီးျဖဴသီးကို ေထာင္းစားရင္ေတာ့ ထမင္းၿမိန္ေစမယ့္ ဟင္းတစ္ခြက္ပါပဲ။ ဆီးျဖဴသီးကို သုပ္စားၾကပါတယ္။ ဆီးျဖဴသီးသနပ္အျဖစ္ လုပ္စားၾကပါတယ္။ အသားနဲ႔ေရာၿပီး ခ်က္စားၾကသလို ငပိခ်က္အျဖစ္လည္း ခ်က္စားၾကပါတယ္။ ဆီးျဖဴရဲ႕ အရသာဟာ ဖန္၊ ခါး အရသာ ရွိပါတယ္။

ဆီးျဖဴသီးဟာ ဗိုက္တာမင္ C အလြန္ႂကြယ္ဝတဲ့ သဘာဝ အသီးအႏွံ ျဖစ္ပါတယ္။ အသဲနဲ႔ဆိုင္ေသာ ေရာဂါေဝဒနာသည္တို႔ အဓိက အားထားရာ သဘာဝ ေဆးစြမ္းထက္တဲ့ အသီး ျဖစ္ပါတယ္။ ဆီးျဖဴသီးဟာ ေသြးသားသန႔္စင္မႈက ေသြးအတြင္း အဆိပ္အေတာက္ေတြနဲ႔၊ ဗိုင္းရပ္ပိုး၊ ဗက္တီးရီးယားနဲ႔အဏုဇီဝပိုးမႊားေတြကိုလည္းဖယ္ရွားေပးပါတယ္။

ဆီးျဖဴသီးသည္ အသက္ကို ရွည္ေစၿပီး ေခ်ာင္းဆိုး၊ ပန္းနား၊ ေလနာတို႔ ကို ေပ်ာက္ကင္း ေစ၏။ ေသြးဝမ္းသြားလွ်င္ ဆီးျဖဴသီး အစိမ္းကို ေထာင္း၍ အရည္ ညႇစ္ယူၿပီး သံပရာရည္ႏွင့္ ေသာက္လွ်င္ ခ်က္ခ်င္း သက္သာ ေပ်ာက္ကင္းေစပါတယ္။

ဆီးျဖဴသီး အေျခာက္(သို႔) အစိုကို ေသြး၍ သံပရာရည္ အနည္းငယ္ထည့္ၿပီး အေရျပားေပၚတြင္ ျဖစ္တက္ေသာ ယားနာ၊ ေပြး၊ ညႇင္း၊ တင္းတိပ္မ်ားကို လိမ္းေပးႏိုင္၏။ ကိုယ္ခႏၶာ၏ ခုခံအားကို ျမင့္တက္ေၾကာင္း သိရပါတယ္။

ဆီးျဖဴသီး အေျခာက္မႈန႔္ကို ထန္းလ်က္၊ ပ်ားရည္၊ သကာရည္တို႔ႏွင့္ နယ္စားပါကဆီးပုပ္ေရာဂါ ေပ်ာက္၏။ ဆီးျဖဴသီး အေျခာက္ကို ငရွဥ့္သားႏွင့္ ခ်က္စားပါက ဒူလာ ေသြးဝမ္းက် ေရာဂါ ေပ်ာက္၏။ ဆီးျဖဴသီးကို အညက္ႀကိတ္၍ထိပ္အုံ ေပးပါက ႏွာေခါင္း ေသြးလွ်ံျခင္း ေပ်ာက္၏။ အ႐ြက္ကို ေရႏွင့္ သုံးခြက္တစ္ခြက္တင္ က်ိဳ၍ ရရွိေသာ အရည္ကို ပလုတ္က်င္း ေပးခဲ့ေသာ္ လွ်ာကြဲျခင္း၊ ပါးစပ္ကြဲျခင္း၊ ေပါက္ျခင္းႏွင့္ ေရစီးကမ္းၿပိဳျခင္းမ်ား တခဏခ်င္း ေပ်ာက္ကင္းေၾကာင္း သိရပါတယ္။

ဆီးျဖဴသီး ႐ြက္ႏုမ်ားကို ပုံးရည္ျဖင့္ ေကြၽးခဲ့ေသာ္ အစာမေၾကျခင္း၊ ဝမ္းသက္ျခင္းမ်ား ေပ်ာက္ကင္းၿပီး ဆီးျဖဴ႐ြက္ကို ကြၽမ္းေအာင္ေလွာ္ၿပီး အုန္းဆီႏွင့္ ေရာ၍ ကေလးမ်ား၌ ျဖစ္တက္ေသာ က်ဗဟုံးနာမ်ားကို လိမ္းေပးက ေပ်ာက္ကင္းပါတယ္။ မီးေလာင္၊ ေရေႏြးပူေလာင္ေသာ အနာမ်ားတြင္ ဆီးျဖဴ႐ြက္ကို အကြၽမ္းေလွာ္၍ အမႈန႔္ျပဳလုပ္ၿပီး ျဖဴးေပးႏိုင္ေၾကာင္း သိရပါတယ္။

Credit – Mgmandalay

(Unicode)
ဆီးဖြူသီးရဲ့ အကျိုးကျေးဇူးများ

ဆီးဖြူသီးဆိုတာ မြန်မာတွေအတွက် ဟင်းအရန်အဖြစ် စားနိုင်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ဆီးဖြူသီးကို ထောင်းစားရင်တော့ ထမင်းမြိန်စေမယ့် ဟင်းတစ်ခွက်ပါပဲ။ ဆီးဖြူသီးကို သုပ်စားကြပါတယ်။ ဆီးဖြူသီးသနပ်အဖြစ် လုပ်စားကြပါတယ်။ အသားနဲ့ရောပြီး ချက်စားကြသလို ငပိချက်အဖြစ်လည်း ချက်စားကြပါတယ်။ ဆီးဖြူရဲ့ အရသာဟာ ဖန်၊ ခါး အရသာ ရှိပါတယ်။

ဆီးဖြူသီးဟာ ဗိုက်တာမင် C အလွန်ကြွယ်ဝတဲ့ သဘာဝ အသီးအနှံ ဖြစ်ပါတယ်။ အသဲနဲ့ဆိုင်သော ရောဂါဝေဒနာသည်တို့ အဓိက အားထားရာ သဘာဝ ဆေးစွမ်းထက်တဲ့ အသီး ဖြစ်ပါတယ်။ ဆီးဖြူသီးဟာ သွေးသားသန့်စင်မှုက သွေးအတွင်း အဆိပ်အတောက်တွေနဲ့၊ ဗိုင်းရပ်ပိုး၊ ဗက်တီးရီးယားနဲ့အဏုဇီဝပိုးမွှားတွေကိုလည်းဖယ်ရှားပေးပါတယ်။

ဆီးဖြူသီးသည် အသက်ကို ရှည်စေပြီး ချောင်းဆိုး၊ ပန်းနား၊ လေနာတို့ ကို ပျောက်ကင်း စေ၏။ သွေးဝမ်းသွားလျှင် ဆီးဖြူသီး အစိမ်းကို ထောင်း၍ အရည် ညှစ်ယူပြီး သံပရာရည်နှင့် သောက်လျှင် ချက်ချင်း သက်သာ ပျောက်ကင်းစေပါတယ်။

ဆီးဖြူသီး အခြောက် (သို့) အစိုကို သွေး၍ သံပရာရည် အနည်းငယ် ထည့်ပြီး အရေပြား ပေါ်တွင် ဖြစ်တက်သော ယားနာ၊ ပွေး၊ ညှင်း၊ တင်းတိပ်များကို လိမ်းပေးနိုင်၏။ ကိုယ်ခန္ဓာ၏ ခုခံအားကို မြင့်တက်ကြောင်း သိရပါတယ်။

ဆီးဖြူသီး အခြောက်မှုန့်ကို ထန်းလျက်၊ ပျားရည်၊ သကာရည်တို့နှင့် နယ်စားပါကဆီးပုပ်ရောဂါ ပျောက်၏။ ဆီးဖြူသီး အခြောက်ကို ငရှဉ့်သားနှင့် ချက်စားပါက ဒူလာ သွေးဝမ်းကျ ရောဂါ ပျောက်၏။ ဆီးဖြူသီးကို အညက်ကြိတ်၍ထိပ်အုံ ပေးပါက နှာခေါင်း သွေး လျှံခြင်း ပျောက်၏။အရွက်ကို ရေနှင့် သုံးခွက် တစ်ခွက်တင် ကျို၍ ရရှိသော အရည်ကို ပလုတ်ကျင်း ပေးခဲ့သော် လျှာကွဲခြင်း၊ ပါးစပ်ကွဲခြင်း၊ ပေါက်ခြင်းနှင့် ရေစီးကမ်းပြို ခြင်းများ တခဏချင်း ပျောက်ကင်းကြောင်း သိရပါတယ်။

ဆီးဖြူသီး ရွက်နုများကို ပုံးရည်ဖြင့် ကျွေးခဲ့သော် အစာမကြေခြင်း၊ ဝမ်းသက်ခြင်းများ ပျောက်ကင်းပြီး ဆီးဖြူရွက်ကို ကျွမ်းအောင်လှော်ပြီး အုန်းဆီနှင့် ရော၍ ကလေးများ၌ ဖြစ်တက်သော ကျဗဟုံးနာများကို လိမ်းပေးက ပျောက်ကင်းပါတယ်။ မီးလောင်၊ ရေနွေးပူလောင်သော အနာများတွင် ဆီးဖြူရွက်ကို အကျွမ်းလှော်၍ အမှုန့်ပြုလုပ်ပြီး ဖြူးပေးနိုင်ကြောင်း သိရပါတယ်။

Credit – Mgmandalay

Leave a Reply

Your email address will not be published. Required fields are marked *