သတင္း

ေသြးတဂူ ေလတဂူ ေရတဂူ (ေရဖ်ဥ္း) ေရာဂါမ်ားႏွင့္ တ႐ုတ္စကားနီအစြမ္း

(Zawgyi)
ေသြးတဂူ ေလတဂူ ေရတဂူ (ေရဖ်ဥ္း) ေရာဂါမ်ားႏွင့္ တ႐ုတ္စကားနီ အစြမ္း

တ႐ုတ္စကားအနီပင္၏အေခါက္ကို ခြါယူပါ။ အျပင္မွ အေၾကးခြံအၾကမ္းမ်ားကို ျခစ္ပစ္ပါ။ အေခါက္တစ္ပိႆာကို လက္ ၂ လုံး သုံးလုံး ခန႔္ေလးေတြ ျဖတ္ပါ။ ဒါန္အိုးႀကီးႀကီးတစ္လုံးတြင္ထည့္ပါ။ ထန္းဖိုဦးထန္းလွ်က္ ၂၀ က်ပ္သားထည့္ပါ။ ေရသုံးပိႆာထည့္ၿပီး က်ိဳပါ။ ေဆးရည္တစ္ပိႆက်န္သည္အထိ က်ိဳၿပီး ေဆးရည္တစ္ပိႆာက်န္လွ်င္ ခ်ၿပီး ေဆးရည္ကို ပိတ္ပါး ေရစစ္ျဖင့္ စစ္ယူၿပီး သန႔္ရွင္းစင္ၾကယ္ေသာ ပုလင္းတြင္ထည့္ၿပီး သိမ္းဆည္းပါ။

ေဆးရည္ ဂုဏ္သတၱိအစြမ္း ။

ေဆးရည္၏အရသာမွာ ခါး၏။ ေဆးရည္ကို ဂူနာေဝဒနာရွင္မ်ား တစ္ေန႔ သုံးႀကိမ္ (နံနက္ ၇ နာရီ ေန႔ ၂ နာရီ ည အိပ္ယာဝင္အခ်ိန္ ) တစ္ခါေသာက္ အၾကမ္းပုဂံတစ္လုံး ခန႔္ ေသာက္ေပးပါ

အထက္ဆိုခဲ့သည့္အတိုင္း သုံးႀကိမ္မွီဝဲပါက ေသြးတဂူ ေလတဂူ ေရတဂူ ေသြးလုံး ေသြလိပ္ ေရလိပ္ စေသာ ဂူနာအမ်ိဳးမ်ိဳးကို ေပ်ာက္ကင္းေစပါသည္။

ထို႔အျပင္ ဝမ္းထဲတြင္ ျဖစ္တတ္ေသာ ေသြးက်ိတ္ ေလက်ိတ္ အနာလုံး အနာခဲ အနာက်ိတ္တို႔ကို လည္းေပ်ာက္ကင္းေစ၏။

ေသြးျမင္းသ႐ိုက္ ေလျမင္းသ႐ိုက္ ဒူလာ ပါဒရက္ ထုံနာ က်ဥ္နာ ေလ႐ိုက္ ေလျဖတ္ ေလငန္းေရာဂါတို႔ကိုလဲ သက္သာေပ်ာက္ကင္းေစ၍ ေလနာ အမ်ိဳးမ်ိဳးတို႔ကို လက္ေတြ႕သက္သာေပ်ာက္ကင္းေစေသာ တန္ဖိုးနည္းဝန္ပါ ေဆးနည္းတစ္ခုကို ေမတၱာေရွ႕ထားၿပီး မွတ္စုထဲမွထုတ္ႏႈတ္ေဝငွလိုက္ပါသည္။

အားလုံး က်န္းမာ ခ်မ္းသာ ၾကပါေစ။

အလိုရွိသူမွန္သမွ် အလိုရွိသလို မွ်ေဝႏိုင္ပါတယ္ ခင္ဗ်ာ။

Credit – Ko Naing Mdy

(Unicode)
သွေးတဂူ လေတဂူ ရေတဂူ (ရေဖျဉ်း) ရောဂါများနှင့် တရုတ်စကားနီ အစွမ်း

တရုတ်စကားအနီပင်၏အခေါက်ကို ခွါယူပါ။ အပြင်မှ အကြေးခွံအကြမ်းများကို ခြစ်ပစ်ပါ။ အခေါက်တစ်ပိဿာကို လက် ၂ လုံး သုံးလုံး ခန့်လေးတွေ ဖြတ်ပါ။ ဒါန်အိုးကြီးကြီးတစ်လုံးတွင်ထည့်ပါ။ ထန်းဖိုဦးထန်းလျှက် ၂၀ ကျပ်သားထည့်ပါ။ ရေသုံးပိဿာထည့်ပြီး ကျိုပါ။ ဆေးရည်တစ်ပိဿ ကျန်သည်အထိ ကျိုပြီး ဆေးရည်တစ်ပိဿာကျန်လျှင် ချပြီး ဆေးရည်ကို ပိတ်ပါး ရေစစ်ဖြင့် စစ်ယူပြီး သန့်ရှင်းစင်ကြယ်သော ပုလင်းတွင်ထည့်ပြီး သိမ်းဆည်းပါ။

ဆေးရည် ဂုဏ်သတ္တိအစွမ်း။

ဆေးရည်၏ အရသာမှာ ခါး၏။ ဆေးရည်ကို ဂူနာဝေဒနာရှင်များ တစ်နေ့ သုံးကြိမ် (နံနက် ၇ နာရီ နေ့ ၂ နာရီ ည အိပ်ယာဝင်အချိန်) တစ်ခါသောက် အကြမ်းပုဂံတစ်လုံးခန့် သောက်ပေးပါ။

အထက်ဆိုခဲ့သည့်အတိုင်း သုံးကြိမ်မှီဝဲပါက သွေးတဂူ လေတဂူ ရေတဂူ သွေးလုံး သွေလိပ် ရေလိပ် စသော ဂူနာအမျိုးမျိုးကို ပျောက်ကင်းစေပါသည်။

ထို့အပြင် ဝမ်းထဲတွင် ဖြစ်တတ်သော သွေးကျိတ် လေကျိတ် အနာလုံး အနာခဲ အနာကျိတ်တို့ကိုလည်းပျောက်ကင်းစေ၏။

သွေးမြင်းသရိုက် လေမြင်းသရိုက် ဒူလာ ပါဒရက် ထုံနာ ကျဉ်နာ လေရိုက် လေဖြတ် လေငန်းရောဂါတို့ကိုလဲ သက်သာပျောက်ကင်းစေ၍ လေနာအမျိုးမျိုးတို့ကို လက်တွေ့သက်သာ ပျောက်ကင်းစေသော တန်ဖိုးနည်းဝန်ပါ ဆေးနည်းတစ်ခုကို မေတ္တာရှေ့ထားပြီး မှတ်စုထဲမှထုတ်နှုတ်ဝေငှလိုက်ပါသည်။

အားလုံး ကျန်းမာ ချမ်းသာကြပါစေ။

အလိုရှိသူမှန်သမျှ အလိုရှိသလို မျှဝေနိုင်ပါတယ် ခင်ဗျာ။

Credit – Ko Naing Mdy

Leave a Reply

Your email address will not be published. Required fields are marked *