သတင်း

လတ်တလော ခေတ်ထနေတဲ့ စေ့စပ် လက်စွပ်ပုံစံ

လတ်တလော ခေတ်ထနေတဲ့ စေ့စပ် လက်စွပ်ပုံစံ

ကဲ သင်ဟာ ကြီးမားတဲ့စိန်ပွင့်နဲ့စီခြယ်ထားတဲ့ စေ့စပ်လက်စွပ်မျိုး ပိုင်ဆိုင်ရဖို့ စိတ်ကူးယဉ်ဖူးသလို လက်ကနေ မတော်တဆကျွတ်ကျသွားမှာမျိုး၊ပျောက်ကျသွားတာမျိုးဖြစ်မှာလည်း စိုးရိမ်ဖူးသလား? ဒါဆိုရင်တော့ လတ်တလောမှာမှ ခေတ်ထနေတဲ့ ပျောက်ကျမှာကိုစိုးရိမ်စရာမလိုပဲ ပိုမိုမြဲမြံတဲ့အမှတ်အသားတစ်ခုအသွင်ဆောင်ပေးနိုင်တဲ့ စေ့စပ်လက်စွပ်ပုံစံအသစ် ကို မိတ်ဆက်ပေးပါရစေ။
..
ဒါကတော့ ချွတ်ရဝတ်ရလွယ်တဲ့ လက်ရှိစေ့စပ်လက်စွပ်တွေထက် ပိုမိုမြဲမြံတဲ့အမှတ်အသားတစ်ခုအနေနဲ့ မိမိရဲ့လက်ချောင်းတွေမှာ စိန်ပွင့်မြုပ်ဝတ်ဆင်လာကြတာပါ။ဒီလက်ချောင်းလေးတွေကိုဖောက်ပြီး စိန်ပွင့်မြုပ်ထားတဲ့ စေ့စပ်လက်စွပ်ပုံစံမျိုးတွေဟာ အရမ်းနာကျင်ရသလို တက်တူးလိုပဲ မိမိနဲ့တသက်တာလုံး အတူရှိနေတဲ့အသွင်ဆောင်တာကြောင့် မိမိရဲ့လက်တွဲဖော်အတွက် ပိုမိုလေးနက်တဲ့သဘောကိုပုံဆောင်ပေးမှာပါ။
..
နောက် ဒီစိန်ပွင့်ကိုဖယ်လိုက်သည့်တိုင် မိမိလက်မှာအမာရွတ်တစ်ခု သေရာပါကျန်နေမှာဖြစ်လို့ သင့်လက်တွဲဖော်နဲ့အတူတူထားရှိသစ္စာတိုင်ခဲ့တဲ့ ကတိကဝတ်တစ်ခုကို အမြဲအမှတ်ရနေစေမှာပါ။
..
ဒီလိုအတွေးအခေါ်ခပ်ဆန်းဆန်းနဲ့စေ့စပ်လက်စွပ်ပုံစံအသစ်ဟာ လက်ရှိနိုင်ငံအချို့မှာ ပိုပိုရေပန်းစားလာသလို စိန်ပွင့်မြုပ်တဲ့ဒီဇိုင်းအပြင် စိတ်ကြိုက်ဆန်းပြားတဲ့ဒီဇိုင်းမျိုးကိုလည်း ရွေးချယ်လာကြပါတယ်။
..
CW2S & ZO

Credit

Leave a Reply

Your email address will not be published. Required fields are marked *