သတင်း

အမျိုးသမီးများနေ့ ဂုဏ်ပြုသည့်အနေဖြင့် မက်ဒေါ်နယ်ဆိုင်လိုဂို ပြောင်းပြန်လှန်

အမျိုးသမီးများနေ့ ဂုဏ်ပြုသည့်အနေဖြင့် မက်ဒေါ်နယ်ဆိုင်လိုဂို ပြောင်းပြန်လှန်

==================
==================

ဒီကနေ့ မတ်လ ၈ ရက်နေ့မှာ အမေရိကတလွှားရှိ မက်ဒေါ်နယ် စားသောက်ဆိုင် ရာချီပြီး ဆိုင်လိုဂိုအမှတ်တံဆိပ် M ကို W အဖြစ် ပြောင်းပြန်လှန်ကာ နိုင်ငံတကာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုခဲ့ပါတယ်။

အဲဒီလိုပဲ ဆိုင်ဝန်ထမ်းယူနီဖောင်းတွေနဲ့ ထုပ်ပိုးအိတ်တွေကိုလည်း M အစား အမျိုးသမီး ကိုယ်စားပြုစာလုံး W ကို ပြောင်းလဲအသုံးပြုခဲ့ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် လင်းဝုဒ်မြို့ရှိ မက်ဒေါ်နယ် စားသောက်ဆိုင်ပိုင်ရှင်က “မက်ဒေါ်နယ်ရဲ့ အမှတ်လက္ခဏာ M ဆိုတာ လူတိုင်းသိပါတယ်။ အဲဒီအမှတ်လက္ခဏာကို ပြောင်းပြန်လှန်ပြီး အမျိုးသမီးများနေ့ကို ဂုဏ်ပြုတာ သိပ်ကို ထူးခြားပါတယ်” လို့ ပြောခဲ့ပါတယ်။

အမျိုးသမီးများနေ့ အခမ်းအနားဟာ ၂၀ ရာစု အစပိုင်းက စတင်ခဲ့ပြီး အခုလို မက်ဒေါ်နယ်ဆိုင် အမှတ်တံဆိပ် ပြောင်းပြန်လှန် ဂုဏ်ပြုတာကတော့ သမိုင်းမှာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

===========

DVB TV News

Leave a Reply

Your email address will not be published. Required fields are marked *