သတင္း

သွေးမပျစ်အောင် ဘာတွေ လွယ်လွယ်စားရမလဲ

သွေးမပျစ်စေဖို့ ဘာတွေ စားရမလဲ

သွေးတွေ လည်ပတ်စီးဆင်းနေဖို့က ခန္ဓာကိုယ်အတွက် အရေးပါတဲ့ လုပ်ဆောင်မှုတွေထဲက တစ်ခုပါ။ သွေးက ပုံမှန်အတိုင်း လည်ပတ်စီးဆင်းတာမျိုး မရှိဘဲ သွေးပျစ်မယ် ဆိုရင် လေဖြန်းတာ၊ လေဖြတ်တာနဲ့ ရုတ်တရက် နှလုံးရပ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် သွေးမပျစ်စေဖို့ အတွက် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။

သွေးလည်ပတ်မှု ကောင်းတာက နှလုံး ကျန်းမာစေဖို့ ကာကွယ်ရာ ရောက်ပါတယ်။ သွေးက တအားကျဲနေရင်လည်း သွေးမတိတ်တာ သွေးထွက်လွန်တာမျိုး ဖြစ်နိုင်ပေမယ့် သွေးခဲသွေးပျစ်တာကလည်း ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒီတော့ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့အတွက် သွေးမပျစ်အောင် ဘယ်လို စားသုံးရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။

သွေးမပျစ်စေဖို့ ဘာတွေ စားရမလဲ

သွေးပျစ်တာကြောင့် ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့ဆိုရင် ဒါလေးတွေ စားသုံးပေးဖို့ လိုပါမယ်။

ချင်း (ဂျင်း)

ချင်း(ဂျင်း) ရေနွေးကြမ်းကို မနက်ခင်းမှာ သောက်သုံးပေးတာက ကျန်းမာရေး ကောင်းစေဖို့ ထောက်ကူပေးသလို သွေးမပျစ်စေဖို့လည်း ထောက်ကူပေးပါတယ်။ အရောင်ကျစေပြီး ကြွက်သားတွေကို ပြေလျော့စေပါတယ်။ ဒါကြောင့် သွေးခဲမှုကင်းစေဖို့နဲ့ သွေးမပျစ်စေဖို့ဆိုရင်တော့ တစ်နေ့ကို ချင်းလက်ဖက်ရည် တစ်ခွက် သောက်ပေးပါ။

ငရုတ်သီး အနီတောင့်

ငရုတ်သီး အနီတောင့်မှာ သွေးမပျစ်အောင် ကာကွယ်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ငရုတ်သီးမှာပါတဲ့ salicylates က သွေးပေါင်ကို ထိန်းညှိပေးပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေနိုင်ပါတယ်။

ဆယ်လ်မွန်ငါး

ဆယ်လ်မွန်ငါးမှာ omega-3 fatty acids ပါဝင်နေတာကြောင့် သွေးမပျစ်စေဖို့ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ သွေးတွင်းကိုလက်စထရောပမာဏကိုလည်း ကျဆင်းစေနိုင်ပါတယ်။ သွေးမပျစ်စေဖို့ ထောက်ကူပေးနိုင်မှာပါ။

ဝိုင်နီ

ဝိုင်နီ တစ်နေ့တစ်ခွက် သောက်တာက နှလုံးရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးသလို သွေးမပျစ်စေဖို့လည်း ထောက်ကူပေးပါတယ်။ သွေးကြောတွေထဲမှာ သွေးခဲတာမျိုး မဖြစ်စေဖို့လည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

သစ်ကြံပိုးခေါက်

ဟင်းတွေကို အရသာတိုးအောင် ထည့်ပေးတဲ့ သစ်ကြံပိုးခေါက်က ခါးသက်သက် အရသာရှိပြီး ကျန်းမာရေးကို အထောက်အကူ ပြုပေးနိုင်ပါတယ်။ ရေနွေးကြမ်းထဲ ထည့်သောက်ပေးတာက သွေးပေါင်ကို ကျစေပြီး အရောင်ကျစေနိုင်သလို လေဖြတ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။ သွေးပျစ်တာမျိုး မဖြစ်စေဖို့လည်း ထောက်ကူပေးပါတယ်။

ဒါတွေအပြင် ကြက်သွန်ဖြူ၊ ဂျင်ဆင်း၊ နာနတ်သီး၊ ရေညှိညို၊ သံလွင်ဆီစတာတွေကလည်း သွေးမပျစ်အောင် ကာကွယ်ပေးပါတယ်။ ဒါပေမယ့် တန်ဆေး လွန်ဘေး ဆိုတဲ့အတိုင်း အလွန်အကျွံ မစားမိဖို့တော့ လိုပါမယ်။ သွေးပျစ်တာကြောင့် ထိခိုက်မှုတွေ မဖြစ်စေဖို့ဆိုရင် အခုပြောခဲ့တာတွေထဲက တစ်မျိုး ဒါမှမဟုတ် ၂ မျိုးလောက်ကို တစ်နေ့တာ စားသုံးမှုမှာ ပါဝင်အောင် စားသုံးပေးဖို့ အကြံပြုပါရစေ။ ရေလည်း များများသောက်ပေးဖို့ လိုပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win | ရေးသားသူ Aye Thi Mon

Credit-HelloSayarWon

(Zawgyi)

ေသြးမပ်စ္ေစဖို႔ ဘာေတြ စားရမလဲ

ေသြးေတြ လည္ပတ္စီးဆင္းေနဖို႔က ခႏၶာကိုယ္အတြက္ အေရးပါတဲ့ လုပ္ေဆာင္မႈေတြထဲက တစ္ခုပါ။ ေသြးက ပုံမွန္အတိုင္း လည္ပတ္စီးဆင္းတာမ်ိဳး မရွိဘဲ ေသြးပ်စ္မယ္ ဆိုရင္ ေလျဖန္းတာ၊ ေလျဖတ္တာနဲ႔ ႐ုတ္တရက္ ႏွလုံးရပ္တာမ်ိဳးေတြ ခံစားရႏိုင္ပါတယ္။ ဒါေၾကာင့္ ေသြးမပ်စ္ေစဖို႔ အတြက္ ေသခ်ာေလး ဂ႐ုစိုက္ဖို႔ လိုပါမယ္။

ေသြးလည္ပတ္မႈ ေကာင္းတာက ႏွလုံး က်န္းမာေစဖို႔ ကာကြယ္ရာ ေရာက္ပါတယ္။ ေသြးက တအားက်ဲေနရင္လည္း ေသြးမတိတ္တာ ေသြးထြက္လြန္တာမ်ိဳး ျဖစ္ႏိုင္ေပမယ့္ ေသြးခဲေသြးပ်စ္တာကလည္း ခႏၶာကိုယ္ရဲ႕ လုပ္ငန္းေဆာင္တာေတြကို ထိခိုက္ေစႏိုင္ပါတယ္။ ဒီေတာ့ ျပင္းထန္တဲ့ က်န္းမာေရး ျပႆနာေတြ မျဖစ္ေစဖို႔အတြက္ ေသြးမပ်စ္ေအာင္ ဘယ္လို စားသုံးရမလဲဆိုတာကို ေျပာျပေပးသြားပါမယ္။

ေသြးမပ်စ္ေစဖို႔ ဘာေတြ စားရမလဲ

ေသြးပ်စ္တာေၾကာင့္ ျပင္းထန္တဲ့ က်န္းမာေရး ျပႆနာေတြ မျဖစ္ေစဖို႔ဆိုရင္ ဒါေလးေတြ စားသုံးေပးဖို႔ လိုပါမယ္။

ခ်င္း (ဂ်င္း)

ခ်င္း(ဂ်င္း) ေရေႏြးၾကမ္းကို မနက္ခင္းမွာ ေသာက္သုံးေပးတာက က်န္းမာေရး ေကာင္းေစဖို႔ ေထာက္ကူေပးသလို ေသြးမပ်စ္ေစဖို႔လည္း ေထာက္ကူေပးပါတယ္။ အေရာင္က်ေစၿပီး ႂကြက္သားေတြကို ေျပေလ်ာ့ေစပါတယ္။ ဒါေၾကာင့္ ေသြးခဲမႈကင္းေစဖို႔နဲ႔ ေသြးမပ်စ္ေစဖို႔ဆိုရင္ေတာ့ တစ္ေန႔ကို ခ်င္းလက္ဖက္ရည္ တစ္ခြက္ ေသာက္ေပးပါ။

င႐ုတ္သီး အနီေတာင့္

င႐ုတ္သီး အနီေတာင့္မွာ ေသြးမပ်စ္ေအာင္ ကာကြယ္ေပးႏိုင္တဲ့ အာနိသင္ရွိပါတယ္။ င႐ုတ္သီးမွာပါတဲ့ salicylates က ေသြးေပါင္ကို ထိန္းညႇိေပးၿပီး ေသြးလည္ပတ္မႈကို ေကာင္းမြန္ေစႏိုင္ပါတယ္။

ဆယ္လ္မြန္ငါး

ဆယ္လ္မြန္ငါးမွာ omega-3 fatty acids ပါဝင္ေနတာေၾကာင့္ ေသြးမပ်စ္ေစဖို႔ အထိေရာက္ဆုံး ကာကြယ္ေပးႏိုင္ပါတယ္။ ေသြးတြင္းကိုလက္စထေရာပမာဏကိုလည္း က်ဆင္းေစႏိုင္ပါတယ္။ ေသြးမပ်စ္ေစဖို႔ ေထာက္ကူေပးႏိုင္မွာပါ။

ဝိုင္နီ

ဝိုင္နီ တစ္ေန႔တစ္ခြက္ ေသာက္တာက ႏွလုံးေရာဂါ မျဖစ္ေစဖို႔ ကာကြယ္ေပးသလို ေသြးမပ်စ္ေစဖို႔လည္း ေထာက္ကူေပးပါတယ္။ ေသြးေၾကာေတြထဲမွာ ေသြးခဲတာမ်ိဳး မျဖစ္ေစဖို႔လည္း အထိေရာက္ဆုံး ကာကြယ္ေပးႏိုင္ပါတယ္။

သစ္ႀကံပိုးေခါက္

ဟင္းေတြကို အရသာတိုးေအာင္ ထည့္ေပးတဲ့ သစ္ႀကံပိုးေခါက္က ခါးသက္သက္ အရသာရွိၿပီး က်န္းမာေရးကို အေထာက္အကူ ျပဳေပးႏိုင္ပါတယ္။ ေရေႏြးၾကမ္းထဲ ထည့္ေသာက္ေပးတာက ေသြးေပါင္ကို က်ေစၿပီး အေရာင္က်ေစႏိုင္သလို ေလျဖတ္ႏိုင္ေျခကိုလည္း ေလွ်ာ့ခ်ေပးပါတယ္။ ေသြးပ်စ္တာမ်ိဳး မျဖစ္ေစဖို႔လည္း ေထာက္ကူေပးပါတယ္။

ဒါေတြအျပင္ ၾကက္သြန္ျဖဴ၊ ဂ်င္ဆင္း၊ နာနတ္သီး၊ ေရညႇိညိဳ၊ သံလြင္ဆီစတာေတြကလည္း ေသြးမပ်စ္ေအာင္ ကာကြယ္ေပးပါတယ္။ ဒါေပမယ့္ တန္ေဆး လြန္ေဘး ဆိုတဲ့အတိုင္း အလြန္အကြၽံ မစားမိဖို႔ေတာ့ လိုပါမယ္။ ေသြးပ်စ္တာေၾကာင့္ ထိခိုက္မႈေတြ မျဖစ္ေစဖို႔ဆိုရင္ အခုေျပာခဲ့တာေတြထဲက တစ္မ်ိဳး ဒါမွမဟုတ္ ၂ မ်ိဳးေလာက္ကို တစ္ေန႔တာ စားသုံးမႈမွာ ပါဝင္ေအာင္ စားသုံးေပးဖို႔ အႀကံျပဳပါရေစ။ ေရလည္း မ်ားမ်ားေသာက္ေပးဖို႔ လိုပါမယ္။

ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Htet Htet Zaw Win | ေရးသားသူ Aye Thi Mon

Credit-HelloSayarWon

Leave a Reply

Your email address will not be published. Required fields are marked *