သတင်း

ခင်ဦးအညာသီဟတောဘုရားပွဲတွင် ဇာတ်ပွဲခုံကို လိုက်ထရပ်ယာဉ်ဝင်တိုက်၍ ဆိုင်းဆရာသေဆုံး

ခင်ဦးအညာသီဟတောဘုရားပွဲတွင် ဇာတ်ပွဲခုံကို လိုက်ထရပ်ယာဉ်ဝင်တိုက်၍ ဆိုင်းဆရာသေဆုံး

==================
==================

ခင်ဦးမြို့နယ် အညာသီဟ တောဘုရားပွဲတွင် ကပြဖျော်ဖြေ နေသော ဇာတ်ပွဲခုံကို လိုက်ထရပ်ယာဉ်ဝင်တိုက်၍ အမျိုးသား တစ်ဦးသေဆုံးပြီး အမျိုးသမီးတစ် ဦးဒဏ်ရာရရှိသည်။
အညာသီဟတောဘုရားပွဲ တွင် ကပြဖျော်ဖြေနေသော မန္တလာချစ်သူဇာတ်ပွဲခုံကို မတ်လ ၁ ရက်နံနက်က ဘုရားဖူးလာသော လိုက် ထရပ်ယာဉ်ဝင်တိုက်မိ၍ ဆိုင်း ဆရာတစ်ဦးသေဆုံးပြီး လမ်း လျှောက်နေသော အမျိုးသမီးတစ် ဦးဒဏ်ရာရရှိခဲ့သည်။

(၂၁) နှစ်အရွယ်အမျိုးသား မောင်းသော လိုက်ထရပ်ယာဉ် သည် ခင်ဦးမြို့မှ အညာသီဟ တောသို့ ဘုရားဖူးလာရောက်စဉ် ဘုရားကုန်းအဆင်း ဘရိတ်ပေါက်ပြီး ဇာတ်ပွဲဇာတ်ခုံညာဘက် မြန်မာဆိုင်းဝိုင်းဘက်အခြမ်းကို အရှိန်မထိန်းနိုင်ဘဲ ၀င်တိုက်မိရာ အသက် (၆၁) နှစ်အရွယ် ဆိုင်းဆရာ အခင်းဖြစ် နေရာတွင် သေဆုံးပြီး လမ်း လျှောက်လာသော (၆၅) နှစ်အရွယ် အမျိုးသမီးသည် လက်မောင်းကျိုး၊ တံတောင်ပွန်းဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ခင်ဦးမြို့ မြို့မရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က၊ ၃၃၈ တို့ဖြင့် အမှုဖွင့်ထားသည်။

===========

7Day News Journal

Leave a Reply

Your email address will not be published. Required fields are marked *