သတင္း

အသည်းရောဂါကြောင့် ဖောရောင်ခံစားနေရသူများအတွက်။ အသည္းေရာဂါေၾကာင့္ ေဖာေရာင္ခံစားေနရသူမ်ားအတြက္။

(Zawgyi)

ေဆးဖက္ဝင္ ဆူးပေဒါင္းပင္ (ဝါ) မိေက်ာင္းအံဖတ္ပင္

အသည္းေရာဂါေၾကာင့္ တစ္ကိုယ္လုံး ေဖာေယာင္ၿပီး ဒုကၡခံစားေနတဲ့ ေဝဒနာရွင္မ်ားအတြက္ သဘာဝေဆးပင္တစ္မ်ိဳးကို မွ်ေဝေပးလိုက္ခ်င္ပါသည္။ လက္ေတြ႕ေသာက္သုံးၿပီး အမွန္တကယ္ေပ်ာက္ကင္းခဲ့သည့္အတြက္ ျပန္လည္ မွ်ေဝေပးျခင္း ျဖစ္ပါသည္။

၎ေဆးပင္အမည္မွာ အညာေဒသအေခၚ ဆူးပေဒါင္းပင္(ဆူးပန္းေတာင္းပင္)၊ ေအာက္ျပည္အေခၚ မိေက်ာင္းအန္ဖတ္ပင္ ျဖစ္ပါသည္။ ဆူးပေဒါင္းပင္ဟာ အေလ့က်ေပါက္တဲ့အပင္မ်ိဳးျဖစ္ၿပီး လယ္ကြင္းစပ္၊ ေတာစပ္အနီးတို႔တြင္ ေတြ႕ရတတ္ပါသည္။ အပင္တြင္ ဆူးအနည္ငယ္ ပါသည္။ ေအာက္ပိုင္းမွာဆိုလွ်င္ ဟသၤာတၿမိဳ႕ႏွင့္ ရန္ကုန္လွည္းကူးတို႔တြင္ အလြန္ေပါပါသည္။ အပင္၏ ပုံစံကို ပုံႏွင့္တကြ တြဲ၍ ေဖာ္ျပေပးလိုက္ပါသည္။

ေဆးနည္း-

(၁) ဆူးပေဒါင္းပင္ကို အျမႇစ္ပါေအာင္ ႏႈတ္ယူပါ။

(၂) အျမႇစ္ေပၚမွ ေျမႀကီးမ်ား၊ ႐ႊံ႕မ်ား စင္ၾကယ္သြားေအာင္ ေရထဲကို စိမ္ထားၿပီး စင္ၾကယ္ေအာင္ ၃-၄ ႀကိမ္ခန႔္ ေဆးေပးပါ။

(၃) ၎အပင္၏ ပၪၥငါးပါးကို အပိုင္းပိုင္း ခုတ္ၿပီး ေရ ၃ ခြက္ ၁ ခြက္က်န္ေအာင္ က်ိဳပါ။ (၄) ေဆးရည္အေရာင္ဟာ ညိဳမည္းမည္းအေရာင္ထြက္လာပါလိမ့္မည္။

(၅) ၎ေဆးက်ိဳရည္ထဲကို ဒိုပါလာသၾကားကို အမႈန႔္ႀကိတ္၍ အနည္းငယ္ထည့္ၿပီး ေသာက္ပါ။ (ဒိုပါလာသၾကားကို ဘယေဆးဆိုင္မ်ားတြင္ ဝယ္ယူႏိုင္ပါသည္)

(၆) ေဆးရည္ေသာက္ၿပီးလွ်င္ ဆီးခဏခဏ သြားပါလိမ့္မည္။

(၇) တစ္ေန႔တစ္အိုး က်ိဳေသာက္၍ ၃ ရက္ခန႔္ ေသာက္ၿပီး ေရာဂါသိသာစြာ သက္သာေပ်ာက္ကင္းပါလိမ့္မည္။

(၈) ၎ဆူးပေဒါင္းပင္ကို ေနရိပ္တြင္ အေျခာက္လွန္း၍ လက္ဖက္ေျခာက္ကဲ့ ေရေႏြးခတ္ေသာက္ႏိုင္ပါသည္။ အသည္းေရာဂါမ်ားသာမကပဲ ေက်ာကပ္ေရာဂါႏွင့္ ဆီးေရာဂါမ်ားအတြက္လည္း ျပန္လည္ေကာင္းမြန္လာေစပါသည္။

ကိုးကား ။ ။ ျမန္မာတို႔အတြက္ျမန္မာ့ေဆးၿမီးတိုမ်ား

Credit-ေစာႏြဲ႕ေနဆိုင္

(Unicode)

ဆေးဖက်ဝင် ဆူးပဒေါင်းပင် (ဝါ) မိကျောင်းအံဖတ်ပင်

အသည်းရောဂါကြောင့် တစ်ကိုယ်လုံး ဖောယောင်ပြီး ဒုက္ခခံစားနေတဲ့ ဝေဒနာရှင်များအတွက် သဘာဝဆေးပင်တစ်မျိုးကို မျှဝေပေးလိုက်ချင်ပါသည်။ လက်တွေ့သောက်သုံးပြီး အမှန်တကယ်ပျောက်ကင်းခဲ့သည့်အတွက် ပြန်လည် မျှဝေပေးခြင်း ဖြစ်ပါသည်။

၎င်းဆေးပင်အမည်မှာ အညာဒေသအခေါ် ဆူးပဒေါင်းပင်(ဆူးပန်းတောင်းပင်)၊ အောက်ပြည်အခေါ် မိကျောင်းအန်ဖတ်ပင် ဖြစ်ပါသည်။ ဆူးပဒေါင်းပင်ဟာ အလေ့ကျပေါက်တဲ့အပင်မျိုးဖြစ်ပြီး လယ်ကွင်းစပ်၊ တောစပ်အနီးတို့တွင် တွေ့ရတတ်ပါသည်။ အပင်တွင် ဆူးအနည်ငယ် ပါသည်။ အောက်ပိုင်းမှာဆိုလျှင် ဟင်္သာတမြို့နှင့် ရန်ကုန်လှည်းကူးတို့တွင် အလွန်ပေါပါသည်။ အပင်၏ ပုံစံကို ပုံနှင့်တကွ တွဲ၍ ဖော်ပြပေးလိုက်ပါသည်။

ဆေးနည်း-

(၁) ဆူးပဒေါင်းပင်ကို အမြှစ်ပါအောင် နှုတ်ယူပါ။

(၂) အမြှစ်ပေါ်မှ မြေကြီးများ၊ ရွှံ့များ စင်ကြယ်သွားအောင် ရေထဲကို စိမ်ထားပြီး စင်ကြယ်အောင် ၃-၄ ကြိမ်ခန့် ဆေးပေးပါ။

(၃) ၎င်းအပင်၏ ပဉ္စငါးပါးကို အပိုင်းပိုင်း ခုတ်ပြီး ရေ ၃ ခွက် ၁ ခွက်ကျန်အောင် ကျိုပါ။ (၄) ဆေးရည်အရောင်ဟာ ညိုမည်းမည်းအရောင်ထွက်လာပါလိမ့်မည်။

(၅) ၎င်းဆေးကျိုရည်ထဲကို ဒိုပါလာသကြားကို အမှုန့်ကြိတ်၍ အနည်းငယ်ထည့်ပြီး သောက်ပါ။ (ဒိုပါလာသကြားကို ဘယဆေးဆိုင်များတွင် ဝယ်ယူနိုင်ပါသည်)

(၆) ဆေးရည်သောက်ပြီးလျှင် ဆီးခဏခဏ သွားပါလိမ့်မည်။

(၇) တစ်နေ့တစ်အိုး ကျိုသောက်၍ ၃ ရက်ခန့် သောက်ပြီး ရောဂါသိသာစွာ သက်သာပျောက်ကင်းပါလိမ့်မည်။

(၈) ၎င်းဆူးပဒေါင်းပင်ကို နေရိပ်တွင် အခြောက်လှန်း၍ လက်ဖက်ခြောက်ကဲ့ ရေနွေးခတ်သောက်နိုင်ပါသည်။ အသည်းရောဂါများသာမကပဲ ကျောကပ်ရောဂါနှင့် ဆီးရောဂါများအတွက်လည်း ပြန်လည်ကောင်းမွန်လာစေပါသည်။

ကိုးကား ။ ။ မြန်မာတို့အတွက်မြန်မာ့ဆေးမြီးတိုများ

Credit-စောနွဲ့နေဆိုင်

Leave a Reply

Your email address will not be published. Required fields are marked *