သတင္း

ေျခေထာက္သဲ၀ဲစားျခင္းႏွင့္ ရွာလကာရည္အစြမ္း

(Zawgyi)
ဗီနီဂါ(ရွာလကာရည္)သုံးၿပီး သဲဝဲ ကုမယ္။

သဲဝဲ ဆိုတာက ေျခဖဝါးနဲ႔ေျခေခ်ာင္းေတြမွာ ျဖစ္တတ္တဲ့ မႈိပိုး ကူးစက္မႈတစ္မ်ိဳးပဲျဖစ္ပါတယ္။ ရွဴးဖိနပ္ေတြကို တစ္ခ်ိန္ကုန္ဝတ္ၿပီး အလုပ္လုပ္ရသူေတြမွာ သဲဝဲျဖစ္တတ္သလို ေျခေထာက္ ေခြၽးထြက္ၿပီး စိုထိုင္းထိုင္း ျဖစ္ေနတာမ်ိဳးေၾကာင့္လည္း မႈိပိုးေတြေပါက္ပြားၿပီး ေျခေထာက္သဲဝဲ စားႏိုင္ပါတယ္။ ဗီနီဂါက သဲဝဲကို ကုသႏိုင္တဲ့ သဘာဝေဆးတစ္လက္ပါ။ မႈိပိုးေတြကို ေသေစႏိုင္တဲ့ အစြမ္းရွိပါတယ္။ ဗီနီဂါသုံးၿပီး သဲဝဲေတြကို ေျဖရွင္းႏိုင္မယ့္ နည္းလမ္းေတြကို ေဖာ္ျပလိုက္ပါတယ္။

(၁) ဗီနီဂါနဲ႔ ေရကို သုံးၿပီး ေျခေထာက္ ေဆးေၾကာသန႔္စင္ပါ။

ေျခေထာက္ကို တစ္ေန႔တာအတြင္း မၾကာခဏဆိုသလို ပန္းသီးဗီနီဂါနဲ႔ ေဆးေၾကာေပးပါ။ ပန္းသီးဗီနီဂါက က်န္းမာေရး အက်ိဳးေက်းဇူးမ်ားပါတယ္။ မႈိပိုးကူးစက္တာေတြကိုလည္း သက္သာေစပါတယ္။ ဗီနီဂါရည္နဲ႔ ေျခေထာက္ ေဆးေပးၿပီး ေျခေထာက္ကို ေလသလပ္ခံပါ။

(၂) သဲဝဲေပၚကို ဗီနီဂါ လူးေပးပါ။

ပန္းသီးဗီနီဂါကို အဝတ္စတစ္ခုမွာ ဆြတ္ၿပီး သဲဝဲေပၚ အုပ္ထားေပးလို႔ ရပါတယ္။ ဂြမ္းစေလးနဲ႔တို႔ၿပီး သဲဝဲေပၚမွာ တင္ထားေပးလို႔လည္း ရပါတယ္။ ညတိုင္းလုပ္ေဆာင္ေပးပါ။ ဗီနီဂါဆြတ္ထားတဲ့ အဝတ္စ (သို႔ ) ဂြမ္းစကို သဲဝဲေပၚမွာ တစ္ညလုံး ကပ္ထားေပးပါ။

(၃) ဗီနီဂါရည္ထဲမွာ ေျခေထာက္စိမ္ပါ။

ေရေႏြးေႏြးနဲ႔ ဗီနီဂါကို ဆတူေရာစပ္ၿပီး ၁၀ မိနစ္ေလာက္ ေျခေထာက္ကို စိမ္ေပးပါ။ ၿပီးေနာက္ ေသခ်ာေျခာက္ေသြ႕ေအာင္သုတ္ေပးပါ။

(၄) လက္ဖက္ေျခာက္ရည္နဲ႔ ဗီနီဂါ ေရာစပ္ထားတဲ့ အရည္နဲ႔ ေျခေထာက္စိမ္ေပးပါ။

လက္ဖက္ေျခာက္ရည္မွာ မႈိပိုးေတြကို ေသေစႏိုင္တဲ့ tannic acid ပါဝင္တာေၾကာင့္ ဗီနီဂါနဲ႔ ေရာစပ္လိုက္တဲ့အခါ ပိုးေတြကို ထိထိေရာက္ေရာက္ သုတ္သင္ႏိုင္ပါတယ္။ ေရခပ္ေႏြးေႏြးထဲကို လက္ဖက္ေျခာက္အိတ္ေလးစိမ္ေပးၿပီး ဗီနီဂါကို တစ္ခြက္စာေရာစပ္ၿပီး ေျခေထာက္ကို စိမ္ေပးပါ။

(၅) ဗီနီဂါနဲ႔ လက္ဖက္ဆီေရာစပ္ၿပီး ေျခေထာက္ကို လူးေပးပါ။

လက္ဖက္ဆီကို ဘက္တီးရီးယားေတြကို ေသေစဖို႔နဲ႔ ေရာင္ရမ္းမႈကို သက္သာေစတဲ့ သဘာဝေဆးအျဖစ္ အသုံးျပဳေလ့ရွိၿပီး ဗီနီဂါနဲ႔ ေပါင္းစပ္လိုက္တဲ့အခါ သဲဝဲကို ထိထိေရာက္ေရာက္ ေပ်ာက္ကင္းေစမွာ ျဖစ္ပါတယ္။ ႏွစ္မ်ိဳးေရာစပ္ထားတဲ့ အေရာကို သဲဝဲျဖစ္တဲ့ေနရာမွာ လိမ္းေပးပါ။

(၆) Oregano နဲ႔ ဗီနီဂါကို ေရာစပ္ၿပီး လူးေပးႏိုင္ပါတယ္။

အိပ္သုံးေဆးဖက္ဝင္ ပစၥည္းအခ်ိဳ႕က မႈိပိုးေတြကို တိုက္ဖ်က္ရာမွာ အစြမ္းသတၱိရွိပါတယ္။ Oregano နဲ႔ ဗီနီဂါကို ေရာစပ္ၿပီး ေျခေထာက္မွာ လူးေပးမယ္ဆိုရင္ သဲဝဲနဲ႔ ပတ္သက္ၿပီး ထိေရာက္မႈရွိတာကို ေတြ႕ရမွာပါ။

(၇) Baking Soda နဲ႔ ဗီနီဂါကို ေရာၿပီး လူးေပးႏိုင္ပါတယ္။

သဲဝဲေၾကာင့္ နာက်င္ေနတယ္ဆိုရင္ေတာ့ baking sodaနဲ႔ ဗီနီဂါ ေရာစပ္ၿပီး တစ္ေန႔ ႏွစ္ႀကိမ္လူးေပးပါ။ သဲဝဲသက္သာသြားတာကို ေတြ႕ရွိရမွာျဖစ္ပါတယ္။ အလြန္အကြၽံ မသုံးမိေစဖို႔ေတာ့ သတိျပဳပါ။

(၈) ဗီနီဂါနဲ႔ ၾကက္သြန္ျဖဴ ေရာစပ္အသုံးျပဳေပးပါ။

ၾကက္သြန္ျဖဴက မႈိပိုးေတြကို ေသေစႏိုင္တာေၾကာင့္ မႈိေၾကာင့္ကူးစက္တဲ့ ေပြးကို သက္သာေစႏိုင္စြမ္းရွိပါတယ္။ သဲဝဲအတြက္လည္း ဗီနီဂါနဲ႔ ၾကက္သြန္ျဖဴေရာစပ္ထားတဲ့ အႏွစ္ကို အသုံးျပဳေပးႏိုင္ပါတယ္။ ေရာစပ္ထားတဲ့ အႏွစ္ကို အနာေပၚမွာ အုံေပးၿပီး ခဏထားပါ။ ၿပီးေနာက္ ေရနဲ႔ ေဆးခ်ၿပီး အေျခာက္သုတ္လိုက္ပါ။

မေအးသီမြန္

[ref: Curejoy, Sep 16, 2017.]

Credit – Kumudra

(Unicode)
ဗီနီဂါသုံးပြီး သဲဝဲ ကုမယ်။

သဲဝဲ ဆိုတာက ခြေဖဝါးနဲ့ခြေချောင်းတွေမှာ ဖြစ်တတ်တဲ့ မှိုပိုး ကူးစက်မှုတစ်မျိုးပဲဖြစ်ပါတယ်။ ရှူးဖိနပ်တွေကို တစ်ချိန်ကုန်ဝတ်ပြီး အလုပ်လုပ်ရသူတွေမှာ သဲဝဲဖြစ်တတ်သလို ခြေထောက် ချွေးထွက်ပြီး စိုထိုင်းထိုင်း ဖြစ်နေတာမျိုးကြောင့်လည်း မှိုပိုးတွေပေါက်ပွားပြီး ခြေထောက်သဲဝဲ စားနိုင်ပါတယ်။ ဗီနီဂါက သဲဝဲကို ကုသနိုင်တဲ့ သဘာဝဆေးတစ်လက်ပါ။ မှိုပိုးတွေကို သေစေနိုင်တဲ့ အစွမ်းရှိပါတယ်။ ဗီနီဂါသုံးပြီး သဲဝဲတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

(၁) ဗီနီဂါနဲ့ ရေကို သုံးပြီး ခြေထောက် ဆေးကြောသန့်စင်ပါ။

ခြေထောက်ကို တစ်နေ့တာအတွင်း မကြာခဏဆိုသလို ပန်းသီးဗီနီဂါနဲ့ ဆေးကြောပေးပါ။ ပန်းသီးဗီနီဂါက ကျန်းမာရေး အကျိုးကျေးဇူးများပါတယ်။ မှိုပိုးကူးစက်တာတွေကိုလည်း သက်သာစေပါတယ်။ ဗီနီဂါရည်နဲ့ ခြေထောက် ဆေးပေးပြီး ခြေထောက်ကို လေသလပ်ခံပါ။

(၂) သဲဝဲပေါ်ကို ဗီနီဂါ လူးပေးပါ။

ပန်းသီးဗီနီဂါကို အဝတ်စတစ်ခုမှာ ဆွတ်ပြီး သဲဝဲပေါ် အုပ်ထားပေးလို့ ရပါတယ်။ ဂွမ်းစလေးနဲ့တို့ပြီး သဲဝဲပေါ်မှာ တင်ထားပေးလို့လည်း ရပါတယ်။ ညတိုင်းလုပ်ဆောင်ပေးပါ။ ဗီနီဂါဆွတ်ထားတဲ့ အဝတ်စ (သို့ ) ဂွမ်းစကို သဲဝဲပေါ်မှာ တစ်ညလုံး ကပ်ထားပေးပါ။

(၃) ဗီနီဂါရည်ထဲမှာ ခြေထောက်စိမ်ပါ။

ရေနွေးနွေးနဲ့ ဗီနီဂါကို ဆတူရောစပ်ပြီး ၁၀ မိနစ်လောက် ခြေထောက်ကို စိမ်ပေးပါ။ ပြီးနောက် သေချာခြောက်သွေ့အောင်သုတ်ပေးပါ။

(၄) လက်ဖက်ခြောက်ရည်နဲ့ ဗီနီဂါ ရောစပ်ထားတဲ့ အရည်နဲ့ ခြေထောက်စိမ်ပေးပါ။

လက်ဖက်ခြောက်ရည်မှာ မှိုပိုးတွေကို သေစေနိုင်တဲ့ tannic acid ပါဝင်တာကြောင့် ဗီနီဂါနဲ့ ရောစပ်လိုက်တဲ့အခါ ပိုးတွေကို ထိထိရောက်ရောက် သုတ်သင်နိုင်ပါတယ်။ ရေခပ်နွေးနွေးထဲကို လက်ဖက်ခြောက်အိတ်လေးစိမ်ပေးပြီး ဗီနီဂါကို တစ်ခွက်စာရောစပ်ပြီး ခြေထောက်ကို စိမ်ပေးပါ။

(၅) ဗီနီဂါနဲ့ လက်ဖက်ဆီရောစပ်ပြီး ခြေထောက်ကို လူးပေးပါ။

လက်ဖက်ဆီကို ဘက်တီးရီးယားတွေကို သေစေဖို့နဲ့ ရောင်ရမ်းမှုကို သက်သာစေတဲ့ သဘာဝဆေးအဖြစ် အသုံးပြုလေ့ရှိပြီး ဗီနီဂါနဲ့ ပေါင်းစပ်လိုက်တဲ့အခါ သဲဝဲကို ထိထိရောက်ရောက် ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ နှစ်မျိုးရောစပ်ထားတဲ့ အရောကို သဲဝဲဖြစ်တဲ့နေရာမှာ လိမ်းပေးပါ။

(၆) Oregano နဲ့ ဗီနီဂါကို ရောစပ်ပြီး လူးပေးနိုင်ပါတယ်။

အိပ်သုံးဆေးဖက်ဝင် ပစ္စည်းအချို့က မှိုပိုးတွေကို တိုက်ဖျက်ရာမှာ အစွမ်းသတ္တိရှိပါတယ်။ Oregano နဲ့ ဗီနီဂါကို ရောစပ်ပြီး ခြေထောက်မှာ လူးပေးမယ်ဆိုရင် သဲဝဲနဲ့ ပတ်သက်ပြီး ထိရောက်မှုရှိတာကို တွေ့ရမှာပါ။

(၇) Baking Soda နဲ့ ဗီနီဂါကို ရောပြီး လူးပေးနိုင်ပါတယ်။

သဲဝဲကြောင့် နာကျင်နေတယ်ဆိုရင်တော့ baking sodaနဲ့ ဗီနီဂါ ရောစပ်ပြီး တစ်နေ့ နှစ်ကြိမ်လူးပေးပါ။ သဲဝဲသက်သာသွားတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ အလွန်အကျွံ မသုံးမိစေဖို့တော့ သတိပြုပါ။

(၈) ဗီနီဂါနဲ့ ကြက်သွန်ဖြူ ရောစပ်အသုံးပြုပေးပါ။

ကြက်သွန်ဖြူက မှိုပိုးတွေကို သေစေနိုင်တာကြောင့် မှိုကြောင့်ကူးစက်တဲ့ ပွေးကို သက်သာစေနိုင်စွမ်းရှိပါတယ်။ သဲဝဲအတွက်လည်း ဗီနီဂါနဲ့ ကြက်သွန်ဖြူရောစပ်ထားတဲ့ အနှစ်ကို အသုံးပြုပေးနိုင်ပါတယ်။ ရောစပ်ထားတဲ့ အနှစ်ကို အနာပေါ်မှာ အုံပေးပြီး ခဏထားပါ။ ပြီးနောက် ရေနဲ့ ဆေးချပြီး အခြောက်သုတ်လိုက်ပါ။

မအေးသီမွန်

[ref: Curejoy, Sep 16, 2017.]

Credit – Kumudra

Leave a Reply

Your email address will not be published. Required fields are marked *