သတင်း

သွေးဝမ်းကိုက်တာအတွက် လက်တွေ့ ဆေးမြီးတို

(Zawgyi)
သွေးဝမ်းကိုက်တာအတွက် ဆေးမြီးတိုလေး

နှစ်ခါလောက်လုပ်စားပီး ပျောက်သွားတဲ့ ၅နှစ်အရွယ် ကလေးမလေးနဲ့ လူကြီးတစ်ယောက်ကို ကျမကိုယ်တွေ့မြင်ဘူးပါတယ်။

အကုန်အကျလဲ မများသလို၊ ဘေးထွက်ဆိုးကျိုးလဲ မရှိ နိုင်တာကြောင့် လိုအပ်တဲ့အခါ အသုံးပြုနိုင်အောင် ရည်ရွယ်ပီး ဆေးနည်းလေးတစ်ခု တင်ပေးလိုက်ပါရစေ။ ဆေးနည်းလေးကလည်း ခက်ခက်ခဲခဲမဟုတ်ပါဘူး။

ဖီးကြမ်းငှက်ပျောသီးရယ်၊ သကြားရယ် နှစ်မျိုးရှိရင် အဆင်ပြေပါပီ။

ပထမဦးဆုံး ဖီးကြမ်းငှက်ပျောသီး တစ်လုံးကို အခွံခွာပြီးပန်းကန်ထဲ ထည့်ပါ။ ငှက်ပျောခွံမှာကပ်နေတဲ့ အမျှင်ရော အသားပါ ဇွန်းနဲ့ခြစ်ပီး ယူလိုက်ပါ။

ပြီးရင် သကြားကိုစားနိုင်သလောက် ငှက်ပျောသီးထဲ
ထည့်ပီး နာနာမွှေခေါက်ပေးပါ။ ဒါဆို အသင့်စားလို့ရပါပီ။

၅နှစ်အရွယ် သမီးလေးကတော့ ဖီးကြမ်းတစ်လုံးနဲ့
ဝမ်းကိုက် ပျောက်သွားခဲ့တာပါ။ လက်တွေ့မြင်ဘူးတဲ့ နည်းလမ်းလေးပါ အဆင်ပြေနိုင်ကြပါစေရှင်။

Credit – Kyu Kyu Kyawt Shin

ဒုတိယနည်း

သွေးဝမ်းကိုက်ခြင်းအတွက် ဆေးနည်း

ကွမ်းရွင်ပေါ် နနွင်းမှုန့် လဖက်ရည်တဇွန်း ထည့်ပြီး ကွမ်းဝါးသလို ဝါးစားပြီး ရေနွေးနှင့်သောက်ပါ။ တနေ့ နံနက်တကြိမ် ညတကြိမ် စားပေးရန်လိုပါတယ်။ သောက်ပြီးတာနဲ့ ဝမ်းသွားနာရီအပိုင်းအခြားဟာကွာလာပြီး တစ်ရက်နှစ်ရက် အတောအတွင်းမှာ သက်သာပျောက်ကင်း သွားပါလိမ့်မယ်။

Credit – နက္ခတ္တရောင်ခြည်
Via – Sai Min Thant

Leave a Reply

Your email address will not be published. Required fields are marked *