သတင်း

ဝိုင်နီဒြပ်ပေါင်းက သွားပျက်စီးမှုနှင့် သွားဖုံးရောဂါ ကုသရေးကို အထောက်အကူပြုစေနိုင်

ဝိုင်နီဒြပ်ပေါင်းက သွားပျက်စီးမှုနှင့် သွားဖုံးရောဂါ ကုသရေးကို အထောက်အကူပြုစေနိုင်
==========================================================
ဂလက်စကို

လေ့လာဆန်းစစ်မှုအသစ်အရ ဝိုင်နီတွင် ပါဝင်သော ဓာတုပစ္စည်းများက သွားပျက်စီးမှုနှင့် သွားဖုံးရောဂါကို ကုသရာတွင် အထောက်အကူပြုနိုင်ကြောင်း ယူဆခဲ့ကြသည်။ သုတေသီတို့က ဝိုင်နီတွင် ပါဝင်သော Polyp -henols ဒြပ်ပေါင်းက ပါးစပ်ထဲရှိ ဒုက္ခပေးသော ဗက်တီးရီးယားများကို ဖယ်ရှားရန် အထောက်အကူ ပြုကြောင်း တွေ့ရှိခဲ့ကြသည်။

သို့ရာတွင် ယခုတွေ့ရှိမှုသည် ဝိုင်နီကို ပိုမိုသောက်သုံးရန် အချက်ပြခြင်းမဟုတ်ကြောင်း ကျွမ်းကျင်သူတို့က သတိပေးခဲ့ကြသည်။ ယခု လေ့လာဆန်းစစ်မှုတွင် ယူဆချက်အရ Polyphenolsက ကျန်းမာရေးအကျိုးကျေးဇူးရရှိ ကြောင်း ယူဆခဲ့ကြသည်။

မကြာသေးမီက လေ့လာဆန်းစစ်မှုတွင် ညွှန်ပြချက်အရ Polyphenols သည် လူတို့၏အူအတွင်း ကောင်းမွန်သောဗက်တီးရီးယားများက ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ကြောင်းယူဆခဲ့ကြသည်။ ဝိုင်နီတွင် ပါဝင်သော Polyphenols ၏ သက်ရောက်မှုက သွားနှင့် သွားဖုံးများတွင် တွယ်ကပ်နေသောပိုးများကို သုတ် သင်ဖယ်ရှားခြင်းဖြင့် သွားများပျက်စီးမှုနှင့် သွားဖုံးရောဂါကုသမှုကို အထောက်အကူပြု စေနိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။

Ref: BBC

Leave a Reply

Your email address will not be published. Required fields are marked *