သတင္း

ဆိုင္ကယ္ဦးထုပ္၊ လိုင္စင္ပါေသာ္လည္း ဒီအခ်က္ေတြေၾကာင့္လဲ ဆိုင္ကယ္ကိုဖမ္းပါတယ္။

(Zawgyi)
လိုင္စင္၊ ဦးထုပ္ပါရဲ႕နဲ႔ ဘာလို႔ ဖမ္းသလဲသိခ်င္ရင္၊ ဒီအခ်က္ေတြေၾကာင့္လဲ ဆိုင္ကယ္ကိုဖမ္းပါတယ္။

ဆိုင္ကယ္ေလေပါင္မျပည့္လို႔၊ ဆိုင္ကယ္ ေနာက္ေျခနင္းတုံးႏွစ္ခု ခ်ထားလို႔ဆိုပီး အေရးယူတာမ်ိဳး ရွိပါသလား၊ ေမာ္ေတာ္ဆိုင္ကယ္ စီးနင္းသူေတြ လိုက္နာရမည့္ အခ်က္ေလးမ်ား ေျပာျပႏိုင္မလားလို႔ ေမးလာၾကလို႔ အခုလို တင္ျပလိုက္ပါတယ္။

ေမာ္ေတာ္ဆိုင္ကယ္ ေမာင္းႏွင္သူမ်ား လိုက္နာရမဲ့ အဓိကအခ်က္ေတြကေတာ့-

၁။ စိတ္ခ်ရသည့္ ဆိုင္ကယ္စီး ဦးထုပ္အား ေမးသိုင္းႀကိဳး တပ္ဆင္၍ ေမာင္းႏွင္ရမည္။

၂။ ယာဥ္လိုင္စင္၊ ယာဥ္ေမာင္းလိုင္စင္ ပါရွိရမည္။

၃။ ႏွစ္ဦးထက္ ပိုမစီးရ၊ အရွိန္ျပင္း မေမာင္းရ။

၄။ အရက္ေသစာ ေသာက္စားေမာင္းႏွင္ျခင္း မျပဳရ။

၅။ သာမန္အားျဖင့္ လမ္းညာဘက္ ယာဥ္ေၾကာမွ ေမာင္းႏွင္ရမည္၊ လမ္းအလယ္ေခါင္မွ မေမာင္းရ။

၆။ ဆိုင္ကယ္ေမာင္းႏွင္စဥ္ ဖုန္းမေျပာရ။

၇။ အိပ္ေဇာသံ ဆူညံေသာ ေမာ္ေတာ္ဆိုင္ကယ္ကို မေမာင္းႏွင္ရ။

၈။ ယာဥ္ရွင္းမွ ေက်ာ္တတ္ျခင္း၊ ေကြ႕ျခင္း၊ ယာဥ္ေၾကာကူးေျပာင္းျခင္းတို႔ ျပဳလုပ္ရမည္။

၉။ ေရွ႕မီး၊ ေနာက္မီး၊ အခ်က္ျပမီး၊ ဘရိတ္တို႔ ျပည့္စုံ ေကာင္းမြန္ေနရမည္။

၁၀။ အျခားယာဥ္မ်ားနည္းတူ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း လိုက္နာရမည္။

အခုေျပာျပတာေတြကေတာ့ ဆိုင္ကယ္စီးႏွင္းစဥ္ လိုက္နာရမည့္ အဓိကအခ်က္ေတြပါ။ ဆိုင္ကယ္ေလေပါင္မျပည့္လို႔ ဆိုင္ကယ္ ေနာက္ေျခနင္းတုံး ႏွစ္ခုခ်ထားလို႔ ဆိုပီး အေရးယူတာမ်ိဳးေတာ့ မရွိခဲ့ပါဘူး။ ေလမရွိရင္ ေလေလွ်ာ့ေနတဲ့ အေၾကာင္း၊ ေလျပန္ျဖန႔္ထားဖို႔ ဒါေလးေတာ့ သိရွိေစဖို႔ ေျပာျပတာမ်ိဳးေတြ ရွိပါတယ္။

Source – ဒုရဲအုပ္ေဌးလြင္(ခ)ေနမ်ိဳးသူရ

(Unicode)
လိုင်စင်၊ ဦးထုပ်ပါရဲ့နဲ့ ဘာလို့ ဖမ်းသလဲသိချင်ရင်၊ ဒီအချက်တွေကြောင့်လဲ ဆိုင်ကယ်ကိုဖမ်းပါတယ်။

ဆိုင်ကယ်လေပေါင်မပြည့်လို့၊ ဆိုင်ကယ် နောက်ခြေနင်းတုံးနှစ်ခု ချထားလို့ဆိုပီး အရေးယူတာမျိုး ရှိပါသလား၊ မော်တော်ဆိုင်ကယ် စီးနင်းသူတွေ လိုက်နာရမည့် အချက်လေးများ ပြောပြနိုင်မလားလို့ မေးလာကြလို့ အခုလို တင်ပြလိုက်ပါတယ်။

မော်တော်ဆိုင်ကယ် မောင်းနှင်သူများ လိုက်နာရမဲ့ အဓိကအချက်တွေကတော့-

၁။ စိတ်ချရသည့် ဆိုင်ကယ်စီး ဦးထုပ်အား မေးသိုင်းကြိုး တပ်ဆင်၍ မောင်းနှင်ရမည်။

၂။ ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင် ပါရှိရမည်။

၃။ နှစ်ဦးထက် ပိုမစီးရ၊ အရှိန်ပြင်း မမောင်းရ။

၄။ အရက်သေစာ သောက်စားမောင်းနှင်ခြင်း မပြုရ။

၅။ သာမန်အားဖြင့် လမ်းညာဘက် ယာဉ်ကြောမှ မောင်းနှင်ရမည်၊ လမ်းအလယ်ခေါင်မှ မမောင်းရ။

၆။ ဆိုင်ကယ်မောင်းနှင်စဉ် ဖုန်းမပြောရ။

၇။ အိပ်ဇောသံ ဆူညံသော မော်တော်ဆိုင်ကယ်ကို မမောင်းနှင်ရ။

၈။ ယာဉ်ရှင်းမှ ကျော်တတ်ခြင်း၊ ကွေ့ခြင်း၊ ယာဉ်ကြောကူးပြောင်းခြင်းတို့ ပြုလုပ်ရမည်။

၉။ ရှေ့မီး၊ နောက်မီး၊ အချက်ပြမီး၊ ဘရိတ်တို့ ပြည့်စုံ ကောင်းမွန်နေရမည်။

၁၀။ အခြားယာဉ်များနည်းတူ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရမည်။

အခုပြောပြတာတွေကတော့ ဆိုင်ကယ်စီးနှင်းစဉ် လိုက်နာရမည့် အဓိကအချက်တွေပါ။ ဆိုင်ကယ်လေပေါင်မပြည့်လို့ ဆိုင်ကယ် နောက်ခြေနင်းတုံး နှစ်ခုချထားလို့ ဆိုပီး အရေးယူတာမျိုးတော့ မရှိခဲ့ပါဘူး။ လေမရှိရင် လေလျှော့နေတဲ့ အကြောင်း၊ လေပြန်ဖြန့်ထားဖို့ ဒါလေးတော့ သိရှိစေဖို့ ပြောပြတာမျိုးတွေ ရှိပါတယ်။

Source – ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

Leave a Reply

Your email address will not be published. Required fields are marked *