သတင်း

သထုံမြို့တွင် မော်တော်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိ၊ အမျိုးသမီးတစ်ဦး သေဆုံး ရှစ်ဦး ဒဏ်ရာရ

သထုံမြို့တွင် မော်တော်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိ၊ အမျိုးသမီးတစ်ဦး သေဆုံး ရှစ်ဦး ဒဏ်ရာရ
===================================================================
သထုံ၊ မတ် ၅

မွန်ပြည်နယ် သထုံမြို့ နန်းခဲရပ်ကွက် မင်းလမ်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးအနီးတွင် မော်တော်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိရာမှ အမျိုးသမီးတစ်ဦး သေဆုံးကာ ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သထုံမြို့မ ရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ အဆိုပါမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးအနီးတွင် မတ် ၄ ရက် ညနေ ၆ နာရီ မိနစ် ၅ဝ ခန့်က မော်တော်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိကြောင်း သတင်းအရ အမှတ်(၇၈) ယာဉ် ထိန်းတပ်ဖွဲ့စုမှ တပ်ကြပ်ကြီး သန်းစိုး၊ သထုံမြို့မရဲစခန်းမှ တာဝန်မှူး ရဲအုပ်မျိုးမင်းသန်းနှင့် အဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွား ရောက်စစ်ဆေးခဲ့ရာ အောင်မျိုး ကျော်(၂၈)နှစ် ယာဉ်မောင်း တောင်ဝိုင်းရပ်ကွက် မော်လမြိုင်မြို့နေသူ မောင်းနှင်သည့် Mon 2J/—- Nissan Vanette အမျိုးအစား အဖြူရောင်လိုက်ထရပ် မော်တော်ယာဉ်က ဘီးလင်းဘက်မှ မော်လမြိုင်ဘက်သို့ ကျိုက်ထီးရိုးဘုရားဖူးပြီးအပြန် မောင်းနှင်လာစဉ် ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ်(၁၄၉/၆)နှင့် (၁၄၉/၇) အကြားအရောက်တွင် ပေါင်မြို့ နယ်ဘက်မှ ဘီးလင်းမြို့နယ်ဘက်သို့ လှိုင်ထူး(၄ဝ)နှစ် မောင်းနှင်လာသည့် 2A/—- Canter အဖြူရောင် ကျောက်တင်ယာဉ်အား တစ်ဖက်ယာဉ်ကြောသို့ အရှိန်လွန်ရောက်ရှိပြီး ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိသဖြင့် ကျောက်တင်ယာဉ် မောင်းနှင်သည့် လှိုင်ထူးတွင် ထိခိုက်ဒဏ်ရာမရရှိသော်လည်း အောင်မျိုးကျော်မောင်းနှင်သည့် မော်တော်ယာဉ်ရှေ့ခန်းတွင် လိုက်ပါလာသူ

မရွှန်းသီရိနွယ် (၂၁)နှစ် တောင်ဝိုင်း ရပ်ကွက် မော်လမြိုင်မြို့နေသူတွင် ယာရင်အုံပေါက်ပြဲ၊ ဝဲမျက်ခုံး ပေါက်၊ ပါးစပ်သွေးထွက်ဒဏ်ရာတို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး တစ်ရပ်ကွက်တည်း နေသူများဖြစ်ကြသည့် သာထူး တစ်နှစ်(မစိုးရိမ်ရ)၊ ယာဉ်မောင်း အောင်မျိုးကျော်တွင် နဖူးအလယ် ပေါက်ပြဲ၊ ယာဘက်အောက်မျက် ခမ်းပွန်းခြစ်ဒဏ်ရာ(မစိုးရိမ်ရ)၊ ဒေါ်သန်းသန်းလှ(၅၇)နှစ်(စိုးရိမ်ရ)၊ မခိုင်အိအိဖြိုး (၂၅)နှစ်(မစိုးရိမ်ရ)၊ မသိင်္ဂီဝင်း(၃ဝ)နှစ်(စိုးရိမ်ရ)၊ ဟိန်းမင်းလတ်(၂၉)နှစ်(မစိုးရိမ်ရ)၊ အောင်ကျော်ဇော လေးနှစ်(မစိုး ရိမ်ရ)နှင့် ဒေါ်လှလှသန်း(၅၅)နှစ်(မစိုးရိမ်ရ)တို့ ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး သထုံခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ရဲဆေးစာဖြင့် တင်ပို့ကုသပေးခဲ့ကြောင်း ရဲမှတ် တမ်းအရ သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အား မဆင်မခြင်မောင်းနှင်သူ အောင်မျိုးကျော်ကို သထုံမြို့မရဲ စခန်းက ယာဉ်(ပ) ၂၁/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၃၇/၃၃၈/ ၃ဝ၄(က) ဖြင့် အမှုဖွင့်အရေး ယူဆောင်ရွက်ထားကြောင်း သိရသည်။

ZMT

#democracytoday

Leave a Reply

Your email address will not be published. Required fields are marked *