ဗဟုတုသ

ဆိုင်ကယ်နောက်ကလိုက်စီးသူ မိန်းကလေးများအတွက်

(Zawgyi)
ဆိုင္ကယ္စီးရင္ ေနာက္ကလိုက္စီးသူ မိန္းကေလးမ်ားအထူးသတိထားေစခ်င္။

ဆိုင္ကယ္ဆိုတာ ကားလိုမ်ိဴး ဘီးေလးဘီးမပါပဲ ႏွစ္ဘီးပဲပါတာပါ။ အခ်ိန္မေ႐ြး အလြယ္တကူ တိမ္းေမွာက္ႏိုင္ပါတယ္။ ဒါေၾကာင့္ ဆိုင္ကယ္ေမာင္းတဲ့အခါ ေနာက္ကလိုက္စီးတဲ့ အခါေတြမွာ အလြန္သတိထားရ ပါမယ္။ (အဓိက မိန္းကေလးေတြေပါ့)…

မိန္းကေလးေတြ ဆိုင္ကယ္ေမာင္းတဲ့အခါ ပဲမ်ားၿပီး စကပ္နဲ႔ ဘယ္ေတာ့မွမစီးပါနဲ႔။ အေနာက္ကထိုင္လိုက္ရင္လဲ စကပ္မဝတ္ပါနဲ႔။ ေလတိုက္လို႔ စကပ္လန္ၿပီး လက္တဖက္က လန္သြားတဲ့ စကပ္ကို လိုက္ဖုံး ေနရလို႔ က်န္တဲ့လက္တဖက္နဲ႔ ထိန္းေမာင္းရင္း ေမွာက္တာ၊ ဝင္တိုက္တာေတြ ျဖစ္ပါတယ္။ ေနာက္က ထိုင္စီးတဲ့အခါလဲ စကပ္လန္သြားေတာ့လိုက္ဖုံး၊ ေရွ႕ကစီးတဲ့သူက ဟန္ခ်က္ပ်က္ ဝင္တိုက္၊ ေနာက္ကလူ ျပဳတ္က်(ေသ)။

(တင္ပါးလႊဲထိုင္ျခင္း)…

မိန္းကေလးေတြ ဆိုင္ကယ္ေနာက္က ထိုင္လိုက္တဲ့အခါတင္ပါးလႊဲပဲ ထိုင္ၾကပါတယ္။ ထမီနဲ႔ဆိုေတာ့ ခြထိုင္ရင္ လူအျမင္မတင့္တယ္ဘူးေပါ့။ တင္ပါးလႊဲထိုင္တဲ့အခါ ပုံပါအျဖစ္အပ်က္လို ခ်ိဴင့္ထဲက်ရင္၊ ခ်ိဴင့္ေရွာင္ရင္ ဟန္ခ်က္ပ်က္ၿပီး ျပဳတ္က်တတ္ပါတယ္… ဒါေၾကာင့္ လူအျမင္ မတင့္တယ္တာထက္ ျပဳတ္က်(ေသ)။

(ထီးေဆာင္းျခင္း)…

မိန္းကေလးေတာ္ေတာ္မ်ားမ်ား ေနပူပူ၊ မိုး႐ြာ႐ြာ ထီးတဖက္ ဆိုင္ကယ္လက္ကိုင္တဖက္ ေမာင္းၾကပါတယ္။တကယ္ဆိုေနပူလို႔ မေသႏိုင္သလို မိုးစိုလို႔လဲ မေသႏိုင္ပါဘူး။ ေရွ႕ကခ်ိဴ င့္ထဲ က်ရင္ပဲျဖစ္ျဖစ္၊ ေခြးျဖတ္ေျပးရင္ပဲျဖစ္ျဖစ္၊ ေလတိုက္လို႔ ထီးလန္သြားရင္ပဲျဖစ္ျဖစ္၊ ဟန္ခ်က္ပ်က္ၿပီး ေမွာက္/တိုက္/(ေသ )…

(ေနာက္ကေန ထီးမေဆာင္းပါနဲ႔)…

ဒါကေတာ့ လင္မယားေတြ အမ်ားဆုံးျဖစ္ေနက်ပါ။ ေရွ႕ကေမာင္းေနတဲ့ ခ်စ္လင္ေနပူမွာစိုးလို႔ မိုးစိုမွာစိုးလို႔ ေနာက္မွာထိုင္စီးတဲ့ မယားက သူအပူခံ အစိုခံၿပီး ခ်စ္လင္ကို ထီးေတာ္မိုး လုပ္ေပးပါတယ္။ ေလတိုက္ ရင္ပဲျဖစ္ျဖစ္၊ ေခြးျဖတ္ေျပးရင္ပဲျဖစ္ျဖစ္ ဟန္ခ်က္ပ်က္ ေမွာက္တတ္သလို ထီးငိုက္က်ၿပီး ေရွ႕ကျမင္ကြင္း ဘာမွမျမင္ရလို႔ ေမွာက္/တိုက္(ေသ)။

(ဆံပင္ရွည္ျခင္း)

ဆံပင္အလြန္ရွည္တဲ့ မိန္းကေလးေတြ ဆိုင္ကယ္ေနာက္ကထိုင္စီးရင္ ဆံပင္ဖားလ်ားခ် မစီးပါနဲ႔။ ဆံပင္ေတြ ေနာက္ဘီးထဲညပ္ပါၿပီး လူျပဳတ္က်၊ ဆိုင္ကယ္ေနာက္ တ႐ြတ္တိုက္ပါ ဦးေခါင္းေပါက္ၿပဲ(ေသ)။ ဥစၥာကို ကံေစာင့္သလို အသက္ကို ညဏ္ေစာင့္ပါတယ္။

(ဒါေၾကာင့္) သတိမထားမိတဲ့ သတိထားစရာေလးေတြကေန အသက္ဆုံးရႈံးတဲ့အထိ မျဖစ္ရေလေအာင္ ဆိုင္ကယ္စီး ဘယ္လိုပဲ ကြၽမ္းက်င္ေနပါေစ၊ မိန္းကေလးေတြ ဆိုင္ကယ္ေမာင္းေတာ့မယ္၊ ေနာက္က ထိုင္စီးေတာ့မယ္ဆိုရင္ အေပၚက အခ်က္ေလးေတြကို သတိထားၾကေစလိုပါတယ္။ ဆိုင္ကယ္ေမာင္းသူ ဆိုင္ကယ္အေနာက္က ထိုင္စီးသူမ်ား၊ သတိထားေမာင္းျခင္း၊ စီးျခင္းျဖင့္ ေဘးအႏၲရာယ္ ကင္းေဝးၾကပါ ေစဗ်ာ။

Credit : သုတဇုန္ စံအိမ္

(Unicode)
ဆိုင်ကယ်စီးရင် နောက်ကလိုက်စီးသူ မိန်းကလေးများအထူးသတိထားစေချင်။

ဆိုင်ကယ်ဆိုတာ ကားလိုမျိူး ဘီးလေးဘီးမပါပဲ နှစ်ဘီးပဲပါတာပါ။ အချိန်မရွေး အလွယ်တကူ တိမ်းမှောက်နိုင်ပါတယ်။ ဒါကြောင့် ဆိုင်ကယ်မောင်းတဲ့အခါ နောက်ကလိုက်စီးတဲ့ အခါတွေမှာ အလွန်သတိထားရ ပါမယ်။ (အဓိက မိန်းကလေးတွေပေါ့)…

မိန်းကလေးတွေ ဆိုင်ကယ်မောင်းတဲ့အခါ ပဲများပြီး စကပ်နဲ့ ဘယ်တော့မှမစီးပါနဲ့။ အနောက်ကထိုင်လိုက်ရင်လဲ စကပ်မဝတ်ပါနဲ့။ လေတိုက်လို့ စကပ်လန်ပြီး လက်တဖက်က လန်သွားတဲ့ စကပ်ကို လိုက်ဖုံး နေရလို့ ကျန်တဲ့လက်တဖက်နဲ့ ထိန်းမောင်းရင်း မှောက်တာ၊ ဝင်တိုက်တာတွေ ဖြစ်ပါတယ်။ နောက်က ထိုင်စီးတဲ့အခါလဲ စကပ်လန်သွားတော့လိုက်ဖုံး၊ ရှေ့ကစီးတဲ့သူက ဟန်ချက်ပျက် ဝင်တိုက်၊ နောက်ကလူ ပြုတ်ကျ(သေ)။

(တင်ပါးလွှဲထိုင်ခြင်း)…

မိန်းကလေးတွေ ဆိုင်ကယ်နောက်က ထိုင်လိုက်တဲ့အခါတင်ပါးလွှဲပဲ ထိုင်ကြပါတယ်။ ထမီနဲ့ဆိုတော့ ခွထိုင်ရင် လူအမြင်မတင့်တယ်ဘူးပေါ့။ တင်ပါးလွှဲထိုင်တဲ့အခါ ပုံပါအဖြစ်အပျက်လို ချိူင့်ထဲကျရင်၊ ချိူင့်ရှောင်ရင် ဟန်ချက်ပျက်ပြီး ပြုတ်ကျတတ်ပါတယ်… ဒါကြောင့် လူအမြင် မတင့်တယ်တာထက် ပြုတ်ကျ(သေ)။

(ထီးဆောင်းခြင်း)…

မိန်းကလေးတော်တော်များများ နေပူပူ၊ မိုးရွာရွာ ထီးတဖက် ဆိုင်ကယ်လက်ကိုင်တဖက် မောင်းကြပါတယ်။တကယ်ဆိုနေပူလို့ မသေနိုင်သလို မိုးစိုလို့လဲ မသေနိုင်ပါဘူး။ ရှေ့ကချိူ င့်ထဲ ကျရင်ပဲဖြစ်ဖြစ်၊ ခွေးဖြတ်ပြေးရင်ပဲဖြစ်ဖြစ်၊ လေတိုက်လို့ ထီးလန်သွားရင်ပဲဖြစ်ဖြစ်၊ ဟန်ချက်ပျက်ပြီး မှောက်/တိုက်/(သေ )…

(နောက်ကနေ ထီးမဆောင်းပါနဲ့)…

ဒါကတော့ လင်မယားတွေ အများဆုံးဖြစ်နေကျပါ။ ရှေ့ကမောင်းနေတဲ့ ချစ်လင်နေပူမှာစိုးလို့ မိုးစိုမှာစိုးလို့ နောက်မှာထိုင်စီးတဲ့ မယားက သူအပူခံ အစိုခံပြီး ချစ်လင်ကို ထီးတော်မိုး လုပ်ပေးပါတယ်။ လေတိုက် ရင်ပဲဖြစ်ဖြစ်၊ ခွေးဖြတ်ပြေးရင်ပဲဖြစ်ဖြစ် ဟန်ချက်ပျက် မှောက်တတ်သလို ထီးငိုက်ကျပြီး ရှေ့ကမြင်ကွင်း ဘာမှမမြင်ရလို့ မှောက်/တိုက်(သေ)။

(ဆံပင်ရှည်ခြင်း)

ဆံပင်အလွန်ရှည်တဲ့ မိန်းကလေးတွေ ဆိုင်ကယ်နောက်ကထိုင်စီးရင် ဆံပင်ဖားလျားချ မစီးပါနဲ့။ ဆံပင်တွေ နောက်ဘီးထဲညပ်ပါပြီး လူပြုတ်ကျ၊ ဆိုင်ကယ်နောက် တရွတ်တိုက်ပါ ဦးခေါင်းပေါက်ပြဲ(သေ)။ ဥစ္စာကို ကံစောင့်သလို အသက်ကို ညဏ်စောင့်ပါတယ်။

(ဒါကြောင့်) သတိမထားမိတဲ့ သတိထားစရာလေးတွေကနေ အသက်ဆုံးရှုံးတဲ့အထိ မဖြစ်ရလေအောင် ဆိုင်ကယ်စီး ဘယ်လိုပဲ ကျွမ်းကျင်နေပါစေ၊ မိန်းကလေးတွေ ဆိုင်ကယ်မောင်းတော့မယ်၊ နောက်က ထိုင်စီးတော့မယ်ဆိုရင် အပေါ်က အချက်လေးတွေကို သတိထားကြစေလိုပါတယ်။ ဆိုင်ကယ်မောင်းသူ ဆိုင်ကယ်အနောက်က ထိုင်စီးသူများ၊ သတိထားမောင်းခြင်း၊ စီးခြင်းဖြင့် ဘေးအန္တရာယ် ကင်းဝေးကြပါ စေဗျာ။

Credit : သုတဇုန် စံအိမ်

Leave a Reply

Your email address will not be published. Required fields are marked *