သတင္း

ျမန္မာျပည္တြင္ ႏွစ္ေပါင္း ၁၀၀ ေက်ာ္ၾကာ က်င္းပလာခဲ့သည့္ ထူးထူးျခားျခား ဘဲဥထုပြဲအေၾကာင္း ဗဟုသုတ

(Zawgyi)
စစ္ကိုင္းၿမိဳ႕က ဘဲဥထုပြဲ

ႏွစ္စဥ္ တပို႔တြဲလျပည့္ေရာက္ၿပီဆို တစ္ႏိုင္ငံလုံးအႏွံ႔ က်င္းပသည့္ ထမနဲပြဲမ်ားႏွင့္အတူ စစ္ကိုင္းၿမိဳ႕မွာ သက္ဝင္ လႈပ္ရွားလာသည့္ ပြဲေတာ္တစ္ခု ရွိသည္။ တစ္ႏိုင္ငံလုံးမွာမွ ဒီတစ္ေနရာ၊ တစ္ႏွစ္လုံးတြင္မွ သုံးရက္တည္း က်င္းပသည့္ ထိုပြဲသည္ အနယ္နယ္အရပ္ရပ္မွ ဘုရားပြဲလာ ျပည္သူမ်ား ေပ်ာ္ေပ်ာ္ပါးပါး ဆင္ႏႊဲၾကသည့္ ပြဲတစ္ခုလည္း ျဖစ္သည္။ ထိုပြဲကား စစ္ကိုင္းတစ္ၿမိဳ႕တည္းတြင္သာ ရွိေသာ ဘဲဥထုပြဲ။ ဧရာဝတီျမစ္ အေနာက္ဘက္ကမ္း ေဇယ်ာေ႐ႊေျမ စစ္ကိုင္း၏ အလွသည္ တပို႔တြဲလျပည့္ည လေရာင္ေအာက္မွာ ဝင္းပေနသည္။ ႏွာရည္ယို႐ႊဲ တပို႔တြဲ၊ ထမနဲထိုးသည့္ တပို႔တြဲ။ ထိုလျပည့္ညသည္ စစ္ကိုင္းၿမိဳ႕ ေၾကးဘုရားႀကီး၏ ဘုရားပြဲေတာ္ က်င္းပရာကာလလည္းျဖစ္သည္။ စစ္ကိုင္းၿမိဳ႕ အေစခံ ခံတပ္အနီးရွိ ေၾကးဘုရားႀကီး၏ ဘုရားပြဲေတာ္သည္ အျခားေဒသမ်ားႏွင့္မတူ ထူးျခားသည္က ဘဲဥထုပြဲေၾကာင့္ ျဖစ္သည္။

စစ္ကိုင္းၿမိဳ႕ ဧျမဝတီရပ္ ဇိနမာရ္ေအာင္ ေလာကခ်မ္းသာ ေၾကးဘုရားႀကီး၏ ဘုရားပြဲေတာ္ကာလေရာက္တိုင္း စစ္ကိုင္းသူ စစ္ကိုင္းသားမ်ားသာမက အနီးနားရွိ ၿမိဳ႕မ်ားမွပါမက်န္ ဘဲဥထုပြဲကို လာေရာက္ ဆင္ႏႊဲေလ့ရွိၾကသည္။ ဘုရားပြဲေတာ္ကာလမွာ တပို႔တြဲလျပည့္မတိုင္မီ အဖိတ္ေန႔မွစ၍ လျပည့္ေက်ာ္ ၁ ရက္အထိ သုံးရက္တိုင္တိုင္ က်င္းပေလ့ ရွိသည္။

သမိုင္းေၾကာင္းအရ ဘဲဥထုပြဲဟူသည္ မင္းတုန္းမင္းလက္ထက္ အေစခံ ခံတပ္မွ တပ္သားမ်ား ကင္းေစာင့္တာဝန္ က်ခ်ိန္အတြင္း ရိကၡာရေသာ ဘဲဥျပဳတ္မ်ားႏွင့္ အေပ်ာ္တမ္း ေဆာ့ကစားရာမွ ျဖစ္လာသည္ဟု ဆိုၾကသည္။ ယခုအခါ စစ္ကိုင္းၿမိဳ႕ ေၾကးဘုရားႀကီး၏ ဘဲဥထုပြဲသည္ ႏွစ္ေပါင္း တစ္ရာေက်ာ္ သက္တမ္းရွိခဲ့ၿပီ။

အညာဘုရားပြဲမ်ား၏ ထုံးစံအတိုင္း ေၾကးဘုရားႀကီး၏ ဘုရားပြဲသည္ မုန႔္လင္မယား၊ မုန႔္သိုင္းၿခဳံ၊ မုန႔္ေရပါးစေသာ ျမန္မာမုန႔္ ေရာင္းခ်သည့္ ေဈးသည္မ်ား ႀကိတ္ႀကိတ္တိုးလို႔ ေနသည္။ ပြဲေတာ္လာ ပရိသတ္ ကလည္း တပို႔တြဲလျပည့္၏ အေအးဒဏ္ကိုအံတုရင္း ပြဲေဈးတန္းကို သူ႔ထက္ငါ တိုးေခြ႕ၾကသည္။ အခ်ိဳ႕ကလည္း ပြဲခင္းထဲက ပိတ္ကားေထာင္ ႐ုပ္ရွင္ကို ဝင္ၾကည့္သည္။ အခ်ိဳ႕ကလည္း ေၾကးဘုရားႀကီး ဘုရားပြဲေတာ္ျခင္းဝိုင္းကို ဝင္ေငးသည္။

အမ်ားစုတို႔၏ ဦးတည္ရာကား ေၾကးဘုရားႀကီးနံေဘးရွိ ဘဲဥထုပြဲ က်င္းပရာ ပဲ့နင္းဘုရား ရင္ျပင္သို႔ျဖစ္သည္။ ေပ ၃၀ ပတ္လည္ခန႔္သာ က်ယ္မည္ျဖစ္ေသာ ပဲ့နင္းဘုရား ပရဝုဏ္ေလးသည္ လွ်ပ္စစ္မီးတို႔ ထိန္လင္းမေနပါ။ သို႔ေသာ္ ရင္ျပင္တစ္ခုလုံး ျပည့္လုမတတ္ လူအုပ္ႀကီးႏွင့္ ဟိုတစ္စု သည္တစ္စု ဖေယာင္းတိုင္မီး၊ ေရနံဆီမီး ထုထားသည့္ ဘဲဥျပဳတ္သည္မ်ားကို ျမင္ရေပလိမ့္မည္။ ဘဲဥထုပြဲကာလ မေရာက္မီ ဧျမဝတီ ရပ္ကြက္သူ ရပ္ကြက္သားမ်ားသည္ ဘဲဥထုပြဲတြင္ ဘဲဥျပဳတ္ ေရာင္းခ်ရန္ အနီးအနားရွိ ဘဲၿခံမ်ားမွ ဘဲဥမ်ားကို ရသေလာက္ စုေဆာင္း ဝယ္ယူထားရသည္။ ပြဲေတာ္တြင္ မေရာင္းခ်မီ ဘဲဥမ်ားကို ေကာက္႐ိုးမ်ားျဖင့္ျပဳတ္ၿပီး ႏွီးေတာင္းေလးမ်ားႏွင့္ထည့္ကာ ယူေဆာင္လာရသည္။

ထိုႏွီးေတာင္းေလးမ်ား၏ အေပၚမွာေတာ့ ဆန္ေကာျပားတစ္ခ်ပ္ပါသည္။ ညဘက္လင္းေစရန္ ဖေယာင္းတိုင္မီး၊ ေရနံဆီ မီးခြက္တို႔ ပါသည္။ ဘဲဥျပဳတ္ေတာင္း အဆင္သင့္ျဖစ္လွ်င္ေတာ့ ပဲ့နင္းဘုရား ရင္ျပင္ ေပၚမွာ ဝယ္သူကို အသင့္ေစာင့္႐ုံပင္။ ညေန ေမွာင္ရီပ်ိဳးလာသည္ႏွင့္ ဘုရားပြဲလာ ပရိသတ္တို႔ ပဲ့နင္းဘုရား ရင္ျပင္ဆီ တေ႐ြ႕ေ႐ြ႕ ခ်ီတက္လာၾကသည္။ တစ္ခါမွ မေတြ႕ဖူး မဆုံဖူးေသာ သူမ်ားကလည္း ဘဲဥထုပြဲသို႔ ေရာက္လာၿပီဆိုလွ်င္ ႏွစ္ဦးႏွစ္ဖက္ဆိုင္ ဘဲဥထုၾကရင္း မိတ္ေဆြေတြ ျဖစ္ကုန္တတ္ၾကသည္။

ေရွးအခါက ခံတပ္သားမ်ား၊ ဘုရင့္ေလွေတာ္သားမ်ား၊ ကင္းေစာင့္တပ္သားမ်ား ဆင္ႏႊဲခဲ့ၾကေသာ ဘဲဥထုပြဲသည္ ယခုအခါေတာ့ ျပည္သူေတြ အခ်င္းခ်င္း ရင္းရင္းႏွီးႏွီး ခ်စ္ခ်စ္ခင္ခင္ ကစားႏိုင္သည့္ပြဲေလး ျဖစ္လာသည္။ ထုမလား၊ ထုမယ္ဟု အခ်င္းခ်င္း အခ်ိန္းအခ်က္ျပဳလုပ္ရင္း ဆီမီးမွိန္မွိန္ႏွင့္ ဘဲဥျပဳတ္ေတာင္းေဘး ကိုယ့္ဖိနပ္ကိုယ္ခြၽတ္ကာ ဖင္ခုထိုင္ရင္း ဘဲဥေတြ အၿပိဳင္ထုၾကသည္။

ဘဲဥထုသည္ဟု ဆိုရာတြင္ လြယ္ကူသည္ဟု ထင္ပါက မွားသြားႏိုင္သည္။ ဘဲဥထုျခင္း အတတ္ပညာသည္လည္း ထုဖူးသူမွ ကြၽမ္းက်င္ေသာ ကစားနည္းတစ္မ်ိဳးဟု ဆိုရမည္။ ဘဲဥမထုခင္ ဘဲဥေ႐ြးျခင္းကိုက ပညာသားပါေလသည္။ အခြံထူေသာ၊ ေလမခိုေသာ၊ အနာအဆာ မပါေသာ ဘဲဥမ်ိဳးကိုလည္း ေရနံဆီမီးေရာင္ေအာက္မွာ ေ႐ြးတတ္ဖို႔ လိုသည္။ ထုရာတြင္လည္း ဘဲဥ၏ ပိုခြၽန္သည့္အပိုင္းျဖစ္ေသာ ေခါင္း ပိုင္းႏွင့္ ေတ့ၿပီးထုတတ္ဖို႔လိုသည္။ ဘဲဥကိုင္ရာတြင္လည္း လက္ဝါးထဲ ဖြဖြဆုပ္ၿပီး ဘဲဥေခါင္းေလး လက္တစ္သစ္ စာေဖာ္ကာ အရွိန္ကိုဆလ်က္ ခြပ္ခနဲ ထုတတ္ရမည္။ ဘဲဥထုသူႏွစ္ဦး သူတစ္လွည့္ ကိုယ္ တစ္လွည့္၊ အေပၚတစ္လွည့္ ေအာက္တစ္လွည့္ထားကာ ထုရသည္မို႔ အခံဘက္ကမို႔ အေပၚဘက္ကမို႔ ပိုသာသည္ဆိုတာေတာ့ မရွိတတ္။ ထုရာတြင္ ကြဲလွ်င္ ကြဲသည့္သူက အရႈံး။ မကြဲသူက အႏိုင္။ ထိုအခါတြင္ ႏိုင္သည့္သူက ကြဲသည့္သူ၏ ဘဲဥအကြဲကို ယူ႐ုံ။ ရႈံးသူက ထိုဘဲဥျပဳတ္ဖိုး တစ္လုံး၂၀ဝ ကို ဘဲဥသည္ဆီ ေပးေခ်႐ုံျဖစ္သည္။

ဘဲဥအၿပိဳင္ ထုၾကရင္း ဈာန္ဝင္လာၾကေသာအခါ ေငြကို လက္ငင္း မရွင္းေတာ့ဘဲ မန္က်ည္းေစ့ေလးမ်ားႏွင့္ ႏို႔ဆီခြက္ထဲ ထည့္မွတ္ကာ ပြဲၿပီးမွ ဘဲဥဖိုး ရွင္းၾကသည္မ်ားလည္း ရွိသည္။ ရႈံးသူမ်ားအတြက္ေတာ့ ပြဲၿပီးခ်ိန္တြင္ ဘဲဥျပဳတ္ဖိုး နင့္ခနဲ ေပးလိုက္ရသည္မ်ား ရွိေသာ္လည္း အခ်ိဳ႕ အႏိုင္ရသူမ်ားကေတာ့ ဘဲဥျပဳတ္ေတြ ကြၽတ္ကြၽတ္အိတ္အျပည့္ႏွင့္ အိမ္ျပန္မ်က္ႏွာပန္းလွတတ္ၾကသည္။ ႀကိတ္ႀကိတ္တိုး စည္ကားေနေသာ ပဲ့နင္းဘုရား ရင္ျပင္ေပၚမွ ဘဲဥထုပြဲသည္ ဘဲဥအၿပိဳင္ထုသူ ႏွစ္ဦးႏွစ္ဖက္အတြက္ သာမက ေဘးက ထိုင္ၾကည့္သူမ်ားအတြက္လည္း ေပ်ာ္စရာႀကီးျဖစ္သည္။ အခ်ိဳ႕ကလည္း မည္သူ႔ဘက္က ႏိုင္လိမ့္မည္ကို ဘဲဥေၾကးျဖင့္ အေလာင္းအစား လုပ္ၾကသည္မ်ားလည္း ရွိသည္။ သူတို႔လက္ထဲ ၾကည့္လိုက္ျပန္လွ်င္လည္း ကြၽတ္ကြၽတ္အိတ္အျပည့္ ဘဲဥျပဳတ္ ကိုယ္စီႏွင့္။

ညလည္းနက္၊ ပြဲလည္းစဲ၊ ဘဲဥထု၍ ေက်နပ္ၾကၿပီဆိုလွ်င္ အႏိုင္ရသူမ်ားက ထိုဘဲဥအကြဲမ်ားကို ေလွ်ာ့ေဈးျဖင့္ ဝယ္လိုသူ မ်ားထံ ျပန္ေရာင္းကာ ေငြေဖာ္ၾကသည္မ်ားလည္းရွိသည္။ ဘဲဥအကြဲ တစ္လုံး ၁၅၀ ဆိုေသာေဈးက ဟင္းစားလိုခ်င္ သူမ်ားအတြက္ အဆင္ေျပသလို ဘဲဥေတြ တေထာႀကီး အႏိုင္ရလိုက္သူအဖို႔လည္း ေငြစကေလး ျမတ္သည္မို႔ အဆင္ေျပလွသည္။ အခ်ိဳ႕ကလည္း ဘဲဥထုပြဲခင္းထဲမွ ထြက္သည္ႏွင့္ ဘုရားပြဲေဈးထဲက မုန႔္ဟင္းခါးဆိုင္မွာ တစ္ခါတည္း ဘဲဥျပဳတ္ ထည့္ကာ မုန႔္ဟင္းခါး ပူပူေႏြးေႏြး စားၿပီးမွ အိမ္ျပန္တတ္ၾကသည္။ လက္ထဲမွာ ဘဲဥျပဳတ္ေတြ ခြာစားရင္း ေဈးတန္း ပတ္ၿပီး ျပန္ၾကသည္။ အားလုံး ကိုယ္စီမ်က္ႏွာမွာေတာ့ ဘဲဥရသည့္ မ်က္ႏွာဟုဆိုရမည္။ ေပ်ာ္တၿပဳံးၿပဳံး ရယ္မဆုံးေတာ့။ ဘဲဥထုတုန္းက မည္သူႏွင့္ မည္သို႔ထုၿပီး မည္သို႔ႏိုင္ခဲ့သည္ကို ျပန္ေျပာရင္း အၿပဳံးကိုယ္စီႏွင့္။

ေနာက္ေန႔ေရာက္လွ်င္ေတာ့ ဘဲဥထုပြဲအျပန္ ဘုရားပြဲလာ ပရိသတ္တို႔၏ အိမ္တိုင္းရွိ ဟင္းအိုးမ်ားထဲတြင္ ေနရာယူတတ္ ၾကသည္က ဘဲဥခ်ဥ္ရည္သာ ျဖစ္မည္ဆိုသည္ေတာ့ ဘယ္သူမွျငင္းႏိုင္မည္ မထင္ပါ။ ဘဲဥခ်ဥ္ရည္ဟင္းေလး ၿမဳံ႔ရင္း၊ ညခင္းက ဘဲဥထုပြဲအေၾကာင္းမ်ားကိုေျပာရင္း ကိုယ္တိုင္ ဝင္ေရာက္ စီးေမ်ာခဲ့ၾကသည့္ ဘဲဥထုပြဲ အေတြ႕အႀကဳံမ်ားကို ေအာက္ေမ့သတိရၾကဦးမည္။ ႏွာရည္ယို႐ႊဲ တပို႔တြဲလ၏ ဘဲဥထုပြဲကို ေရာက္ဖူးသူတိုင္းအဖို႔ ေနာင္ႏွစ္ေပါင္း မ်ားစြာ တိုင္သည္အထိ ဘဲဥထုပြဲကို ဝင္ေရာက္စီးေမ်ာ ေနခ်င္တုန္း ျဖစ္ပါလိမ့္မည္။

Credit –
ယဥ္ယဥ္ေႏွာင္း
The Voice

(Unicode)
စစ်ကိုင်းမြို့က ဘဲဥထုပွဲ

နှစ်စဉ် တပို့တွဲလပြည့်ရောက်ပြီဆို တစ်နိုင်ငံလုံးအနှံ့ ကျင်းပသည့် ထမနဲပွဲများနှင့်အတူ စစ်ကိုင်းမြို့မှာ သက်ဝင် လှုပ်ရှားလာသည့် ပွဲတော်တစ်ခု ရှိသည်။ တစ်နိုင်ငံလုံးမှာမှ ဒီတစ်နေရာ၊ တစ်နှစ်လုံးတွင်မှ သုံးရက်တည်း ကျင်းပသည့် ထိုပွဲသည် အနယ်နယ်အရပ်ရပ်မှ ဘုရားပွဲလာ ပြည်သူများ ပျော်ပျော်ပါးပါး ဆင်နွှဲကြသည့် ပွဲတစ်ခုလည်း ဖြစ်သည်။ ထိုပွဲကား စစ်ကိုင်းတစ်မြို့တည်းတွင်သာ ရှိသော ဘဲဥထုပွဲ။ ဧရာဝတီမြစ် အနောက်ဘက်ကမ်း ဇေယျာရွှေမြေ စစ်ကိုင်း၏ အလှသည် တပို့တွဲလပြည့်ည လရောင်အောက်မှာ ဝင်းပနေသည်။ နှာရည်ယိုရွှဲ တပို့တွဲ၊ ထမနဲထိုးသည့် တပို့တွဲ။ ထိုလပြည့်ညသည် စစ်ကိုင်းမြို့ ကြေးဘုရားကြီး၏ ဘုရားပွဲတော် ကျင်းပရာကာလလည်းဖြစ်သည်။ စစ်ကိုင်းမြို့ အစေခံ ခံတပ်အနီးရှိ ကြေးဘုရားကြီး၏ ဘုရားပွဲတော်သည် အခြားဒေသများနှင့်မတူ ထူးခြားသည်က ဘဲဥထုပွဲကြောင့် ဖြစ်သည်။

စစ်ကိုင်းမြို့ ဧမြဝတီရပ် ဇိနမာရ်အောင် လောကချမ်းသာ ကြေးဘုရားကြီး၏ ဘုရားပွဲတော်ကာလရောက်တိုင်း စစ်ကိုင်းသူ စစ်ကိုင်းသားများသာမက အနီးနားရှိ မြို့များမှပါမကျန် ဘဲဥထုပွဲကို လာရောက် ဆင်နွှဲလေ့ရှိကြသည်။ ဘုရားပွဲတော်ကာလမှာ တပို့တွဲလပြည့်မတိုင်မီ အဖိတ်နေ့မှစ၍ လပြည့်ကျော် ၁ ရက်အထိ သုံးရက်တိုင်တိုင် ကျင်းပလေ့ ရှိသည်။

သမိုင်းကြောင်းအရ ဘဲဥထုပွဲဟူသည် မင်းတုန်းမင်းလက်ထက် အစေခံ ခံတပ်မှ တပ်သားများ ကင်းစောင့်တာဝန် ကျချိန်အတွင်း ရိက္ခာရသော ဘဲဥပြုတ်များနှင့် အပျော်တမ်း ဆော့ကစားရာမှ ဖြစ်လာသည်ဟု ဆိုကြသည်။ ယခုအခါ စစ်ကိုင်းမြို့ ကြေးဘုရားကြီး၏ ဘဲဥထုပွဲသည် နှစ်ပေါင်း တစ်ရာကျော် သက်တမ်းရှိခဲ့ပြီ။

အညာဘုရားပွဲများ၏ ထုံးစံအတိုင်း ကြေးဘုရားကြီး၏ ဘုရားပွဲသည် မုန့်လင်မယား၊ မုန့်သိုင်းခြုံ၊ မုန့်ရေပါးစသော မြန်မာမုန့် ရောင်းချသည့် ဈေးသည်များ ကြိတ်ကြိတ်တိုးလို့ နေသည်။ ပွဲတော်လာ ပရိသတ် ကလည်း တပို့တွဲလပြည့်၏ အအေးဒဏ်ကိုအံတုရင်း ပွဲဈေးတန်းကို သူ့ထက်ငါ တိုးခွေ့ကြသည်။ အချို့ကလည်း ပွဲခင်းထဲက ပိတ်ကားထောင် ရုပ်ရှင်ကို ဝင်ကြည့်သည်။ အချို့ကလည်း ကြေးဘုရားကြီး ဘုရားပွဲတော်ခြင်းဝိုင်းကို ဝင်ငေးသည်။

အများစုတို့၏ ဦးတည်ရာကား ကြေးဘုရားကြီးနံဘေးရှိ ဘဲဥထုပွဲ ကျင်းပရာ ပဲ့နင်းဘုရား ရင်ပြင်သို့ဖြစ်သည်။ ပေ ၃၀ ပတ်လည်ခန့်သာ ကျယ်မည်ဖြစ်သော ပဲ့နင်းဘုရား ပရဝုဏ်လေးသည် လျှပ်စစ်မီးတို့ ထိန်လင်းမနေပါ။ သို့သော် ရင်ပြင်တစ်ခုလုံး ပြည့်လုမတတ် လူအုပ်ကြီးနှင့် ဟိုတစ်စု သည်တစ်စု ဖယောင်းတိုင်မီး၊ ရေနံဆီမီး ထုထားသည့် ဘဲဥပြုတ်သည်များကို မြင်ရပေလိမ့်မည်။ ဘဲဥထုပွဲကာလ မရောက်မီ ဧမြဝတီ ရပ်ကွက်သူ ရပ်ကွက်သားများသည် ဘဲဥထုပွဲတွင် ဘဲဥပြုတ် ရောင်းချရန် အနီးအနားရှိ ဘဲခြံများမှ ဘဲဥများကို ရသလောက် စုဆောင်း ဝယ်ယူထားရသည်။ ပွဲတော်တွင် မရောင်းချမီ ဘဲဥများကို ကောက်ရိုးများဖြင့်ပြုတ်ပြီး နှီးတောင်းလေးများနှင့်ထည့်ကာ ယူဆောင်လာရသည်။

ထိုနှီးတောင်းလေးများ၏ အပေါ်မှာတော့ ဆန်ကောပြားတစ်ချပ်ပါသည်။ ညဘက်လင်းစေရန် ဖယောင်းတိုင်မီး၊ ရေနံဆီ မီးခွက်တို့ ပါသည်။ ဘဲဥပြုတ်တောင်း အဆင်သင့်ဖြစ်လျှင်တော့ ပဲ့နင်းဘုရား ရင်ပြင် ပေါ်မှာ ဝယ်သူကို အသင့်စောင့်ရုံပင်။ ညနေ မှောင်ရီပျိုးလာသည်နှင့် ဘုရားပွဲလာ ပရိသတ်တို့ ပဲ့နင်းဘုရား ရင်ပြင်ဆီ တရွေ့ရွေ့ ချီတက်လာကြသည်။ တစ်ခါမှ မတွေ့ဖူး မဆုံဖူးသော သူများကလည်း ဘဲဥထုပွဲသို့ ရောက်လာပြီဆိုလျှင် နှစ်ဦးနှစ်ဖက်ဆိုင် ဘဲဥထုကြရင်း မိတ်ဆွေတွေ ဖြစ်ကုန်တတ်ကြသည်။

ရှေးအခါက ခံတပ်သားများ၊ ဘုရင့်လှေတော်သားများ၊ ကင်းစောင့်တပ်သားများ ဆင်နွှဲခဲ့ကြသော ဘဲဥထုပွဲသည် ယခုအခါတော့ ပြည်သူတွေ အချင်းချင်း ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် ကစားနိုင်သည့်ပွဲလေး ဖြစ်လာသည်။ ထုမလား၊ ထုမယ်ဟု အချင်းချင်း အချိန်းအချက်ပြုလုပ်ရင်း ဆီမီးမှိန်မှိန်နှင့် ဘဲဥပြုတ်တောင်းဘေး ကိုယ့်ဖိနပ်ကိုယ်ချွတ်ကာ ဖင်ခုထိုင်ရင်း ဘဲဥတွေ အပြိုင်ထုကြသည်။

ဘဲဥထုသည်ဟု ဆိုရာတွင် လွယ်ကူသည်ဟု ထင်ပါက မှားသွားနိုင်သည်။ ဘဲဥထုခြင်း အတတ်ပညာသည်လည်း ထုဖူးသူမှ ကျွမ်းကျင်သော ကစားနည်းတစ်မျိုးဟု ဆိုရမည်။ ဘဲဥမထုခင် ဘဲဥရွေးခြင်းကိုက ပညာသားပါလေသည်။ အခွံထူသော၊ လေမခိုသော၊ အနာအဆာ မပါသော ဘဲဥမျိုးကိုလည်း ရေနံဆီမီးရောင်အောက်မှာ ရွေးတတ်ဖို့ လိုသည်။ ထုရာတွင်လည်း ဘဲဥ၏ ပိုချွန်သည့်အပိုင်းဖြစ်သော ခေါင်း ပိုင်းနှင့် တေ့ပြီးထုတတ်ဖို့လိုသည်။ ဘဲဥကိုင်ရာတွင်လည်း လက်ဝါးထဲ ဖွဖွဆုပ်ပြီး ဘဲဥခေါင်းလေး လက်တစ်သစ် စာဖော်ကာ အရှိန်ကိုဆလျက် ခွပ်ခနဲ ထုတတ်ရမည်။ ဘဲဥထုသူနှစ်ဦး သူတစ်လှည့် ကိုယ် တစ်လှည့်၊ အပေါ်တစ်လှည့် အောက်တစ်လှည့်ထားကာ ထုရသည်မို့ အခံဘက်ကမို့ အပေါ်ဘက်ကမို့ ပိုသာသည်ဆိုတာတော့ မရှိတတ်။ ထုရာတွင် ကွဲလျှင် ကွဲသည့်သူက အရှုံး။ မကွဲသူက အနိုင်။ ထိုအခါတွင် နိုင်သည့်သူက ကွဲသည့်သူ၏ ဘဲဥအကွဲကို ယူရုံ။ ရှုံးသူက ထိုဘဲဥပြုတ်ဖိုး တစ်လုံး၂၀ဝ ကို ဘဲဥသည်ဆီ ပေးချေရုံဖြစ်သည်။

ဘဲဥအပြိုင် ထုကြရင်း ဈာန်ဝင်လာကြသောအခါ ငွေကို လက်ငင်း မရှင်းတော့ဘဲ မန်ကျည်းစေ့လေးများနှင့် နို့ဆီခွက်ထဲ ထည့်မှတ်ကာ ပွဲပြီးမှ ဘဲဥဖိုး ရှင်းကြသည်များလည်း ရှိသည်။ ရှုံးသူများအတွက်တော့ ပွဲပြီးချိန်တွင် ဘဲဥပြုတ်ဖိုး နင့်ခနဲ ပေးလိုက်ရသည်များ ရှိသော်လည်း အချို့ အနိုင်ရသူများကတော့ ဘဲဥပြုတ်တွေ ကျွတ်ကျွတ်အိတ်အပြည့်နှင့် အိမ်ပြန်မျက်နှာပန်းလှတတ်ကြသည်။ ကြိတ်ကြိတ်တိုး စည်ကားနေသော ပဲ့နင်းဘုရား ရင်ပြင်ပေါ်မှ ဘဲဥထုပွဲသည် ဘဲဥအပြိုင်ထုသူ နှစ်ဦးနှစ်ဖက်အတွက် သာမက ဘေးက ထိုင်ကြည့်သူများအတွက်လည်း ပျော်စရာကြီးဖြစ်သည်။ အချို့ကလည်း မည်သူ့ဘက်က နိုင်လိမ့်မည်ကို ဘဲဥကြေးဖြင့် အလောင်းအစား လုပ်ကြသည်များလည်း ရှိသည်။ သူတို့လက်ထဲ ကြည့်လိုက်ပြန်လျှင်လည်း ကျွတ်ကျွတ်အိတ်အပြည့် ဘဲဥပြုတ် ကိုယ်စီနှင့်။

ညလည်းနက်၊ ပွဲလည်းစဲ၊ ဘဲဥထု၍ ကျေနပ်ကြပြီဆိုလျှင် အနိုင်ရသူများက ထိုဘဲဥအကွဲများကို လျှော့ဈေးဖြင့် ဝယ်လိုသူများထံ ပြန်ရောင်းကာ ငွေဖော်ကြသည်များလည်းရှိသည်။ ဘဲဥအကွဲ တစ်လုံး ၁၅၀ ဆိုသောဈေးက ဟင်းစားလိုချင် သူများအတွက် အဆင်ပြေသလို ဘဲဥတွေ တထောကြီး အနိုင်ရလိုက်သူအဖို့လည်း ငွေစကလေး မြတ်သည်မို့ အဆင်ပြေလှသည်။ အချို့ကလည်း ဘဲဥထုပွဲခင်းထဲမှ ထွက်သည်နှင့် ဘုရားပွဲဈေးထဲက မုန့်ဟင်းခါးဆိုင်မှာ တစ်ခါတည်း ဘဲဥပြုတ် ထည့်ကာ မုန့်ဟင်းခါး ပူပူနွေးနွေး စားပြီးမှ အိမ်ပြန်တတ်ကြသည်။ လက်ထဲမှာ ဘဲဥပြုတ်တွေ ခွာစားရင်း ဈေးတန်း ပတ်ပြီး ပြန်ကြသည်။ အားလုံး ကိုယ်စီမျက်နှာမှာတော့ ဘဲဥရသည့် မျက်နှာဟုဆိုရမည်။ ပျော်တပြုံးပြုံး ရယ်မဆုံးတော့။ ဘဲဥထုတုန်းက မည်သူနှင့် မည်သို့ထုပြီး မည်သို့နိုင်ခဲ့သည်ကို ပြန်ပြောရင်း အပြုံးကိုယ်စီနှင့်။

နောက်နေ့ရောက်လျှင်တော့ ဘဲဥထုပွဲအပြန် ဘုရားပွဲလာ ပရိသတ်တို့၏ အိမ်တိုင်းရှိ ဟင်းအိုးများထဲတွင် နေရာယူတတ် ကြသည်က ဘဲဥချဉ်ရည်သာ ဖြစ်မည်ဆိုသည်တော့ ဘယ်သူမှငြင်းနိုင်မည် မထင်ပါ။ ဘဲဥချဉ်ရည်ဟင်းလေး မြုံ့ရင်း၊ ညခင်းက ဘဲဥထုပွဲအကြောင်းများကိုပြောရင်း ကိုယ်တိုင် ဝင်ရောက် စီးမျောခဲ့ကြသည့် ဘဲဥထုပွဲ အတွေ့အကြုံများကို အောက်မေ့သတိရကြဦးမည်။ နှာရည်ယိုရွှဲ တပို့တွဲလ၏ ဘဲဥထုပွဲကို ရောက်ဖူးသူတိုင်းအဖို့ နောင်နှစ်ပေါင်းများစွာ တိုင်သည်အထိ ဘဲဥထုပွဲကို ဝင်ရောက်စီးမျော နေချင်တုန်း ဖြစ်ပါလိမ့်မည်။

Credit –
ယဉ်ယဉ်နှောင်း
The Voice

Leave a Reply

Your email address will not be published. Required fields are marked *