သတင်း

ပိုလျှံနို့ရည်တွေကို အွန်လိုင်းကနေ ရောင်းခဲ့တဲ့ မိခင်

ပိုလျှံနို့ရည်တွေကို အွန်လိုင်းကနေ ရောင်းခဲ့တဲ့ မိခင်

ဆိုင်ပရပ်စ်၊ မတ် ၃

ဆိုင်ပရပ်စ်နိုင်ငံမှ အသက် ၂၄ နှစ်အရွယ် မိခင်တစ်ဦးက သူ၏ ပိုလျှံသော နို့ရည်များကို ခန္ဓာကိုယ်ဖွံ့ဖြိုးမှုလိုက်စားသော အမျိုးသားများအား အင်တာနက်မှ ရောင်းချလျှက်ရှိသည်။

အသက် ၂၄ နှစ်အရွယ်ရှိ Rafaela Lamprou သည် လွန်ခဲ့သည့် ၇လခန့်က သားဖြစ်သူ အန်ဂျီလိုကို မွေးဖွားကတည်းက သူ၏ နို့ထွက်နှုန်းလွန်စွာမြင့်မားနေသည်ကို တွေ့ရပြီး ယင်းတို့ကို သိုလှောင်ရန် နေရာလည်းမရှိခဲ့ချေ။

ထိုအချိန်မှစ၍ ယနေ့အထိ သူသည် နို့ရည် ၅၀၀ လီတာခန့်ကို အခြားသူများအား ရောင်းချခဲ့ရာ ယခုအချိန်အထိဆိုလျှင် နို့ရည်ရောင်းချခြင်းဖြင့် ဗြိတိန်စတာလင်ပေါင် ၄၅၀၀(ကန်ဒေါ်လာ ၆၂၀၅ ခန့်)ရရှိခဲ့ပြီဖြစ်သည်။

ကနဦးတွင်မူ ပိုလျှံသော နို့ရည်များကို အခြားကလေးမိခင်များအား လှူဒါန်းခဲ့သော်လည်း အမျိုးအသားအချို့မှာ သူတို့၏ ခန္ဓာကိုယ်ရှိကြွက်သားများဖွံ့ဖြိုးစေရေးအတွက် သူမအား ချဉ်းကပ်၍ နို့ရည်များတောင်းခံကြသည်ကို သိရှိလာရာတွင် ပိုလျှံနို့ရည်များကို စတင်ရောင်းချခဲ့ခြင်းဖြစ်၏။

“ကျွန်မ သားလေးကို မွေးကတည်းက နို့တွေတအားထွက်နေတော့ တစ်ခုခုတော့လုပ်ရမယ်ဆိုတာသိလာတယ်။ ဒါနဲ့ အဲဒီနို့တွေကို ရေရှည်သိမ်းထားနိုင်အောင်လုပ်ရတော့တယ်။ ဒါပေမယ့် ကလေးက ကုန်အောင်မသောက်နိုင်လေတော့ကာ တခြား ကလေးအမေတွေကို လှူခဲ့သေးတယ်။ နောက်ကျတော့မှ အမျိုးသားတစ်ချို့က သူတို့ခန္ဓာကိုယ်ရှိကြွက်သားများဖွံ့ဖြိုးဖို့အတွက် နို့ရည်လိုချင်လို့ စုံစမ်းလာတာတွေရှိလာကြတယ်။ အဲဒီတော့မှ စရောင်ခဲ့တာပါ။ ကျွန်မရဲ့ နို့ရည် တစ်အောင်စကို ၁ ယူရို(ကန်ဒေါ်လာ ၁.၂ခန့်)နဲ့ ရောင်းခဲ့ပါတယ်”ဟု သူမကပြောပါသည်။

Rafaela Lamprou သည် ခင်ပွန်းဖြစ်သူ အလက်စ်(အသက် ၃၃ နှစ်) နှင့် သူ့ရင်သွေး နှစ်ဦးတို့နှင့်အတူ နေထိုင်လျှက်ရှိသည်။

PN002
ref: Mother is raking in thousands by selling her breast milk to bodybuilding MEN online – who say it helps to ‘build their muscles’

New Watch

Leave a Reply

Your email address will not be published. Required fields are marked *