သတင္း

အိပ္ေပ်ာ္ေနစဥ္ ႐ုတ္တရက္ ေသဆုံးေစတဲ့ အေၾကာင္းရင္းမ်ား

(Zawgyi)
အိပ္ေပ်ာ္ေနစဥ္ ႐ုတ္တရက္ ေသဆုံးေစတဲ့ အေၾကာင္းရင္းမ်ား

အိပ္ေပ်ာ္ေနစဥ္ အသက္ဆုံးသြားရမွာကေတာ့ တကယ့္ကို ေၾကာက္စရာေကာင္းတဲ့ ဘဝျဖစ္ရပ္တစ္ခုလို႔ ဆိုရမွာပါပဲ။ အိပ္ေပ်ာ္ေနစဥ္ အသက္ဆုံးရမယ့္ အေၾကာင္းေတြလည္း တစ္ပုံတစ္ပင္ဆိုေတာ့ ဖတ္ၿပီး ေၾကာက္ၾကရေအာင္။

– အဝလြန္သူေတြမွာ အိပ္ေပ်ာ္ေနစဥ္ အသက္ရွဴ ရပ္တတ္ပါတယ္။ ျပင္းျပင္းထန္ထန္ ေဟာက္တတ္ေနရင္ေတာ့ အတူေနမိသားစုက သတိထားပါေတာ့။ စက္အကူအညီယူၿပီး သူ႔ကို ေသဆုံးမယ့္ အႏၲရာယ္ကေန ကာကြယ္ဖို႔ လိုပါၿပီ။

– အိပ္ေပ်ာ္ေနစဥ္ ကံဆိုးစြာနဲ႔ ႏွလုံး ဘယ္ဘက္အထက္ ေသြးေၾကာတစ္ေခ်ာင္း ပိတ္သြားရင္ မႏိုးခင္မွာပဲ ဘဝေျပာင္းရမွာပါ။ နာၿပီးေအာင့္ၿပီး ႏိုးလာမွာ မဟုတ္ေတာ့ပါဘူး။

– ေရကူးၿပီး အိပ္ရာဝင္တဲ့အခါ ေရကူးစဥ္က ဝင္ထားတဲ့ ေရစက္ေတြက အသက္ရွဴလမ္းေၾကာင္းကို ပိတ္ဆို႔သြားကာ ႐ုတ္တရက္ အသက္ဆုံးေစပါတယ္။

– အသက္ရွဴလမ္းေၾကာင္း ပိုးဝင္ၿပီး အႀကီးအက်ယ္ ေနမေကာင္းေနသူဟာ အင္သ႐ိုဗိုင္းရပ္စ္ေၾကာင့္သာျဖစ္ခဲ့ရင္ အိပ္ေပ်ာ္ေနစဥ္ ႐ုတ္တရက္ ေသဆုံးဖို႔ အလားအလာ မ်ားပါသတဲ့။

– ဦးေႏွာက္တြင္း အရင္ကတည္းက ရွိေနတဲ့ ပင္မေသြးေၾကာထုံးေတြ ေပါက္သြားတဲ့အခါ ႏိုးခ်ိန္ေတာင္မရလိုက္ဘဲ အိပ္ေပ်ာ္ေနစဥ္ အသက္ဆုံးရတတ္ပါတယ္။

– ဦးေႏွာက္အညႇာကျဖစ္တဲ့ ျပႆနာတစ္ခုေၾကာင့္ အိပ္ေပ်ာ္ေနစဥ္ အသက္ရွဴရပ္တဲ့အခါ ဦးေႏွာက္က ခႏၶာကိုယ္ကို ႏႈိးဖို႔ေတာင္ အခ်ိန္မရေတာ့ဘဲ အိပ္ေနရင္း ကြယ္လြန္ရပါတယ္။

– အိပ္ေပ်ာ္ေနစဥ္ ႏွလုံးေသြးေၾကာ ႐ုတ္တရက္ ပိတ္ဆို႔တဲ့အခါ ခႏၶာကိုယ္က ႏိုးလာေပမယ့္ ညအခ်ိန္မွာ ျဖစ္တာရယ္၊ ေဆးအကူအညီယူဖို႔ ခက္တာေတြရယ္ေၾကာင့္ ေသဆုံးႏိုင္ေျခကို အလြန္ျမင့္သြားေစပါတယ္။

– မီးခိုးေငြ႕ေတြ၊ ဂတ္စ္မီးဖိုေတြက ထြက္တဲ့ ကာဗြန္မိုေနာက္ဆိုက္ဓာတ္ေငြ႕ဟာ လူကို မူးေဝလာေစၿပီး ေျခေတြ၊ လက္ေတြေပ်ာ့က်ကာ ေသဆုံးေစပါတယ္။ အိပ္ေနရင္း မီးခိုးေငြ႕ အဆိပ္သင့္ရင္ ေသဆုံးဖို႔သာ ျဖစ္ပါတယ္။

– ႐ုတ္တရက္ ႏွလုံးခုန္ရပ္တာက SA node လို႔ေခၚတဲ့ ႏွလုံးခုန္ေစတဲ့ ေနရာေလးတစ္ခု မူမမွန္တာေၾကာင့္ ျဖစ္တတ္ၿပီး ဦးေႏွာက္ကို ေသြးမေရာက္ဘဲ ခ်က္ခ်င္း ေသဆုံးရတာပါ။

– အိပ္ေပ်ာ္ေနစဥ္ ဆုံးပါးတာေတြက ဘာအေၾကာင္းမွမရွိဘဲလည္း ျဖစ္ႏိုင္ပါေသးတယ္။ လကၡဏာလည္းမရွိ၊ လူလည္း က်န္းမာေနပါလ်က္ ထူးဆန္းစြာ ေသဆုံးမႈေတြကလည္း ရွိေနခဲ့ပါတယ္။

Credit – ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)

(Unicode)
အိပ်ပျော်နေစဉ် ရုတ်တရက် သေဆုံးစေတဲ့ အကြောင်းရင်းများ

အိပ်ပျော်နေစဉ် အသက်ဆုံးသွားရမှာကတော့ တကယ့်ကို ကြောက်စရာကောင်းတဲ့ ဘဝဖြစ်ရပ်တစ်ခုလို့ ဆိုရမှာပါပဲ။ အိပ်ပျော်နေစဉ် အသက်ဆုံးရမယ့် အကြောင်းတွေလည်း တစ်ပုံတစ်ပင်ဆိုတော့ ဖတ်ပြီး ကြောက်ကြရအောင်။

– အဝလွန်သူတွေမှာ အိပ်ပျော်နေစဉ် အသက်ရှူ ရပ်တတ်ပါတယ်။ ပြင်းပြင်းထန်ထန် ဟောက်တတ်နေရင်တော့ အတူနေမိသားစုက သတိထားပါတော့။ စက်အကူအညီယူပြီး သူ့ကို သေဆုံးမယ့် အန္တရာယ်ကနေ ကာကွယ်ဖို့ လိုပါပြီ။

– အိပ်ပျော်နေစဉ် ကံဆိုးစွာနဲ့ နှလုံး ဘယ်ဘက်အထက် သွေးကြောတစ်ချောင်း ပိတ်သွားရင် မနိုးခင်မှာပဲ ဘဝပြောင်းရမှာပါ။ နာပြီးအောင့်ပြီး နိုးလာမှာ မဟုတ်တော့ပါဘူး။

– ရေကူးပြီး အိပ်ရာဝင်တဲ့အခါ ရေကူးစဉ်က ဝင်ထားတဲ့ ရေစက်တွေက အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့သွားကာ ရုတ်တရက် အသက်ဆုံးစေပါတယ်။

– အသက်ရှူလမ်းကြောင်း ပိုးဝင်ပြီး အကြီးအကျယ် နေမကောင်းနေသူဟာ အင်သရိုဗိုင်းရပ်စ်ကြောင့်သာဖြစ်ခဲ့ရင် အိပ်ပျော်နေစဉ် ရုတ်တရက် သေဆုံးဖို့ အလားအလာ များပါသတဲ့။

– ဦးနှောက်တွင်း အရင်ကတည်းက ရှိနေတဲ့ ပင်မသွေးကြောထုံးတွေ ပေါက်သွားတဲ့အခါ နိုးချိန်တောင်မရလိုက်ဘဲ အိပ်ပျော်နေစဉ် အသက်ဆုံးရတတ်ပါတယ်။

– ဦးနှောက်အညှာကဖြစ်တဲ့ ပြဿနာတစ်ခုကြောင့် အိပ်ပျော်နေစဉ် အသက်ရှူရပ်တဲ့အခါ ဦးနှောက်က ခန္ဓာကိုယ်ကို နှိုးဖို့တောင် အချိန်မရတော့ဘဲ အိပ်နေရင်း ကွယ်လွန်ရပါတယ်။

– အိပ်ပျော်နေစဉ် နှလုံးသွေးကြော ရုတ်တရက် ပိတ်ဆို့တဲ့အခါ ခန္ဓာကိုယ်က နိုးလာပေမယ့် ညအချိန်မှာ ဖြစ်တာရယ်၊ ဆေးအကူအညီယူဖို့ ခက်တာတွေရယ်ကြောင့် သေဆုံးနိုင်ခြေကို အလွန်မြင့်သွားစေပါတယ်။

– မီးခိုးငွေ့တွေ၊ ဂတ်စ်မီးဖိုတွေက ထွက်တဲ့ ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့ဟာ လူကို မူးဝေလာစေပြီး ခြေတွေ၊ လက်တွေပျော့ကျကာ သေဆုံးစေပါတယ်။ အိပ်နေရင်း မီးခိုးငွေ့ အဆိပ်သင့်ရင် သေဆုံးဖို့သာ ဖြစ်ပါတယ်။

– ရုတ်တရက် နှလုံးခုန်ရပ်တာက SA node လို့ခေါ်တဲ့ နှလုံးခုန်စေတဲ့ နေရာလေးတစ်ခု မူမမှန်တာကြောင့် ဖြစ်တတ်ပြီး ဦးနှောက်ကို သွေးမရောက်ဘဲ ချက်ချင်း သေဆုံးရတာပါ။

– အိပ်ပျော်နေစဉ် ဆုံးပါးတာတွေက ဘာအကြောင်းမှမရှိဘဲလည်း ဖြစ်နိုင်ပါသေးတယ်။ လက္ခဏာလည်းမရှိ၊ လူလည်း ကျန်းမာနေပါလျက် ထူးဆန်းစွာ သေဆုံးမှုတွေကလည်း ရှိနေခဲ့ပါတယ်။

Credit – ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

Leave a Reply

Your email address will not be published. Required fields are marked *