သတင်း

ပူတာအိုဒေသတွင် စက်သုံးဆီတစ်ဂါလန် ကျပ်လေးသောင်းခွဲအထိရှိပြီး ဆန်အပါအ၀င် စားသောက်ကုန်များ အလွန်ဈေးကြီးနေ

ပူတာအိုဒေသတွင် စက်သုံးဆီတစ်ဂါလန် ကျပ်လေးသောင်းခွဲအထိရှိပြီး ဆန်အပါအ၀င် စားသောက်ကုန်များ အလွန်ဈေးကြီးနေ

စစ်ရေးတင်းမာမှုကြောင့် ကုန်ဈေးနှုန်းကြီးမြင့်နေမှုကို ဖြေရှင်းပေးရန် တပ်မတော်နှင့် KIO တို့အား ကချင်နိုင်ငံရေးပါတီများ တောင်းဆို

==================
==================

တပ်မတော်နှင့် ကချင် လက်နက်ကိုင်အဖွဲ့ (KIO/KIA) တို့အကြား စစ်ရေးတင်းမာမှုများ ကြောင့် ကချင်ပြည်နယ် ပူတာအို ဒေသတွင် သွားလာရေးနှင့် ကုန် စည်ပို့ဆောင်ရေး ခက်ခဲနေရာ လက်ရှိတွင် စက်သုံးဆီတစ်ဂါလန် ကျပ်လေးသောင်းခွဲအထိရှိ ပြီး ဆန်အပါအ၀င် စားသောက် ကုန်များ အလွန်ဈေးကြီးနေ ကြောင်း ကချင်ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလလယ် ကစကာ စစ်ရေးတင်းမာမှုကို အ ကြောင်းပြု၍ KIA က မြစ်ကြီးနား -ဆွမ်ပရာဘွမ်-ပူတာအို လမ်း ပိုင်းရှိ တံတားများကို မိုင်းခွဲဖျက်ဆီးခဲ့သဖြင့် ကုန်စည်ပို့ဆောင်ရေးအခက်အခဲ ဖြစ်နေကြောင်း ပူတာအိုပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးမိုးရွှေကပြောသည်။

‘‘ဒီဆွမ်ပရာဘွမ်မြို့နယ်မှာ ရှိတဲ့ တံယန်ဇွတ်ရွာရဲ့ အထက်၊ မေခမြစ်အထက်ပိုင်းမှာ ရွှေမျော တွေကို အစိုးရတပ်မတော်စစ် ကြောင်းကနေ ရှင်းတယ်။ ရှင်း တာမှာ တိုက်ပွဲတွေဖြစ်တယ်။ တိုက်ပွဲဖြစ်ရင်းနဲ့ ဒီဘက်က KIO ဘက်ကလည်း တပ်မတော်ဘက် က စစ်ကြောင်းတွေ တက်မလာနိုင်အောင် တံတားမိုင်းခွဲတယ်ပေါ့နော်။ အဲဒီမှာ တံတားသုံးစင်း လောက် ခွဲပစ်လိုက်တယ်။ ခွဲလိုက် တော့ အဲဒီကနေပြီးတော့ လမ်း ပန်းဆက်သွယ်ရေး ပြတ်တောက် သွားတာပေါ့’’ဟု ကချင်ကွန်ဂ ရက်ပါတီ (KNC) ဥက္ကဋ္ဌ ဒေါက် တာအမ်ကောန်လကပြောသည်။

အဆိုပါ ဖြစ်စဉ်မဖြစ်ပွားမီ စက်သုံးဆီတစ်ဂါလန် ကျပ်ငါး ထောင်ကျော်သာ ရှိသော်လည်း လက်ရှိတွင် ရှစ်ဆခန့် ဈေးမြင့်ခဲ့သည်ဟု ပူတာအိုဒေသခံအချို့က ဆိုသည်။

‘‘ဆီဈေးက တစ်ပုလင်းဆို ရှစ်ထောင်လောက် ပေါက်နေ တယ်။ မြန်မာဘီယာပုလင်းမျိုးပေါ့။ ဂါလန်နဲ့လည်းရောင်းတယ်။ တစ်ဂါလန် လေးသောင်းခွဲရှိ တယ်’’ဟု ပူတာအိုမြို့ခံဦးအောင် ခမ်းကပြောသည်။

စက်သုံးဆီဈေးသည် ယခင်ထက် ရှစ်ဆခန့် ဈေးတက်သော် လည်း အလုံအလောက်ဝယ်၍ရ သည့် အနေအထားမရှိဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမိုးရွှေကဆိုသည်။

‘‘ကျန်တဲ့ စားသောက်ကုန် တွေဖြစ်တဲ့ ဆန်တွေ၊ ဆီတွေနောက်ပြီးတော့ ကြက်သွန်နီတွေ ဘာတွေပေါ့။ ဒါတွေလည်း ဈေးတက်တာ ရှိပါတယ်။ ဆန်တစ်အိတ်ကို ကျွန်တော်တို့ဆီမှာ ရှစ်သောင်းရှိတယ်။ အစကတော့ လေးသောင်းခွဲပေါ့။ အဲဒီလိုမျိုး ဈေးတက်တာတွေ ရှိတယ်’’ဟု ဦးမိုးရွှေကပြောသည်။

ဖေဖော်ဝါရီ ၂၈ ရက်က ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိ ယ၀န်ကြီး ဦးကျော်လင်းက အဆို ပါ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်းတွင် မိုင်းများရှင်းလင်းရန်ရှိနေ၍ ရက်သတ္တနှစ် ပတ်ခန့်ကြာမှသာ လမ်းကို အသုံးပြုနိုင်မည်ဟု ဖြေကြားခဲ့ကြောင်း ဦးမိုးရွှေကပြောကြားသည်။

‘‘ပြည်သူတွေရဲ့ အကျိုးကို ကြည့်ပြီးတော့ သက်ဆိုင်တဲ့အဖွဲ့ အစည်းတွေအနေနဲ့ တိုက်ခိုက်မှု တွေကို လုံးဝမဖြစ်ရင် ကောင်း တာပေါ့နော်။ တိုက်ပွဲတွေဖြစ်လာ ရင် အဓိကဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေးတွေ ထိခိုက်ကြ ရတယ်’’ဟု ၎င်းကပြောသည်။

စစ်ရေးတင်းမာမှုကြောင့် ကုန်ဈေးနှုန်းကြီးမြင့်နေမှု ဖြေရှင်း နိုင်ရန် အဆိုပါလမ်းပိုင်း အမြန်ဆုံးပြန်ဖွင့်နိုင်ရေး တပ်မတော်နှင့် KIO/KIA အကြား ဆွေးနွေးမှု များ ဆောင်ရွက်စေလိုကြောင်း ကချင်ပြည်နယ် ဒီမိုကရေစီပါတီ(KSDP) ဥက္ကဋ္ဌ ဒေါက်တာ မနာမ်တူးဂျာက ပြောသည်။

‘‘ဆွမ်ပရာဘွမ်လမ်းက ပိတ် ဆို့နေတဲ့အခါ ကားသွားလို့မရတဲ့ အခါကျတော့ အဲဒီဆွမ်ပရာဘွမ် ဘက်ကို ကုန်စည်ပို့လို့ မဖြစ်နိုင် တဲ့အတွက် စားသုံးကုန်ပစ္စည်း တွေ ရှားပါးနေတယ်။ ဒါကြောင့် မို့ ဒါကို အမြန်ပြန်ဖွင့်နိုင်အောင် အစိုးရတပ်မတော်နဲ့ KIO အကြားမှာ ပြေပြေလည်လည် ဆွေးနွေးစေချင်တယ်’’ဟု KIO ဒုဥက္ကဋ္ဌဟောင်းလည်းဖြစ်သူ ဒေါက်တာ မနာမ်တူးဂျာကဆိုသည်။

KNC ဥက္ကဋ္ဌ ဒေါက်တာအမ် ကောန်လက ‘‘တပ်မတော်နဲ့ ပြည် ထောင်စု အစိုးရကိုလည်း နည်း နည်းတော့ မေတ္တာရပ်ခံချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်ကျ ရင် နိုင်ငံရေးဆွေးနွေးပွဲကို စားပွဲ ၀ိုင်းမှာ လုပ်မယ့်သူတွေပဲ။ ဒီလို ပြင်းပြင်းထန်ထန် လုပ်တာတွေ က နောင်တစ်ချိန် စားပွဲဝိုင်းမှာ ဆွေးနွေးတဲ့အခါ လာထိခိုက်မယ် လို့ ကျွန်တော်တို့ မြင်တယ်။ နောက်တစ်ခုက ဒီဘက် ကချင် လက်နက်ကိုင်အဖွဲ့ (KIO) အပိုင်း ပေါ့။ KIO အနေနဲ့လည်း ပြောရ မယ်ဆိုရင်တော့ စစ်ရေးအရ ဆောင်ရွက်တာတော့ ဆောင်ရွက်တာပေါ့နော်။ သယံဇာတပိုင်းဆိုင် ရာ လုပ်တာတော့ လုပ်ပေါ့။ ဒါပေမဲ့လည်း လူထုပိုင်းမှာ စည်းမဲ့ကမ်းမဲ့ လုပ်တာတွေလည်း နည်းနည်း တော့ Control လုပ်ဖို့တော့ လိုမယ်’’ဟု ပြောသည်။

တရုတ်နိုင်ငံ၏ ကြားဝင်ညှိ နှိုင်းမှုဖြင့် တပ်မတော် ဒုတိယဗိုလ် ချုပ်ကြီး ထွန်းထွန်းနောင်နှင့် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လတို့သည် ဖေဖော်ဝါရီ ၁ ရက်က တရုတ်နိုင်ငံ၌ တွေ့ဆုံကာ တိုက်ပွဲလျှော့ချရေး ဆွေးနွေးသော် လည်း သဘောတူညီချက် တစ်စုံ တစ်ရာ မရခဲ့ပေ။

ယင်းနောက်ပိုင်းတွင် နှစ် ဖက်အကြား တိုက်ပွဲဖြစ်ပွားမှု လျော့နည်းခဲ့သော်လည်း ပူတာ အိုဒေသနှင့် တနိုင်းဒေသ၌ စစ်ရေး တင်းမာနေဆဲဖြစ်ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ကြီး နော်ဘူကဆိုသည်။ တံတားများ မိုင်းခွဲဖျက်ဆီးရခြင်းသည် လည်း စစ်ရေးအရ ဆောင်ရွက်ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။ ပူတာအိုဒေသတွင် တပ်မတော်စစ်ကြောင်း အများအပြား လှုပ်ရှားမှုများ ရှိနေသည်ဟု KIA က ဆိုသည်။

===========

7Day News Journal

Leave a Reply

Your email address will not be published. Required fields are marked *