သတင္း

အရိုးစွပ်ပြုတ်လေးသောက် ၊ ထမင်းပူပူလေးစားရတာ ကြိုက်တဲ့သူတွေ ရှိလားဗျို့ 

(Zawgyi)

အ႐ိုးစြပ္ျပဳတ္ေလးေသာက္ ၊ ထမင္းပူပူေလးစားရတာ ႀကိဳက္တဲ့သူေတြ ရွိလားဗ်ိဳ႕

ၾကက္စြပ္ျပဳတ္၊ ဆိတ္နံ႐ိုးစြပ္ျပဳတ္တို႔ကို မႀကိဳက္တဲ့သူရွိမယ္ မထင္ပါဘူး။ စားရတာ စိမ့္စိမ့္ေလးနဲ႔ အရသာလည္းရွိ၊ သံပုရာသီးေလးမ်ား ညႇစ္လိုက္ရင္ ဘာေျပာေကာင္းမလဲ။ ေမႊးေမႊးခ်ဥ္ခ်ဥ္ေလး ခံတြင္းကိုေတြ႕လို႔ ။ ေနေကာင္းခါစ နလန္ျပန္ထစ အခ်ိန္ေတြဆို ဒါေတြကို အဓိကထားစားၾကတယ္မလား။ အားျပန္ျပည့္ေအာင္လို႔ေလ။ တကယ္ပဲ ဒီလို အ႐ိုးျပဳတ္ဟင္းရည္ ေတြက က်န္းမာေရးအတြက္ အက်ိဳးေတြရွိတာလား။

အ႐ိုးျပဳတ္ဟင္းရည္တစ္ခုမွာ ဘယ္လိုအာဟာရေတြမ်ား ပါဝင္လဲ။ အ႐ိုးတစ္ခုမွာ အျပင္အ႐ိုး၊ အတြင္း ႐ိုးတြင္းခ်ဥ္ဆီနဲ႔ တစ္ရႉးေတြနဲ႔ ဖြဲ႕စည္းထားတာေၾကာင့္ အ႐ိုးျပဳတ္ဟင္းရည္တစ္ခုေသာက္ရင္ အဲ့ဒီ ၃ မ်ိဳးက အာဟာရေတြ အကုန္ရႏိုင္ပါတယ္။

အ႐ိုး – အ႐ိုးတစ္ခုမွာ ကယ္လ္ဆီယမ္၊ ေဖာ့စေဖာရက္စ္၊ ဆိုဒီယမ္၊ မဂၢနီဆီယမ္ နဲ႔ ပိုတက္ဆီယမ္၊ ဆာလ္ဖာတို႔ပါဝင္တာေၾကာင့္ အ႐ိုးျပဳတ္ဟင္းရည္တစ္ခြက္ေသာက္လိုက္တာနဲ႔ ဒီ သတၱဳဓါတ္ေတြ အကုန္ရမွာပါ။ ႐ိုးတြင္းျခင္ဆီ – ဗီတာမင္ေတြျဖစ္တဲ့ vitamin A,vitamin K ,တို႔အျပင္ အိုမီဂါေတြနဲ႔ အျခား သတၱဳေတြျဖစ္တဲ့ သံဓါတ္၊ selenium,နဲ႔ manganese တို႔ပါဝင္ပါတယ္။ ဆိတ္႐ိုး စြပ္ျပဳတ္တို႔ တို႔ အမဲ႐ိုးစြပ္ျပဳတ္တို႔မွာဆို CLA ေတာင္ပါဝင္ပါေသးတယ္။Connective tissues – ဒီ တစ္ရႉးထဲမွာ အ႐ိုးႏုက်န္းမာဖို႔ နဲ႔ အ႐ိုးအဆစ္ ေတြ ေရာင္တာနာတာကို သက္သာေစဖို႔ နာမည္ႀကီး ျဖည့္စြက္အာဟာရျဖစ္တဲ့ glucosamine နဲ႔ chondroitin တို႔ပါဝင္ပါတယ္။ ဒါ့အျပင္ အ႐ိုး၊႐ိုးတြင္းျခင္ဆီနဲ႔ Connective tissues တို႔ဟာ ေကာ္လာဂ်င္ ပ႐ိုတင္းေတြနဲ႔ ဖြဲ႕စည္းထားတာေၾကာင့္ အ႐ိုးစြပ္ျပဳတ္တစ္ခြက္မွာ glycine နဲ႔ amino acids ေတြလည္း ပါပါေသးတယ္။

ကဲ ဒီေလာက္ အာဟာရေတြ မ်ားျပားစြာပါေနတဲ့အ႐ိုးစြပ္ျပဳတ္တစ္ခြက္က က်န္းမာေရးအေပၚ ဘယ္လိုအေထာက္အကူျပဳလဲ။ ပါဝင္တဲ့ ဗီတာမင္နဲ႔ သတၱဳဓါတ္ေတြ မ်ားတာေၾကာင့္ အာဟာရခ်ိဳ႕တဲ့မွာေတာ့ စိုးရိမ္စရာမလိုဘူးေနာ္။ ဒါ့အျပင္ အ႐ိုးစြပ္ျပဳတ္တစ္ခြက္ေပးတဲ့ အျခား က်န္းမာေရး အက်ိဳးေက်းဇူးေတြလည္း ရွိပါေသးတယ္။

ေရာင္ရမ္းျခင္းကို ေလ်ာ့က်ေစပါတယ္။ – အ႐ိုးစြပ္ျပဳတ္ထဲမွာပါတဲ့ glycine ေတြမွာ ေရာင္ရမ္းျခင္းကို ေလ်ာ့က်ေစတဲ့အာနိသင္နဲ႔ ဓါတ္တိုးဆန႔္က်င္တဲ့ အာနိသင္ေတြပါဝင္ပါတယ္။ ကိုယ္အေလးခ်ိန္ကို ထိန္းသိမ္းေပးပါတယ္ – အ႐ိုးျပဳတ္ဟင္းရည္ေတြမွာ ကယ္လိုရီ နည္းနည္းပဲ ပါဝင္တဲ့အျပင္ ပါဝင္တဲ့ ပ႐ိုတင္းဓါတ္ေတြက သင့္ကိုဆာေလာင္ျခင္းကေနလည္း ကင္းေဝးေစဦးမွာပါ။ Glucosamine နဲ႔ chondroitin တို႔ရဲ႕ အစြမ္းေၾကာင့္ အဆစ္အျမစ္က်န္းမာေရးအထူးေကာင္းမြန္ၿပီး အဆစ္အျမစ္ေရာင္တာကို သူက ကာကြယ္ေပးဦးမွာပါ။ calcium, magnesium နဲ႔ phosphorus တို႔ ပါဝင္တာေၾကာင့္ အ႐ိုးျပဳတ္ဟင္းခ်ိဳတစ္ခြက္က ကိုယ္ခႏၶါကေပၚက အ႐ိုးေတြ အတြက္ ေကာင္းက်ိဳးအထူးျပဳမယ္ဆိုတာ ေမးစရာေတာင္လိုမယ္ မထင္ပါဘူး။ အ႐ိုးစြပ္ျပဳတ္မွာပါတဲ့ Glycine ဟာ အိပ္စက္ျခင္းစက္ဝန္းကို အားေပးၿပီး ဦးေႏွာက္စြမ္းေဆာင္ရည္ေတြကို တိုးတက္ေကာင္းမြန္ေစပါေသးတယ္။ ဒီလို အ႐ိုးေတြကို သန္မာေစတယ္၊ အဆစ္အျမစ္ေတြရဲ႕ လႈပ္ရွားမႈကို ေခ်ာေမြ႕ေစတယ္၊ အိပ္စက္ျခင္းကို အားေပးၿပီး နဲ႔ ဦးေႏွာက္စြမ္းေဆာင္ရည္ကိုလည္း တိုးျမင့္ေစတဲ့ အ႐ိုးျပဳတ္ဟင္းရည္တစ္ခြက္မွာ မေသာက္ရင္ ဘာကိုမ်ားသြားၿပီးေသာက္ဦးမလဲေနာ္။

ေရးသားသူ Dr. Thin Yadanar @ Frances

ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win

Credit-hellosayarwon

(Unicode)

အရိုးစွပ်ပြုတ်လေးသောက် ၊ ထမင်းပူပူလေးစားရတာ ကြိုက်တဲ့သူတွေ ရှိလားဗျို့

ကြက်စွပ်ပြုတ်၊ ဆိတ်နံရိုးစွပ်ပြုတ်တို့ကို မကြိုက်တဲ့သူရှိမယ် မထင်ပါဘူး။ စားရတာ စိမ့်စိမ့်လေးနဲ့ အရသာလည်းရှိ၊ သံပုရာသီးလေးများ ညှစ်လိုက်ရင် ဘာပြောကောင်းမလဲ။ မွှေးမွှေးချဉ်ချဉ်လေး ခံတွင်းကိုတွေ့လို့။ နေကောင်းခါစ နလန်ပြန်ထစ အချိန်တွေဆို ဒါတွေကို အဓိကထားစားကြတယ်မလား။ အားပြန်ပြည့်အောင်လို့လေ။ တကယ်ပဲ ဒီလို အရိုးပြုတ်ဟင်းရည် တွေက ကျန်းမာရေးအတွက် အကျိုးတွေရှိတာလား။

အရိုးပြုတ်ဟင်းရည်တစ်ခုမှာ ဘယ်လိုအာဟာရတွေများ ပါဝင်လဲ။ အရိုးတစ်ခုမှာ အပြင်အရိုး၊ အတွင်း ရိုးတွင်းချဉ်ဆီနဲ့ တစ်ရှူးတွေနဲ့ ဖွဲ့စည်းထားတာကြောင့် အရိုးပြုတ်ဟင်းရည်တစ်ခုသောက်ရင် အဲ့ဒီ ၃ မျိုးက အာဟာရတွေ အကုန်ရနိုင်ပါတယ်။

အရိုး – အရိုးတစ်ခုမှာ ကယ်လ်ဆီယမ်၊ ဖော့စဖောရက်စ်၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ် နဲ့ ပိုတက်ဆီယမ်၊ ဆာလ်ဖာတို့ပါဝင်တာကြောင့် အရိုးပြုတ်ဟင်းရည်တစ်ခွက်သောက်လိုက်တာနဲ့ ဒီ သတ္တုဓါတ်တွေ အကုန်ရမှာပါ။ ရိုးတွင်းခြင်ဆီ – ဗီတာမင်တွေဖြစ်တဲ့ vitamin A,vitamin K ,တို့အပြင် အိုမီဂါတွေနဲ့ အခြား သတ္တုတွေဖြစ်တဲ့ သံဓါတ်၊ selenium,နဲ့ manganese တို့ပါဝင်ပါတယ်။ ဆိတ်ရိုး စွပ်ပြုတ်တို့ တို့ အမဲရိုးစွပ်ပြုတ်တို့မှာဆို CLA တောင်ပါဝင်ပါသေးတယ်။Connective tissues – ဒီ တစ်ရှူးထဲမှာ အရိုးနုကျန်းမာဖို့ နဲ့ အရိုးအဆစ် တွေ ရောင်တာနာတာကို သက်သာစေဖို့ နာမည်ကြီး ဖြည့်စွက်အာဟာရဖြစ်တဲ့ glucosamine နဲ့ chondroitin တို့ပါဝင်ပါတယ်။ ဒါ့အပြင် အရိုး၊ရိုးတွင်းခြင်ဆီနဲ့ Connective tissues တို့ဟာ ကော်လာဂျင် ပရိုတင်းတွေနဲ့ ဖွဲ့စည်းထားတာကြောင့် အရိုးစွပ်ပြုတ်တစ်ခွက်မှာ glycine နဲ့ amino acids တွေလည်း ပါပါသေးတယ်။

ကဲ ဒီလောက် အာဟာရတွေ များပြားစွာပါနေတဲ့အရိုးစွပ်ပြုတ်တစ်ခွက်က ကျန်းမာရေးအပေါ် ဘယ်လိုအထောက် အကူပြုလဲ။ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ များတာကြောင့် အာဟာရချို့တဲ့မှာတော့ စိုးရိမ်စရာမလိုဘူးနော်။ ဒါ့အပြင် အရိုးစွပ်ပြုတ်တစ်ခွက်ပေးတဲ့ အခြား ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်။

ရောင်ရမ်းခြင်းကို လျော့ကျစေပါတယ်။ – အရိုးစွပ်ပြုတ်ထဲမှာပါတဲ့ glycine တွေမှာ ရောင်ရမ်းခြင်းကို လျော့ကျစေတဲ့အာနိသင်နဲ့ ဓါတ်တိုးဆန့်ကျင်တဲ့ အာနိသင်တွေပါဝင်ပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးပါတယ် – အရိုးပြုတ်ဟင်းရည်တွေမှာ ကယ်လိုရီ နည်းနည်းပဲ ပါဝင်တဲ့အပြင် ပါဝင်တဲ့ ပရိုတင်းဓါတ်တွေက သင့်ကိုဆာလောင်ခြင်းကနေလည်း ကင်းဝေးစေဦးမှာပါ။ Glucosamine နဲ့ chondroitin တို့ရဲ့ အစွမ်းကြောင့် အဆစ်အမြစ်ကျန်းမာရေးအထူးကောင်းမွန်ပြီး အဆစ်အမြစ်ရောင်တာကို သူက ကာကွယ်ပေးဦးမှာပါ။ calcium, magnesium နဲ့ phosphorus တို့ ပါဝင်တာကြောင့် အရိုးပြုတ်ဟင်းချိုတစ်ခွက်က ကိုယ်ခန္ဓါကပေါ်က အရိုးတွေ အတွက် ကောင်းကျိုးအထူးပြုမယ်ဆိုတာ မေးစရာတောင်လိုမယ် မထင်ပါဘူး။ အရိုးစွပ်ပြုတ်မှာပါတဲ့ Glycine ဟာ အိပ်စက်ခြင်းစက်ဝန်းကို အားပေးပြီး ဦးနှောက်စွမ်းဆောင်ရည်တွေကို တိုးတက်ကောင်းမွန်စေပါသေးတယ်။ ဒီလို အရိုးတွေကို သန်မာစေတယ်၊ အဆစ်အမြစ်တွေရဲ့ လှုပ်ရှားမှုကို ချောမွေ့စေတယ်၊ အိပ်စက်ခြင်းကို အားပေးပြီး နဲ့ ဦးနှောက်စွမ်းဆောင်ရည်ကိုလည်း တိုးမြင့်စေတဲ့ အရိုးပြုတ်ဟင်းရည်တစ်ခွက်မှာ မသောက်ရင် ဘာကိုများသွားပြီးသောက်ဦးမလဲနော်။

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Credit-hellosayarwon

Leave a Reply

Your email address will not be published. Required fields are marked *