သတင္း

အရစ္က်ဝယ္ယူကာ လိုင္စင္မက်ေသးသည့္ ဆိုင္ကယ္ စီးနင္းသူမ်ားအတြက္ သိထားသင့္သည့္ အခ်က္မ်ား

(Zawgyi)
အေျခအေနအရပ္ရပ္ေၾကာင့္ တစ္ခါတည္း မဝယ္ယူႏိုင္သည့္အတြက္ အရစ္က်စနစ္နဲ႔ ဝယ္ယူစီးနင္းၾကသည့္ ေမာ္ေတာ္ဆိုင္ကယ္ စီးနင္းသူမ်ား အမ်ားအျပား ရွိပါတယ္။ ဒီလိုဝယ္ယူစီးနင္းတဲ့အခါမွာ လိုင္စင္မက်ေသးတဲ့အတြက္ နံပါတ္ကလဲ မရေသးဘူး။ တခ်ိဳ႕ေတာ့ နံပါတ္ကက်ေနပီး ယာဥ္လိုင္စင္တို႔ အုံနာဘုတ္တို႔ကမရေသးဘူး။ ဒီေတာ့ အဲ့ဒီသူအခ်ိဳ႕ဟာ ယာဥ္နံပါတ္ေနရာမွာ ယာယီဆိုပီး ဂဏန္းအခ်ိဳ႕ေရး တပ္စီးၾကတယ္။

ယာဥ္လိုင္စင္ စစ္ေဆးလို႔ ျပသရေတာ့မည့္ အခါမွာလဲ ယာဥ္လိုင္စင္အစား ဆိုင္ကဝယ္ယူခဲ့တဲ့ေဘာင္ခ်ာ ဒါမွမဟုတ္ စာ႐ြက္အခ်ိဳ႕ကို ျပသၾကတယ္။ ဆိုင္အခ်ိဳ႕ကလဲ ဒါေလးျပလိုက္ပါ စီးလို႔ရတယ္လို႔ ေျပာလိုက္တယ္တဲ့။ အဲ့ဒီမွာ ေျဖရွင္းရခတ္တဲ့ ျပသနာေတြ ေပၚေတာ့တာပါပဲ။ ဒီလိုအေနအထားေလးကို ကြၽန္ေတာ္ေျပာျပခ်င္ပါတယ္။ အခုကြၽန္ေတာ့္စာကို ဖတ္ရႈေနတဲ့သူဟာ နားလည္ေစခ်င္လို႔ ေျပာျပေနတာဆိုတာေလးေတာ့ မွတ္ယူေပးေစခ်င္ပါတယ္။

ဖမ္းဆီးျခင္း အေရးယူျခင္းကို ေျပာဆိုခ်င္တာထက္ နားလည္ထားေစျခင္းသာလွ်င္ အဓိက ေျပာျပျခင္းျဖစ္ပါတယ္။ အမ်ားသူငွာ သြားလာေနတဲ့ လမ္းမႀကီးေပၚမွာ အသုံးျပဳေနတဲ့ယာဥ္ အခုေတာ့ ထားပါ ဆိုင္ကယ္ေပါ့၊ အဲ့ဆိုင္ကယ္ဟာ ယာဥ္လိုင္စင္ ပါရွိရပါမယ္။ လူအတြက္ ယာဥ္ေမာင္းလိုင္စင္ပါရွိရပီး၊ ဆိုင္ကယ္အတြက္ ဆိုင္ကယ္လိုင္စင္ ပါရွိရပါ့မယ္။ ယာဥ္လိုင္စင္ ပါရွိမွသာလွ်င္ လမ္းမေပၚမွာ ေမာင္းႏွင္အသုံးျပဳႏိုင္မွာပါ။

ယာဥ္လိုင္စင္ျပပါလို႔ တာဝန္ရွိသူက စစ္ေဆးေတာင္းယူတဲ့အခါ ယာဥ္လိုင္စင္ပဲ ျပသရမွာျဖစ္ပီး ဆိုင္ကေဘာင္ခ်ာေတြ စာ႐ြက္စာတန္းေတြ ျပသလို႔ မရပါဘူး။ ဒီစာ႐ြက္ ေလးျပပီး စီးပါလို႔ ဆိုင္ကယ္ဆိုင္က မည္သို႔ပင္မွာၾကားထားေသာ္လည္း ယာဥ္စည္းကမ္းအေနနဲ႔က ယာဥ္လိုင္စင္ပါမွကို ျဖစ္မွာပါ။ ဒါဟာ ဆိုင္ေတြကို အျပစ္ေျပာဆိုလိုျခင္း မဟုတ္ပါဘူး။ ဆိုင္ကယ္ အသုံးျပဳသူေတြကို ရွင္းျပတဲ့သေဘာပါ။

နံပါတ္ဆိုတာကလဲ ယာယီဆိုပီး ဂဏန္းအခ်ိဳ႕ စာအခ်ိဳ႕ေရးစီးလို႔မရပါဘူး။ ဒါဆို အကိုတို႔က ဘယ္လိုအေနအထားမွ လမ္းမေပၚမွာ စီးနင္းလို႔ ရမွာလဲငါ့ညီရလို႔ ေမးလာခဲ့ရင္ေတာ့ ေစာေစာကေျပာသလို ယာဥ္လိုင္စင္ (ဝွီးတတ္)လဲရွိ၊ ယာဥ္ေမာင္းလိုင္စင္လဲ ရွိတဲ့အခါမွ လမ္းမႀကီးေပၚမွာ စိတ္ခ်လက္ခ် စီးနင္းပါဗ်ာ။ အျခားျပည့္စုံရမွာေတြကေတာ့ သိရွိပီးသားမို႔ အက်ယ္တဝင့္ မေျပာလိုေတာ့ပါဘူး။

အခု အရစ္က်နဲ႔ ဝယ္ယူထားတဲ့/ ဝယ္ယူမည့္ သူမ်ားကေတာ့ျဖင့္ ဒီလိုအေျခအေနေလး ရွိတယ္ဆိုတာ သိရွိထားေစခ်င္လို႔ပါ။ ယာဥ္စည္းကမ္း လမ္းစည္းကမ္း အစည္းအေဝးတိုင္းမွာလည္း ယာဥ္လိုင္စင္ ပါရွိရမယ္ဆိုတာ အၿမဲေဆြးေႏြးပီးခဲ့တဲ့ကိစၥပါ။

ဒီေတာ့ ျပန္လည္ေျပာျပခ်င္ပါတယ္။ ယာဥ္လိုင္စင္ မပါရွိဘဲ မရွိေသးဘဲ အသုံးျပဳတဲ့အခ်ိန္ စစ္ေဆးေတြ႕ရွိလို႔ ေျဖရွင္းၾကရရင္ေတာ့ အခုေျပာျပတဲ့ အေနအထားေလး ရွိတယ္ဆိုတာ ႀကိဳတင္သိရွိထားပါခင္ဗ်။ နားလည္ေစျခင္း အတြက္သာ ေရးသားလိုက္တာမို႔ သေဘာထား ကြဲလြဲမႈ အခ်ိဳ႕ရွိခဲ့ရင္ သိေစခ်င္လို႔ ေျပာျပတာလို႔ပဲ မွတ္ယူေပးပါဗ်။

Source : ဒုရဲအုပ္ေဌးလြင္(ခ)ေနမ်ိဳးသူရ

(Unicode)
အခြေအနေအရပ်ရပ်ကြောင့် တစ်ခါတည်း မဝယ်ယူနိုင်သည့်အတွက် အရစ်ကျစနစ်နဲ့ ဝယ်ယူစီးနင်းကြသည့် မော်တော်ဆိုင်ကယ် စီးနင်းသူများ အများအပြား ရှိပါတယ်။ ဒီလိုဝယ်ယူစီးနင်းတဲ့အခါမှာ လိုင်စင်မကျသေးတဲ့အတွက် နံပါတ်ကလဲ မရသေးဘူး။ တချို့တော့ နံပါတ်ကကျနေပီး ယာဉ်လိုင်စင်တို့ အုံနာဘုတ်တို့ကမရသေးဘူး။ ဒီတော့ အဲ့ဒီသူအချို့ဟာ ယာဉ်နံပါတ်နေရာမှာ ယာယီဆိုပီး ဂဏန်းအချို့ရေး တပ်စီးကြတယ်။

ယာဉ်လိုင်စင် စစ်ဆေးလို့ ပြသရတော့မည့် အခါမှာလဲ ယာဉ်လိုင်စင်အစား ဆိုင်ကဝယ်ယူခဲ့တဲ့ဘောင်ချာ ဒါမှမဟုတ် စာရွက်အချို့ကို ပြသကြတယ်။ ဆိုင်အချို့ကလဲ ဒါလေးပြလိုက်ပါ စီးလို့ရတယ်လို့ ပြောလိုက်တယ်တဲ့။ အဲ့ဒီမှာ ဖြေရှင်းရခတ်တဲ့ ပြသနာတွေ ပေါ်တော့တာပါပဲ။ ဒီလိုအနေအထားလေးကို ကျွန်တော်ပြောပြချင်ပါတယ်။ အခုကျွန်တော့်စာကို ဖတ်ရှုနေတဲ့သူဟာ နားလည်စေချင်လို့ ပြောပြနေတာဆိုတာလေးတော့ မှတ်ယူပေးစေချင်ပါတယ်။

ဖမ်းဆီးခြင်း အရေးယူခြင်းကို ပြောဆိုချင်တာထက် နားလည်ထားစေခြင်းသာလျှင် အဓိက ပြောပြခြင်းဖြစ်ပါတယ်။ အများသူငှာ သွားလာနေတဲ့ လမ်းမကြီးပေါ်မှာ အသုံးပြုနေတဲ့ယာဉ် အခုတော့ ထားပါ ဆိုင်ကယ်ပေါ့၊ အဲ့ဆိုင်ကယ်ဟာ ယာဉ်လိုင်စင် ပါရှိရပါမယ်။ လူအတွက် ယာဉ်မောင်းလိုင်စင်ပါရှိရပီး၊ ဆိုင်ကယ်အတွက် ဆိုင်ကယ်လိုင်စင် ပါရှိရပါ့မယ်။ ယာဉ်လိုင်စင် ပါရှိမှသာလျှင် လမ်းမပေါ်မှာ မောင်းနှင်အသုံးပြုနိုင်မှာပါ။

ယာဉ်လိုင်စင်ပြပါလို့ တာဝန်ရှိသူက စစ်ဆေးတောင်းယူတဲ့အခါ ယာဉ်လိုင်စင်ပဲ ပြသရမှာဖြစ်ပီး ဆိုင်ကဘောင်ချာတွေ စာရွက်စာတန်းတွေ ပြသလို့ မရပါဘူး။ ဒီစာရွက် လေးပြပီး စီးပါလို့ ဆိုင်ကယ်ဆိုင်က မည်သို့ပင်မှာကြားထားသော်လည်း ယာဉ်စည်းကမ်းအနေနဲ့က ယာဉ်လိုင်စင်ပါမှကို ဖြစ်မှာပါ။ ဒါဟာ ဆိုင်တွေကို အပြစ်ပြောဆိုလိုခြင်း မဟုတ်ပါဘူး။ ဆိုင်ကယ် အသုံးပြုသူတွေကို ရှင်းပြတဲ့သဘောပါ။

နံပါတ်ဆိုတာကလဲ ယာယီဆိုပီး ဂဏန်းအချို့ စာအချို့ရေးစီးလို့မရပါဘူး။ ဒါဆို အကိုတို့က ဘယ်လိုအနေအထားမှ လမ်းမပေါ်မှာ စီးနင်းလို့ ရမှာလဲငါ့ညီရလို့ မေးလာခဲ့ရင်တော့ စောစောကပြောသလို ယာဉ်လိုင်စင် (ဝှီးတတ်)လဲရှိ၊ ယာဉ်မောင်းလိုင်စင်လဲ ရှိတဲ့အခါမှ လမ်းမကြီးပေါ်မှာ စိတ်ချလက်ချ စီးနင်းပါဗျာ။ အခြားပြည့်စုံရမှာတွေကတော့ သိရှိပီးသားမို့ အကျယ်တဝင့် မပြောလိုတော့ပါဘူး။

အခု အရစ်ကျနဲ့ ဝယ်ယူထားတဲ့/ ဝယ်ယူမည့် သူများကတော့ဖြင့် ဒီလိုအခြေအနေလေး ရှိတယ်ဆိုတာ သိရှိထားစေချင်လို့ပါ။ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အစည်းအဝေးတိုင်းမှာလည်း ယာဉ်လိုင်စင် ပါရှိရမယ်ဆိုတာ အမြဲဆွေးနွေးပီးခဲ့တဲ့ကိစ္စပါ။

ဒီတော့ ပြန်လည်ပြောပြချင်ပါတယ်။ ယာဉ်လိုင်စင် မပါရှိဘဲ မရှိသေးဘဲ အသုံးပြုတဲ့အချိန် စစ်ဆေးတွေ့ရှိလို့ ဖြေရှင်းကြရရင်တော့ အခုပြောပြတဲ့ အနေအထားလေး ရှိတယ်ဆိုတာ ကြိုတင်သိရှိ ထားပါခင်ဗျ။ နားလည်စေခြင်း အတွက်သာ ရေးသားလိုက်တာမို့ သဘောထား ကွဲလွဲမှု အချို့ရှိခဲ့ရင် သိစေချင်လို့ ပြောပြတာလို့ပဲ မှတ်ယူပေးပါဗျ။

Source : ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

Leave a Reply

Your email address will not be published. Required fields are marked *