ဗဟုတုသ
ဆေးဘက်ဝင်ပြီး မကောင်းသောပညာတို့ဖြင့် ပြုလုပ်ထားခြင်းတို့ကို ရန်ကာတားဆီးပေးနိုင်သော အင်းဂမုန်းအဖို၊အမ။
(Zawgyi)
“အင်းဂမုန်းအမ”
(Unicode)
“အင်းဂမုန်းအမ”
ဂမုန်းချစ်သူတို့အတွက်
ဆေးသုံးလည်းစွမ်းသလို လောကီရေးရာတို့တွင် မိမိတို့အိမ်ခြံမြေတို့တွင် အနှောက်ယှက်များမဝင်အောင်တားဆီးပေးနိုင်လို့ စိုက်ပျိုးထားသင့်ပါတယ်။
အင်းဂမုန်း(အမ) အင်းဂမုန်း(အမ)မှာ အင်းဂမုန်း(အဖို)နှင့် ကွဲပြားသည်မှာ တစ်ပင်လုံး အစိမ်းရောင် လွှမ်းပါသည်။ အဖိုကဲ့သို့ အရောင်တောက်ပခြင်း မရှိ။အရိုးတံမှာအစိမ်းတွင် အနက်ပြောက်ကလေးများရှိနေတတ်သည်။ မြေသြဇာကောင်းလျှင် ကောင်းသလို အရွက်များကြီးထွားပြီးအပွင့် ပွင့်ခဲလှသည်။ နေပူဒဏ် ခံနိုင်အားနည်းပါသည်။ သိသာထင်ရှားသောအချက်မှာရွက်နားများအဖိုပင်ကဲ့သို့ အဖြူရောင် ငွေနားကွပ်မရှိ။လှိုင်းတွန့် မရှိပါ။ အဖိုပင်မှာ တောက်ပမာကျောနေပြီး၊ အမပင်မှာ အနည်းငယ်ပျော့ပျောင်းပြီးသိပ်ပြီးလည်းတောက်ပမှု့ မရှိပါ။
အစိမ်းရောင်သာလွှမ်းနေပါသည်။အပင် နှစ်ပင်ကို ယှဉ်ကြည့်မှ သိသာထင်ရှားပါသည်။ အဆိုပါအင်းဂမုန်းများအားအိမ်အဝင် ညာဘက်တွင် အဖိုပင်ကိုလည်းကောင်း၊ဘယ်ဘက်တွင် အမပင်ကိုလည်းကောင်းမြေသန့်သန့်ဖြင့် အမြင့်တင် စိုပ်ပျိုးထားရမည်ဖြစ်ပါသည်။
အကျိုးသက်ရောက်မှု့မှာ မကောင်းသောပညာတို့ဖြင့် ပြုလုပ်ထားခြင်းတို့ကို အင်းဂမုန်းအဖိုမှ ရန်ကာတားဆီးပေးမည်ဖြစ်သည်။အင်းဂမုန်းအမမှာ ရွက်သစ်ကြွေသော အခါများတွင် စုဆောင်း၍ ဗိန္ဒောဆရာများသုံးစွဲရန် သိမ်းဆည်းကြသည်။ ကလေးသူငယ်များ အမှုန့်အား မစစ်ဆီဖြင့် နဖူး၌ တို့ထားသော် သူမပြုနိုင် ၊လန့်၍ မငိုနိုင်ဟု ဆိုပါသည်။
Credit-Original Uploader
Leave a Reply
Your email address will not be published. Required fields are marked *