သတင္း

ရွှေမြန်မာများ ဂျပန်တွင် နေထိုင်စဉ် လိုက်နာရမည့် စည်းကမ်းများ

(Zawgyi)
ဂ်ပန္တြင္ ေနထိုင္စဥ္ လိုက္နာရမည့္ စည္းကမ္းမ်ား

ကိုယ့္အိမ္ထဲ ကိုယ္လုပ္ေပမဲ့ ဖုန္စုပ္စက္သံ အဝတ္ေလွ်ာ္စက္သံဟာ ေဘးအိမ္ကအနားယူေနေသာ အျခားလူမ်ားကို အေနွာင့္အယွက္ျဖစ္ေစပါတယ္။ အမွိဳက္ပစ္တာလဲ ဟန္နီ႕နယ္က အိမ္ဆို သူ႔ေန႕နဲ႔သူပစ္ရတာပါ။

မီးမေလာင္တဲ့အမိွဳက္၊ မီးေလာင္တဲ့အမွိဳက္၊ စည္သြတ္ဘူး၊ ပုလင္း၊ အေအးဘူး၊ ကတၳဴဘူး၊ သတင္းစာ စသျဖင့္ ပစ္ရမဲ့ေန႔ေတြ ခြဲေပးထားပါတယ္။ တိုက်ိဳအိမ္ကေတာ့ ေန႔စဥ္ ၾကိဳက္တဲ့ အမွိဳက္ပစ္လို႔ ရပါတယ္။ ဒါေပမဲ့ အမွိဳက္ခန္းထဲမွာ ခြဲပစ္လို႔ရေအာင္ ေနရာသတ္မွတ္ေပးထားပါတယ္။ (ေန႔စဥ္ပစ္လို႔ရေအာင္ အမိွဳက္ပစ္ခ တလ ¥ 7000ပါ) အိမ္စငွားထဲက စာခ်ဳပ္ခ်ဳပ္တာမွာ မျဖစ္မေန ပါေနလို႔သာ ေပးရပါတယ္ ေတာ္ေတာ္ေတာ့နွေျမာတာပါ။

Follow the rule in Japan ! ဂ်ပန္တြင္ေနထိုင္ၾကကုန္ေသာ ျမန္မာမ်ားအတြက္ မျဖစ္မေနသိရမည့္ ဂ်ပန္နိုင္ငံ၏ Rule ဥပေဒမ်ားကို ေရာက္ခါစသူမ်ား ေရာက္ျပီးသူမ်ား ရွာ၍ဖတ္ရူပါရန္။ (ဥပမာ အမိႈက္ပစ္တာမွား၍၄င္း၊ နံနက္၉-နာရီမတိုင္ခင္ နဲ့ညဘက္တို႕တြင္ အဝတ္ေလ်ာ္၍၄င္း,,Soojoki (ဖုန္စုပ္စက္) ဆြဲျခင္း,TV က်ယ္က်ယ္ဖြင့္ျခင္း..အခ်င္းခ်င္းဆူညံစြာ စကားေျပာ၍၄င္း. အေညွာ္ေၾကာ္၍၄င္း စသည့္တို ့ေၾကာင့္ ပါတ္ဝန္းက်င္အိမ္က ခ်က္ျခင္း ရဲတိုင္ပါတယ္။

ရဲမ်ားေရာက္လာကာ အေရးယူခံရျပီး ျမန္မာတခ်ိဳ႕ ျမန္မာျပည္ျပန္ရသူလည္း ရွိသည္ကို သတိရွိေစလိုပါသည္။ သင္သည္ ငွားရမ္းအိမ္ယာတြင္ ေနထိုင္ပါက စာခ်ဳပ္ပါအခ်က္မ်ားကို လိုက္နာပါ။ မလိုက္နာပါက အိမ္ရွင္က ႏွင္ထုတ္ပိုင္ခြင့္ရွိသည္ကို သိထားပါ။

-မိမိ အခန္းေရွ ့တြင္ ပစၥည္းမ်ားခ်မထားရန္။

-ဘတ္စ္ကား ရထားေပၚတြင္ စကားက်ယ္ေလာင္စြာေျပာျခင္း ဖံုးေျပာျခင္းမျပဳရ၊

-အျပင္ထြက္သည့္အခါ ဒါးစသည့္ အႏၱရာယ္ရွိ ပစၥည္းမ်ားသယ္ေဆာင္မသြားရ.

-လေပးလက္မွတ္ က်န္းမာေရးကဒ္တို ့ကိုမငွားရပါ

-ပစၥည္းေကာက္ရလၽွင္ ရဲသို ့အပ္ရမည္.မအပ္ပါက အလုပ္ႀကမ္းႏွင့္ေထာင္ဒဏ္ ၁-ႏွစ္ ဒဏ္ေငြေဆာင္ရမည္။

-လမ္းသြားရင္းေဆးလိပ္မေသာက္ရပါ။

-သူမ်ားစက္ဘီးယူစီးျခင္း.ေစ်းဆိုင္မွ အလစ္သုတ္ျခင္းမျပဳရ၊

-မိမိလက္ဝယ္ရွိေသာ စက္ဘီးကို(Security Registration)မွတ္ပံုတင္ပါ၊

-စက္ဘီး ကားတို ့သတ္မွတ္ထားေသာစည္းကမ္းမ်ားကိုလိုက္နာရမည္။

-က်ာင္းသားႏွင့္ မွီခို Visa မ်ား တပတ္လွ ် င္ (၂၈/၂၀)နာရီထက္ပိုလုပ္လၽွင္ (အလုပ္ႀကမ္းႏွင့္ ေထာင္ဒဏ္ ၃-ႏွစ္ ျပည္ႏွင္ဒဏ္)

-ေက်ာင္းပိတ္ခ်ိန္ တရက္ ၈-နာရီ တပတ္ ၄၀-နာရီလုပ္ႏိုင္သည္။

-လိင္ကိစၥ ေဖ်ာ္ေျဖမႈေနရာတြင္အလုပ္လုပ္ပါက (အလုပ္ႀကမ္းေထာင္ဒဏ္ ၃-ႏွစ္ ဒဏ္ေငြေသာင္း ၃၀၀ ယမ္း)

-ေက်ာင္းထြက္ျပီးေနာက္ အခ်ိန္ပိုင္း အလုပ္လုပ္ရ ၍မရပါ၊

-ခရီးသည္အိမ္မွာ တည္းလၽွင္ သက္ဆိုင္ရာ ခြင့္ျပဳခ်က္ယူရမည္။ အခေႀကးေငြယူ၍ တည္းခိုခြင့္ မျပဳရန္။

-အျခားသူ၏ ဘဏ္ကဒ္ကိုသံုးရ်္ ေငြထုတ္ျခင္းမျပဳရပါ၊

-အျပင္ထြက္လွ်င္ ေနထိုင္ခြင့္(သို ့) အေထာက္အထားတခုခု ယူသြားပါ၊

-ေနထိုင္ခြင့္လက္မွတ္ကို တပါးသူအား မငွါးရပါ၊

-ေပ်ာက္ဆံုးလွ်င္ အိမ္ေျပာင္းလၽွင္ ၂-ပတ္အတြင္း အေႀကာင္းႀကားရန္.

-အိမ္ေထာင္ျပဳျခင္း ကြာရွင္းျခင္း ေသဆံုးျခင္း လိမ္ေျပာင္းျခင္းမ်ားကို လူဝင္မႈႀကီးႀကပ္ေရးသို ့၂-ပတ္အတြင္းအေႀကာင္းႀကားရမည္…

(အထက္ပါ စည္းမ်ဥ္းဥပေဒမ်ားကို ေဖါက္ဖ်က္လွ်င္.အလုပ္ႀကမ္း ေထာင္ဒဏ္.ဒဏ္ေငြေဆာင္ျခင္းႏွင့္ ျပည္ႏွင္ဒဏ္ေပးခံရမည္)

Credit – Honey Tun

(Unicode)
ဂျပန်တွင် နေထိုင်စဉ် လိုက်နာရမည့် စည်းကမ်းများ

ကိုယ့်အိမ်ထဲ ကိုယ်လုပ်ပေမဲ့ ဖုန်စုပ်စက်သံ အဝတ်လျှော်စက်သံဟာ ဘေးအိမ်ကအနားယူနေသော အခြားလူများကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အမှိုက်ပစ်တာလဲ ဟန်နီ့နယ်က အိမ်ဆို သူ့နေ့နဲ့သူပစ်ရတာပါ။

မီးမလောင်တဲ့အမှိုက်၊ မီးလောင်တဲ့အမှိုက်၊ စည်သွတ်ဘူး၊ ပုလင်း၊ အအေးဘူး၊ ကတ္ထူဘူး၊ သတင်းစာ စသဖြင့် ပစ်ရမဲ့နေ့တွေ ခွဲပေးထားပါတယ်။ တိုကျိုအိမ်ကတော့ နေ့စဉ် ကြိုက်တဲ့ အမှိုက်ပစ်လို့ ရပါတယ်။ ဒါပေမဲ့ အမှိုက်ခန်းထဲမှာ ခွဲပစ်လို့ရအောင် နေရာသတ်မှတ်ပေးထားပါတယ်။ (နေ့စဉ်ပစ်လို့ရအောင် အမှိုက်ပစ်ခ တလ ¥ 7000ပါ) အိမ်စငှားထဲက စာချုပ်ချုပ်တာမှာ မဖြစ်မနေ ပါနေလို့သာ ပေးရပါတယ် တော်တော်တော့နှမြောတာပါ။

Follow the rule in Japan ! ဂျပန်တွင်နေထိုင်ကြကုန်သော မြန်မာများအတွက် မဖြစ်မနေသိရမည့် ဂျပန်နိုင်ငံ၏ Rule ဥပဒေများကို ရောက်ခါစသူများ ရောက်ပြီးသူများ ရှာ၍ဖတ်ရူပါရန်။ (ဥပမာ အမှိုက်ပစ်တာမှား၍၎င်း၊ နံနက်၉-နာရီမတိုင်ခင် နဲ့ညဘက်တို့တွင် အဝတ်လျော်၍၎င်း,,Soojoki (ဖုန်စုပ်စက်) ဆွဲခြင်း,TV ကျယ်ကျယ်ဖွင့်ခြင်း..အချင်းချင်းဆူညံစွာစကားပြော၍၎င်း. အညှော်ကြော်၍၎င်း စသည့်တို့ကြောင့် ပါတ်ဝန်းကျင်အိမ်က ချက်ခြင်း ရဲတိုင်ပါတယ်။

ရဲများရောက်လာကာ အရေးယူခံရပြီး မြန်မာတချို့ မြန်မာပြည်ပြန်ရသူလည်း ရှိသည်ကို သတိရှိစေလိုပါသည်။ သင်သည် ငှားရမ်းအိမ်ယာတွင် နေထိုင်ပါက စာချုပ်ပါအချက်များကို လိုက်နာပါ။ မလိုက်နာပါက အိမ်ရှင်က နှင်ထုတ်ပိုင်ခွင့်ရှိသည်ကို သိထားပါ။

-မိမိ အခန်းရှေ့တွင် ပစ္စည်းများချမထားရန်။

-ဘတ်စ်ကား ရထားပေါ်တွင် စကားကျယ်လောင်စွာပြောခြင်း ဖုံးပြောခြင်းမပြုရ၊

-အပြင်ထွက်သည့်အခါ ဒါးစသည့် အန္တရာယ်ရှိ ပစ္စည်းများသယ်ဆောင်မသွားရ.

-လပေးလက်မှတ် ကျန်းမာရေးကဒ်တို့ကိုမငှားရပါ

-ပစ္စည်းကောက်ရလျှင် ရဲသို့အပ်ရမည်.မအပ်ပါက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁-နှစ် ဒဏ်ငွေဆောင်ရမည်။

-လမ်းသွားရင်းဆေးလိပ်မသောက်ရပါ။

-သူများစက်ဘီးယူစီးခြင်း.ဈေးဆိုင်မှ အလစ်သုတ်ခြင်းမပြုရ၊

-မိမိလက်ဝယ်ရှိသော စက်ဘီးကို(Security Registration)မှတ်ပုံတင်ပါ၊

-စက်ဘီး ကားတို့သတ်မှတ်ထားသောစည်းကမ်းများကိုလိုက်နာရမည်။

-ကျာင်းသားနှင့် မှီခို Visa များ တပတ်လှ ျ င် (၂၈/၂၀)နာရီထက်ပိုလုပ်လျှင် (အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃-နှစ် ပြည်နှင်ဒဏ်)

-ကျောင်းပိတ်ချိန် တရက် ၈-နာရီ တပတ် ၄၀-နာရီလုပ်နိုင်သည်။

-လိင်ကိစ္စ ဖျော်ဖြေမှုနေရာတွင်အလုပ်လုပ်ပါက (အလုပ်ကြမ်းထောင်ဒဏ် ၃-နှစ် ဒဏ်ငွေသောင်း ၃၀၀ ယမ်း)

-ကျောင်းထွက်ပြီးနောက် အချိန်ပိုင်း အလုပ်လုပ်ရ ၍မရပါ၊

-ခရီးသည်အိမ်မှာ တည်းလျှင် သက်ဆိုင်ရာ ခွင့်ပြုချက်ယူရမည်။ အခကြေးငွေယူ၍ တည်းခိုခွင့် မပြုရန်။

-အခြားသူ၏ ဘဏ်ကဒ်ကိုသုံးရျ် ငွေထုတ်ခြင်းမပြုရပါ၊

-အပြင်ထွက်လျှင် နေထိုင်ခွင့်(သို့) အထောက်အထားတခုခု ယူသွားပါ၊

-နေထိုင်ခွင့်လက်မှတ်ကို တပါးသူအား မငှါးရပါ၊

-ပျောက်ဆုံးလျှင် အိမ်ပြောင်းလျှင် ၂-ပတ်အတွင်း အကြောင်းကြားရန်.

-အိမ်ထောင်ပြုခြင်း ကွာရှင်းခြင်း သေဆုံးခြင်း လိမ်ပြောင်းခြင်းများကို လူဝင်မှုကြီးကြပ်ရေးသို့၂-ပတ်အတွင်းအကြောင်းကြားရမည်…

(အထက်ပါ စည်းမျဉ်းဥပဒေများကို ဖေါက်ဖျက်လျှင်.အလုပ်ကြမ်း ထောင်ဒဏ်.ဒဏ်ငွေဆောင်ခြင်းနှင့် ပြည်နှင်ဒဏ်ပေးခံရမည်)

Credit – Honey Tun

Leave a Reply

Your email address will not be published. Required fields are marked *